စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 1

Other Websites

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - နိုင်ငံတကာအချစ်ဟာသနှင့်အတွေးများ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - နိုင်ငံတကာအချစ်ဟာသနှင့်အတွေးများ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ

အထင်အမြင်

မင်္ဂလာဆောင်သို့ ရောက်လာသော ဧည့်သည်တစ်ဦးက မေးလိုက်

သည်။

“အစ်မကြီး သတို့သားရဲ့ မိတ်ဆွေလား” အမျိုးသမီးက ပြန်ဖြေလိုက်သည်။ “ပေါက်ကရတွေ၊ ကျွန်မက သတို့သမီးအမေ”

 

စဉ်းစားစရာပါ

အဘိုးကြီးတစ်ယောက်သည် ထုံးစံအတိုင်း သူထိုင်နေကျထိုင်ခုံ ပေါ်တွင် ထိုင်နေခဲ့သည်။ သူနှင့်သိကျွမ်းသော လူငယ်တစ်ဦးက ဖြတ်လျှောက်သွားရင်း ရပ်တန့်၍ နှုတ်ဆက်သည်။ အဘိုးကြီးက ပြောလိုက် သည်။

“ဖရက် မင်း ငါလုပ်သလိုလုပ်သင့်တယ်ကွ၊ ငါစီးကရက်မသောက် ဘူး၊ အရက်မသောက်ဘူး၊ လွန်လွန်ကြူးကြူးလည်း မစားသောက်ဘူး၊

လောင်းကစားတာမရှိဘူး၊

မိန်းမ မရှုပ်ဘူး၊

အဲဒီလိုနေလာတာ သိလား။ မကြာခင်မှာပဲ ငါ့ရဲ့ (၈၅) နှစ်မြောက်မွေးနေ့ အခမ်းအနားကို ကျင်းပ နိုင်တော့မယ်”

ဖရက်က အဘိုးကြီးကိုကြည့်ရင်း ပြောလိုက်သည်။

 “ဘယ်လိုနည်းနဲ့များ ကျင်းပမှာလဲ”

 

ဘဝင်မြင့်သူအား ဆုံးမနည်း

မိန်းမပျိုကလေးတစ်ဦးသည် မထင်မရှားသရုပ်ဆောင်တစ်ဦး၏ အော်တိုလက်မှတ်ကို တောင်းနေခဲ့သည်။

“မင်းကို ကိုယ်အရင်အော်တိုရေးပေးဖူးတယ် မဟုတ်လား”

ထိုအခါ မိန်းမပျိုက ဖြေလိုက်သည်။ ။

“ဟုတ်တယ်၊ ဒါပေမဲ့ ရှင့်အော်တိုလက်မှတ်ဆယ်ခုကို နာမည်ကြီး ရုပ်ရှင်မင်းသားလက်မှတ်တစ်ခုနဲ့ လဲလို့ရတယ်”

 

 

အပြစ်ရှာတတ်သူ

ယောက်ျားက ဇနီးဖြစ်သူကို ပြောသည်။

“အချစ်ရယ် မင်းကိုကိုယ်သိပ်ချစ်ပါတယ်၊ ဒါပေမဲ့ မင်း နေရာ တကာ အပြစ်ရှာတာကို ရပ်မှဖြစ်မယ်၊ အဲဒါက ကိုယ့်ကို ရူးအောင်လုပ် နေတယ်။ မင်းအပြစ်မရှာဘဲ တစ်မိနစ်တောင်မနေနိုင်ဘူး။ ကိုယ်လောင်းရဲ တယ်” ။ “အိုကေ စိန်လိုက်လေ” မိန်းမက ပြန်ပြောသည်။

ခဏအကြာတွင် မိန်းမက ရုတ်တရက် ပူလိုက်တာတော် ငရဲကျနေ တာပဲရှင်၊

ရှင်အဲယားကွန်းခလုတ်ကို အမြဲနှိမ့်ထားသလားဟု ပြောလိုက် သည်။

“ဟာ...မင်းအပြစ်မရှာဘဲ တစ်မိနစ်ပြည့်အောင် မနေနိုင်ဘူးဆို တာ ငါသိသားပဲ”

ယောက်ျားက ပြောသည်။

“ကျွန်မ မပြောဘဲနေတာ ဘယ်လောက်ကြာသလဲ” “စက္ကန့်သုံးဆယ်”

ထိုအခါက မိန်းမက...

“စက္ကန့်သုံးဆယ်၊ သေလိုက်ပါတော့ ရှင့်ကို ကျွန်မ မပြောဘူးလား၊ နိုင်ငံခြားနာရီတွေ မဝယ်ပါနဲ့လို့ ဘယ်တော့မှ အချိန်မှန်မှာ မဟုတ်ဘူး”

ဟု ခုနစ်သံချီနှင့် ပြောလိုက်လေသည်။

 

သမက်နဲ့ ယောက္ခမဇာတ်လမ်း

ဒေါသဖြစ်နေသော သမီးရှင်အဖေက ပြောလိုက်သည်။

“ဟေ့ကောင် မင်းဘာအချိုးချိုးတာလဲ၊ ငါ့သမီးကို ခိုးသွားတာ မနေ့ညကတည်းက ခုလာပို့တာက မနက် ၇ နာရီ”

“ဟုတ်ကဲ့ခင်ဗျာ အခု ကျွန်တော် အလုပ်သွားရတော့မှာမို့လို့ပါ”

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။