Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်တင်ဦး(ရုက္ခ) - သမုဒ္ဒရာများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မိတ်ဆက်နိဒါန်း

သမုဒ္ဒရာများ

ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်တွင် ကုန်းမြေထက် သမုဒ္ဒရာက ပိုမိုများပြားပါသည်။ ကမ္ဘာ တစ်ပတ်ရွက်လွှင့်သည့်ခရီးစဉ်ကို ရွက်သင်္ဘောတစ်စင်းက လွန်ခဲ့သောနှစ်ငါးရာထက် မပိုသောအချိန်တွင်ကမှ ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။ ပင်လယ်ကြမ်းပြင်သို့အရောက် အနက်ရှိုင်းဆုံး ငုပ်နိုင်သောခရီးစဉ်ကို ဆောင်ရွက်နိုင်ခဲ့ကြသည်မှာလည်း နှစ်ငါးဆယ်ကျော် မျှသာ ရှိပါသေးသည်။

အလွန်ကြီးမားသော လှိုင်းလုံးကြီးများ သမုဒ္ဒရာမျက်နှာပြင်တစ်လျှောက် ရေစီးနှင့်အတူ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ရေပူသမုဒ္ဒရာ ရေစီးကြောင်းများနှင့် ရေအေးရေစီးကြောင်းများက လည်း ကျွန်ုပ်တို့ ကမ္ဘာတိုက်ကြီးများတစ်လျှောက် ဖြတ်သန်းစီးဆင်းလျက် ရှိနေပါသည်။ ဤကမ္ဘာဂြိုဟ်တွင် အရွယ်ပမာဏအကြီးဆုံးဖြစ်သော တိရစ္ဆာန်ကြီးများသည်လည်း တောင် ဘက်ပိုင်းသမုဒ္ဒရာအတွင်း၌ ကူးခပ်နေထိုင်လျက်ရှိသကဲ့သို့ သမုဒ္ဒရာ၏ ပူပြင်းသောနေရာ ဒေသများ၏ အလင်းရောင်မရနိုင်သည့် နေရာများတွင် တိရစ္ဆာန်များ နေထိုင်ကြသည်ကို တွေ့နိုင်မည်ဖြစ်သည်။ သမုဒ္ဒရာသည် အလွန်ထူးဆန်းသော သဘာဝများရှိသည့် ကမ္ဘာ တစ်ခုသာဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့်လည်း ယင်းသမုဒ္ဒရာအကြောင်းကို အစပျိုးသိရုံမျှသာ ရှိပါသေးသည်။

အခန်း (၁)

သမုဒ္ဒရာဂြိုဟ်

ညအခါ သင် ကောင်းကင်ကိုမော့ကြည့်လိုက်ပါက ကြယ်တာရာများကို မျက်စိတစ်ဆုံး မြင်တွေ့ရမှာဖြစ်ပါသည်။ မြင်ရသောကြယ်များကို သင် ရေတွက်ဖို့ ကြိုးစားကြည့်မည်ဆို လျှင်လည်း ကြယ်တာရာများမှာ များလွန်းသည့်အတွက် ရေတွက်လို့ရနိုင်မည်တော့ မဟုတ် ပါ။ ကြယ်တာရာအများစုသည် စကြဝဠာအတွင်းရှိ ဂြိုဟ်များကို အလင်းရောင် ပေးစွမ်းကြ သည်။ ယင်းသို့ ကြယ်တာရာများဆီမှ အလင်းရောင်ရရှိသော ဂြိုဟ်များအနက် ကမ္ဘာဂြိုဟ် တစ်ခုတည်းသည်သာ သက်ရှိများမှီတင်းနေထိုင်ရာ ဂြိုဟ်တစ်ခု ဖြစ်နေပေသည်။ အဘယ့် အတွက်ကြောင့်ပါနည်း။ အဖြေမှာ စကားလုံးတစ်လုံးတည်းနှင့်ပင် လုံလောက်ပြည့်စုံပါသည်။ ယင်းစကားလုံးတစ်လုံးမှာ “ရေ” ဟူ၍ ဖြစ်ပါသည်။

ကျွန်ုပ်တို့နေထိုင်ရာ ဂြိုဟ်ကို အလွန်ကွာလှမ်းသော နေရာတစ်နေရာ၊ ဥပမာအားဖြင့် အာကာသဆီမှ ကြည့်ရှုမည်ဆိုပါက ကမ္ဘာဂြိုဟ်၏ အရောင်သည် ဂြိုဟ်တစ်ခုဖြစ်သော နေ ကဲ့သို့ အဝါရောင်၊ အခြားဂြိုဟ်တစ်ခုဖြစ်သော လကဲ့သို့လည်း အဖြူရောင်မဟုတ်ဘဲ ပြာ လဲ့သောအရောင်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့ ပြာလဲ့သောအရောင်သည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ မျက်နှာပြင် ရ၂ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသည့် သမုဒ္ဒရာများကြောင့် ပေါ်ပေါက်လာသောအရောင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်အား သမုဒ္ဒရာဂြိုဟ်ဟူ၍ အမည်ပြောင်းလဲခေါ်ဆိုလျှင်လည်း ရလောက်ဖွယ် ရှိပါ သည်။

တိရစ္ဆာန်အများစုသည် ကုန်းပေါ်တွင်ထက် သမုဒ္ဒရာများတွင် မှီတင်းနေထိုင်လေ့ ရှိကြသည်။ ယင်းသို့တိရစ္ဆာန်များ သမုဒ္ဒရာကို မှီခိုမှုပြုခြင်းမှာ တိရစ္ဆာန်များ စားသုံးနိုင်မည့် အစာရေစာများ သမုဒ္ဒရာအတွင်း၌ ပေါများစွာရှိနေခြင်းကြောင့်ဖြစ်ပေသည်။ ယင်း အစားအစာများသည် သမုဒ္ဒရာများအတွင်းသို့ မည်ကဲ့သို့ရောက်ရှိလာကြသနည်း။ ကျွန်ုပ် တို့၏ သမုဒ္ဒရာများတွင် မှီခိုနေထိုင်သော တိရစ္ဆာန်များအတွက် အဓိကအစာမှာ သမုဒ္ဒရာ အတွင်း ရှင်သန်ပေါက်ရောက်လျက်ရှိသော အပင်များဖြစ်သည်။ ထို့အတွက် ယင်းအပင် များကို သမုဒ္ဒရာအတွင်းမှ အကယ်၍များ ဆယ်ထုတ်ဖယ်ရှားလိုက်ခြင်းများ ပြုမည်ဆိုပါက တိရစ္ဆာန်အမျိုးအစား အရေအတွက် အနည်းငယ်မျှသာလျှင် သမုဒ္ဒရာအတွင်း မှီတင်းနေထိုင် နိုင်ကြဖွယ်ရှိပေလိမ့်မည်။ အပင်များသည် အစာဖွဲ့စည်းခြင်းများ ပြုလုပ်ရန်အတွက် နေရောင်ခြည်နှင့်ရေတို့ လိုအပ်ပေသည်။ ထို့အပြင်လည်း အပင်များသည် အစာများဖွဲ့စည်းကြရာ၌ သတ္တုဓာတ်များလည်း လိုအပ်ပေသည်။ ယင်းသတ္တုဓာတ်များကို ကုန်းမြေပေါ်မှသာရရှိနိုင် ပေသည်။ ထို့အတွက်ကြောင့် သမုဒ္ဒရာအတွင်းမှ သက်ရှိအများစု၏ ရှင်သန်နိုင်ဖို့အရေး သည် ကုန်းမြေအပေါ်တွင်လည်း တည်မှီကြောင်း ထင်ရှားသည်။ သို့သော်လည်း ကုန်းမြေ ပေါ်ရှိသက်ရှိများ၏ ရှင်သန်ရေးကလည်း သမုဒ္ဒရာများ၏အပေါ်တွင်တစ်ဖန်ပြန်လည် တည်မှီနေကြောင်း တွေ့ရပြန်သည်။ ထို့အတွက် သက်ရှိတို့၏ရှင်သန်ရေးသည် သမုဒ္ဒရာနှင့် ကုန်းမြေတို့အကြား အပြန်အလှန်အမှီပြု၍ နေသည်မှာ ထင်ရှားလှပေတော့သည်။

ကုန်းမြေပေါ်တွင်နေထိုင်သော ကျွန်ုပ်တို့အားလုံး၏ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ် အရေးပါလှပေသည်။ ယင်းသို့အရေးပါသောရေကို ကျွန်ုပ်တို့သည် သမုဒ္ဒရာများမှသာ ရရှိနိုင်မည် ဖြစ်ပါသည်။ မိုးတိမ်များက သမုဒ္ဒရာများမှရေကို ရေခိုးရေငွေ့အသွင်ဖြင့် သယ်ဆောင်ကြသည်။ သမုဒ္ဒရာတွင် တိုက်ခတ်နေသော လေတို့က ယင်းရေခိုးရေငွေ့ပါရှိသော မိုးတိမ်များကို ကုန်းမြေဘက်ဆီသို့ တိုက်ခတ်ရောက်ရှိစေသည်။ ကုန်းမြေပေါ်သို့ မိုးတိမ် များရောက်ရှိလာချိန်တွင် မိုးတိမ်များက သယ်ဆောင်လာသောရေခိုးရေငွေ့များကို မိုး အဖြစ်နှင့် ကျွန်ုပ်တို့စိုက်ပျိုးထားသော စိုက်ခင်းများနှင့် မြစ်ချောင်းများ၏အပေါ်သို့ ရွာသွန်းချ ပေးသည်။

ထို့ကြောင့်ပင် သမုဒ္ဒရာများသည် ကျွန်ုပ်တို့အတွက် မိုးလေဝသကိုဖန်တီးပေးသကဲ့ သို့ ရာသီဥတုများကိုလည်း ဖြစ်ပေါ်စေသည်ဟူ၍ ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်တွင် သမုဒ္ဒရာများရှိနေခြင်းကြောင့် ဂြိုဟ်တစ်ခုလုံးတွင် လွန်ကဲစွာအေးမြခြင်းနှင့် လွန်လွန်ကဲကဲ ပူပြင်းခြင်းတို့ကို မဖြစ်ပေါ်စေဘဲ ရာသီဥတုမျှတမှုကို ဖြစ်စေသည်။ သမုဒ္ဒရာအတွင်း စီးဆင်းလျက်ရှိသော ရေစီးကြောင်းတို့သည် အေးမြသော ဒေသများဆီသို့ ပူနွေးသောရေတို့ ကို စီးဆင်းစေပြီး၊ ပူပြင်းသောဒေသများဆီသို့ အေးမြသောရေတို့ကို စီးဆင်းစေသည်။ ထို့ အပြင်လည်း သမုဒ္ဒရာအတွင်းရှိရေတို့၏ အစဉ်အမြဲ စီးဆင်းနေခြင်းကလည်း ကမ္ဘာဂြိုဟ်၏ နေရာဒေသတိုင်း၌ပင် သက်ရှိများရှင်သန်ပေါက်ပွားရန် အဆင်ပြေမှုရှိစေပြန်ပါသည်။ ယင်း သို့သော ကိစ္စရပ်များအကြောင်းကို အနောက်ဘက် အခန်း(ရ)အရောက်တွင် ပိုမိုနားလည် သဘောပေါက်ပါလိမ့်မည်။

သမုဒ္ဒရာများသည် ကျွန်ုပ်တို့အတွက် ကောင်းကျိုးပေးခြင်းကိုသာမဟုတ်ဘဲ အန္တရာယ် ပေးနိုင်ခြင်းများလည်း ရှိနိုင်ပြန်ပါသည်။ ကျွန်ုပ်တို့သည် ပင်လယ်သမုဒ္ဒရာခရီးစဉ်အတွင်း ကြုံတွေ့နိုင်မည့် မုန်တိုင်းအမျိုးမျိုးကိုသာမက သမုဒ္ဒရာကြမ်းပြင်တွင်ဖြစ်ပေါ်နိုင်သော ဆူနာမီ(Tsunami) ငလျင်ကြောင့်ဖြစ်လာမည့် ပင်လယ်ရေလှိုင်းကြီးများကိုလည်း ကြောက် ရွံ့ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ လူသားအများစုကြီးအတွက်မူ သမုဒ္ဒရာများသည် စွန့်စားမှု၊ ဆန်းကြယ်မှုနှင့် မျှော်လင့်မှုတို့ကို ပေးစွမ်းနိုင်မည့် ဤကမ္ဘာ၏ နေရာဒေသတစ် ခုသာဖြစ်ပါသည်။ သမုဒ္ဒရာခရီးစဉ်တစ်ခုကို စတင်နိုင်ရန်အတွက် လှေ သို့မဟုတ် သင်္ဘော အတွင်း ဆင်းလိုက်ချိန်တွင် ရရှိလာမည့် ရင်ခုန်ချင်စရာကောင်းသည့် အရသာသည်လည်း ကျွန်ုပ်တို့အဖို့ နှစ်သက်စရာ စိတ်ခံစားမှုတစ်ခုသာ ဖြစ်တော့သည်။ သမုဒ္ဒရာခရီးစဉ်တွင် သမုဒ္ဒရာ၏အခြားတစ်ဖက် သို့မဟုတ် သမုဒ္ဒရာရေ၏ အနက်ရှိုင်းဆုံးအပိုင်းတို့တွင် မည် သည်တို့ကို တွေ့ကြုံနိုင်ကြမည်၊ မြင်တွေ့နိုင်ကြရမည် ဆိုသည်တို့ကို လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝ မတိုင်မီကာလကမူ ကျွန်ုပ်တို့အတွက် သိရှိနိုင်စွမ်းမရှိသေးသော အကြောင်းအရာများ ဖြစ်ခဲ့ကြပါသည်။ တကယ်တမ်းတွင် ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာ ကတည်းကပင် သမုဒ္ဒရာခရီးစဉ်များကို စတင်ခဲ့ရင်း သမုဒ္ဒရာအတွင်း နေရာသစ်များကို ရှာ ဖွေခဲ့ကြသည်။ ထို့အတွက် ကျွန်ုပ်တို့သည် ထိုစဉ်ကာလများကပင် မိမိတို့နေထိုင်ရာကမ္ဘာ ကြီးအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ရန် ကြိုးစားလိုသော အာသီသများ ရှိခဲ့ကြသည်မှာ အထင်အရှား ဖြစ်ပါသည်။