Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်ဗေဒါ - လူထုရှေ့မှောက်ဟောပြောခြင်းအတွက်လျှို့၀ှက်ချက်၉ရပ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

မိတ်ဆက်စကား”

၂၁ ရာစုအတွင်း လူအများ ယုံကြည်လက်ခံနိုင်စေသော စဉ်းစားတွေးခေါ်မှုများ

၂၁ ရာစုကာလအတွင်း တချို့သော လူတွေဟာ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေကို တင်ပြရာမှာ ထူးထူး ခြားခြား ကောင်းမွန်စွာနဲ့ တင်ပြနိုင်စွမ်း ရှိကြပါတယ်။ ဒီအခါ သူတို့ရဲ့ ကျွမ်းကျင်မှုတွေက သူတို့ရဲ့ ထင်ပေါ်ကျော်စောမှုနဲ့ ဩဇာရှိန်ဝါတွေကို မြှင့်တင်ပေးလိုက်ပြီး ယနေ့ကာလရဲ့ လူမှုအသိုက်အဝန်းမှာ ကောင်းမွန်စွာဝင်ဆံ့ နိုင်သူတွေ ဖြစ်လာကြပါတယ်။

လူအများ လက်ခံယုံကြည်နိုင်စေသော စဉ်းစား တွေးခေါ်မှုတွေ ပါရှိတဲ့ ပြောဆိုမှု အမျိုးမျိုးဟာ တစ်လောကလုံးက လူတွေကို ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်စေတတ်တာကြောင့် သြဇာရှိန်ဝါပါတဲ့ ပြောဆိုမှုတွေ ဖြစ်အောင် အစဉ်အမြဲသတိပြု ကြိုးစားဖို့ လိုအပ်ပါတယ်။

သင့်အနေနဲ့ လူထုရှေ့မှောက် စကားပြောဆိုရာမှာ ထိရောက်သော အကူအညီရရှိစေဖို့အတွက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ရှိနေတဲ့ TED (Technology နည်းပညာ Education-ပညာရေး Design- စီစဉ်ပုံစံချခြင်း) တွေနဲ့ ပတ်သက်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကွန်ဖရင့်တွေကိုလေ့လာမှတ်ရှုခြင်းတွေ လုပ်နိုင်ပြီး ရရှိသော အကျိုးရလဒ်တွေအတွက် TEDကို ကျေးဇူးတင်ရမှာ ဖြစ်ပါ တယ်။

TEDနှင့် ပတ်သက်သော တင်ပြချက် ရာပေါင်းများ စွာကို သိပ္ပံ နည်းကျခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ရာမှာ TED ရဲ့ ထင်ပေါ်ကျော်ကြားမှု အရှိဆုံးသော ပြောဆိုသူတွေက လူအများကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာတယ် ဆိုတဲ့ အချက်ကို အထင်အရှား တွေ့ရှိရပါတယ်။

TEDကဲ့သို့ ပြောဆိုနိုင်စွမ်းတွေ ထက်မြက်နေစေဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဩဇာရှိန်ဝါ ပါသော စကားပြောဆိုခြင်းတွေ လိုအပ်နေမှာ ဖြစ်ပါတယ်။ TED ကဲ့သို့ ပညာရပ်နယ်ပယ်ပေါင်းစုံက ပြောဆိုသူတွေဟာ သူတို့ ပြောစကားတိုင်းကို နားထောင်သူအားလုံးက စွဲမြဲ နားထောင်နိုင်အောင် ပြောဆိုနိုင်စွမ်း ရှိကြပါတယ်။ ဤ စာအုပ်မှာ ဖော်ပြပေးထားတဲ့ TED ရဲ့ ပြောဆိုတင်ပြမှု ပုံစံတွေ အားလုံးဟာ ထုတ်ကုန်ပစ္စည်း ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း (သို့မဟုတ်) စိတ်ဓာတ်တက်ကြွမှု လိုအပ်နေသော သူများကို ဦးဆောင်ခြင်းတွေအတွက် ထိရောက်သော ပြောဆိုမှုတွေရှိစေဖို့ အဓိက ရည်ရွယ်ထားပါ တယ်။

၂၀၁၂ ခုနှစ် မတ်လမှာ ပြည်သူများ ရပိုင်ခွင့်ဆိုင်ရာ အကျိုးဆောင် ကိုယ်စားလှယ်ရှေ့နေ ဘာရမ်စတီဗင်ဆန်” က TEDရဲ့ နှစ်ပတ်လည် ကွန်ဖရင့် ကျင်းပရာ ကယ်လီ ဖိုးနီးယားပြည်နယ် လောင်းဘိချ်ဒေသကို ရောက်ရှိလာခဲ့ ပါတယ်။

စတီဗင်ဆန်ဟာ TEDရဲ့ လှပသော သမိုင်းကြောင်း ကို ချီးမွမ်းပြောဆိုမှုတွေ အချိန်အတန်ကြာ ပြုလုပ် ဖြစ်ခဲ့ပါ တယ်။ စတီဗင်ဆန်ရဲ့ တင်ပြချက်တွေကို အွန်လိုင်းပေါ်မှာ အကြိမ်ပေါင်း နှစ်သန်းနီးပါးအထိ အများပြည်သူတွေ သိရှိစေရအောင် ပြသခဲ့ပါတယ်။

စတီဗင်ဆန်ဟာ အချိန် ၁၈ မိနစ်စာ စကားပြော ခွင့်ရတဲ့ အချိန်အတွင်း နားထောင်သူ ပရိသတ်တွေရဲ့ နှလုံးသားတွေကိုသာမက ဦးနှောက် အသိဉာဏ်တွေကိုပါ ဆွဲယူသိမ်းသွင်းနိုင်တဲ့အထိပြောစကားတွေက ထိရောက်မှု ရှိခဲ့။ ဩဇာရှိခဲ့တာ တွေ့ရပါတယ်။ သူ့ပြောဆိုတင်ပြချက်တွေကို နားထောင် လိုက်ရသူတိုင်းလိုလို သူ့စကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့စိတ်တွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ စိတ်တွေမြင့်တက်လာပြီး လုပ်ငန်းတွေ ကိုယ်စီ အောင်မြင်အောင် တက်ကြွစွာ လုပ်ဆောင်လိုတဲ့ စိတ်တွေပါ မြင့်မားလာကြတာ တွေ့ရပါတယ်။

စတီဗင်ဆန်ဟာ ပါဝါပွိုင့်ဖြင့် တင်ဆက်ပြသ ပြောဆိုခြင်းတွေကို လုပ်ခြင်းထက် ကိုယ်ပိုင်စကားနဲ့ စီကာပတ်ကုံး ပြောဆိုခြင်း၊ စွဲဆောင်မှုရှိအောင် ပြောဆို ခြင်းတွေကိုသာ အဓိကထားခဲ့ပါတယ်။

တချို့သော ထင်ပေါ်ကျော်ကြားတဲ့ TED ရဲ့ ပြောဆိုသူတွေဟာ ပါဝါပွိုင့်ကို အသုံးပြုရခြင်းအပေါ် ပိုမို နှစ်သက်တတ်ကြပြီး ထိုသို့ ပါဝါပွိုင့် သုံးရခြင်းကြောင့် သူတို့ရဲ့ ပြောဆိုချက်တွေအားလုံး ပိုမိုထိရောက်မှုရှိစေ တယ်လို့သာ အခိုင်အမာ ယုံကြည်ထားကြပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ ပရော်ဖက်ဆာဒေးဗစ် ခရစ္စယန်က ပရိသတ်အာရုံစူးစိုက်အောင် ဖမ်းစားထားနိုင်တဲ့ ၁၈ မိနစ်ကြာ စကားပြောဆိုမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒေးဗစ်ခရစ္စယန်ရဲ့ ၁၈ မိနစ်ကြာ ပြောဆိုမှုတွေကို အွန်လိုင်း မှာ အကြိမ်ပေါင်း တစ်သန်းကျော်အထိ ပြသခဲ့ပါတယ်။

ခရစ္စယန်” နဲ့ “စတီဗင်ဆန်” တို့ ရဲ့ ပရိသတ် အပေါ် ဖမ်းစားနိုင်တဲ့ ပြောဆိုတင်ပြပုံတွေဟာ တစ်ယောက် နဲ့တစ်ယောက် ကွဲပြားမှုရှိနေကြသော်လည်း ပရိသတ် ရင်ထဲရောက်အောင် ပြောဆိုနိုင်တဲ့ အစွမ်းတွေကတော့ တူညီနေကြတာ တွေ့ရှိရပါတယ်။ သူတို့နှစ်ယောက်မှာ တစ်ယောက်က ဇာတ်လမ်း ဇာတ်ကွက်တွေကို နားထောင်ကောင်းအောင် စီကာပတ်ကုံး ပြောဆိုနိုင်စွမ်း ရှိပြီး တစ်ယောက်ကတော့ သတင်းအချက်အလက်တွေကိုသာ အတိအကျထုတ်ဖော် ပြောဆိုနိုင်စွမ်း ရှိတာကို တွေ့ရှိရ ပါတယ်။

TEDဆိုသောပညာရပ်နယ်ပယ်သုံးခုကအောင်မြင်မှု ရနေသော ပုဂ္ဂိုလ်ပေါင်း ၅ဝဝ ရဲ့ ပြောဆိုတင်ပြချက်တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာရာမှာ ထိရောက်သော ပြောဆိုမှုတွေ ဖြစ်စေမယ့် လျှို့ဝှက်ချက်ကိုးမျိုး ပါရှိနေတာကို တွေ့ရှိရ ပါတယ်။

သင်က စီးပွားရေးလောကမှာဖြစ်စေ၊ အခြား သော နယ်ပယ်ကဏ္ဍတွေမှာဖြစ်စေ ထိထိရောက်ရောက် အောင်မြင်ချင်တယ်ဆိုရင် TED ဆိုတဲ့ ပညာရပ် နယ်ပယ်သုံးခုက နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ကွန်ဖရင့်မှာ တက်ရောက် ပြောဆိုသူတွေရဲ့ စကားတွေကို သေချာစွာ လေ့လာအတုယူဖို့ လိုအပ်ပါတယ်။

စတိဂျော့ပ်၏ ပြောဆိုတင်ပြချက်ဆိုင်ရာ လျှို့ဝှက်ချက်များ”

စတိဂျော့ဗ်၏ ပြောဆိုတင်ပြချက်ဆိုင်ရာ လျှို့ဝှက် ချက်များ” အမည် ရှိတဲ့ စာအုပ်ဟာ အပြည်ပြည်ဆိုင်ရာ ရောင်းအား အကောင်းဆုံးသော စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါ တယ်။ နာမည်ကျော် အမှုဆောင် အရာရှိချုပ်တွေဟာ အဲဒီစာအုပ်မှာပါရှိတဲ့ လျှို့ဝှက်ချက်တွေကို မဟာဗျူဟာတစ်ရပ်အဖြစ် အကျိုးရှိရှိ သုံးစွဲခဲ့ကြပြီး အောင်မြင်မှု ရယူ နိုင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

စတိဂျော့ဗ်ရဲ့ ပြောဆိုတင်ပြချက်ဆိုင်ရာ လျှို့ဝှက် ချက်တွေအရ ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေး ထိပ်တန်း အဆင့် ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ပြောဆိုတင်ပြမှုတွေကို ဘယ်လို အသွင်ပြောင်းပြီး အကောင်းဆုံး လုပ်ဆောင်ရမယ် ဆိုတာကိုပါ သေချာတိကျစွာ သိသွားခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ် ‘စတန်းဖို့ဒ်” တက္ကသိုလ်မှာ စကား ပြောဆိုခဲ့စဉ်က စတိဂျော့ဗ်ဟာ ပရိသတ်တွေ အာရုံစိုက် နားထောင်နိုင်စွမ်းရှိသည် အထိ စွဲဆောင်မှုကောင်းတဲ့ ပြောဆိုသော ပုံစံကို အပြည့်အဝ အသုံးချနိုင်ခဲ့ပါတယ်။

TED ဆိုသော ပညာရပ်နယ်ပယ် သုံးခုဖြစ်သော နည်းပညာ၊ ပညာရေး၊ စီစဉ်ပုံစံချခြင်းဆိုသောနယ်ပယ်သုံးခုကို ပေါင်းပြီး ခေါ်ဆိုတဲ့ "TED" ဟာ စီးပွားရေးလောကနှင့် အခြားသော နယ်ပယ်ကဏ္ဍတွေမှာ အောင်မြင်မှု ရရှိစေဖို့ လက်ရှိအောင်မြင်နေသူများ(သို့) TEDနှင့် တစ်သားတည်း ရှိနေသော သူများရဲ့ ကမ္ဘာကျော် ပြောဆိုစည်းရုံးနိုင်စွမ်းတွေ၊ တက်ကြွအောင် လှုံ့ဆော်ပြောဆိုနိုင်စွမ်းတွေကို လက်တွေ့ အတုယူအသုံးချခွင့်ရှိတဲ့ သဘောကို ရည်ညွှန်းနေပါတယ်။

TEDရဲ့ စိတ်ဓာတ်တက်ကြွအောင် ပြောဆိုနိုင်တဲ့ အပိုင်းကဏ္ဍတွေကို အစိတ်အပိုင်း သုံးရပ် ခွဲခြားပြီး လေ့လာ ပေးနိုင်ပါတယ်။

အပိုင်း ၁ စိတ်ခံစားမှုဆိုင်ရာအရ = သူတို့ကတက်ကြွအောင် ကျွန်တော့်ရဲ့ လှုံ့ဆော် ပြောဆိုခြင်း။ ရင်ထဲကိုထိစေတယ်။

အပိုင်း ၂ ထူးခြားဆန်းသစ်သော = သူတို့ပုံစံဖြင့် တက်ကြွအောင် ကျွန်တော့်ကိုဖန်တီးလှုံ့ဆော်ပြောဆို တစ်စုံတစ်ရာ ခြင်း။အသစ်အဆန်း တစ်ခု သင်ပေးတယ်။

အပိုင်း ၃ အမှတ်ရစေဖို့အတွက် = ကျွန်တော် ဖန်တီးလှုံ့ဆော်ပြောဆို ဘယ်တော့မှမမေ့နိုင်တဲ့ တင်ပြချက် တစ်ခုပါပဲ။ခြင်း။

၁။ စိတ်ခံစားမှုဆိုင်ရာအရ တက်ကြွအောင် လှုံ့ဆော်ပြောဆိုခြင်း

တချို့သော လူတွေဟာ စိတ်ခံစားမှုအရ တက်ကြွ အောင် လှုံ့ဆော် ပြောဆိုနိုင်ခြင်းကြောင့် ပရိသတ်ရဲ့ နှလုံးသားကို စွဲကိုင်နိုင်ရုံမက ပင်ကို အသိဉာဏ်နဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို လက်တွေ့ အသုံးချနိုင်စွမ်းတွေ ပိုမို မြင့်တက်လာစေတတ်ပါတယ်။

သင် က ပြောဆို ချင်တဲ့ အကြောင်းအရာကို စိတ်လှုပ်ရှားလွယ်စွာနဲ့ ရင်ဖွင့်ပြောပြနေသလို ပြောဆို တင်ပြခြင်း၊ ဖြစ်ရပ်မှန် ဇာတ်လမ်းဇာတ်ကွက် တစ်ခုကို နားထောင်သူတွေ စိတ်ဝင်စားလာအောင် ပြောဆိုနိုင်ခြင်း၊ ပြောဆိုလိုသောအကြောင်းအရာ၊ ခေါင်းစဉ်နှင့်လိုက်ဖက်ညီစွာ ပြောဆို တင်ပြနိုင်ခြင်းတွေဟာ နားထောင်သူအားလုံးကို အထိရောက်ဆုံး ချဉ်းကပ်စည်းရုံးပြောဆိုခြင်း(သို့မဟုတ်) စိတ်ခံစားမှုအရတက်ကြွအောင် လှုံ့ဆော်ပြောဆိုနိုင်ခြင်းသာ ဖြစ်ပါတယ်။

၂။ ထူးခြားဆန်းသစ်သော ပုံစံဖြင့် တက်ကြွအောင် ဖန်တီးလှုံ့ဆော်ပြောဆိုခြင်း ၊

သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးဦး (သို့) လူအများရဲ့ အာရုံဝင်စားမှုကို ဖမ်းစားနိုင်ဖို့ တစ်ခုတည်းသော ထိ ရောက်တဲ့ နည်းလမ်းကတော့ ထူးခြား ဆန်းသစ်သော ပုံစံဖြင့် တက်ကြွအောင် ဖန်တီးလှုံ့ဆော် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။

၃။ အမှတ်ရစေဖို့အတွက် ဖန်တီးလှုံ့ဆော်ပြောဆိုခြင်း

သင့်ဆီမှာ စိတ်ကူးယဉ် ဝတ္ထုဆန်ဆန်ပြောဆိုတင်ပြ နိုင်တဲ့ စိတ်ကူး ကောင်း၊ အရည်အချင်းတွေရှိနေပြီဆိုရင် နားထောင်သူ ပရိသတ် အမြဲတစေ အမှတ်ရစေမယ့် ပုံစံနဲ့ ပြောဆိုနိုင်ဖို့ကလည်း အခက်အခဲများစွာ မရှိနိုင်တော့ပါဘူး။

လက်တွေ့အောင်မြင်မှု ရယူနိုင်ခဲ့ပြီးသော သင်ဆရာ၊ မြင်ဆရာတို့ထံက လိုအပ်သော လေ့လာသင်ယူမှုတွေနဲ့ လမ်းညွှန်မှုတွေကို ခံယူပေးပါ။

သင့်ဘဝရည်မှန်းချက်နဲ့ လုပ်ငန်းအစီအစဉ်တွေ အတွက် ကြံစည်လုပ်ကိုင်သမျှ ကိစ္စအားလုံး အောင်မြင်မှု ရစေဖို့အတွက် လူထုရှေ့မှောက် စကားပြောဆိုခြင်း ပြုလုပ် ရာမှာ နားထောင်သူ ပရိသတ်ရဲ့ အာရုံဝင်စားမှုကို ဖမ်းစားနိုင်အောင် ကြိုးစားပေးပါ။ သူတို့အား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိစေပြီး စိတ်ဓာတ်တက်ကြွလာအောင် လုပ်ပေးပါ။ ကမ္ဘာ လောကကို ပြောင်းလဲအောင် ပြုလုပ်ပေးပါ။

»