Skip to product information
1 of 2

Other Websites

မောင်ပေါ်ထွန်း - ငြိမ်းချမ်းရေးဗျုဟာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

'ငြိမ်းချမ်းရေးဗျူဟာ” သည် သင်နှင့် စတင်သည်။ သင့်ဘဝ

နှင့် သင့်အလုပ်တွင် “ငြိမ်းချမ်းရေးဗျူဟာ” ကို ကျင့်သုံးပါ။လူတိုင်းတွင် ပြုပြင်၍ရသော စိတ်ဓာတ်ရှိသည်။ လေ့ကျင့် ၍ရသော ကိုယ်ခန္ဓာရှိသည်။ လိုက်နာ၍ ရသောလမ်းစဉ် ရှိသည်။ သင်သည် လူ့လောကသို့ ရောက်လာသည်မှာ အခြားအတွက်မဟုတ်၊ မိမိ၏အတွင်းစိတ်စွမ်းအားကို

သိရှိပြီး အတွင်းဘဏ်အလင်းကို ဖော်ဆောင်ရန်ဖြစ်သည်။ , မိမိဘဝကို ငြိမ်းချမ်းအောင်ပြုပြင်ပါ။ ထို့နောက် ကြုံဆုံတွေ့ ထိသမျှ အရာခပ်သိမ်းတွင် “ငြိမ်းချမ်းရေးဗျူဟာ” ကို အသုံးချပါ။

(၂)

'ငြိမ်းချမ်းရေးဗျူဟာ' ကို လေ့ကျင့်ရာတွင် အဆောက်အဦးမလို၊ ငွေကြေးမလို၊ ဩဇာအာဏာမလို၊ ရာထူးဂုဏ်သိန် မလို။ မိုးကောင်းကင်အောက်မှ ကမ္ဘာ့မြေပြင်သည် အကောင်းဆုံး လေ့ကျင့်ကွင်းဖြစ်၏။

(၃)

ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရာခပ်သိမ်းတို့သည် အရင်းအမြစ်တစ်ခုတည်းမှ ဖြစ်ပေါ်လာကြ၏။ အားလုံးသည် တစ်မိသားစုတည်းကဲ့သို့ ဆက်စပ်နေသည်။ ဘဝစွမ်းအားထဲတွင် အဘိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးပါဝင်သည်။ လောကကြီးသည် အရင်းအမြစ်တစ်ခုတည်း မှ ပေါက်ဖွားတိုးတက်လာသည်။ ကျွန်ုပ်တို့သည် စည်းလုံး ညီညွတ်ခြင်းနှင့် သဟဇာတဖြစ်ခြင်းတည်းဟူသော ဖြစ်စဉ် ကြီးအတွင်း ရွေ့လျားနေကြသည်။

(၄)

'ငြိမ်းချမ်းရေးဗျူဟာ' သည် ဝေဒနာရှင် လောကကြီး အတွက် အကောင်းဆုံးဆေးဖြစ်သည်။ အရာခပ်သိမ်း အရင်းအမြစ်တစ်ခုတည်းမှ ဖြစ်ပေါ်လာသည်ဟူသော အချက်ကို လူတွေ မေ့နေကြသည်။ ထို့ကြောင့် လောက ကြီး ဆိုးသွမ်းနေသည်။ ဖရိုဖရဲဖြစ်နေသည်။ အရင်းအမြစ် ဆီသို့ ပြန်သွားပါ။ ကိုယ်ကျိုးကိုသာ အဓိကထားသော အတွေးအခေါ်၊ ယုတ်ညံ့သော အလိုဆန္ဒနှင့် ဒေါသစိတ် တို့ကို ပယ်ထုတ်ပါ။ မည်သည့်အရာကိုမျှ မပိုင်ဆိုင်သူသည် အရာရာကို ပိုင်ဆိုင်၏။

(၅)

သင်သည် စစ်မှန်သော ဘာမှမရှိခြင်းနှင့် အဆက်ပြတ် လျှင် 'ငြိမ်းချမ်းရေးဗျူဟာ” ကို ဘယ်တော့မှ နားမလည် နိုင်ချေ။

(၆)

'ငြိမ်းချမ်းရေးဗျူဟာ သည် ကမ္ဘာမြေပြင်နေရာတကာတွင် အကျိုးပြုနိုင်သည်။ အပြောကျယ်သော နေရာဒေသမှ သည် အသေးငယ်ဆုံး သစ်ပင်နှင့်တိရစ္ဆာန်များအထိ လွှမ်းခြုံထိရောက်သည်။ ဘဝစွမ်းအားသည် အရာရာသို့ ပြန့်နှံ့သည်။ အကန့်အသက်မဲ့ သန်စွမ်းသည်။ ငြိမ်းချမ်းရေး ဗျူဟာသည် ကျွန်ုပ်တို့အား အကန့်အသက်မဲ့စွမ်းအားကို ပေးစွမ်းနိုင်သည်။

(၇)

ရွေ့လျားခြင်းနှင့် တည်ငြိမ်ခြင်၊ ပျစ်စေးခြင်းနှင့် အရည်ပျော်ခြင်း၊ တိုးချဲ့ခြင်းနှင့် ကျဉ်းကျုံ့ခြင်း၊ ပေါင်းစည်းခြင်းနှင့် ကွဲပြားခြင်းတည်း ဟူသော စွမ်းအားရှစ်မျိုးသည် အရာခပ်သိမ်းကို ထိန်းထားသည်။

 

(၈)

ဘဝသည် ကြီးထွားသည်။ ရုပ်ရောစိတ်ရော ကြီးထွားမှုရပ်သွားလျှင် ကျွန်ုပ်တို့ သေသည်နှင့်မခြားတော့။ “ငြိမ်းချမ်း ရေးဗျူဟာ” သည် ကောင်းကင်၊ မြေပြင်နှင့် လူ့ လောကတို့ ဖွဲ့ နှောင်ပေါင်းစည်းမှု၏ အကျိုးရလဒ်ဖြစ်၍ အလွန် မှန်ကန်သည်၊ အလွန်ကောင်းမွန်သည်၊ အလွန်လှပသည်။

(၉)

ဘဝ၏ အရင်းမူလနှင့် မပြတ်ကင်းစေရန်အလို့ငှာ တောင်ကြားလျှိုမြောင်သို့ မကြာမကြာ သွားရောက်ရန်လိုအပ်သည်။ အသက်ကို ရှူသွင်း၍ မိမိကိုယ်ကို စကြဝဠာ၏ အဆုံးသို့ စေလွှတ်ပါ။ အသက်ကို ရှူထုတ်၍ စကြဝဠာကို မိမိကိုယ်တွင်းသို့ ပြန်ခေါ်ပါ။ ထို့နောက် ကမ္ဘာ၏ အားလုံးသော မျိုးပွားနိုင်ခြင်းနှင့် စွမ်းအားကြီးခြင်းတို့ကို ရှူရှိုက်ပါ။ နောက်ဆုံး၌ မိုးကောင်းကင်နှင့်မြေကမ္ဘာတို့၏ ရှူရှိုက်ခြင်း ကို မိမိ၏ ရှူရှိုက်ခြင်းနှင့် ပေါင်းစပ်ခြင်းဖြင့် ဘဝ၏ရှူရှိုက်ခြင်း ဖြစ်လာလိမ့်မည်။

(၁၀)

မိုးကောင်ကင်နှင့် မြေကမ္ဘာတို့၏ နိယာမအားလုံးသည် သင်၏ကိုယ်တွင်း၌ ကိန်းအောင်းနေသည်။ ဘဝသည် ပင်လျှင် သစ္စာတရားဖြစ်၏။ ဤသဘောတရားသည် ဘယ်တော့မှ ပြောင်းလဲခြင်းမရှိ။ မိုးကောင်းကင်နှင့် မြေကမ္ဘာအတွင်းရှိ အရာခပ်သိမ်း အသက်ရှူရှိုက်ကြသည်။ အသက်ရှူရှိုက်ခြင်းသည် ဖန်ဆင်းဖြစ်တည်မှုကို ချည်နှောင်ပေးသည့် ချည်ကြိုးဖြစ်၏။ စကြဝဠာတစ်ခု လုံး၏ ရှူရှိုက်မှုအတွင်းရှိ မရေမတွက်နိုင်သော ကွဲပြားပြောင်းလဲမှုများကို အာရုံထင်လာသောအခါ “ငြိမ်းချမ်းရေး ဗျူဟာ”၏ တစ်သီးပုဂ္ဂလနည်းစနစ်များ ပေါက်ဖွားလာ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)