Skip to product information
1 of 2

Other Websites

မောင်မိုးသူ - သေနေ့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[၁]

အသက် ၆ဝကျော် ဝဝဖိုင့်ဖိုင့် ဆေးစပ်မှူးကြီးသည် လှေကား တစ်ဝက်တွင် ခဏရပ်လိုက်ပြီး အမောဖြေနေလိုက်၏။ ပူပြင်းသောနေ့ တစ်နေ့ ဖြစ်ပါသည်။ ဒေါက်တာကဲလ်ဒစ်ရှ်၏ ရုံးခန်းမှာ ပထမထပ်တွင် ရှိသဖြင့် တက်နေရခြင်းဖြစ်ပါသည်။ ဆေးစပ်မှူးကြီးအမည်မှာ ဂျရာမိုင်းပေါ ဖြစ်သော်လည်း အားလုံးက သူ့ကို ဦးလေးဂျယ်ရီဟု ခေါ်ကြပါသည်။ အကြောင်းမှာ ဦးလေးဂျယ်ရီသည် ဤမြို့ကလေးတွင်ရှိသော ဆေးမှူး နှစ်ဦးအနက် တစ်ဦးဖြစ်သောကြောင့်ပင်။ သူ့နည်းတူပင် ဒေါက်တာ ကဲလ်ဒစ်ရှ်သည်လည်း ဤမြို့ရှိ ဆရာဝန် နှစ်ဦးအနက် တစ်ဦးဖြစ်ပေသည်။

ဦးလေးဂျယ်ရီသည် ဒေါက်တာ၏ အခန်းဝတွင် အဘိုးအိုတို့ထုံး နှလုံးမူ၍ မြည်တွန်တောက်တီးနေမိပြန်သည်။ ဒေါက်တာဒစ်ရှ်၏ ပိန်ကပ်ကပ် သူနာပြုဆရာမသည် ဦးလေးဂျယ်ရီ၏ မြည်တွန် တောက်တီးမှုကို မသိဟန်ပြုနေ၍ ဦးလေးဂျယ်ရီက...

“အမှန်တော့ ဒီကို ကျုပ်လာဖို့ မလိုပါဘူးဗျာ၊ ဓာတ်ခွဲတဲ့ကိစ္စ လည်း ကျုပ်လုပ်ဖို့ မကောင်းတော့ပါဘူး၊ ဒီမြို့မလည်း ဆေးရုံဖြစ်ဖြစ်ဓာတ်ခွဲခန်းတစ်ခုဖြစ်ဖြစ် ရှိဖို့ကောင်းပါပြီ၊ ဒါမှ ဒီလောက်နေပူတဲ့နေ့မှာ ကျုပ် လှေကားတွေဘာတွေ တက်စရာမလိုတော့မှာပေါ့၊ ကျုပ် ပန်းနာ ကကော ဘယ့်နှယ့်လဲ”

သူနာပြုဆရာမက သံယောင်လိုက်ပြီး... ။ “ဟုတ်သားပဲ... ပန်းနာက ဘယ်လိုလဲ ဦးလေးရဲ့” ထိုစဉ် ဒေါက်တာကဲလ်ဒစ်ရှ် အခန်းထဲမှ ထွက်လာရင်း... “ဟေ့လူ... ပူမနေနဲ့၊ အဲဒီပန်းနာနဲ့ ခင်ဗျားအသက် ၉ဝ အထိနေရမှာ”

ဒေါက်တာ ကဲလ်ဒစ်ရှ်သည် အသက် ၇၀ အရွယ် ပိန်ပိန်ပါးပါး ဖြစ်၊ သူကပင် ဆက်၍..

“ခင်ဗျား အဆီနည်းနည်း ထပ်လျှော့လိုက်ဦးမယ်ဆိုရင် အဲဒီထက် ပိုနေရဦးမယ်၊ ကဲ... လာဗျာ... ဒီအထဲက ပိုအေးပါတယ်”

ဒေါက်တာသည် ဦးလေးဂျယ်ရီအား အခန်းထဲခေါ်သွားလိုက်၏။ ဦးလေးဂျယ်ရီက ဒေါက်တာ ပြောထားသော မိန်းကလေးကို ကောင်းကောင်း မမှတ်မိကြောင်း ညည်းတွားရင်း လိုက်လာ၏။

“တကယ်ပြောတာ... ကောင်မလေးနာမည်ကိုတောင် ကျုပ် မမှတ်မိဘူးဗျ” “ ဒေါက်တာ၏အခန်းမှာ အမှန်လည်း အပြင်အခန်းထက် အေးမြ ပါသည်။ ညိုညို့မှိုင်း ရှေးဆန်ဆန် အခန်းတစ်ခု ဖြစ်ပါ၏။

ဒေါက်တာက... ။ 

“ဆယ်လီ ဒီလ်မန်လေဗျာ” 

“ဒီလ်မန်... ဪ... ဪ.. ဟုတ်ပြီ၊ ဒီလ်မန်တွေက ကျုပ်နဲ့ သိပ်အဆက်အဆံမရှိလှပါဘူး”

ပြောမည့်သာ ပြောလိုက်ရသည်။ ဦးလေးဂျယ်ရီ သိပ်မသေချာလှ၊ သူ့အသက်ကလည်းကြီးပြီ၊ မှတ်ဉာဏ်က သိပ်မကောင်းလှတော့။ သူသည်အိတ်ထဲ နှာဘူးကလေးထုတ်လိုက်ပြီး နှာရှူလိုက်၏။

ဒေါက်တာက...

“ဟာ... တကယ်မနိပ်တဲ့ အကျင့်ပဲဗျ၊ ဒီခေတ်ကြီးထဲမှာ နှာရှူတဲ့အကျင့် ခင်ဗျားတစ်ယောက်ပဲ ရှိတော့တယ်ထင်တယ်၊ ဪ... အကျင့် ဆိုလို့ ဆယ်လီလည်း အရွယ်နဲ့မလိုက်ဘူး၊ ဒီကောင်မလေး သိပ်ဆေးလိပ်သောက်တာပဲ၊ ကောင်မလေး အသက်က အခုမှ ၂၃-နှစ်ပဲရှိဦးမယ်။ သူ့အဖေက မီးရထား အင်ဂျင်နီယာဗျာ၊ အမေကတော့ ယူနီဘေရီယန် အနွယ်ထဲက ထင်ပါရဲ့၊ အခု နှစ်ယောက်လုံး မရှိကြတော့ပါဘူး”

“ဒါတွေ ထားပါလေ... အရေးကြီးတာက ခင်ဗျားပဲ ဓာတ်ခွဲပေး တာ မဟုတ်လား၊ အဲဒါ ကျုပ် ကောင်မလေးကို ဖွင့်ပြောရတော့မယ်”

“အကုန်လုံး ပြောစရာမရှိပါဘူးလေ” . ။

“ဒါ... ခင်ဗျား အယူအဆကိုး၊ ကျုပ် အယူအဆကတော့ ဒီကောင်မလေး သေတော့မယ်ဆိုတဲ့ အကြောင်း ဖွင့်ပြောမလို့”

“အဲဒါ ကျုပ်က ဘယ်လိုပါရတာလဲ”

“ဟာ... ဒီကိစ္စက သေရေးရှင်ရေးကိစ္စပဲ၊ ခင်ဗျားပဲ ဓာတ်ခွဲပေးခဲ့ တာပဲဟာ၊ ကျုပ်ပြောနေတုန်း နံဘေးက အသိသက်သေအဖြစ် ရှိနေရ မှာပေါ့”

“အသိသက်သေပေါ့၊ အင်းလေ... အသိသက်သေရှိလည်း အသိသက်သေပေါ့”

ထိုစဉ် သူနာပြုဆရာမလေး ဝင်လာပြီး... “မိန်းကလေး ရောက်လာပါပြီရှင်”

ဒေါက်တာသည် သူ့ခုံတွင် အသေအချာ ဣန္ဒြေဆယ်၍ ထိုင်လိုက် ၏။ ထိုအချိန်တွင် ဆယ်လီ ဒီလ်မန် ရုံးခန်းထဲသို့ဝင်လာ၏။ ဆယ်လီ .. ဒီလ်မန်သည် မျက်လုံးညို၊ ဆံပင်ညိုနှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

သူမသည် စိတ်လှုပ်ရှားနေပုံရ၏။ ဆယ်လီသည် အထက်တန်းကျောင်းသူ ဘဝက အချောဆုံး ၁၀ ယောက်ထဲတွင် စာရင်းဝင်ဖြစ်သည်။ အဘိုးကြီး နှစ်ဦးကမူ ဆယ်လီ၏အလှထက် ဆယ်လီဘဝကိုသာ စိတ်မချမ်းမြေ့စွာ ကြည့်နေရ၏။ .

ဦးလေးဂျယ်ရီသည် စကားမရှိ စကားရှာပြီး “မင်းတို့ နှစ်ယောက်က အမျိုးလား” ဒေါက်တာသည် ဆယ်လီအနား သွားလိုက်၏။

“အမျိုးမတော်ပါဘူး၊ ဒါပေမယ့် ဆယ်လီကို ကျုပ်ကိုယ်တိုင် မွေးခဲ့တာ၊ ဪ... ဒါကတော့ ဆယ်လီမန်ရောဂါကို ဓာတ်ခွဲပေးတဲ့ ဆေးမှူး ဦးလေးဂျယ်ရီပဲ၊ နေပါဦး... မင်းကို ဘယ်လကများ မွေးပေး ခဲ့ပါလိမ့်” , ,

ဆယ်လီသည် နှုတ်ခမ်းကို ကိုက်ရင်း “ဧပြီလမှာပါ” “အေး... ဟုတ်သားပဲ၊ ကဲ...ကဲ... ထိုင်”

ဆယ်လီသည် အဖေ့စကားကို နားထောင်သည့် ကလေးတစ်ယောက် အလား ထိုင်လိုက်၏။

ဒေါက်တာသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး... ။ 

“ဒီမယ်... ဆယ်လီ” ။

ဒေါက်တာသည် ရှေ့ဘာဆက်ပြောရမှန်း မသိသလို စကားရပ် လိုက်ရာ ဆယ်လီက မနေနိုင်တော့ဘဲ...

“ကျွန်မကို မှန်တဲ့အတိုင်းပြောပါရှင်၊ မြန်မြန်ကလေး ပြောလိုက် ပါတော့”

“ပြော... ပြောပါ့မယ်ကွယ်၊ ဟောဒီက ဦးလေးဂျယ်ရီကိုလည်း ခိုင်ခိုင်မာမာဖြစ်ဖို့ ခေါ်ထားတာပါ၊ မင်းဟာ အတော် နေမကောင်းဖြစ်နေပြီ ဆယ်လီ၊ မင်းရဲ့ အသည်းဟာ ကြီးနေတယ်၊ သားငံရည် အကျိတ်ကလည်း ရောင်နေတယ်၊ ဒါတွေကို ဦးလေးဂျယ်ရီ အသေအချာ ဓာတ်ခွဲကြည့်

တာပဲ၊ တစ်ချိန်တည်းမှာ ကျုပ်ကိုယ်တိုင်လည်း စမ်းသပ်ကြည့်ပါတယ်။ ကျုပ်က အသက်ကြီးလို့ မျက်စေ့မွဲပေမယ့် မိုက်ကရိုစကုတ်ထဲက မြင်ရ တာကိုတော့ ခွဲခြားပြီးသိပါတယ်၊ အဲဒါကိုဆိုရင် ဦးလေးဂျယ်ရီကိုတောင် မလွှဲဘူး၊ ကိုယ်တိုင် ကြည့်တာ”

“ဟုတ်ပါပြီရှင်..... ကျွန်မ ဘာဖြစ်နေတာလဲဆိုတာသာ ပြောပါ တော့၊ ကျွန်မမှာ ၊ ငွေပိုငွေလျှံ အထိုက်အလျောက်ရှိပါတယ်၊ ကျွန်မ ကျောင်းဆရာမလုပ်ဘဲ ဆေးရုံတက်ရမှာလား..... ပြောလေ”

“ဆေးရုံတက်လည်း မထူးဘူးထင်တယ်ကွယ်” 

“ရှင်... ဒါဖြင့် ကျွန်မရောဂါက..” 

“သွေးပျက်စီးတဲ့ရောဂါ” 

“ရှင်...” 

ဟုတ်တယ် မိန်းကလေး၊ မင်းရဲ့ သွေးဟာ တဖြည်းဖြည်းပျက်စီးနေလိုက်တာ”

“တဖြည်းဖြည်း ပျက်စီးနေလိုက်တာ”

ဒေါက်တာသည် အားနာသဖြင့် ဆယ်လီကို ကြည့်ရာမှ ဦးလေး ဂျယ်ရီဘက်သို့ လှည့်ကြည့်လိုက်၏။ ဦးလေး ဂျယ်ရီကလည်း မျက်နှာ ပူနေသဖြင့် နှာရှုနေပြန်၏။ ပြီးမှ စိတ်မချမ်းသာစွာဖြင့်... :

“ကျုပ်လည်း ဆိုင်ပြန်မှထင်တယ်” ။

“နေကြပါဦးရှင်... နေကြပါဦး၊ ကျွန်မမှာ အဲဒီရောဂါ ဖြစ်တာ ကတော့ ဟုတ်ပါပြီ၊ ကျွန်မ ဘယ်လိုကုရမှာလဲ၊ ဘယ်တော့ သက်သာမှာလဲ”

“အဲဒါကို ပြောမလို့ပဲကွယ်” 

“ပြော... ပြောပါရှင်” 

ဒေါက်တာသည် ဆယ်လီ မျက်နှာကို မကြည့်ဘဲ... 

“ဆေးကုလို့ မပျောက်နိုင်ဘူးကွယ်" 

ဦးလေးဂျယ်ရီသည် သက်ပြင်းချလိုက်ပြီး.. 

“ကျုပ်.. ကျုပ်... ပြန်မှထင်တယ်၊ ဆိုင်မှာ ဘယ်သူမှမရှိဘူး”

ပြောပြောဆိုဆိုပင် ဦးလေးဂျယ်ရီသည် ထိုင်ရာမှထ,လိုက်ပြီးအခန်းထဲမှ ထွက်သွား၏။ ဒေါက်တာကလည်း မတားတော့ပေ။

ဆယ်လီသည် ဝမ်းနည်းစွာဖြင့် ...

“ဒါဆို ကျွန်မဟာ နာတာရှည်ရောဂါသည်ကြီးဖြစ်ပြီး ကျွန်မလို တစ်ကောင်ကြွက်ကို ဘယ်သူက ပြုစုမလဲဟင်”

“ဒီရောဂါက အဲဒီလိုမျိုး မဟုတ်ဘူးကွယ့်၊ အခုမှတော့ ထိမ်ချန်ပြောနေလို့လည်း မထူးပါဘူး၊ ဒါကြောင့် ဦးလေးဂျယ်ရီ လစ်ပြေးသွားတာ”

ဆယ်လီသည် အတတ်နိုင်ဆုံး ဣန္ဒြေဆယ်လိုက်ပြီး.. ။ 

“ဒါဖြင့် ကျွန်မ သေမယ်ပေါ့” 

“ဟုတ်တယ် ဆယ်လီ" 

“မျှော်လင့်ချက် မရှိတော့ဘူးလား..."

 “မရှိတော့ဘူးကွယ်” 

“ခွဲစိတ် ကုသလို့ရော...”

မရဘူးကွယ်” 

“ဆေးစားဖို့ကော”

“မရှိဘူး”

ဆယ်လီသည် အားတင်းလိုက်၏။ သူ၏ ငိုချင်စိတ်ကို အတင်း `ချုပ်တီးပြီး...

“ဒါဖြင့် “ဘယ်တော့လောက် သေမှာလဲ”

“ဒါကတော့ သေသေချာချာ ပြောလို့မရနိုင်ဘူး၊ နှစ်လ သုံးလ အတွင်း ဖြစ်ချင်ဖြစ်မယ်၊ ငါးလ ခြောက်လ နေချင်လည်း နေရမယ်”

“ဒါဆို ခြောက်လထက် ကြာကြာနေရစရာ မရှိတော့ဘူးပေါ့”

“ပြောရတာတော့ ခက်တယ် ဆယ်လီ၊ ကျုပ်တွေ့တဲ့ ဖတ်ဖူးတဲ့ ဆေးကျမ်းတွေအတိုင်းကတော့ အဲဒီလို ဆိုတာပဲ၊ရိုချက်စတာဆေးရုံကမိတ်ဆွေဆရာဝန်တစ်ယောက်ကိုစုံစမ်းတော့လည်းဒီအဖြေပဲထွက်တယ်”

“တစ်ခုခု မှားနေတာတော့ မဖြစ်နိုင်ဘူးလား ဆရာ”

“ဖြေရတာတော့ ခပ်ခက်ခက်ပဲ ဆယ်လီ၊ တွေ့သမျှကတော့ ဒီအဖြေပဲ ထွက်တာပဲ၊ ဒီတော့ မင်းလုပ်စရာရှိတာတွေ ကြိုလုပ်နိုင်တာပေါ့”

“ရှင်...”

“ဟုတ်တယ်လေ... မင်းရဲ့ အနာဂတ်ကို ဘာတွေ လုပ်မယ်ဆိုတာ...”

“ရှင်... ကျွန်မရဲ့အနာဂတ်..." .

“အင်း... မင်းအနေနဲ့ကတော့ စိတ် သိပ်ထိခိုက်သွားမယ်ဆိုတာကျုပ်သိပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ နှိုင်းနှိုင်းချိန်ချိန်ပေါ့၊ တရားဟောဆရာနဲ့ တွေ့ပြီး ပြောဆိုတာဖြစ်ဖြစ်ပေါ့”

“ရှင် ... ဘယ်သူ” 

“ကွယ်... မင်းလည်း ဘုရားရှိခိုးကျောင်း သွားတယ်မဟုတ်လား”

“ဖေဖေနဲ့ မေမေတို့ဟာ ဘာသာမတူပါဘူး၊ ဖေဖေဟာ မေမေနဲ့ ရန်ဖြစ်ခဲ့ပြီး ကျွန်မကို ဘုရားကျောင်း သွားစေခဲ့ပါတယ်၊' ဒါပေမယ့် ဖေဖေ ဆုံးပြီးကတည်းက ကျွန်မလည်း ဘုရားကျောင်း မသွားတော့ဘူး”

“ဒါဆိုလည်း အခု ပြန်စ သွားပေါ့ကွယ်”

ဆယ်လီသည် အသက်ကို မဝတဝ မျှင်းမျှင်းကလေး ရှူသွင်း နေရ၏။ သူ့တစ်ကိုယ်လုံးမှာ အိုးထိန်းစက်ကဲ့သို့ လည်နေ၏။ ရုတ် တရက် ထ,လိုက်ပြီး... ။

“ကျွန်မ သွားတော့မယ်” 

“ဟို.. အို... ကလေးမ”

ဆယ်လီသည် ဆတ်ခနဲ တံခါးပေါက်ဆီသို့ ထွက်လိုက်ပြီး သူနာပြုဆရာမကိုပင် မမြင်တော့ဘဲ အပြင်ဘက်သို့ အပြေးအလွှားထွက်ပြေးသွားလေတော့၏။ ,

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)