Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်မောင်လှမြင့် - စာပေပုံရိပ်များ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

မောင်မောင်လှမြင့်

ဦးစိန်တင်တို့ လူတစ်စုမှာ မိမိတို့ အား ဓားပြတိုက်ကြောင်းကို သိသည်နှင့် အော်ပြောပြီး သေနတ်များကို ဘိုတဲလက်ရမ်းမှ လူဆိုးများ မြင်အောင် ပစ်ချကြကြောင်း၊ ဦးစိန်တင်တို့ လူတစ်စုနှင့် သစ်တောဘက် ဌာနတွင်လုပ်သော အရာရှိဦးခန့်တို့အား တရားဘက်နှင့် သစ်တောဘက် ကို ခွဲခြားပြီး လူစီတန်းရပ်ခိုင်းပြီးနောက်၊ ဦးစိန်တင်နှင့် ဦးဘသန်းတို့အား ဘိုတဲအပြင်ဘက်သို့ ပြေးခိုင်းပြီး ဦးဘသန်းအား နောက်မှနေပြီး လူဆိုး တစ်ယောက်က သေနတ်ဖြင့်ပစ်ကြောင်း၊ ဦးစိန်တင်မှာလည်း သားကလေး ကို လက်ဆွဲလျက်ပြေးရာ ဘိုတဲအပြင်ဘက်ကျမှ ၎င်း၏ ဇနီးအော်သံကို ကြားသဖြင့်ဘိုတဲအတွင်းသို့ ပြန်ဝင်လာရာ လူဆိုးတစ်ယောက်က သေနတ် ဖြင့် ပစ်လိုက်သဖြင့် ဦးစိန်တင်မှာလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံး သွားကြောင်း။ ဓားပြခေါင်းဆောင်ကလည်း အရေးပိုင်ကိုမပစ်ရန် အော်ပြော ငြားသော်လည်း ဓားပြတစ်ယောက်၏ သေနတ်လက်ချက်က ဦးသွား ကြောင်း။

ဤသည်မှာ ၈-၇-၄၂ နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိခဲ့သည့် ခေတ်စမ်းစာဆိုသိပ္ပံမောင်ဝ ကွယ်လွန်ပုံအကြောင်း ဖြစ်ပါသည်။ ဓားပြများက ရွှေငွေလက်ဝတ်လက်စားနှင့် ပစ္စည်းများ ၃ သိန်းကျော်ဖိုး လှည်း ၂၁ စီးဖြင့် သယ်ယူသွားကြပုံအကြောင်းနှင့် သတင်း ကြားသူမိတ်ဆွေများ လာရောက်ကူညီသည့် အကြောင်းများ ကိုလည်း သတင်းတွင် ဖော်ပြထားပါသည်။

xxx

သိပ္ပံမောင်ဝနောက် ပုပ္ပားဦးကျော်ရင် (ပထမကျော် လယ်တီဦး ကောဝိဒ) ကွယ်လွန်ရပုံအကြောင်း ဆက်လက်တင်ပြပါမည်။ ဂျပန် အဝင်တွင် မုံရွာတစ်မြို့လုံး ဗုံးဒဏ်သင့်ရာ လယ်တီကျောင်းတိုက်ကြီး အပါအဝင် ကျောင်းတိုက်ပေါင်း ကိုးဆယ်ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ လယ်တီ ဦးကောဝိဒသည် မီးထဲမှ ဆွဲယူရရှိနိုင်သမျှ စာအုပ်၊ စာတမ်း၊ ပေ၊ ပုရပိုက်များကို စုဆောင်းသိမ်းဆည်း၍ လှေတစ်စင်းဖြင့် ထွက်ခွာ လာခဲ့သည်။ ဇာတိချက်ကြွေ ပုပ္ပားနယ်မြေသို့ ပြန်၍ တည်ပင်ရွာအနီးရသေ့တောင်ခေါ် တောရတစ်ခုတွင် စံကျောင်းကလေးဆောက်၍ ဧကစာ သီတင်းသုံးသည်။ ထိုသို့ သီတင်းသုံးရင်း မိမိနည်းတူ ဇာတိရွာ၌ ပြန်လည် နေထိုင်လျက်ရှိသော ဒဂုန်ဦးစန်းငွေ၏ ဓမ္မာရုံတွင် မကြာမကြာ ကြွရောက် တရားဟောသည်။

ထိုအချိန်တွင် တည်ပင်တဲရွာနှင့် မလှမ်းမကမ်း ပေတစ်ရာလမ်းမကြီး ပေါ်တွင်ပင် တည်ရှိသော ကျောက်ပုံတဲစုဟူသည့် ဈေးဆိုင်တန်း ကလေး၌ ဓားပြကျော်ရင်သည် ထမင်းဆိုင်ဖွင့်နေသည်။ အချိန်အခါအရ ခပ်ကုပ်ကုပ် နေကာ ဒဂုန်ဦးစန်းငွေအားလည်း ခင်မင်လေးစားသည်။ သူ့ဆိုင် ရောက် သည့်အခါတိုင်း လက်ဖက်ရည် သို့မဟုတ် ထမင်းတစ်ခုခု တိုက်လိုက် ကျွေးလိုက်ရမှ ကျေနပ်သည်။ ။

သို့ရာတွင် ဂျပန်ပြေး၍ အင်္ဂလိပ်ပြန်အဝင်၌ ဂျပန်တက်လာခါစ လိုပင် ရပ်ရွာအုပ်ချုပ်ရေးများ ပျက်ပြားကာ ဓားပြလူဆိုးများ စခန်း ထလာ ပြန်သည်။ နယ်အတွင်း သောင်းကျန်းလိုက်သည့် ဓားပြလူဆိုး ဆိုသည်မှာ ညည ကိုယ့်ခေါင်းကိုယ် သုံးကြိမ်သုံးခါ စမ်းကြည့်ရသည် ဆိုသကဲ့သို့ ဖြစ်သည်။ ထကြွသော ဓားပြများတွင် ကျော်ရင်၏ အမည်မှာ ထိပ်ဆုံးမှ ဟိန်းထွက်နေသည်။ ကျော်ရင်သည် မူလဖွင့်ထားသော ထမင်းဆိုင်၌ မနေတော့ဘဲ ကိုယ်ယောင်ဖျောက်ကာ ညအချိန်တွင် သူ့လုပ်ငန်းကို လုပ်သည်။ ဓားပြများ ထကြွခြင်းနှင့်အတူ အင်္ဂလိပ်ပြန်ဝင်လာလျှင် ဓားပြများကို အပြတ်အသတ် နှိမ်နင်းပစ်လိမ့်မည်ဟူသော သတင်းကလည်း ထွက်နေ သည်။ ထိုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့လွတ်လပ်ရေးတပ်နှင့် အင်္ဂလိပ်စစ်ကြောင်း အုပ်ချုပ်ရေးတို့ ရောနှောနေချိန်ဖြစ်ရာ၊ တည်ပင်ဘဲ သို့သော အစွန်အဖျားရွာကလေးများဆီသို့ တော်လှန်ရေးသမား လိုလို၊ အုပ်ချုပ်ရေးသမားလိုလို၊ စစ်ဗိုလ်စစ်သားများလိုလို လူများ မကြာခဏ ရောက်လာတတ်သည်။ ရောက်လာကြလျှင်လည်း နာမည်ကျော် ဦးကောဝိဒ နှင့် တွေ့ဆုံဆွေးနွေးသွားတတ်ကြသည်။ ဦးကောဝိဒ၌ အားနည်းချက် တစ်ခု ရှိသည်။ ပြောဆိုစီမံခန့်ခွဲမှုတို့၌ သိုသိုသိပ်သိပ်မရှိဘဲ အသံသြဇာကောင်းကောင်း ကျယ်ကျယ်လောင်လောင်နှင့် ပြောဆိုခန့်ခွဲ တတ်ခြင်း ဖြစ်သည်။ ရပ်ရွာ၏ ကိုယ်တော်ဖြစ်၍ ရပ်ရွာတွင် သြဇာတိက္ကမ ရှိရာရပ်ရွာလုံခြုံရေးအတွက် တာဝန်ယူရဟန်လည်း ရှိ သည်။ ဤအချက်က ဓားပြကျော်ရင်အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်နေသည်။

တစ်ညတွင်တော့ ဓားပြဗိုလ်ကျော်ရင်သည် အချိန်မတော် ဦးစန်းငွေ ထံ ရောက်လာသည်။ ဦးကောဝိဒကို သတ်ရတော့မည့်အကြောင်း ဦးစန်းငွေ ကို မလွန်ဆန်လို၍ လာပြီးအသိပေးရသည့် အကြောင်း ပြောသည်။ ဦးစန်းငွေမှာ အလွန်စိုးရိမ်သွားပြီး ဓားပြကျော်ရင်အား အကြောင်း အမျိုးမျိုးပြ၍ တောင်းပန်သည်။ ဓားပြကျော်ရင်က သည်တစ်ကြိမ်တွင်တော့ ဦးစန်းငွေစကားကို နားထောင်မည်ဖြစ်ကြောင်း၊ နောင်ဆိုရင် သူ့ကို အဆိုးမဆိုရန်နှင့် ဦးကောဝိဒအား သတိပေးထားရန် ပြောပြီး ထွက်သွား သည်။ ဦးစန်းငွေမှာ ဓားပြကျော်ရင်အား အာမခံလိုက်သော်လည်း ဦးကောဝိဒကို ဖွင့်မပြောရဲ။ အစ်ကိုဝမ်းကွဲလည်းတော်၊ ဆရာလည်း ဖြစ်သည့်ပြင် ဦးကောဝိဒမှာ မဟုတ်မခံသမားမို့ အရွဲ့ တိုက် ပိုကဲလာမည် လည်းစိုးသည်။ သို့ဖြင့် အခြေကျစ ပြုပြီဖြစ်သည့် ရန်ကုန်သို့ နှစ်ယောက် အတူ ပြန်ကြရန်ခေါ်သည်။ သို့ရာတွင် ဦးကောဝိဒက နောက်မှ လိုက်ခဲ့ မည်ဆိုသဖြင့် တစ်ဦးတည်း ထွက်လာခဲ့ရသည်။

ဦးစန်းငွေ ရန်ကုန်ရောက်၍ ၁၅ ရက်မျှ အကြာတွင် ဦးကောဝိဒ လူထွက်ပြီး ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်ဟု ကြားရသည်။ လူထွက်ရသည့်အကြောင်းကို ကြေညာစာတမ်းများ ထုတ် ဝေပြီး ဦးစန်းငွေထံသို့လည်း ပါဠိဘာသာဖြင့် စာတစ်စောင် ထည့်လိုက် သေးသည်။ သို့ဖြင့် ဦးကောဝိဒမှာ ကလောင်အမည် ပုပ္ပားဦးကျော်ရင်မှ လူဦးကျော်ရင်အဖြစ် ရောက်ရှိသွားသည်။ ထိုသို့ ရောက်ရှိပြီး များမကြာမီ မှာပင် ဓားပြကျော်ရင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ထိုနေ့ကား ၁၃၀၈ခုနှစ်၊ ကဆုန်လဆန်း (၆)ရက် ၆.၅.၁၉၄၆နေ့။ မုံရွာမြို့တွင်နေသည့် ဦးကောဝိဒ၏ညီ မောင်ကျော်တင့်ဆိုသူ အလည်ရောက်ရှိနေရာမှ ပြန်မည်ဖြစ်သဖြင့်၊ မိခင်ဒေါ်အုန်းရီ၊ နှမများညွန့်၊ ညီမောင်ကံကြီး၊ မောင်ချစ်အေးတို့ နှင့် အတူ မောင်ကျော်တင့် အား ကားဂိတ်သို့ လိုက်ပို့ကြသည်။ ကားဂိတ်မရောက်မီ မန်ကျည်းပင်အုပ်စုမှ ဓားပြကျော်ရင်တို့အဖွဲ့ က ပုပ္ပားဦးကျော်ရင်တို့ လူသိုက်အား ဖမ်းဆီးလိုက်ကြသည်။ ဦးကောဝိဒ၊ မောင်ကျော်တင့်နှင့် မောင်ကံကြီးတို့ သုံး ယောက်ကို ဖမ်း၍ ကျန်သုံးယောက်ကို လွှတ်လိုက်သည်။ ။

သုံးယောက်လုံးကို လက်ပြန်ကြိုးတုပ်၍ ရိုက်သည်။ သေနတ်ဒင် နှင့် ဆောင့်သည်။ ထို့နောက် သွေးသံရဲရဲဖြစ်နေသော ညီအစ်ကိုသုံးယောက် အား လက်ပြန်ကြိုးတုပ်၍ တည်ပင်တဲရွာဆီသို့ ခေါ်လာခဲ့သည်။ ရွာသား များ ကြောက်လန့်စေရန် သတ်တော့မည့်သူအား ရွာထဲသို့လျှောက်ပြခြင်း ဖြစ်သည်။ ဦးကောဝိဒတို့ ညီအစ်ကိုခမျာ ခိုကိုးရာမမြင်သော်လည်း တွေ့သမျှလူတိုင်းကို အကူအညီတောင်းရှာသေးသည်။ သို့ရာတွင် မည်သူမျှ တစ်ခွန်းဝင်မဟရဲကြ။ ဦးကောဝိဒက တည်ပင်တဲရွာ ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်ဖူးမြော်ခွင့်တောင်းရာ ဓားပြကျော်ရင်က လက်ပြန် ကြိုးတုပ်လျက်နှင့် ခေါ်သွားသည်။ ဘုန်းတော်ကြီးအား ကန့်တော့ရင်း ကူညီပါရန် လျှောက်ထားသောအခါ ဘုန်းတော်ကြီးခမျာမှာလည်း ကူညီဖို့ဝေး၍ ကြောက်လွန်းသဖြင့် ကြည့်တောင်မကြည့်ဝံ့ဟု ဆိုသည်။ သို့ဖြင့် ဒီပနီ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများအပြင် ဒဂုန်မဂ္ဂဇင်း၏ “ယုဝတီစက္ခု ခေါ် အမျိုးသမီးကဏ္ဍ၌ သလ္လာဝတီတင့်အုံဟူသော အမည် ဖြင့် စာစုံရေးစွမ်းနိုင်စွမ်းရှိသော၊ နောက်ပိုင်းတွင် ဒဂုန်မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ်ပါဖြစ်လာသော ပုပ္ပါးဦးကျော်ရင်ခေါ် ပထမကျော်လယ်တီ ဦးကောဝိဒသည် ထိခိုက်ကြေကွဲဖွယ်ရာ ဘဝနိဂုံးချုပ်ခဲ့ရသည်။

x

အမျိုးသားပညာဝန် ဦးဖိုးကျားအကြောင်း ရေးသားကြရာ၌ အင်းစိန် ခရိုင် (ယခု ရန်ကုန်မြောက်ပိုင်းခရိုင်) ထန်းတပင်မြို့၌ ဆီးချိုရောဂါနှင့် ကွယ်လွန်သည်ဟု ဖော်ပြလေ့ရှိသည်။ အမှန်လည်း ဆီးချိုရောဂါ ဝေဒနာ နှင့်ပင် ကွယ်လွန်ရခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ ကွယ်လွန်ရာ၌ လူဆိုးဓားပြတို့၏ ပယောဂမကင်းသည့် အကြောင်းကိုမူ သိရှိသူ နည်းပါး သည်။ စာရေးသူပင် ၁၉၉ဝ ပြည့်၊ နှစ်ကုန်ခါနီးရက် တစ်ရက်၌ ထန်းတပင်မြို့သို့ ရောက်သွားစဉ် ဆရာကြီးဦးဖိုးကျား၏ ခယ်မတော်သူ ဒေါ်မြရီ (ထိုစဉ်က ၇၈ နှစ်)၏ ပြောပြချက်အရ သိရှိ ရခြင်းဖြစ်ပါသည်။

စောရတောဝါ မကင်းရှာသည့်

ဆရာကြီးသုံးဦး

စောရတောဝါဆိုသည်မှာ လူဆိုးဓားပြတို့၏ ဘေးဖြစ်ကြောင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သိကြပြီးဖြစ်ပါသည်။ လူဆိုးဓားပြတို့၏ နှိပ်စက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံရသူအား စောရတောဝါသင့်သည် ဟု ဆိုပါသည်။ မြန်မာစာပေ၌ နေလိုလလို ထင်ရှားသည့် စာရေး ဆရာကြီးသုံးဦးမှာ ဂျပန်အဝင်နှင့် ဂျပန်အထွက် တိုင်းပြည် မတည်ငြိမ် သက်စဉ်ကာလ၌ လူဆိုးဓားပြတို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ | ခေတ်စမ်းစာဆို သိပ္ပံမောင်ဝနှင့် ပုပ္ပားဦးကျော်ရင် (ပထမ လယ်တီ ဦးကောဝိဒ) တို့မှာ ယင်းတို့လက်ချက်ဖြင့် အသက်ပင်ဆုံးခဲ့သည်။ နောက် တစ်ဦး ဖြစ်သည့် အမျိုးသားပညာဝန် ဦးဖိုးကျား ကွယ်လွန်ခဲ့ရသည်မှာ လည်း ဓားပြလူဆိုးတို့၏ ပယောဂ မကင်းပါပေ။ ဆရာကြီးသုံးဦးအနက် အမျိုးသားပညာဝန် ဦးဖိုးကျားမှာ ပထမဦးဆုံး ကွယ်လွန်သူဖြစ်ပြီး ဒုတိယ ကွယ်လွန်သူမှာ သိပ္ပံမောင်ဝဖြစ်ပါသည်။ သူတို့နှစ်ဦးစလုံး ၁၉၄၂ ခုနှစ်၊ ဂျပန်အဝင်တွင် ကွယ်လွန်ကြခြင်း ဖြစ်ပါသည်။ ပုပ္ပား ဦးကျော်ရင်မှာမူ ဂျပန်များအထွက် ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ရခြင်း ဖြစ်သည်။

ပထမဦးစွာ အနေဖြင့် ဓားပြလူဆိုးတို့ သတ်ဖြတ်သဖြင့် သေဆုံးရသည့် သိပ္ပံမောင်ဝနှင့် ပုပ္ပားဦးကျော်ရင်တို့ အကြောင်းတင်ပြပါမည်။ သိပ္ပံမောင်ဝ ကွယ်လွန်ရပုံအကြောင်း၊ လူထုဦးလှ အစရှိသည့် မိတ်ဆွေ စာရေးဆရာများမှ ရေးသားထားသည်များ ရှိပါသည်။ စာရေးသူအနေဖြင့် ကံအားလျော်စွာ တွေ့ရှိရသည့် ထိုစဉ်ကာလ မြန်မာ့အလင်း သတင်းစာမှ ပူပူနွေးနွေးဖော်ပြချက်ကို တင်ပြလိုပါသည်။

ဦးစိန်တင်နှင့် ဦးဘသန်း ဓားပြလူဆိုးများ လက်ချက်ဖြင့် သေဆုံးကြရပုံ

(ကျွန်ုပ်တို့ အထူးသတင်းထောက်ထံမှ)

အိုင်-စီ-အက် ဦးစိန်တင်နှင့် ကန့်ဗလူနယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း (နှုတ်ခမ်းမွေး ဦးဘသန်းမဟုတ်) ၎င်း၏ဇနီးပါ ဓားပြများက သေနတ်ဖြင့် ပစ်သတ်သွားပြီးသည့်သတင်းကို ကျွန်ုပ်တို့ သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

သတင်းအကျယ်မှာ ဦးစိန်တင်အား အိန္ဒိယသို့ ခေါ်ရန် အထူးမီးရထားဖြင့် ရွှေဘိုမြို့မှ မြစ်ကြီးနားသို့ ခေါ်ဆောင်သွားရာ မြစ်ကြီးနား မရောက်မီ ကန့်ဗန်ဘူတာသို့ ရောက်သောအခါ ဦးစိန်တင် မိသားစု စီးလာသော ရထားတွဲကို ဖြတ်ထားခဲ့၍ ကန့်ဗလူတွင် သောင်တင် ကျန်ရစ် ခဲ့သည်ဆိုကြောင်း။

ကန့်ဗလူတွင် ဦးစိန်တင်နှင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်းတို့ တွေ့ကြ၍ နေရေးထိုင်ရေးတို့ကို တိုင်ပင်ကြပြီး အခြား သစ်တောအရာရှိ များနှင့် ပူးပေါင်းလျက် ကန့်ဗလူအရှေ့ ၁ဝ မိုင်ကွာ၊ ဂါးဒါး ဆယ်ကြီးရွာ ဘိုတ်၌ နေထိုင်ကြသည်ဆိုကြောင်း။

ထိုသို့ နေထိုင်ရာတွင် ဓားပြတိုက်မည်ဆိုသော သတင်းကို သန့်သန့် ကြားသိရှိရသဖြင့် ဦးစိန်တင်တို့ လူစုမှာ နောက်တစ်နေ့တွင် ကန့်ဗလူသို့ ပြောင်းရွှေ့ နေထိုင်ရန် စီမံကြသေးသည်ဆိုကြောင်း။ ဇွန်လ ၆ ရက်နေ့ ၅ နာရီအချိန် လောက်တွင် ဓားပြလူဆိုကြီးငဖျော်၏ တပည့်ကြီး သက်ထွန်း နှင့် လူပေါင်း ၁၀၀ ကျော်ခန့်တို့မှာ သေနတ်များဖြင့် ဘိုတဲကို ပစ်သည် ဆိုကြောင်း၊ ထိုသို့ သေနတ်သံကြားသဖြင့် နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်း၏ဇနီးမှာလန့်ပြီး ထလိုက်ရာ သေနတ်မှန်ပြီး ၎င်းနေရာမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း။

အမျိုးသားပညာဝန် ဆရာကြီးဦးဖိုးကျား ကွယ်လွန်ခဲ့ရာ ဦးပိန်လမ်းမှ နေအိမ် (ထန်းတပင်မြို့)