Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်မောင်ထွန်း - သင့်လုပ်ငန်းအောင်မြင်ရေးစိတ်ဓာတ်ရေးရာနည်းလမ်းများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

(၁)

အလုပ်အောင်မြင်ရေးအတွက် စနစ်တကျ စည်းရုံးပြင်ဆင်ခြင်း

တစ်နေ့တော့ ကျွန်တော် စည်းရုံးပြင်ဆင်ပြီးသား ဖြစ်နေရ မယ်။ ဒါပေမဲ့ ဒီနေ့တော့ လောလောဆယ် မလုပ်အားသေးဘူးဗျာ၊ ကျွန်တော် အလုပ်သိပ်များနေတယ်” လူတော်တော်များများပင် သို့က လို ပြောတတ်ကြသည်။ ဘာဆိုလိုသလဲ ခံစားမှုကို ကျွန်တော်တို့အား လုံး သိကြပါသည်။ ခံစားမှုသည် တစ်နေရာမှ တစ်နေရာသို့ အပြေး အလွှားသွားနေသည်။ တစ်ခါတစ်ရံ အရေးပါသော အသေးစိတ် အချက်အလက်တွေကို မေ့သွားတတ်သည်။ မျက်စိလျှံသွားခဲ့သော ကိစ္စ တွေကို ကိုင်တွယ်ရန် မကြာခဏ နောက်ပြန်လှည့်ရသည်။ သင်သည် ဤနည်းဖြင့် သင့်ဘဝကို ဆက်မသွားနိုင်ကြောင်း စိတ်ပိုတည်ငြိမ်သော အချိန်များတွင် သင် သဘောတူလာနိုင်ဖွယ်ရှိသည်။

လုပ်ငန်းအောင်မြင်ခြင်းသည် အခြေခံအားဖြင့် အသင့်စည်းရုံး ပြင်ဆင်ထားခြင်း ဖြစ်သည်။ သင့်အနေဖြင့် စိတ်တည်ငြိမ်ကာ အမျိုး မျိုးသော အောင်ပွဲဗျူဟာတွေကို စဉ်းစားနေသည်ဆိုပါက ဆက်ဖတ် ပါ။ ဤအခန်းက စည်းရုံးမှုအောင်မြင်ရေးနှင့် ပို၍ စွမ်းရည်ထက်ရေးအတွက် လက်တွေ့ အထောက်အကူပြု အောက်ပါနည်းတွေကို ဖော်ပြ လိမ့်မည်။ ယင်းနည်းများမှာ နေ့စဉ် စီမံချက်တစ်ခုကို အသုံးပြုခြင်း၊ တစ်နေ့စီတစ်နေ့စီတွင် အရေးပါသော အလုပ်များကို ပထမဆုံး ပြီးအောင်လုပ်ခြင်း၊ ရေရှည်လုပ်ရမည့်အလုပ်များအတွက် စီမံကိန်း ရေးဆွဲခြင်းနှင့် သင့်ဘဝအောင်မြင်ရေးအတွက် စည်းစည်းရုံးရုံးနှင့် စနစ် တကျ စဉ်းစားခြင်းတို့ဖြစ်သည်။

သင့်အလုပ်အတွက် စည်းရုံးသော ချဉ်းကပ်မှုတစ်ခု လိုအပ် ကြောင်း ပြသရန်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေသူတစ်ယောက် ၏ ပရမ်းပတာဘဝကို အကြမ်းဖျင်းကြည့်ကြပါစို့ ။ မကြာမီက မိတ် ဆွေတစ်ယောက် ကျွန်တော့်ဆီ အကြံဉာဏ်လာတောင်းသည်။ သူ သည် နေ့တိုင်း အလုပ်များရသည်ကို စိုးရိမ်ပူပန်နေကာ စိတ်ဓာတ် လည်း ကျနေသည်။ သူက တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်မှစ၍ သူ၏ အလုပ်နေ့များသည် စိတ်ကျေနပ် ဖွယ် မဖြစ်ခဲ့ပါ။ စာသင်ရသည်ကို မပျော်မွေ့နိုင် ဖြစ်လာသည်။ အိပ် ရာမှနိုးလျှင် ဂနာမငြိမ်ဖြစ်နေတတ်သည်။ စိတ်တွေက ယောက်ယက် ခတ်နေသည်။ သည်တော့ အိပ်ရာထနောက်ကျလာသည်။ သူ့စိတ်တွေ က မြောက်မြားစွာသော စီမံချက်တွေ၊ သင်ကြားပို့ချချက် (လက်ချာ) တွေ၊ အစည်းအဝေးတွေ၊ အလေးထားရမည့် အခြားတာဝန်တွေနှင့် လုံးချာလိုက်နေတော့သည်။ သူ၏ အလုပ်ဘဝသည် သားသတ်ရုံတစ်ခု ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း သူ ဝန်ခံသည်။ သို့သော် စိတ်ဝေဒနာ ကတော့ ပျောက်မသွား။ သူ့အိမ်တွင်းဘဝကိုပင် ထိခိုက်လာသည်။ ကြာတော့ မိတ်ဆွေတွေ နည်းသွားကာ သူ့အိမ်ထောင်လည်း ပြိုကွဲသွား သည်။ ။

အလားတူစည်းရုံးမှု ကစဉ့်ကလျားဖြစ်နေသော လူပုဂ္ဂိုလ်တစ် ဦးချင်းတွေများစွာရှိသည်။ သူတို့ကို ဘယ်လိုကူညီနိုင်မလဲ? ပထမဆုံး မိမိ၏ နေ့စဉ်ထိရောက်မှုစွမ်းရည်ကို တားဆီးနေသော ပြဿနာတစ်ခုတော့ အနည်းဆုံးရှိသည်ဆိုခြင်းကို လူတိုင်း ဝန်ခံဖို့ အရေးကြီးသည်။ ယင်းပြဿနာမှာ စည်းလုံးမှုမဲ့ခြင်းပင် ဖြစ်သည်။ ဂရုစိုက်ရမည့် အခြား ပြဿနာတွေ ရှိနိုင်သော်လည်း သင်၏ စည်းရုံးရေးမဲ့မှု အတိမ်အနက် နှင့် နေရာဌာနကို အကဲဖြတ်ခြင်းဖြင့် ပိုမိုအကျိုးရှိပြီး ကျေနပ်ဖွယ်ရာ အလုပ်အတွေ့အကြုံတွေ ရနိုင်မည့်လမ်းပေါ်သို့ သင် စတင်လှမ်း လျှောက်လိုပေလိမ့်မည်။

သင်၏စည်းရုံးရေးမဲ့မှုကို အကဲဖြတ်ခြင်း

အောက်ပါအချက်တွေကို အချိန်နည်းနည်းယူ၍ဖတ်ပါ။

* ကျွန်တော်၏ နေ့စဉ်သမားရိုးကျနေ့များမှာ အလုပ်တွေကိုလုပ်ရင်း အလဟဿ ကုန်ဆုံးသွားသည်။

* ကျွန်တော်၏အလုပ်သည် ဖရိုဖရဲ ဟန်ဖြင့် ပြီးစီးသွားလေ့ရှိသည်။

* အရေးပါသောအလုပ်နှင့် အသေးအဖွဲအလုပ်ကို ခွဲခြားရာ၌ ကျွန်တော် မကြာခဏ အခက်ကြုံရသည်။

* အဓိကပရိုဂျက်တွေကို စမလုပ်မီ ကျွန်တော်သည် ယေဘုယျအားဖြင့် နောက်ဆုံးအချိန်အထိ စောင့်တတ်သည်။

* ကျွန်တော်သည် အလုပ်တွေကို မကြာခဏ စလုပ်သော်လည်းပြီးစီးသည်ထိ မလုပ်ပါ။

* ကျွန်တော်သည် အလုပ်တစ်ခု ပြီးသွားတိုင်း နောက်ဘာလုပ်ရ မည်ဆိုတာနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်စွမ်း မရှိသည်ကို မကြာ ခဏ ကြုံရသည်။

* ညံ့ဖျင်းသော ပုဂ္ဂိုလ်ရေးစည်းရုံးမှုကြောင့် အလုပ်ကို ပြန်ပြန်လုပ်ရသည်။

* ကိုယ့်ကိုယ်ကိုယ် မစည်းရုံးမှုကြောင့် မိတ်ဆွေတွေနှင့် အပေါင်းအသင်းတွေက ကျွန်တော့်အား မေ့တတ်သူ၊ ဦးနှောက်ချောင်သူတစ်ယောက်အဖြစ် မြင်ကြသည်။

* တာဝန်ကြီးသောအလုပ်များကို ကျွန်တော့်အား မပေးကြပါ။

* ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ စည်းရုံးထားခြင်းမရှိသောကြောင့်ကျွန်တော်သည် ရာထူးတိုးမည့် အခွင့်အရေးတစ်ခု အနည်းဆုံး လက်လွှတ်ခဲ့ရသည်။

သင်၏နေ့ရက်တွေကို တစ်နေ့စီ စီမံခန့်ခွဲခြင်း။

သူတို့၏ နေ့ရက်များကို အသင့်စည်းရုံးပြင်ဆင်ထားရန် စိတ်ထဲ က သူတို့ကြိုးစားကြသည်ဟု လူအများစုက ပြောကြလိမ့်မည်။ သို့သော် သူတို့သည် အကြောင်းကိစ္စတွေကို မကြာခဏ မေ့လျော့ကြ သည်။ သို့ မဟုတ် စောစောကပင် ပြီးစီးနေရမည့်အလုပ်တစ်ခုကို နောက်တစ်ခါ ပြန်လုပ်ရသည်။ အဓိကလုပ်ငန်းအားလုံးကို သတိရရန် ကြိုးစားခြင်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါသည်။ အဓိကလုပ်ငန်း တွေကို ယူထားရသောလူများသည် သူတို့၏ မှတ်ဉာဏ်ကို ယုံကြည် ကြပါသလား ? ယေဘုယျအားဖြင့်တော့ မယုံကြည်ကြပါ။ သိပ်အလုပ် များသော လူအများစုက သူတို့၏ နေ့စဉ်အလုပ်တွေကို ရေးမှတ်ထား တတ်သည်။ ဒိုင်ယာရီထဲမှာဖြစ်စေ၊ စားပွဲပေါ် မှအစီအစဉ် (desktop planner)တွင်ဖြစ်စေ၊ သို့မဟုတ် အင်္ကျီအိတ်ထဲ ထည့်ယူသွားမည့် စာရွက်တစ်ရွက်ပေါ်မှာဖြစ်စေ ရေးမှတ်ထားကြသည်။ စာရင်းပေါ်မှ အမယ်တွေကို ထပ်ဖြည့်နိုင်သည်။ ပယ်ဖျက်နိုင်သည်။ သို့မဟုတ် ပြောင်းလဲနိုင်သည်။

သင့်ရက်တွေအား စည်းရုံးရေးအကြောင်းကို ပြောရရန် အလုပ် နှင့်မဆိုင်သော ကိုယ်ရေးကိုယ်တာကိစ္စတွေလည်း ထည့်သွင်းရန် အရေးကြီးသည်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေ့ခြင်းသည် လုပ်ငန်းခွင်၌ ချိန်းထားသော အရေးတကြီးကိစ္စတစ်ခု လွဲသွားသကဲ့သို့ ပင် အခက်အခဲများစွာနှင့် ကြုံရတတ်သည်။ ထို့ကြောင့် သင့်စာရင်းကို ပြုစုရာ၌ စေ့စပ်သေချာရှိဖို့ လိုသည်။ ယနေ့ အလေးထားရန်လိုအပ်သော အလုပ်အားလုံးနှင့် ကိုယ်ရေးကိုယ်တာအလုပ်တွေပါ ထည့်သွင်း ပါ။

သင်၏ နေ့စဉ်စီမံချက်ကို အထိရောက်ဆုံးပုံစံဖြင့် ပြုစု (တည် ဆောက်)ခြင်းသည် ပြီးအောင်ဆောင်ရွက်ရမည့် အလုပ်များကို စာရင်း ပြုစုခြင်းသက်သက်မဟုတ်၊ ထိုထက်သာလွန်၏။ ပထမစကိုင်ရမည့် အရေးကြီးသော အလုပ်တွေနှင့် ပတ်သက်၍ မိမိကိုယ်မိမိ သတိပေး နှိုးဆော်ရန်အတွက် ယင်းအလုပ်တွေကို အစီအစဉ်အလိုက် ရေးပါ။ သို့မဟုတ် ထိုနေ့အတွက် အရေးအကြီးဆုံး အလုပ်သုံးခုကို အာရုံစိုက် မိစေရန် စာလုံးကြီးကြီးဖြင့် ပေါ်ပေါ်လွင်လွင်ရေးထားပါ။ ယင်းအလုပ် ကို ပြီးစီးအောင် ဆောင်ရွက်ရေးအတွက် အချိန်မည်မျှ လိုအပ်သည်ကို လည်း သင် သိကောင်းသိလိုပေလိမ့်မည်။ ပြီးသွားသောအလုပ်တွေကို အမှတ်သင်္ကေတပြုသောအခါ “ပြီး”ကော်လံတစ်ခုက သင့်အား များစွာ အထောက်အကူပြုနိုင်ပါသည်။ နေ့စဉ်စီမံချက် နမူနာတစ်ခုကို ကြည့် ကြပါစို့ ။

နေ့စဉ်စီမံချက်

အချိန်

ပြီး

အလုပ်များ ဦးစားပေးမှု

ဝင်ရန် အလုပ်သွားရာလမ်းပေါ်မှ စာရေးကိရိယာဆိုင် ၁၂၂-လမ်းမတော် ၁

၅ မိနစ်