Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်ထင် - လူလားမြောက်သောအရွယ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

တော်လှန်ရေး၌ လိုနေသောအချက်တစ်ခု

          ကျွန်တော် ယခုရေးပြသောအချက်တို့ကို စဉ်းစားလာခဲ့သည်မှာ ကြာ ပါပြီ။ သို့သော် ကျွန်တော်စဉ်းစားနေသည်မှာ မပြီးပြတ်သေးပါ၊ မဆုံး

သေးပါ။ ထို့ကြောင့် နောင်ကိုလည်း ဆက်လက်စဉ်းစားပြီးလျှင် သဘော တရားရေးရာနှင့်စပ်လျဉ်း၍ ပညာရှင်တို့၏ ကျမ်းအစောင်စောင်ကို ဖတ်ရှုကာ ဒိဋ္ဌဓမ္မတို့နှင့် နှိုင်းယှဉ်ကြည့်ရပါဦးမည်။ ထို့ကြောင့် ယခု ရေးသောကိစ္စကို အတွေးအခေါ် အယူအဆများအား နိဒါန်းပျိုးပေး သော သဘောမျှသာဟု နှလုံးပိုက်ကြစေလိုပါသည်။

          အကယ်၍ ကျွန်တော်က အတွေးအခေါ်တို့ကို နှိုးပေးသောကြောင့် အတွေးအခေါ်ရှိသူ ပညာရှင်တို့ နိုးကြားလာပြီးလျှင် နည်းလမ်းများ ကြံဆလာကြပြီဟုဆိုပါက ကျွန်တော် နှိုးဆော်ပေးရကျိုးနပ်ပြီဟု ယူဆရ ပါလိမ့်မည်။

          ကျွန်တော်တို့သည် တော်လှန်ရေးဟု ပါးစပ်မှ အမြှုပ်စီစီထွက် အောင် ယနေ့ပြောဆိုနေကြပါသည်။

          ဂျပန်တော်လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေး၊ လူမှုတော်လှန်ရေး၊ မြေယာတော်လှန်ရေး၊ ဘာတော်လှန်ရေး၊ ညာတော်လှန်ရေး စသဖြင့် တော်လှန်ရေးပေါင်းမျိုးစုံအောင် ကျွန်တော်တို့ ပြောဆိုနေကြပါသည်။

          ကျွန်တော်တို့၏ တော်လှန်ရေးသည် အမှန်ပင် ကျယ်ပြန့်ပါ၏။ ဥပမာဆိုပါစို့ ကျွန်တော်တို့၏ တော်လှန်ရေးသည် တောင်ဘက် တော့သောင်အငူမှသည် မြောက်ဘက် ခါကာဘိုရာဇီအထိ အလျားအားဖြင့် မိုင်ပေါင်း ၁၃ဝဝ ခန့် ကျယ်ပါသည်။ တစ်ဖန် အနောက်ဘက် နတ်ဖြစ် မှသည် အရှေ့စူးစူး ကျိုင်းလတ်နယ်ရှိ မဲခေါင်မြစ် စီးဆင်းဖြတ်သန်းရာ ဒေသအထိ အနံအားဖြင့် မိုင်ပေါင်း ၆၀၀ ခန့် ကျယ်ပါသည်။

          သို့သော် ကျွန်တော်တစ်ခါထပ်စဉ်းစားကြည့်ပါ။ ကျွန်တော် တို့၏ တော်လှန်ရေးသည် အဘယ်လောက် နက်ပါစည်း။ နည်းကား ခေတ်သစ်စာပေအရေးအသားနှင့် လျှင် ဘယ် လောက် နက်ရှိုင်းပါသနည်း။

          အရေပြားတစ်ထောက်နက်သလော။ နှမ်းတစ် စေ့တဆက် နက်သလားတစ်လက် တစ်ကိုက်၊ နှစ်ကိုက်၊ တစ်မိုင်၊ နှစ်ပိုင်၊ အဘယ်ပါသည်ဘုရားစူးစေ့ ကျွန်တော်လည်း သည်အထိတော့ နားမလည်၏။ နားမလည်သည့်နေရာတွင် ကျွန်တော်သည် နိုင်ငံပါရဂူ နီးနီး လိုက်နိုင်ပါသည်။

          တစ်ရံရောအခါက ကျွန်တော်သည် ဆားဖျက်ရာ အရပ်ဖြစ်သော ဆားကျင်းရွာကလေးသို့ ရောက်ခဲ့ပါ၏။ ဆားချင်းတိုက်ကျေးရွာများ ဒေသတွင် ရှေးယခင်က စပါးကောင်းစွာမထွက်သော လယ်မြေတို့ကို ယခုအခါ ပတ်ချာဝိုင်း၌ ဘူဒိုဇာနှင့် တာဖို့ထားပါသည်။ ၎င်းတာ အတွင်းမှ ရေတို့ကိုလည်း အဝင်အထွက် မျှတအောင် ရေကာတာများကို လည်း ဆောက်လုပ်ထားပါသည်။ ထိုအစီအစဉ်မှာ လယ်မြေတို့ကို ပြန်လည်ထူထောင်သော အအစဉ်တစ်ရပ် ဖြစ်ပါသည်။

          ဆားကျင်းမှအပြန်တွင် ကျွန်တော်သည် ရှေးခေတ်က ငါးကျပ်ပဲတင်းတန် ကော်ဖိနပ် (Gumboot) နှင့် ကွင်းစစ်ခဲ့သော လယ်မြေများကို ဖြတ်သန်းကာ တစ်ရွာဝင်တစ်ရွာထွက်နှင့် လာခဲ့ပါသည်။

          တစ်နေရာတွင် အုန်းသီးများကို အပင်မှချ၍ အုန်းရည်သောက် ကာ ကျေးရွာသားတစ်ဦး၏ အိမ်တွင် အပန်းဖြေခဲ့ပါသည်။ ထိုအိမ်ရှင် မှာ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့ခေတ်တည်းဟူသော ခေတ်သုံး ခေတ်ကို ကျော်လွှားခဲ့သည့် လယ်သမားကြီးဖြစ်သည်။

          “အင်း- လွတ်လပ်ရေးရပြီဆိုတော့ ရှေးတုန်းက ခင်ဗျားတို့ အား စိုက်ခွန်စိုက်ထွန်ယက်ပါမှ တစ်ဧကကို စပါး ၁၅ တင်းမျှ မထွက်တဲ့ နေရာတွေဟာ အခု တင်းအစိတ် သုံးဆယ်ထွက်တော့မယ်။ ဒီတော့ ဘယ့်နှယ်လဲဗျ။ တိုးတက်လာကရော မဟုတ်လား”ဟု ကျွန်တော်သည် စကားရောဖွရောနှင့် ပဋိသန္ဓာရပြုမိသည်။

          လယ်သမားကြီးသည် ကျွန်တော့်ကို ဘာကောင်မှန်းမသိ၍ စကားဟက်ဟက်ပက်ပက် မပြောပါ။ သို့သော် ကျွန်တော်နှင့်ပါလာသော အဖော်များက ကျွန်တော် ဘာကောင်မျှမဟုတ်ကြောင်း အမွှမ်း တင်ကြသောအခါ သူ၏မျက်နှာမှာ သူပြောချင်တာတွေကို ပြောချင်ကြောင်း အရိပ်လက္ခဏာပြလာပါသည်။ ထိုအခါ ကျွန်တော်က အုန်းပင် အောက်၌ အုန်းရည်သောက်ဖို့ ပြင်ဆင်နေကြပြီဟု စကားရိပ် ပေးလိုက် မှ၏။ ကျွန်တော်၏အဖော်များလည်း အုန်းပင်အောက်သို့ သွားကြ ပါသည်။

          လယ်သမားကြီးနှင့် ကျွန်တော် နှစ်ဦးသာ ကျန်ရစ်သောအခါ လယ်သမားကြီးက “အင်း ... ဟုတ်ပါတယ်၊ တိုးတက်တာလဲ တိုး တက်တာပေါ့ ခင်ဗျာ၊ ဒါပေမဲ့ ဘယ်သူဘာပြောပြော ကျုပ်တို့မှာတော့ ဒီသူကြီးနဲ့ ဒီပုလိပ်ကို ကြည့်ပြီး ပေါင်းနေရတာပေါ့ ဗျာ” ဟု ဆိုလေ သည်။

          သူ၏စကားသည် တော်လှန်ရေး၏ အတိမ်အနက်ကို ကျွန်တော့် ဘာသာကျွန်တော် တိုင်းတာကြည့်နိုင်ရန် တိုင်းတာနည်းကို ညွှန်ပြ ခဲ့သည်ဟု ကျွန်တော်အယူရှိမိပါသည်။

          မှန်၏။ ကျွန်တော်တို့သည် တော်လှန်ရေးစကားကို ထည်လဲနှင့် ပြောဆိုနေကြပါ၏။ သို့သော် လယ်သမားကြီးပြောစကားအတိုင်းဆို လျှင် ဗြိတိသျှခေတ်တုန်းကလည်း ဒီသူကြီးနှင့် ဒီပုလိပ်၊ ဂျပန်ခေတ် တုန်းကလည်း ဒီသူကြီးနှင့် ဒီပုလိပ်၊ မြန်မာ့ခေတ်သို့ ရောက်လာပါ လျှင်လည်း ဒီသူကြီးနှင့် ဒီပုလိပ်။

          လယ်သမားကြီးသည် ရဲဟူသော စကားကိုပင် မသုံးစွဲသည်ကို ကျွန်တော် ဝမ်းနည်းစွာနှင့် သတိပြုမိ၏။ ဘယ်လိုပါလိမ့်။ ကျွန်တော်တို့ တစ်နေရာရာမှာ ဟာနေပြီထင်သည်။

          ကျွန်တော်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးဟု ဆိုခဲ့ကြ၏။ ဒေသန္တရ အုပ်ချုပ်ရေးဟု ပြောခဲ့ကြ၏။ ဒီမိကရေစီဟု ဟစ်အော်ခဲ့ကြ၏။ ဗျူရို ကရေစီ မလိုချင်ဟု ကြွေးကြော်ခဲ့ကြ၏။ သို့သော် လယ်သမားကြီး ပြောပုံက ဘာမျှမထူးပါကလား။

          ဤခေတ်၌ ဗျူရိုကရေစီသည် အဘယ်ကြောင့် ကြီးထွားနေပါ သေးသနည်း။ တစ်ရံရောအခါကပင်လျှင် ဤဗျူရိုကရေစီ ကြီးထွားမှု ကို အကြောင်းပြု၍ တော်လှန်ရေးခေါင်းဆောင်ပိုင်းကပင်လျှင် သတိ ပေးခဲ့သေးသည် မဟုတ်လော၊ ဤကိစ္စကို သုတေသနပြုဖို့ကောင်း၏။ ပြည်သူ့ဝန်ထမ်း ကော်မရှင်ဖွဲ့ပြီး မြောက်ဝင်ရိုးစွန်းမှသည် တောင်ဝင် ရိုးစွန်းသို့ ကမ္ဘာတစ်ပတ်လှည့်၍ စုံစမ်းရေးလုပ်လိုက်ရလျှင် ဗျူရို ကရေစီကြီးထွားပုံ ကြီးထွားနည်းများကို ပို၍ပို၍ သိရှိလာကြပြီး ပို၍ ပို၍ ကြီးထွားလာဦးမည်လော မပြောတတ်။

          ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးသည် တောင်သူလယ်သမားမျိုးရိုးမှ ဆင်းသက်လာကြသည်ချည်းပင်ဖြစ်၏။ လူဦးရေ တစ်ရာ လျှင် ၇၅ ယောက်ကျော်ကျော် ၈ဝ ခန့်မှာ တောင်သူလယ်သမားချည်း ဖြစ်၏။

          ဘယ်ခေတ်၌မဆို ပြန်၍ကြည့်လျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ် နေကြသူများသည် အသမ္ဘိန္နခတ္တိယနွယ်လာ မဟာဆီ မဟာသွေးများ ချည်း မဟုတ်ကြချေ။ မြန်မာဘုရင်တို့၏ လက်ထက်၌ပင်လျှင် တောင် သူလယ်သမား သားမြေးများကို အုပ်ချုပ်ရေးထဲဆွဲသွင်းပြီးလျှင် မှုထမ်း ရာထမ်းအဖြစ်ဖြင့် အသုံးချခဲ့သည်။

          ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်လာသောအခါ၌မူကား မင်းမျိုးမင်းနွယ်တို့ကို ပင်စင်အငြိမ်းစားပေးပြီးလျှင် ခပ်လှမ်းလှမ်း၌သာ ထားခဲ့သည်။ သာမန်တောင်သူလယ်သမား သားမြေး အရပ်သူ အရပ် သားတို့ကိုသာ အများဆုံး ပထမရွေးချယ်၍ မင်းမှုထမ်းစေသည်။ ထို့ကြောင့် ယခုခေတ်သူကြီးမှအစ တိုင်းမင်းကြီး၊ အတွင်းဝန် စသည်တို့ အထိ ယေဘုယျအားဖြင့် တောင်သူလယ်သမား မျိုးရိုးသာဖြစ်ဘိ၏။ သို့သော် ဗြိတိသျှတို့သည် တောင်သူလယ်သမား သားသမီးများကို မင်း စိတ်စိုးစိတ် သွင်းပေးပြီးလျှင် သူဘက်သားပြုလုပ်ခဲ့၏။

          များသောအားဖြင့် ဗြိတိသျှအရပ်သူအရပ်သားတို့သည်။ မင်းစိတ် စိုးစိတ် ကင်း၏ဟု ဆိုရလိမ့်မည်။ ၎င်းတို့သည် ဒီမိုကရေစီဟူသော အစဉ် အလာကို တည်ဆောက်ခဲ့သူများဖြစ်လေရာ အင်္ဂလန်ကျွန်းဝယ် မင်းစိုး ရာဇာစိတ်ပေါက်သူများကို ပြက်ရယ်ပြုလေ့ရှိကြသည်။ သို့သော် ဗြိတိသျှ တို့၌ ထူးခြားချက်တစ်ခုရှိသည်။ ၎င်းမှာ အုပ်ချုပ်ရေးသဘော၌ ဒီမို ကရေစီဟုဆိုသော်လည်း ဗြိတိသျှလူမျိုးသည် ဧကရာဇ်ဘုရင်မင်းမြတ် ဟူသောဝါဒကို ယနေ့တိုင်မစွန့်နိုင်သည့်အပြင် ၎င်းကိုပင် လူမျိုးညီညွတ် ရေးအတွက် အထွတ်အမြတ်ပြုနေကြသေးသည့် အချက်ဖြစ်သည်။