Skip to product information
1 of 1

Other Websites

မောင်ထွန်းသူ - တို့ယာမြေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

'တို့ယာမြေ'သည် အမေရိကန်နိုင်ငံ တောင်ပိုင်းသား ၊ ယာသမားတို့၏ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်းက ရင်ဆိုင် ဖြတ်သန်းခဲ့ကြရသည့် ပြဿနာပေါင်းစုံနှင့် ဒုက္ခပေါင်းစုံကို ရေးဖွဲ့ ထားသော ဝတ္ထုဖြစ်သည်။ ဤဝတ္ထုတွင် အချစ်၊ အလွမ်းနှင့် စိတ်ကူးယဉ်စရာများကို တွေ့ရလိမ့်မည် မဟုတ်ပါ။ လူ့သဘာဝ အလျောက် ပေါ်ပေါက်တည်ရှိလာသည့် ရမက်ဆန္ဒများ အကြောင်းကိုတော့ တွေ့ကောင်းတွေ့ကြရလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တို့ယာမြေသည် မြေကိုချစ်သော၊ မြတ်နိုးသော၊ သံယောဇဉ်ကြီးသော၊ အလွန်ယုံကြည်စိတ်ချလျက် ရှိသော ယာသမားတို့၏ဘဝကို ရေးဖွဲ့ပြသော ဝတ္ထုဖြစ်သည်။

မြေမှရရှိသော အကျိုးကောင်းများနှင့် ဒုက္ခများကြား၌ အပြင်း အထန် ရုန်းကန်လှုပ်ရှားနေရသည့် သူတို့၏ ဘဝကို ဖော်ပြသော ဝတ္ထုဖြစ်၏။ သို့ဖြစ်ရာ နိုင်ငံတကာရှိ ယာသမားများအဖို့ 'တို့ယာ မြေမှ သင်ခန်းစာများသည် (တစ်နည်းမဟုတ် တစ်နည်းအား ဖြင့်) အကျိုးပြုနိုင်ဖွယ်ရာရှိသည်ဟု ထင်ပါသည်။

မောင်ထွန်းသူ

၁၊ အောက်တိုဘာ၊ ၂၀၀၀

 

နွေဦးပေါက်ကာလ၏ ထွန်ယက်ချိန်သည် ကျော်လွန်သွားခဲ့လေ သည်။

ဖေဖော်ဝါရီလကုန် နောက်ဆုံးရက်သတ္တပတ်နှစ်ပတ် ကာလတစ်လျှောက်လုံး ရာသီဥတုသည် ခြောက်သွေ့ လျက်ရှိ၏၊

ထွန်ဖို့ယက်ဖို့ စိုက်ဖို့ပျိုးဖို့အတွက် ရာသီဥတု အခြေအနေ မပေးသည် မှာခြောက်နှစ်ခုနှစ်နှစ်ခန့်ရှိခဲ့လေသည်၊

ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုပါက မိုးကျလာသည့် ရက်အနည်း ငယ်အတွင်း မြေကြီးသည် စိုစွတ်ကာ စေးထိုင်းထိုင်း ဖြစ်လေ့ ရှိ၏၊

သို့သော် ဤနှစ်တွင် အချိန်ကျရောက်ပုံမှာ နောက်ကျ သည်။ ရာသီသည် ဖေဖော်ဝါရီလလယ်ရောက်မှ အစပြုသည်။ ကောင်းကင်တွင်လည်း မြူတိမ်ကင်းကာ ကြည်လင်နေသည်။

ဆောင်းကုန်မိုးရပ်သွားကတည်းက တောက်လျှောက် တိုက်ခတ်နေသောလေသည် မြေကြီး၌ကျန်ရှိနေသေးသည့် အစိုဓာတ် ကိုပင် ခြောက်သွေ့သွားအောင် ဖန်တီးပေးလျက်ရှိလေသည်။

ဖူးလားတစ်ဝိုက်မှ ယခုနှစ်ဝါ စိုက်ရန် အားထုတ်နေကြ သော ယာသမားများသည် ဖေဖော်ဝါရီလအကုန်တွင် အားလုံး ထွန်ယက်ပြီးနေကြလေပြီ။

ထိုကဲ့သို့ အချိန်ရာသီမကျမီ စောစောစီးစီး စကြရခြင်း၏ အကြောင်းရင်းကို မည်သူမှ ဂဃနဏ ပြောနိုင်ကြသည့် လက္ခဏာ မရှိပေ။

စောစောစီးစီး စသည့်အတွက် ပူပြင်းသောရာသီနှင့် ကြုံကြိုက်ရသဖြင့် တစ်ဧကဝါ အထွက်နှုန်းသည် လျော့နည်းနေတတ်၏။

အကယ်၍ မြေသြဇာကို အလျှံပယ်ဝယ်၍ ထင်သလို သုံးနိုင်လျှင် တစ်ဧကဝါ အထွက်နှုန်း ပေါင်ချိန်လည်းများစွာ တိုးလာ နိုင်သည်ဟု တွက်ကြ၏။

ဖူးလားတစ်ဝိုက်ရှိ လယ်သမားတို့၏ မျှော်မှန်းချက်မှာ တစ်ဧကလျှင် ဝါဂွမ်းအထုပ်ကြီး တစ်ထုပ်စာထွက်ရန်ပင် ဖြစ်သည်၊

သို့သော် ဝါပိုးကျပြီး နွေရာသီရောက်ကာမှ မိုးရွာလိုက် မည်ဆိုလျှင် ဝါအထွက်နှုန်းသည် တစ်ဝက်ခန့်လျော့နည်းသွားတတ် သည်။

ထို့ပြင် ဝါအထွက်နှုန်းကောင်းသော နှစ်များတွင် ဝါဈေး သည် ကျသွားတတ်ပြန်၏။

ဂျီတာသည် သူ၏ဘဝတစ်လျှောက်လုံး အချိန်အခါ ရာသီ ကျသည်နှင့် တစ်ပြိုင်နက် ယာခင်းပေါ်၌ပေါက်နေသည့် ပိတ်စွယ် မြက်ပင်များနှင့် ထင်းရှူးပင်ပေါက်များကို မီးရှို့သည်။

နွေဦးပေါက်ကာလ တစ်လျှောက်လုံး ထွန်ခြင်းယက်ခြင်း ဖြင့် အချိန်ကုန်ခဲ့ရသည်။

ယခုတော့မူ ထိုနှစ်ခုစလုံးကို သူမလုပ်နိုင်၊ အချိန်တော့ နောက်ကျသည်ဟုမဆိုသာပေ။

သို့သော် ဂျီတာ၏လက်ထဲတွင် လားတစ်ကောင်မှမရှိ၊

ဝါမျိုးစေ့နှင့် မြေသြဇာများကိုလည်း အကြွေးဝယ်၍ မရောင်း။ ဒီနှစ်တော့ဖြင့် လားတစ်ကောင်နှင့် လိုအပ်သော ပစ္စည်း များကို အချိန်နှင့်ကပ်ပြီး ရလာလိမ့်မည်ဟု သူ အကြီးအကျယ် မျှော်လင့်ခဲ့၏။

သို့သော်လည်း ထိုမျှော်လင့်ချက်မှာ သဲထဲရေသွန် ဖြစ်ရ တော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

သူ့အနေဖြင့် ယခုနှစ်မစိုက်လျှင် လာမည့်နှစ်လိုက်နိုင်လိမ့် မည်ဟု ဖြေမည် ဆိုက ဖြေနိုင်စရာရှိပါ၏၊

သို့သော် ထိုဖြေသိမ့်မူမှာ ယခင်ကလောက် ထက်သန် တက်ကြွခြင်းမရှိတော့ သူ့စိတ်ဓာတ်သည် ကျသည်ထက်ကျလာ ခဲ့ပြီဖြစ်သည်။

သူ့အခြေအနေမှာလည်း တစ်နှစ်ထက်တစ်နှစ် နိမ့်ကျသည် ထက် နိမ့်ကျလာခဲ့ပြီဖြစ်သည်။

ဘုရားသခင်နှင့် မြေပေါ်၌ အစဉ်အဆက် ထားရှိလာခဲ့ သော ယုံကြည်မှုသည်ပင် ပျက်ပြားလာခဲ့ရသည်။

သူ့တွင် ဘာမှမရှိ၊ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။ ဒါကိုနားလည်ဖို့ သူကြိုးစားပါ၏။

နားမလည်၊ ဘဝတစ်လျှောက်လုံး သူ့တွင်ဘာမှ ပိုင်ဆိုင် မည့် လက္ခဏာလည်းမရှိ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်း။

သူ့ပတ်ဝန်းကျင်တွင် ထိုအချက်ကို နားလည် သဘော ပေါက်သူ ဟူ၍ တစ်ဦးမျှမရှိ။ ထို့ကြောင့်လည်းသူ့ကို နားလည် သဘောပေါက်သွားအောင် ပြောပြနိုင်မည့် သူ တစ်ဦးမှမရှိ၊ ဤ အချက်သည် သူ့ဘဝ၏ မဖော်နိုင်သော လျှို့ဝှက်ချက်တစ်ခုဖြစ်နေ ပေသည်။

မည်သို့ပင်ဖြစ်စေ၊ သူစိုက်ပျိုးလိုသောဝါကို ဤနှစ် မစိုက် ပျိုးနိုင်သည့်တိုင်အောင် လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှု များကို တော့ လုပ်ထားနိုင်လိမ့်မည် ဟု သူ မျှော်လင့်သည်၊

သူ့အနေဖြင့် ယာမြေပေါ်ရှိ အမှိုက်သရိုက်များ၊ ချုံနွယ် ပိတ်ပေါင်းများ၊ ပိတ်စွယ်မြက်ပင်ကြီးများနှင့် ထင်းရှူးပင်ကြီးများကို မီးရှို့ထားနိုင်၏။

အကယ်၍ ကံကောင်းထောက်မသဖြင့် လားတစ်ကောင် ၊ မျိုးစေ့နှင့် ဓာတ်မြေသြဇာများကို ရလာခဲ့သည်ရှိသော် အချိန်မီစိုက်ပျိုးနိုင်ဖို့ရှိ၏ ။ နှစ်စဉ်လုပ်နေကျအတိုင်း မြေကိုပြုပြင်ထားလိုက် မည်ဆိုပါက အရေးကြုံလာသည့်အခါ...။

မတ်လ၏ ပထမပတ် မွန်းလွဲပိုင်းဖြစ်သည်။

ဂျီတာသည် ဝါခင်းဟောင်းကြီးထဲရှိ ပိတ်စွယ်မြက်ပင်များ ကြားမှ ဖြတ်၍လျှောက်သွားနေ၏။

သူသည် လမ်းတစ်လျှောက်လုံး မြေကြီးကို ဖိနပ်ဦးဖြင့် ကန်သွား၏။

လိုအပ်သောပစ္စည်းများကိုသာ ဖူးလားမြို့ရှိ စတိုးဆိုင်များ မှ အကြွေးဝယ်၍ ရမည်ဆိုပါက လုပ်နိုင်ကိုင်နိုင်သည့် အခြေအနေ ရှိသေးသည်ဟု တွေးလာသည် ။

ယာမီးရှို့ခြင်းနှင့် ထွန်ယက်ခြင်းလုပ်ငန်းသည် မနေ့ကပင် ကုန်ဆုံးသွားခဲ့သည်၊

သို့သော် အနံ့အသက်ကတော့ ကျန်သေးသည်။ မြေသင်း နံ့နှင့် ထင်းရှူးပင်ပေါက်များ မီးရှို့ထားသည့်အနံ့တို့သည် မတ်လ၏ ပူနွေးနေသောလေထဲတွင် လွင့်မျောလျက်ရှိသည်။

ဂျီတာသည် လေထဲ၌ပါလာသော ထိုအနံ့များကို အားရ ပါးရ ရှူရှိုက်လိုက်သည်။

“ဘုရားသခင်က ဝါစိုက်နိုင်အောင် ကူညီချင်ကူညီမှာ”ဟုတစ်ယောက်တည်းပြောလာ၏။ “သူက ဒီမှာလာပြီး မြေကိုဖန်ဆင်းထားတယ်၊ ပြီးတော့ နေနဲ့မိုးကိုလည်း ဖန်ဆင်းထားတယ်၊ ဘာပဲ ဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ မျိုးစေ့တို့ ဓာတ်မြေ ဩဇာတို့ရအောင် လုပ်ပေးသင့်တာအမှန်ပဲ”

ဂျီသည် သူ ၏ခန္ဓာကိုယ်နှင့် စိတ်ကို ဆက်လက် ရှင်သန် ဖွံ့ဖြိုးစေနိုင်မည့် အခြေအနေတစ်ရပ်သည် နောက်ဆုံးအချိန် ကျမှကပ်ပြီး ဖြစ်ပေါ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေဆဲ ဖြစ်သည်။ ထိုမျှော်လင့်ချက်ကလေးကတော့ အခုအချိန်အထိ သူ့ရင်၌ အမြစ်တွယ်နေဆဲဖြစ်သည်။ မွန်းလွဲပိုင်းနေသည် ပူနွေးနွေး၊ လေကတော့ ဖြည်းဖြည်း သာသာ တိုက်ခတ်လျက်ရှိ၏၊ ညပိုင်းများတွင် အအေးဓာတ် မရှိတော့သည်မှာ တစ်ပတ်လောက်ရှိခဲ့ပြီး လူအများသည် ညပိုင်း ကျလျှင် ဆင်ဝင်ရှေ့၌ ထိုင်နေနိုင်ကြပြီ။

အရှေ့ဘက်မှ လေပြည်လေညင်းသည် သာသာယာယာ တိုက်ခတ်လျက်ရှိ၏။ ယာမြေပေါ်မှ မီးရှို့ထားသော ပိတ်စွယ်မြက် ပင်များဆီမှ မီးခိုးငွေ့များသည် အနောက်ဘက်သို့ ရွေ့လျားနေကြ ၏။ ဂျီတာသည် သူနှင့်အလှမ်းဝေးရာသို့ ပြေးသွားနေသော မီးခိုး များကို မျှော်ကြည့်နေသည်။

ဤပတ်ပတ်လည်၌ မီးမရှို့ဘဲ စွန့်ပစ်ထားသည့် ယာမြေ ဧကများစွာရှိသည်။ မစိုက်မပျိုးဘဲ နေလာခဲ့သည်လည်းကြာပြီ။ အချို့ဆိုလျှင် နှစ်ပေါင်းဆယ်နှစ်မှ ဆယ့်ငါးနှစ်ထိ ကြာမြင့်ခဲ့ပြီ။ ယာမြေများ၏ တစ်ဖက်တွင်မူ ထင်းရှူးတောများ၊

“တကယ်လို့များ တွမ်နဲ့တခြားသားတွေသာရှိရင် ဝါမျိုးစေ့ နဲ့ မြေသြဇာရအောင် လုပ်ပေးချင်လုပ်ပေးနိုင်မှာ”ဟု သူ့နှုတ်မှ ရေရွတ်သည်။ “ငါ့မှာ ဝါမျိုးစေ့နဲ့ မြေဩဇာရနိုင်ရင် လားတစ်ကောင် လောက် ငှားလို့ရနိုင်တဲ့နေရာကို ငါသိတယ်၊ ဒါပေမဲ့ ဝါစေ့နဲ့ မြေသြဇာမရှိလို့ကတော့ လားရလည်းအလကားပဲ၊ မြေတွေပေါ်မှာ ပိတ်စွယ်မြက်ပင်နဲ့ ပေါင်းပင်ချုံပင်တွေကလွဲပြီး တခြား ဘာအပင် မှလည်း မစိုက်နိုင်တော့ပါလား”

သူသည် အိမ်ဘက်သို့ ပြန်လျှောက်လာပြီး နောက်ဖေး လှေကားခုံတွင် ဝင်ထိုင်သည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)