Skip to product information
1 of 2

Other Websites

မောင်ထွန်းသူ - ပီကင်း(အပိုင်း ၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

“တရုတ်လူမျိုး အများစုက ကျွန်တော်တို့ မျက်လုံးတွေဟာ မြေကြီးထဲကို ပေ အနက် သုံးပေ အထိ မြင်နိုင်တယ်လို့ ယုံကြည်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ မျက်လုံးတွေက အပြာရောင်တွေ” တဲ့။ ။

အရပ်က မြင့်မြင့်၊ စကားပြောလျှင် အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ပြောတတ်သော နေလောင်ဒဏ် ခံထားရသဖြင့် တစ်ကိုယ်လုံး နီညိုရောင် သန်းနေသော လန်ကရှိုင်းယား နယ်သား သာသနာပြု ပုဂ္ဂိုလ်သည် ထို စကားကို ပြောရင်း ပြုံးလျက် ရှိသည်။

“သူတို့က ကျွန်တော်တို့ဟာ အဲဒီ မျက်လုံးတွေကို အသုံးပြုပြီး တရုတ် ပြည်ထဲမှာ ရွှေလာရှာတာလို့ ထင်နေကြတယ်။ ဒါပေမဲ့လို့ ထူးဆန်းတာ တစ်ခုက ကျွန်တော်တို့ မျက်လုံးပြာ ပိုင်ရှင်တွေဟာ ရေကြည်ကြည် အောက်ကိုတော့ ဖောက်ထွင်းပြီး မမြင်နိုင်ဘူးလို့ သိနေကြပြန်တယ်” ။

သာသနာပြု၏ အပြုံးသည် ပို၍ ပီပြင်လာသည်။ ဖြူဖွေးသော သွားများကိုပင် မြင်လာရသည်။ သူ၏ ချောမောလှပသည့် ခပ်သွယ်သွယ် မျက်နှာသည် နှစ်ပေါင်းများစွာ အာရှ နေနှင့် အာရှ လေ ဒဏ်များ ခံထားရသဖြင့် ကြေးနီရောင် ပေါက်နေသည်။ ညိုညစ်ညစ် အရောင်များ သန်းနေသည့် ဘုရားရှိခိုးကျောင်း ခန်းမထဲတွင် သာသနာပြု၏ မျက်နှာသည် ကြည်လင်ဝင်းလက်နေသည်။ သူ့ ရှေ့မှ ရာနှင့်ချီ၍ ရှိနေကြသော မန်ကူနီယန်များသည် သူ ပြောနေသည့် စကား လုံး တိုင်းကို စိတ်ဝင်တစား နားထောင်လျက် ရှိကြလေ၏။

“သူတို့က ကျွန်တော်တို့ကို “ယန်တွေ့ဇု “နိုင်ငံခြားသား မကောင်း ဆိုးဝါး' တွေလို့ ခေါ်ကြတယ်။ ပြီးတော့ သူတို့က ပြောကြတယ်။ ကျွန်တော်တို့ လူစုဟာ ကျွန်တော်တို့ သာသနာပြု အဖွဲ့ရဲ့ မိဘမဲ့ ကလေးများ ဂေဟာတွေမှာ ရှိနေကြတဲ့ တရုတ်ကလေးတွေကို သတ်ကြတယ် တဲ့။ ကလေးတွေရဲ့ ဗိုက်ထဲက အူတွေကို ထုတ်ပြီး ခဲကို ငွေအဖြစ် ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုကြတယ်တဲ့။

“ပြီးတော့ တရုတ်ပြည်ထဲမှာ ကျွန်တော်တို့ ဆောက်လုပ်နေတဲ့ ဘုရား ရှိခိုးကျောင်းတွေရဲ့ စုလစ်မွန်းချွန်း အထွတ်အထိပ်တွေဟာ လေထဲမှာ ရှိနေကြ တဲ့ သူတို့ ဝိညာဉ်တွေကို ချေမှုန်း သုတ်သင်ကြတယ် တဲ့။ နောက်ပြီးတော့ ဗြိတိသျှ အင်ဂျင်နီယာတွေ ဆောက်လုပ်နေကြတဲ့ မီးရထားလမ်းတွေနဲ့ သူတို့ တူးဖော်နေကြတဲ့ သတ္တုတွင်းတွေဟာ မြေအောက်မှာ ခွေနေတဲ့ သူတို့ရဲ့ ကျေးဇူး ရှင် နဂါးကြီးတွေကို ပျက်စီးသွားအောင် ဖျက်ဆီးပစ်နေကြတယ် တဲ့”

ခန်းမ၏ နောက်ဘက် ခပ်ကျကျ သစ်သားခုံတန်းများထဲမှ ခုံတန်းလျား တစ်လုံးပေါ်ရှိ မိဘများကြား၌ ထိုင်နေသော ဂျေကော့ ကဲလ်နားသည် ရုတ် တရက် လှုပ်စိ လှုပ်စိ ဖြစ်လာသည်။ သူ့ မျက်လုံးများသည် ဆွစ္စနိုင်ငံသား သူ့ အဖေ ထံမှ ဆင်းသက် ရရှိလာခဲ့သည့်အတိုင်း အပြာရောင်ဖြစ်၏။ သူသည် ဟောပြောနေသည့် သာသနာပြုအား စိတ်ဝင်တစား ကြည့်နေရာမှ အကြည့်ကို လွှဲကာ သူ့ ခြေထောက်များ အောက်ဘက်မှ ကြမ်းပြင်ကို ငုံ့ကြည့်နေသည်။ အသက် ဆယ်နှစ်မျှသာ ရှိသေးသော သူ့ စိတ်ထဲတွင် သူ့ မျက်လုံးများသည် သစ်သား ကြမ်းခင်းအောက်မှ မြေအပြင်ကို ဖောက်ထွင်း၍ မြင်လျှင် မည်မျှ ကောင်းလေမည်နည်းဟု တွေးလျက်ရှိသည်။

စက်မှုမြို့ ဖြစ်သော မန်ချက်စတာမြို့၏ မြေအောက်၌ ဘယ်သူမှ မသိသေးသော အင်္ဂလိပ် နဂါးတွေ ခွေ၍ နေသည်ကို မည်သူ သိနိုင်ပါမည်နည်း။ ဤသည်မှာတော့ တွေးနေမိသောအရာ ဖြစ်၏။ အင်္ဂလန် မြောက်ပိုင်း ဒေသ၏ ဝါဂွမ်း စက်ရုံခေါင်းတိုင်များသည် တလူလူ ထွက်နေသော မီးခိုးလုံးကြီး များကြောင့် ဆွဲဆောင်မှု အပြည့် ရှိနေသည်။ နေ့စဉ်နှင့်တမျှ စက်ရုံခေါင်းတိုင် များမှ ထွက်လာနေကြသော ထိုမီးခိုးလုံးကြီးများသည် မီးခိုးငွေ့များ မှုတ်ထုတ် လေ့ ရှိသော ထိုသတ္တဝါကြီးများ၏ ပါးစပ်များမှ ထွက်လာနေကြလေသလား။

တကယ်တော့ ထိုစက်ရုံကြီးများနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု အခြေစိုက် ရာ ထိုဒေသသည် သူ့ အဖေအား ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ဒေသမှ ဥရောပကို ဖြတ်၍ အင်္ဂလန်သို့ ရောက်လာအောင် ဆွဲဆောင်ခဲ့၏။ သူ့ အဖေသည် ဤနိုင်ငံ ၏ဤနယ်မြေ ဒေသတွင်းသို့ အထည်ချုပ်လုပ်ငန်း အင်ဂျင်နီယာ တစ်ဦးအဖြစ် အလုပ် လုပ်ရန် ရောက်လာခဲ့ခြင်း ဖြစ်၏။

မှော်ဆန်သော ထိုနဂါးကြီးများသည် သူ့ အဖေအား ဤဒေသသို့ ရောက် လာအောင် ခေါ်ခဲ့လေသလား။ ထိုနဂါးကြီးများကပင်လျှင် သူ့ အဖေအား ပန်းထိုး ပန်းချုပ် အတတ်ပညာပိုင်း၌ နည်းပညာသစ်များဖြင့် သင်ကြားပေးနေ သော သူ့ အမေ အင်္ဂလိပ် အမျိုးသမီးနှင့် တွေ့အောင် ဖန်တီးပေးခဲ့လေသလား။

အမြဲတစေ စက်ဆီများ ပေကျံနေသော အရိုးအဆစ် ကြီးမားလှသည့် သူ့ အဖေ၏ လက်များသည် ရင်ခွင်ထက်၌ တင်ထားသည်။ အဖေသည် တခြားလူတွေလို မိုးခါးရေသောက် အကျင့်ရှိသူ တစ်ဦး မဟုတ်ပေ။ သူသည် အေးဆေး တည်ငြိမ်ပြီး စကား အလွန် နည်းသူဖြစ်၏။ ယခု မော့စ်ဆိုက် နောက်ဘက် ကျောက်ခင်းလမ်းပေါ်ရှိ ဘုရားရှိခိုးကျောင်းထဲ ရောက်နေသည်မှာ သူ့ဇနီး စိတ် ကျေနပ်စေရန် လိုက်လာပြီး ထိုင်နေခြင်း ဖြစ်လေသည်။

သူ့ အဖေသည် ခန်းမထဲရှိ အခြား လူများနည်းတူ ဟောပြောနေသမျှကို စိတ်ဝင်တစား နားထောင်လျက်ရှိ၏။ သူ့အနေဖြင့် စက်ရုံများ ပတ်ပတ်လည်၌ တည်ရှိနေသော မည်းမှောင် ညစ်ပတ်သည့် လမ်းများအတွင်းမှ ဘဝများ၏ ခက်ခဲမှုနှင့် ကြမ်းတမ်းမှုများကို သိရှိနားလည်ပြီးဖြစ်သဖြင့် သိပ်ပြီး အလေး အနက် မထားတော့ပေ။ သူ့တွင် ခံနိုင်ရည်သည် ရှိနေပြီ မဟုတ်ပါလား။

မန်ချက်စတာမှာ အမြဲမပြတ် ရွာနေတတ်သော မိုးနှင့် အစဉ်သဖြင့် ထူထပ် ကျဆင်းနေတတ်သော မြူများကြောင့် နာမည်ဆိုးရှိသော အရပ် ဖြစ်သည်။ အခုလို ၁၉၂၁-ခုနှစ်၏ နွေလယ် တနင်္ဂနွေနေ့မှာပင် မိုးနှင့် မြူးသည် ဒုက္ခပေးလျက် ရှိ၏။ ခန်းမ၏ အပြင်ဘက် ကျောက်စရစ်လမ်းမပေါ်တွင်

သည် အဆက်အပြတ် ရွာချလျက်ရှိသည်။ ညစ်ပတ်ပေရေနေသော ပြတင်း ပေါက်များမှ ကြည့်လိုက်လျှင် မည်းမှောင်နေသော မိုးကောင်းကင်ကို မြင်နေ ရ၏။

အကယ်၍များသာ လူတို့၏ မျက်စိများနှင့် မမြင်နိုင်သည့် မြေအောက်မှ နဂါးကြီးများသည် ရာသီဥတု၏ ဆိုးဝါးမှုကို ပြုပြင် ထိန်းချုပ် ပေးနိုင်ကြမည် ဆိုပါက မည်မျှ ကောင်းလေမည်နည်းဟု ဂျေကော့က တွေးသည်။ အကယ်၍ သာ နေရောင်သည် သူ၏ အပူရှိန်ကို တရုတ်ပြည်မှာကဲ့သို့ မန်ချက်စတာမြို့ ပေါ်သို့ လွမ်းခြုံပေးနိုင်မည်ဆိုပါက အခြေအနေသည် တစ်မျိုးတစ်ဘာသာ ဖြစ်လာနိုင်ဖွယ်ရာ ရှိ၏။

အထူးသဖြင့် ဆယ်နှစ်ကျော်မျှ ရပ်ဝေး ရောက်နေရာမှ အိမ်ပြန်ရောက် လာသော သာသနာပြု ပြောပြနေသည့် ပုံစံအတိုင်း ဖြစ်လာနိုင်ဖွယ်ရာ ရှိ၏။ သို့ဆိုလျှင် မန်ချက်စတာမြို့၏ ရာသီဥတုသည် တရုတ်ပြည်မှာလို ကောင်းလာ နိုင်လိမ့်မည်ဟု ကော့က တွေးနေမိလေသည်။

“သူတို့က တရုတ်နိုင်ငံရဲ့ လူသူနဲ့ အလွန် အလှမ်းဝေးတဲ့ အတွင်းပိုင်း ဒေသတွေထဲမှာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ ကြေးနန်းတိုင်တွေနဲ့ ဝါယာကြိုးတွေကို “သံမြွေကြီးတွေ' လို့ ခေါ်ကြတယ်။ ကြေးနန်းကြိုးနဲ့ ကြေးနန်း တိုင်တွေပေါ်မှာ တင်နေတဲ့ မိုးရေတွေ မြေကြီးပေါ် ကျလာတဲ့အခါကျရင် သူတို့ က ပြောတယ်။ သေလုမြောပါး ဖြစ်နေကြတဲ့ လေထုထဲက ဝိညာဉ်တွေရဲ့ သွေးတွေ ကျနေတောတဲ့” ဟူသော သာသနာပြု၏ စကားပြောသံသည် ဆက်လက် ထွက်ပေါ်လာနေသည်။

“တကယ်လို့ အငတ်ဘေး ပေါ်လာရင် ဒါမှမဟုတ် မိုးခေါင်ရင် ကျွန်တော်တို့ သာသနာပြုတွေ အပေါ် အပြစ် ပုံချတော့တာပဲ။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေကြောင့် ဝိညာဉ်တွေ ဒေါသဖြစ်နေကြပြီလို့ ပြောလေ့ ရှိကြတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့က အသိပညာ ဗဟုသုတ နည်းပါးမှုကို လွှမ်းမိုး နှိမ်နင်းနိုင်အောင် မတန်တဆ အားထုတ်ကြရတယ်။ တရုတ်နိုင်ငံ ဆိုတာကလည်း သိပ်ကို ကြီးမားကျယ်ပြန့်တဲ့ ဒေသဆိုတော့ တစ်နှံ တစ်လွှား ရောက်အောင် သွားပြီး လုပ်ကိုင် နေရတာပါ။ အလွန့်ကို ကြီးကြီး မားမား အားထုတ် နေရတဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်နေပါတယ်” ။

ဂျေကော့သည် တရုတ် ဖဲ ဝတ်လုံ အင်္ကျီကြီး ဝတ်ထားသည့် သာသနာ ပြုအား မော့ကြည့်သည်။ သာသနာပြုသည် အနက်ရောင် ဖဲ ကက်ဦးထုပ်ကို ချွတ်၍ လက်တစ်ဖက်ဖြင့် ကိုင်ထားသည့် ကက်ဦးထုပ်၏ နောက်ဘက်တွင် တရုတ် ကျစ်ဆံမြီး အတုသည် တွဲလောင်းကျလျက် ရှိ၏။ သူသည် ဖြူဖွေး နေသော ဆံပင်များ အပေါ်မှနေ၍ ကက်ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။ ထို့နောက် လက်တစ်ဖက်ချင်းစီကို တရုတ်များ လုပ်သလို အင်္ကျီလက်မောင်းပွ ကြီးများ အတွင်းသို့ ထိုးထည့်ကာ ပရိသတ်ဘက် လှည့်၍ ဦးညွှတ်လိုက်လေ သည်။

“တရုတ်ပြည်ထဲမှာ အသက်စွန့် သွားခဲ့ရတဲ့ သာသနာပြု အမျိုးသား၊ အမျိုး သမီးတွေ အများကြီး ရှိခဲ့တယ်။ အဲဒါကြောင့်မို့လည်း ခင်ဗျားတို့ တောင် တန်းတွေ ကြားမှာ ခရီးသွားရင် အခု ကျွန်တော် ဝတ်သလို တရုတ်လို ဝတ် သွား ပါမှ အဲသလို ဝတ်သွားရင် တောင်ထိပ်တွေပေါ်မှာ ပုန်းနေကြတဲ့ တရုတ် ဓားပြ တွေက ခင်ဗျားတို့ကို တရုတ်လို့ ထင်ပြီး ဘာမှ မလုပ်ဘဲ လွှတ်ပေးကြမှာ။ အဲသလို ဝတ်မထားလို့ကတော့ ခင်များတို့ ဓားပြတိုက် ခံရမယ်။ ပြန်ပေးဆွဲ ခံရမယ်။ နောက်ဆုံး အသတ်ခံရမယ်”

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)