မောင်ထင် - မြို့အုပ်မင်းဆို ဘုံရုံကဗျာ
၁။ မြန်မာပြည် အုပ်ချုပ်ရေး
ဆယ်အိမ်ခေါင်းခြွေအရံ၊
နှစ်လုံးပြူးသေနတ်ထမ်းပါလို့၊
တောလမ်းကပြန်။
လက်စွဲတဲ့ဥပဒေလှန်၊
ဟန်ပန်နှင့်လေး။
“ကျေးရွာအက်” အမှုပွေတယ်၊
ဆယ့်နှစ်ထွေသံစုံတီးပါလို့၊
သူကြီးတဲ့လေး။ ။
၂
လူခွန်တော်အလွတ်ထားလို့ ၊
ဆယ်အိမ်စားပိုင်အခြေ။
ကြက်ဝိုင်းဆိုလက်ကိုတို့ပါဗျာ၊
မူးလို့ရယ်နေ။
ကွမ်းဖိုးငွေ
ဝေစုကွဲရအောင်တောင်း။
ဥပဒေဘာမတတ်သော်လည်း
မှုပွေအောင် ရွာကိုပတ်နိုင်ရဲ့၊
ဘယ်ဇာတ်ဘယ်လိုခင်းလိုက်မယ်။
မင်းဆယ်အိမ့်ခေါင်း။
၃
သတ္တိဆို ဘာမရှိသော်လည်း
မိုက်ပါဘိငါ့ကိုယ်။
ခွေးမှန်လျှင် လူမမှတ်ပါဘူး၊
ရိုက်တတ်သူဗိုလ်၊
မူးတယ်ဟေ့ ရဲရင်ဆို၊
“မအေ” ကို ကော်ဆဲ။
လက်ထိတ်ကို အဖော်ထားတယ်။
တောသားတဲ့ဘဲ။ ။
ယုံ တမ်းစကား
ဤသို့လျှင် ဤသူကြီး၊ ဤဆယ်အိမ်ခေါင်း၊ ဤရွာသားတို့သည် စည်းဝါးအံကိုက်၍နေလေသောကြောင့် မြန်မာပြည်ကြီးသည် တစ်နေ့ တခြား ကြီးပွားတိုးတက်၍ လာလေသတည်း။
၁၆၊ ဇူလိုင်၊ ၁၉၃၇။
မြန်အောင်
၂။ တိုင်းခန်းလှည့်လည်ခြင်း
တအီအီလျှင်
နွားနီနှင်မောင်း
လှည်းယဉ်အောင်း၍
စွတ်ကြောင်းထင်ရာ
လိုက်လျက်ပါသည်၊
ငါကိုယ်တော်မြတ်
ဖတ်ဖတ်ဆာမော
ခါးကြောမျက်မျက်
ခြင်မှက်ကိုက်ကိုက်
တုံးတိုက်ကမ်းပဲ့ ၊
နယ်ကိုလှည့်သည်
အို ဘယ့်အိမ်ရှင်မြင်စေချင်။ ။
၁၈၊ သြဂုတ်၊ ၁၉၃၇။
မြန်အောင်
၃။ သမ္မန်ပြောတာ
၁
မြို့အုပ်မင်းသည်
တောတွင်းမြိုင်အောက်
ခရီးရောက်သော်၊
တစ်ထောက်စခန်း
ရွာကိုလှမ်းစို့
ရော်ရမ်း၍သာ
နေရရှာဘိ။
“ငါ၏နောက်ပါး
တဝါးဝါးနှင့်
အားတိုင်းငိုက်မျဉ်း
စာရေးကြီး
သူကြီးဘယ်ကြောင့်
ခရီးထောင့်သည်
ဖြောင့်ဖြောင့်သာလျှင်
ငါ့ကိုတင်” ဟု၊
ဆိုပင်ဆိုချင်း ၊
မြို့အုပ်မင်းလည်း
အင်ကြင်းပင်အောက်
ခိုဝင်ရောက်ကာ
ပစ်လှဲရှာသည်၊
ဝမ်းဟာလွန်း၍ ဆာသောကြောင့်။ ။
၂
ထိုအခါလျှင်
မင်းလုင်“လည်း
သော့လျင်မကြာ
ရွာသို့ချဉ်းပြီး၊
သူကြီးကိုရှာ
အပါထံရင်း
ရှေ့တော်သွင်းသည်၊
မြို့အုပ်မင်းက ဆူသောကြောင့်။ ။
၃
ရှေ့ထံမှောက်
သူကြီးရောက်၍
လှမ်းထောက်မကြို
ဧည့်ဝတ်လိုသည်
ထိုထိုခြင်းရာ
မေးတုံပါလျှင်၊
ကြောင်းရာစကား
ထောက်ထားသက်သေ
အထွေထွေကို
ချင့်လေလတ်သော်
ရုံးတော်ပြောတာ
ဆင့်စာလွှာကို
တစ်ခါလက်ဆင့်
ကမ်းလှမ်းလင့်၍
ထုတ်ဆင့်သမ္မန်
တည်ပြုဟန်နှင့်
အစီရင်ခံ၊
မမှန်ဝေဝုစ်
တီအေ” ထုတ်၍
ချောင်အုပ်သူစား
မသွားခရီး၊
ဤသည်နည်းကြောင့်
ဆင့်ပြီးနို့တစ်
မရောက်ဖြစ်ဘဲ၊
တစ်လစ်စခန်း
ဖြစ်ပုံဆန်းကို
ပင်ပန်းဟိုက်တုန်
ကုန်ကုန်ပြောက
မောရပြန်မည်
သမ္မန်ပြာတာ ညာသောကြောင့်။ ။
၁၉၊ ဩဂုတ်၊ ၁၉၃၇။
မြန်အောင်