Skip to product information
1 of 3

Other Websites

မောင်ဆုရှင် - အထီးကျန်မြေခွေးနှင့်အခြား၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အထီးကျန် မြေခွေး

ဖေဖော်ဝါရီလ ရောက်ခဲ့ပြီ။ ဆောင်းရာသီ၏ နေရောင်သည် မျက်စိအောက်တွင် မြင်သမျှ အရာဝတ္ထု တို့ကို ဖုံးအုပ်ထားပြီး ထိုဆီးနှင်းလွှာမှအရောင် တပြောင်ပြောင်လက်လျက်ရှိသည်။ အခြားနှစ်များကဆိုလျှင် ဤရာသီတွင် ဤတောင်ကြောတစ်ခို၌ တိရစ္ဆာန်အားလုံး ဆောင်းခိုရင်း ငြိမ်သက်ကာ အိပ်မောကျနေကြစမြဲဖြစ်၏။ ယခုနှစ်၌ကား အိပ်၍မပျော်သော သတ္တဝါ တစ်ကောင် ရှိနေလေသည်။

နွေဦး၏ နွေးထွေးသော လေပြည်ဦးတို့ တိုက်ခတ်ရန် အလှမ်းဝေးသေးသောအချိန်မှာပင် “ကွန်ကီချီ” အမည်ရှိသော မြေခွေးသည် သူယက်ဖောက်ထားသော တွင်းခေါင်းရှည်ထဲမှ တိုးထွက်၍လာခဲ့သည်။ ထိုမြေခွေးငယ်သည် အတွေးခေါင်လျက်ရှိ၏။ မြေခွေး ဆိုသော သတ္တဝါများ မတွေးတတ်ပါဘူးဟု သင် စောဒကမတက်မီမှာပင် မြေခွေးမှာလည်း ခံစားချက်များ ရှိသည်ကို သတိပြုမိဖို့ဖြစ်ပါသည်။ ကွန်ကီချီသည် အထူးတလည် ဝမ်းမြောက်သည့်အခါဖြစ်စေ၊ ဝမ်းနည်းသည့်အခါဖြစ်စေ “ကိန်” ဟူသောအသံကို ပြုလေ့ရှိ၏။ မြေခွေးတို့မှာလည်း ယခုအခါ၌ ပူပန်ကြောင့်ကြစရာကိစ္စများ ရှိသည်သာဖြစ်သည်။

ဆောင်းရာသီမှာ ကြာလွန်းသဖြင့် မကုန်ဆုံးနိုင်တော့သည့်အလား သူထင်ရသည်။ ထို့ကြောင့် ကွန်ကီချီသည် မှေးစက်၍ မပျော်နိုင်ရှာဘဲ အတွေးရေယာဉ်ကြော၌ နစ်မျောကာ မျက်စိကိုပင် မမှေးမှိတ်နိုင်ဘဲရှိနေသည်။ ထို့ကြောင့် သူသည် သူအောင်းနေသော မြေတွင်းရှည် ထဲမှ အပြင်သို့ ထွက်လာသောအခါ သူ့မျက်စိများ နွမ်းနယ်လျက်ရှိပြီး မျက်ထောင့်များ ရဲရဲနီနေ လေသည်။ သူ့ကိုယ်မွေးများမှာ တွန့်ကြေလျက်ရှိ၏။ သူအမြဲ ဂုဏ်ယူလေ့ရှိခဲ့သည့် ဘော်ငွေ ရောင် သူ့အမြီးဖျားမှာလည်း အရောင်မွဲခဲ့ပြီ။

ကွန်ကီချီအဖို့ စိတ်ထဲ၌ စွဲစွဲလမ်းလမ်းဖြင့် ဖျောက်မရဖြစ်နေသော အကြောင်းအရာ တစ်ခုမှာ ဂေါက်သီးရိုက်ကစားကွင်းတစ်ခုကိစ္စဖြစ်သည်။ မြေခွေးတစ်ကောင်နှင့် ဂေါက်သီး ရိုက်ကွင်းတို့ ဘယ်လိုဆက်စပ်နေသလဲဟု မေးနိုင်ပါသည်။

ယမန်နှစ် နွေဦးတွင် ဤနေရာ တောင်ပူစာတစ်ကြော၌ ဂေါက်သီးရိုက်ကွင်းတစ်ခု လာ၍ တည်ဆောက်ကြသည်။ ဂေါက်ကွင်းထဲတွင် လှည့်ပတ်လျှောက်သွားကြရင်း ဂေါက်တံ များဖြင့် ဘောလုံးကို လွှဲ၍လွှဲ၍ ရိုက်နေကြသောလူတို့ကို ကွန်ကီချီသည် အားကျစွာ ကြည့်နေ ခဲ့မိသည်။ ထိုလူများကို စီးပွားရေးလုပ်ငန်းသမားများ” ဟူ၍ ခေါ်ဆိုကြသည်။ သူတို့မှာ သားနားသော လည်စည်းများကိုစည်း၍ တနင်္လာနေ့မှ သောကြာနေ့အတွင်း အလုပ်ခွင်တွင် တင့်တယ်စွာ ဝတ်စားလျက် သွားချီပြန်ချီ အလုပ်လုပ်ကြသူများဖြစ်သည်။ အလုပ်လုပ်ရက်တစ်ပတ် ကုန်ဆုံးချိန် ရောက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် ထိုမြက်ခင်းသို့ ရောက်လာကြပြီး

ဘောလုံး ဖြူဖြူကလေးများကို လေထဲသို့ လွှင့်ရိုက်ကာ မြေပေါ်ရှိ ကျင်းဝိုင်းပေါက်များအတွင်းသို့ လှိမ့်သွင်းလေ့ ရှိကြသည်။

ကွန်ကီချီသည် ဂေါက်သီးကွင်းနံဘေးရှိ မြက်ဖုတ်များထဲမှနေ၍ ထိုလူရည်သန့်များ ဘောလုံးရိုက်လေ့ရှိသည်ကို ပုန်းလျှိုးကွယ်လျှိုး စောင့်ကြည့်နေလေ့ရှိသည်။ ထိုအခါ၌ သူ့စိတ် ထဲတွင် အတွေးတစ်မျိုး ပေါ်လေ့ရှိ၏။ “ငါတို့မြေခွေးတွေဟာ ခက်ခက်ခဲခဲ အသက်ရှင်ရပြီး ပျင်းစရာလဲ ကောင်းလှတယ်၊ ယုန်တွေကိုလိုက်၊ ကြွက်တွေကိုရှာပြီး ကိုက်ဖမ်းစားကြရတယ်။ လယ်သမားကြီးရဲ့ ကြက်တွေကို ဝင်ဆွဲမိရင် သူက လိုက်ရိုက်တာကိုလဲ ပြေးရသေးတယ်။

“ဪ...ငါ လူတစ်ယောက်ဖြစ်ချင်လိုက်တာ၊ ပြီးတော့ စီးပွားရေးသမားတစ်ယောက်ရဲ့ ဘဝမျိုးကို နေကြည့်ချင်လိုက်တာ၊ ငါဘာလုပ်ရပါ့မလဲ၊ ငါ တစ်ခါတည်း လူတစ်ယောက်ဘဝကို ဘာလို့မဖြစ်နိုင်ရမှာလဲ၊ အင်း ... ငါဖြစ်သွားလို့ရှိရင်...”

ဤပြဿနာမှာ ကွန်ကီချီကား တစ်ဆောင်းတွင်းလုံး စိတ်ရှုပ်ထွေး၍ အိပ်မပျော်ဖြစ်စေ ခဲ့သော အကြောင်းဖြစ်လေသည်။

ကျွန်ုပ်တို့သည် ကွန်ကီချီ၏ ဆောင်းအိပ်မက် အကြောင်းကို သိနေရစဉ်မှာပင် သူနေထိုင်ရာ တွင်းပေါက်ဝသို့ သူထွက်လာပြီး မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ထိုင်နေလေ

တော့သည်။ သူသည် ထိုကိစ္စကို အကြိမ်ကြိမ် စဉ်းစားပြီးနောက် ရုတ်တရက် ထ၍ရပ်လျက် နှုတ်သီးဖျားမှ အမြီးဖျားအထိ လှုပ်ခါနေလိုက်သည်။ ထို့နောက် “ငါ မြေခွေးဘဝက ထွက်တော့ မယ်ကွ” ဟု ဟစ်ကြွေးလိုက်ရာ သူ့ အသံသည် မြေပြင်တောတောင်အနှံ့ ပဲ့တင်ရိုက်ခတ်သွား တော့သည်။ ကွန်ကီချီသည် သူ့ဘာသာသူ ခုချိန်ကစပြီး ငါဟာ လူတစ်ယောက်ဖြစ်တော့မယ်။

လူတစ်ယောက်ဖြစ်အောင် လုပ်တော့မယ်” ဟူ၍ သူ့ကိုယ်သူ ပြောနေလေသည်။ ကွန်ကီချီသည် “ကိန်-ပုံ-တန်” အမည်ရှိ မန္တာန်တစ်မျိုးကို ရွတ်ဆိုရန် ဆုံးဖြတ်လိုက်သည်။ ဤလျှို့ဝှက်မန္တာန်မှာ မြေခွေးတို့လောက၌သာ သိရှိသော ရွတ်ဆိုရန်စကားဖြစ်ပြီး မြေခွေးများကို လူ့အသွင်ရောက် အောင် ပြုလုပ်ပေးနိုင်သော မန္တာန်ဖြစ်၏။

မြေခွေးသည် ဝက်သစ်ချအရွက် တစ်ရွက်ကို ဦးခေါင်းပေါ်တင်လျက် “ကိန်” ဟု အော်လိုက်လျှင် လူတစ်ယောက်နှင့်မခြား စကားပြောတတ်သွားလေသည်။ ထို့နောက် “ပုံ” ဟု ထပ်၍ ရွတ်ဆိုလိုက်ပါက မြေခွေးသည် သူဖြစ်ချင်သော လူ့အသွင်သို့ ရောက်ရှိသွားနိုင်သည်။ ထိုအခါတွင် လူနှင့်မတူသည်မှာ အမြီးတန်းလန်းသာ ကျန်ရစ်တော့သည်။ နောက်ဆုံးအချက် အားဖြင့် “တန်” ဟု ရွတ်ဆိုလိုက်ပါက အမြီးလည်း တစ်ပါတည်း ပျောက်သွားတော့သည်။ ထိုမန္တာန်ကို ရွတ်ဆိုသော မြေခွေးသည် လူသားတစ်ဦး လုံးဝဖြစ်သွားပြီး မြေခွေးဘဝကိုလည်း ပြန်၍မရနိုင်တော့ပေ။ ကွန်ကီချီအား သူ့ မိခင်က ထိုစကားသုံးလုံးကို ရွတ်ဆိုခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။ သို့သော် သူ့မှာ အမေ့စကားကို မနာယူနိုင်တော့။ သူ့ဆန္ဒအတိုင်း လုပ်ရန် ဆုံးဖြတ်ချက်ချပြီးဖြစ်တော့သည်။

ထို့ကြောင့် မြေခွေးငယ်သည် ဝက်သစ်ချအရွက်ခြောက်တစ်ခုကို သူ့တွင်းထဲမှယူ၍ သူ့ငယ်ထိပ်ပေါ်သို့ တင်ထားလိုက်သည်။

“ကွန်ကီချီရေ ... မင်းဘာလုပ်နေတယ်ဆိုတာ မင်းဘာသာမင်း သိပါတယ်” ဟု သူ့မိခင်က တွင်းထဲရှိ တစ်နေရာမှ လှမ်း၍ပြောသည်။ ထို့နောက် “ငါ့သားရယ် ... တစ်ဆောင်း တွင်းလုံး မင်းဘာကိုစဉ်းစားနေတယ်ဆိုတာ အမေသိတယ်၊ ဒါပေမဲ့ လူ့အဖြစ် လူ့ဘဝဆိုတာ ဘေးပန်းကကြည့်နေသူတွေ ထင်ကြသလို ပျော်စရာကောင်းလိမ့်မယ်လို့ အမေတော့ မထင်ဘူး” ဟု ပြောနေသည်။

ကွန်ကီချီက “အမေရယ်... ကျွန်တော်တော့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီ၊ ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော် လူတစ်ယောက်ဖြစ်ချင်လှပြီ၊ ဒီတောင်စောင်းထဲမှာ ဆောင်းတွင်းဆိုလဲ စားစရာ အစာကမရှိ၊ ပြီးတော့ သေနတ်လက်နက် ကိုင်ထားတဲ့ လူတွေကလဲ လိုက်ပြီးတော့ ရန်မူသေး တယ်၊ အဲဒါတွေအားလုံးကို ကျွန်တော်စိတ်ကုန်ပြီ၊ ကျွန်တော်ဟာ မြို့တက်ပြီး စီးပွားရေးလုပ်ငန်း သမားတစ်ယောက် လုပ်တော့မယ်၊ လုပ်ငန်းမှာ ကျွန်တော်ရတဲ့လခနဲ့ အရသာရှိမယ့် ယုန်သား တွေကိုဝယ်ပြီး ကျွန်တော် အမေ့ဆီလာပို့ပါမယ်” ဟု ပြောလိုက်သည်။ သူသည် စကားကို ကမန်းကတမ်း အဆုံးသတ်လိုက်ပြီး သူ့နှုတ်သီးချွန်ချွန်ကို ကောင်းကင်သို့မော့လျက် မန္တာန်ကို စ၍ ရွတ်တော့သည်။

“ဟဲ ဟဲ ...ငါ့သား ကွန်ကီချီ” ဟု သူ့အမေကလှမ်း၍ အော်လိုက်၏။ “ပြီးတော့ မင်းကို ငါ မပြောမိသေးတာရှိသေးတယ်၊ တို့မြေခွေးမိတ်ဆွေတွေထဲက ရာနဲ့ချီပြီး ဒီမန္တာန်ကို ရွတ်ပြီး လူဖြစ်သွားကြလေရဲ့၊ ဒီတောင်တစ်ကြောကိုလဲ စွန့်ခွာသွားခဲ့ကြတယ်၊ ဒီနောက်တော့ သူတို့ဘဝ ဘာဖြစ်သလဲ မသိရတော့ဘူး၊ ဒီတော့ သားရယ် ... ပြန်စဉ်းစားပါဦး၊ အမေ တောင်းပန်ပါရစေ” ဟု ဆိုလိုက်၏။

အမေ့စကား မဆုံးမီမှာပင် ကွန်ကီချီက “အမေရေ .. ကျုပ်တော့ သွားပြီဗျ” ဟူ၍ အော်လိုက်၏။ ထို့နောက် သူ၏ ညာဘက်ရှေ့ခြေဖြင့် ဦးခေါင်းပေါ်မှ ဝက်သစ်ချရွက်ကလေးကို မြဲမြဲကိုင်လျက် “ကိန်-ပုံ-တန်” ဟူ၍ အော်လိုက်လေတော့သည်။

ထိုခဏ၌ပင် ကွန်ကီချီဟု အမည်တွင်သော မြေခွေး၏နေရာတွင် ညာဘက်လက်ကို မြှောက်၍ ဦးခေါင်းပေါ် တင်ထားသော လူငယ်တစ်ဦး မတ်တတ်ရပ်နေသည့်အသွင်ကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် အရပ်ရှည်ရှည်ဖြင့် စီးပွားရေးသမားများ ဝတ်ဆင်သော မီးခိုးရောင်ဝတ်စုံကိုဝတ်၍ လည်စည်းအနီကို စည်းထားလေသည်။ လူတစ်ယောက် ဖြစ်လာပြီ ဖြစ်သော ကွန်ကီချီသည် ဦးခေါင်းပေါ်သို့ မြှောက်ထားသောလက်ကို ဖြည်းဖြည်းချင်း ချလျက် သူ့လည်ပင်းမှ နက်ကတိုင်လည်စည်းကို မရဲတရဲ စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို နောက်သို့ပစ်လျက် စမ်းလိုက်ရာ သူ့မှာ အမြီးလည်း မရှိတော့ချေ။ သူသည် ယခုအခါ လူသံသူသံဖြင့် လူစကားကို ပြောနိုင်လေပြီ။ လူတစ်ယောက်အဖြစ် အနာဂတ် သာယာတော့မည်။ ဤသို့ တွေးမိပြီး မြေခွေးတစ်ကောင်လည်း ပြန်မဖြစ်တော့သည့်အသိဖြင့် သူ့မှာ ဝမ်းသာရွှင်မြူးသွားလေသည်။

ကွန်ကီချီအဖို့ ဤသို့လျှင်မြူးနေစဉ် သူ၏မိခင် မြေခွေးမကြီးမှာ သူ့ကို စူးစိုက်၍ အဓိပ္ပာယ် မရှိ ကြောင်ကြည့်နေမိ၏။ မျက်တောင်မခတ်ဘဲ ကြည့်နေသော မျက်နှာပေါ်၌ မျက်လုံးများမှ မျက်ရည်များ စီးကျလာလေသည်။ အသွင်ပြောင်းသွားသော သူ့သားက ဝမ်းနည်းနေသော မိခင်အားကြည့်လျက် “ကျွန်တော် မကြာခင် ပြန်ရောက်လာမှာပါ အမေ” ဟုဆိုကာ ပြေးဆင်း ပျောက်ကွယ်သွားလေသည်။

“ဟဲ ဟဲ ...ငါ့သား ကွန်ကီချီ” ဟု သူ့အမေကလှမ်း၍ အော်လိုက်၏။ “ပြီးတော့ မင်းကို ငါ မပြောမိသေးတာရှိသေးတယ်၊ တို့မြေခွေးမိတ်ဆွေတွေထဲက ရာနဲ့ချီပြီး ဒီမန္တာန်ကို ရွတ်ပြီး လူဖြစ်သွားကြလေရဲ့၊ ဒီတောင်တစ်ကြောကိုလဲ စွန့်ခွာသွားခဲ့ကြတယ်၊ ဒီနောက်တော့ သူတို့ဘဝ ဘာဖြစ်သလဲ မသိရတော့ဘူး၊ ဒီတော့ သားရယ် ... ပြန်စဉ်းစားပါဦး၊ အမေ တောင်းပန်ပါရစေ” ဟု ဆိုလိုက်၏။

အမေ့စကား မဆုံးမီမှာပင် ကွန်ကီချီက “အမေရေ .. ကျုပ်တော့ သွားပြီဗျ” ဟူ၍ အော်လိုက်၏။ ထို့နောက် သူ၏ ညာဘက်ရှေ့ခြေဖြင့် ဦးခေါင်းပေါ်မှ ဝက်သစ်ချရွက်ကလေးကို မြဲမြဲကိုင်လျက် “ကိန်-ပုံ-တန်” ဟူ၍ အော်လိုက်လေတော့သည်။

ထိုခဏ၌ပင် ကွန်ကီချီဟု အမည်တွင်သော မြေခွေး၏နေရာတွင် ညာဘက်လက်ကို မြှောက်၍ ဦးခေါင်းပေါ် တင်ထားသော လူငယ်တစ်ဦး မတ်တတ်ရပ်နေသည့်အသွင်ကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် အရပ်ရှည်ရှည်ဖြင့် စီးပွားရေးသမားများ ဝတ်ဆင်သော မီးခိုးရောင်ဝတ်စုံကိုဝတ်၍ လည်စည်းအနီကို စည်းထားလေသည်။ လူတစ်ယောက် ဖြစ်လာပြီ ဖြစ်သော ကွန်ကီချီသည် ဦးခေါင်းပေါ်သို့ မြှောက်ထားသောလက်ကို ဖြည်းဖြည်းချင်း ချလျက် သူ့လည်ပင်းမှ နက်ကတိုင်လည်စည်းကို မရဲတရဲ စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို နောက်သို့ပစ်လျက် စမ်းလိုက်ရာ သူ့မှာ အမြီးလည်း မရှိတော့ချေ။ သူသည် ယခုအခါ လူသံသူသံဖြင့် လူစကားကို ပြောနိုင်လေပြီ။ လူတစ်ယောက်အဖြစ် အနာဂတ် သာယာတော့မည်။ ဤသို့ တွေးမိပြီး မြေခွေးတစ်ကောင်လည်း ပြန်မဖြစ်တော့သည့်အသိဖြင့် သူ့မှာ ဝမ်းသာရွှင်မြူးသွားလေသည်။

ကွန်ကီချီအဖို့ ဤသို့လျှင်မြူးနေစဉ် သူ၏မိခင် မြေခွေးမကြီးမှာ သူ့ကို စူးစိုက်၍ အဓိပ္ပာယ် မရှိ ကြောင်ကြည့်နေမိ၏။ မျက်တောင်မခတ်ဘဲ ကြည့်နေသော မျက်နှာပေါ်၌ မျက်လုံးများမှ မျက်ရည်များ စီးကျလာလေသည်။ အသွင်ပြောင်းသွားသော သူ့သားက ဝမ်းနည်းနေသော မိခင်အားကြည့်လျက် “ကျွန်တော် မကြာခင် ပြန်ရောက်လာမှာပါ အမေ” ဟုဆိုကာ ပြေးဆင်း ပျောက်ကွယ်သွားလေသည်။

တောင်ကုန်းများပေါ်မှ ဆင်းလာသော ကွန်ကီချီသည် မကြာမီ မြို့လယ်လမ်းမများဆီသို့ ရောက်သွား၏။ ထိုအချိန်၌ တစ်စုံတစ်ယောက်က သူ့အား “ဟာ ... ဟေ့ ဒီဟာ မြေခွေး တစ်ကောင်ပါလား၊ ဘယ့်နှယ့် မြေခွေးက ဝတ်စုံဝတ်ပြီး လျှောက်သွားနေရတာလဲ” ဟု မမျှော်လင့်ဘဲ လှမ်း၍အော်လိုက်မည်ကို စိုးရိမ်လိုက်မိသေးသည်။ ထို့ကြောင့် လမ်းတွင်တွေ့သမျှ မည်သူ့ကိုမျှမကြည့်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆက်၍လျှောက်သွား၏။ သို့သော် မြို့ထဲမှ မည်သူ တစ်စုံတစ်ယောက်တလေကမျှ သူ့ကို သံသယရှိပုံ မရကြသဖြင့် ကွန်ကီချီသည် ရဲတင်းလာကာ ရင်ကိုကော့၍လျှောက်သည်။ ကော့လွန်းသဖြင့် နောက်ပြန်လဲမည်ကိုပင် စိုးရိမ်ရမလောက် ဖြစ်နေ၏။ သူ့စိတ်ထဲတွင်ကား ငါ လူသားစင်စစ် တင်းပြည့်ကျပ်ကြည့်ဖြစ်ပြီဟု စိတ်ထဲ၌ သေချာသွားလေသည်။

ထို့နောက် သူသည် လမ်းဆုံလမ်းခွတစ်ခု၌ ရပ်နေမိသည်။ သူ့အနီးအနားပတ်လည်တွင် သစ်လွင်တောက်ပြောင်၍ မြင့်မားသော အဆောက်အအုံများ ရှိနေသည်။ မိုးပျံအဆောက်အအုံ တစ်ခုဆီသို့ ကြည့်လိုက်သောအခါ နံရံတွင် ချိတ်ဆွဲထားသော ပိုစတာကြီးတစ်ခုကို ဖတ်မိ လိုက်သည်။ ထိုပိုစတာမှာ 

ကုမ္ပဏီဝန်ထမ်းတစ်ဦး အမြန်အလိုရှိသည်။ တိရစ္ဆာန်များကို ချစ်ခင်တတ်သူဖြစ်ရမည်။ အသက် (၂၅) နှစ်အောက် ဖြစ်ရမည်။ လစာကောင်းကောင်းပေးမည်။ အတွင်းမှာ စုံစမ်းပါ။ တောတောင်အဝတ်အစား ဖက်ရှင် ကုမ္ပဏီလီမိတက်

“ဟာ ... ဒါ ငါ့အတွက်ပဲ” ဟု ကွန်ကီချီသည် သူ့နှုတ်မှ ရွတ်ဆိုရင်း ထိုအဆောက်အအုံ သို့သွား၍ တံခါးမကြီးကို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။

သူသည် ဧည့်ကြိုးစားပွဲကို တိုက်ရိုက်သွားလျက် စားပွဲတွင် ထိုင်နေသော အမျိုးသမီးငယ် အား အသံကျယ်ကျယ်ဖြင့် “မင်္ဂလာ ညနေခင်းပါ၊ အပြင်မှာ ကုမ္ပဏီဝန်ထမ်းတစ်ဦး လိုတယ်လို့ ချိတ်ဆွဲထားလို့၊ အဲဒါ စီးပွားရေးလုပ်ငန်းသမား လိုတာလား” ဟု မေးလိုက်သည်။

ထိုအမျိုးသမီးက “အင်း ... ဟုတ်တယ်၊ ဒီသဘောပဲ၊ ဒါပေမဲ့ ... နေပါဦး” ဟု ပြန်ပြောသည်။

ယခုတော့ ကွန်ကီချီမှာ သူ့တစ်သက်တာတွင် ကိုယ်ရေးမှတ်တမ်းဟူသော အကြောင်းကို တစ်ခါမှ မကြားစဖူးခဲ့။ ထို့ကြောင့် မျက်စိကို ပေကလပ် ပေကလပ်လုပ်ပြီး ဥက္ကဌကြီးဖြစ်သူအား “ဪ ... ခွင့်ပြုပါခင်ဗျာ၊ ကိုယ်ရေးမှတ်တမ်းဆိုတာ ဘာပါလိမ့်၊ တကယ်တော့ ဒီနေ့ ကျွန်တော့်မှာ ဘာမှပါမလာပါဘူး” ဟူ၍ ပြောလိုက်သည်။

“ဘာကွ ... ကိုယ်ရေးမှတ်တမ်းဆိုတာ မင်းမသိဘူး ဟုတ်လား၊ မင်း ရယ်စရာ ပြောနေတာများလား” ဟု ဥက္ကဌကြီးသည် မျက်လုံးပြူးလျက် ဆေးပြင်းလိပ်ကို ပါးစပ်ထဲတွင် လိပ်၍ခဲရင်း သူ့ကို အပြူးသားကြည့်လိုက်သည်။

“မဟုတ်ပါဘူးခင်ဗျာ၊ ရယ်စရာပြောတာ မဟုတ်ရပါဘူး၊ ကိုယ်ရေးမှတ်တမ်းဆိုတာ ကျွန်တော် တကယ်မသိလို့ပါ၊ စီးပွားရေးလုပ်ငန်းသမားဖြစ်ချင်ရင် အဲဒီဟာက မရှိမဖြစ် သဘောလားခင်ဗျာ” ဟု ပြန်မေးလိုက်သည်။

ကုမ္ပဏီ ဥက္ကဌကြီးသည် ကွန်ကီချီအား မျက်လုံးများ ဝင်းဝင်းတောက်အောင်ကြည့်လျက် “အင်း ... ကိုယ်ရေးမှတ်တမ်းဆိုတာ မင်းမသိရင် စာရွက်တစ်ရွက်ပေါ်မှာ မင်းအဖေအမေ ဘယ်သူလဲ၊ မင်း ဘယ်မှာ ဘယ်တုန်းက မွေးသလဲ၊ ဘယ်ကျောင်းကို တက်ခဲ့သလဲ၊ ဘာအလုပ်

တွေ လုပ်ခဲ့သလဲ ဆိုတာပေါ့ကွာ၊ ဒီတော့ ဒါတွေကိုမှ မသိတဲ့လူတစ်ယောက်ကို ကုမ္ပဏီမှာ ဘယ်လိုလုပ်ပြီး အလုပ်ခန့်လို့ရမလဲ၊ ငါ့ကုမ္ပဏီနဲ့ မင်းနဲ့ မဖြစ်ပါဘူး၊ ကဲ ... ပြန်ပါတော့၊ ပေးစရာလဲ မရှိတော့ပါဘူး” ဟု အော်ဟစ်၍ ပြောလိုက်လေသည်။

ကွန်ကီချီသည် ဒီတစ်ခါတော့ သွားပါပြီဟု သူ့စိတ်ထဲ၌ သဘောပေါက်လိုက်၏။ “တကယ်လို့ ငါဟာ တောင်ကုန်းတောင်တန်းတွေပေါ်မှာနေပြီး ယုန်ကလေးတွေကို ဖမ်းစားတယ်၊ တစ်ခါတလေ ရွာထဲဆင်းပြီး ကြက်တွေကို ဝင်ဆွဲတယ်ဆိုတဲ့ ကိုယ့်ဘဝကိုပဲ ပြောစရာ ရှိတော့တာပဲ၊ ပြီးတော့ ကျောင်းဆိုတာလဲ တစ်ခါမှ မတက်ဖူးပါဘူး” ဟု တွေးလိုက်၏။

ဥက္ကဌကြီးသည် စိတ်လှုပ်ရှား၍ ယောင်တိယောင်တဖြစ်နေသော ကွန်ကီချီအား လှမ်းကြည့်လျက် “မင်းကတော့ကွာ၊ နာမည်မရှိတဲ့ အညတရတစ်ယောက်ပဲ ဖြစ်မှာပါပဲ။ ဒီအခန်းထဲ ဝင်လာရင် မင်းနာမည်ကိုတော့ အနည်းဆုံး ပြောရမှာပဲ၊ ဒါကိုမှ မင်းမသိတတ် ဘူးလား” ဟု ပြောလိုက်၏။

အကြံရခက်နေသော ကွန်ကီချီသည် ထစ်ထစ်ငေါ့ငေါ့ဖြင့် “... အင်း ... ကျွန်တော့်နာမည် အညတရ မဟုတ်ပါဘူး၊ ကွန်ကီချီပါ၊ ဟိုတောင်ကုန်းတွေပေါ်မှာနေတယ်။

တောင်ကုန်းပေါ်မှာ ကျွန်တော့်အိမ်ရှိတယ်၊ ဒါကြောင့် ကွန်ကီချီ “တောင်ကုန်းအိမ်” လို့ ကျွန်တော့် နာမည်ကို ခေါ်နိုင်ပါတယ်” ဟု ရောက်မိရောက်ရာပြောလျက် နှုတ်က အထစ်အငေါ့မရှိ ထွက်သွားသည်ကိုပင် သူ့ဘာသာ ကျေနပ်သွားမိလေသည်။

“အင်း ... ကျွန်တော့်လိပ်စာကတော့ တောင်ကုန်းပေါ်က တွင်းခေါင်းတစ်ခုထဲမှာ “တောင်ကုန်းမြို့တော်” ပေါ့၊ အဲဒီမှာ ကျွန်တော်နေပါတယ်” ဟု ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဥက္ကဌကြီးသည် မျက်မှောင်ကျုံ့လျက် “ဒီနာမည်တွေ တယ်ဆန်းပါလားကွ၊ တစ်ခါမှ ဒီနာမည်မျိုးတွေ မကြားဖူးပါဘူး” ဟု ပြောလိုက်သည်။ ထို့နောက် သူသည် ကွန်ကီချီ၏ လေးနက်၍ ပူပန်နေသော မျက်နှာအသွင်ကိုကြည့်လျက် “အင်း ... ဒီလိုဆိုတော့ မင်းဟာ ဟိုဘက်က တောင်တန်းတွေပေါ်ကလာတဲ့ မြေခွေးတစ္ဆေပဲဖြစ်ရမယ်” ဟု ပြောကာ ခွက်ထိုးခွက်လှန် ရယ်လိုက်လေသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)