Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ချို(စိတ်ပညာ) - ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး

နပိုလီယံဆိုတဲ့ ဧကရာဇ်လိုလူမျိုး၊ ဒါဗင်စီလို့ခေါ်တဲ့ ကမ္ဘာကျော် ပန်းချီဆရာလိုမျိုး၊ မိုးဇက်လို ဂန္ထဝင်မြောက် ဂီတပညာရှင်လို လူတွေကို သမိုင်းက လိုလိုလားလား နေရာပေးထားချင်တယ်။ သမိုင်းက မျက်နှာ သာပေးပြီး နေရာပေးထားရလောက်အောင်လည်း ဒီလူတွေမှာ သာမန် လူတွေထက် သာလွန်တဲ့အရည်အချင်းတွေ ရှိကြတယ်။ သာမန်လူတွေ ထက် သမိုင်းတင်လောက်အောင် သာလွန်ထက်မြက်ကြသူတွေ ဒုနဲ့ဒေး ပါ။ ဥပမာပြတာက စတိပါ။ သမိုင်းမဝင်၊ သမိုင်းအတင်မခံရလို့ သင် စိတ်ညစ်စရာမလိုပါဘူး။ သင့်မှာ အစွမ်းအစတွေရှိပါတယ်။ သင့်မှာ ရှိတဲ့ အစွမ်းအစတွေကို အစွမ်းကုန်ထုတ်သုံးပြီး သမိုင်းတင်လောက်တဲ့ ကိစ္စရပ်တွေမှာ သင် ဝံ့ဝံ့စားစား လုပ်ပြနိုင်မယ်ဆိုရင် သင့်အတွက် သမိုင်းစာမျက်နှာ အများကြီးရှိနေပါတယ်။

လူတိုင်းဟာ ဂန္ထဝင်မြောက် လူသားဖြစ်နိုင်လောက်တဲ့ ပင်ကို အရည်အချင်းတွေနဲ့ လောကထဲ ဝင်လာတာပါ။ ဒီအရည်အချင်းတွေကို ဖော်ထုတ်မသုံးလို့သာ သာမန်လူတစ်ယောက် ဖြစ်နေတာပါ။ သင့်မှာရှိတဲ့ အရည်အချင်းတွေ၊ သင့်ရဲ့ အစွမ်းအစတွေကို ထုတ်မသုံးဘဲ သာမန်အနေ အထားနဲ့ပဲ နေသွားမယ်ဆိုလည်း သမိုင်းက အချိန်ကုန်ခံပြီး သင့်ကိုစောင့်နေမှာ မဟုတ်ပါဘူး။ သမိုင်းက ဂန္ထဝင်မြောက် ကောင်းဆိုး လူအမျိုးမျိုးရဲ့ အမည်တွေ ထုပ်ပိုးပြီး အချိန်ခေါ်ရာနောက်ကို ကောက် ကောက်ပါအောင် လိုက်သွားမှာပါ။ သမိုင်းက သင့်ကို ကျောပေးသွား၊ ကျောပေးထားလို့ သင့်မှာ ဘာမှ အလုံးအထည် လျော့သွားစရာ မရှိပါ ဘူး။ သာမန်လူတွေအတွက် သမိုင်းဆိုတာ အဓိကကျလှတာ မဟုတ်ပါ ဘူး။ သူလို ကိုယ်လိုလူတွေအတွက် သမိုင်းဆိုတာထက် ပိုပြီးအရေးပါ တာတစ်ခု ရှိပါတယ်။ အဲဒါဟာ ဘဝဆိုတာပါ။

သင့်မှာ ဘဝဆိုတာ ရှိပါတယ်။ ဘဝဆိုတာရှိရင် သင့်အတွက် လုံလောက်ပါပြီ။ သင့်ဘဝကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ပြီ ဆိုပါက သင် လူ့လောကထဲကို ဝင်လာရကျိုးနပ်သွားပါပြီ။ လောကကြီး ရဲ့ ဘယ်နေရာမှာ သင့်ဘဝကို နေရာချထားရင် အဆင်ပြေမလဲဆိုတာ သင် အလေးအနက်ထားပြီး စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် အထိုင်ချထားတဲ့ဘဝမှာ အတ္တ၊ ပရ မျှမျှနဲ့ ကိုယ့်အတွက်၊ အများ အတွက်၊ လောကကြီးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ပြီဆိုရင် သင် လောကပေါ် တာဝန်ကျေပါတယ်။ သင်ဟာ ပြည့်စုံတဲ့ဘဝတစ်ခု ကို ပိုင်ဆိုင်သွားပါပြီ။ ဒီနေရာမှာ “ပြည့်စုံတဲ့ဘဝဆိုတာ တိတိကျကျ အနက်ဖော်ထားဖို့လိုပါတယ်။ လူဟာ သီးခြားနေလို့မရပါဘူး။ လူဟာ ဆက်ဆံရေးသတ္တဝါပါ။ အတ္တ၊ ပရ မျှအောင် နေရထိုင်ရမှာပါ။

ဒါကြောင့် ပြည့်စုံတဲ့ဘဝ”ဆိုတာ အများအကျိုး၊ မိမိအကျိုးကို မျှမျှတတ သယ်ပိုးနေထိုင်သွားတာကို ခေါ်တာပါ။ ဘဝဟာ ဥမမည် စာမမြောက်က စရတာပါ။ နောင် ၁၀ ကျော်သက်၊ ပြီးတော့ ၂၀ ကျော် ဆိုတဲ့ ဘဝမှတ်တိုင်ကို ဖြတ်ရပါတယ်။ ၂၀ ကျော်လာတော့ လူငယ်ဘဝ ကို အပြီးတိုင် စွန့်လိုက်ရပါတယ်။ နောက်တော့ နှစ်ပေါင်း သုံးလေးဆယ် ရုန်းကန်ပြီး အသက် ၄၀ ဆိုတဲ့၊ နောက် ၅ဝ ကနေ ၅ဝ ကျော် ဘဝဟန်ကျပန်ကျ နေသွားနိုင်အောင် ရုန်းရကန်ရပါတယ်။ ဘဝဆိုတာလောကကြီးထဲမှာသာ ရှင်သန်နိုင်တာပါ။ ဘဝကို လောကဆိုတဲ့ ဇာတ်ခုံ ကြီးပေါ် တင်ထားမှ ဘဝအသက်ဝင်ပြီး ရှင်သန်ရတာပါ။ လောက ဇာတ်ခုံပေါ်ရောက်ရင် လောကဓံဆိုတဲ့ ကြိုးခြောက်ကြိုးရဲ့ ဆွဲရာကိုလိုက် ပြီး ကနေရတာပါ။ ကြိုးဆွဲရာ လှလှပပ က,နိုင်ဖို့ လူမှာ ပင်ကိုအရည် အသွေးတွေ လိုပါတယ်။ ပင်ကိုအရည်အသွေးညံ့လို့ကတော့ ကြိုးဆွဲရာ ကွေးနေအောင် ကပြရတော့မှာပါ။ ဒါဆို လောကဓံဆိုတဲ့ ကြိုးတွေရဲ့ ဒဏ်ကိုခံနိုင်ဖို့ လူမှာ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လို အစွမ်းအစ တွေ ရှိထားသင့်သလဲ။

လူအများစုဟာ ငါ တယ်ဟုတ်ပါသလားလို့ အထင်ရှိကြတယ်။ ငါလုပ်နိင်တာတွေ အများကြီးပဲလို့ ထင်တယ်။ ထင်လို့လည်း လုပ်နိင်သမျှတွေ ဘဝတစ်လျှောက်လုံး လိုက်လုပ်တယ်။ လုပ်တာတော့ လုပ် တာပဲ၊ အောင်မြင်မှုဆိုတာကိုတော့ ဒီလူတွေ မြင်မသွားကြရဘူး။ အမှန် က သူတို့တစ်တွေဟာ သူတို့ထင်ထားတာတွေကို အမှန်တကယ် မလုပ် နိုင်ကြပါဘူး။ သူတို့စိတ်ထဲက လုပ်နိုင်တယ်လို့ ထင်နေကြတာ။ တချို့ ကျတော့လည်း တို့များဖြင့် ညံ့ပါ့ကွာ၊ ဘာတစ်ခုမှ ဟုတ်တိပတ်တိ ဖြစ်အောင်မလုပ်နိုင်ဘူးဆိုပြီး အားရင်ညည်းတယ်။ အမှန်က သူတို့တွေ ဟာ သူတို့ထင်နေသလို ဘာမှမလုပ်တတ်တာ မဟုတ်ပါဘူး။ စိတ်က ထင်တာပါ။ အမှန်က သူတို့ဟာ လုပ်ရဲကိုင်ရဲမရှိတာ၊ စွန့်စားဝံ့တဲ့သတ္တိ နည်းတာပါ။

ဒီလိုနဲ့ လူတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူ ဆိုတာ တိတိကျကျ မသိကြတဲ့ အနေအထားမှာ ရောက်နေကြပါတယ်။လောကကြီးထဲမှာ အသက်ရှင်နေကြသူတိုင်းမှာ ပင်ကိုအစွမ်းအစတွေ ရှိပါတယ်။ တချို့က ပင်ကိုရှိတဲ့ အစွမ်းအစထက် ပိုသုံးချင်တယ်။ တချို့က သူတို့မှာ အစွမ်းအစတွေရှိနေတာ သတိမပြုမိပါဘူး၊ ထုတ်သုံးရ ကောင်းမှန်းလည်း မသိကြဘူး။ ဒီလိုနဲ့ ခါချဉ်ကောင်တွေ မာန်ကြီးပြီး တောင်ကြီးကို ဖြိုဖို့ကြိုးစားရင်း အရှုံးပိုက်ပြီး လောကဇာတ်ခုံပေါ်က ဆင်းသွားရတဲ့လူတွေ အနမတဂ္ဂပါ။ တချို့လည်း ဘဲတွေ၊ ကြက်တွေလို ပဲ အတောင်တွေရှိပါလျက်က ကောင်းကင်ထပျံဖို့ မကြိုးစားဘဲ မြေပေါ် မှာပဲ လမ်းလျှောက်ရင်း ကျေနပ်နေကြတယ်။ ။

သမိုင်းရှုထောင့်ကကြည့်ရင် လူတွေဟာ ဒီနေ့ ၊ ဒီခေတ်ရောက်မှ ခုလိုဖြစ်ကြတာ မဟုတ်ပါဘူးတဲ့။ ဟိုးရှေးပဝေသဏီကတည်းက ဒီလို ဖြစ်နေခဲ့ကြတာပါတဲ့။ ကိုယ့်အစွမ်းအစကို ကိုယ်မသိကြတော့ လူတွေ ဟာ ကိုယ်လုပ်နိုင်သမျှသာ လွယ်လွယ်ကူကူ လုပ်ကိုင်ရင်းနဲ့ သမိုင်းကို ဆွဲဆန့်ထားခဲ့ကြတယ်တဲ့။ ကိုယ်တွေ့ဖြစ်တဲ့သမိုင်းက ဒါတွေကိုဖောက်သည်ချတယ်။ တစ်ချိန်က လူတွေက ဘိုးစဉ်ဘောင်ဆက် လုပ် ခဲ့တဲ့ ကိစ္စတွေထဲမှာပဲ သံသရာလည်နေခဲ့ကြတာ နှစ်ပေါင်း ထောင်သောင်းမကပါဘူးတဲ့။ သမိုင်းမတင်မီခေတ်က ဘယ်လောက်ကြာခဲ့ တယ်ဆိုတာ မှန်းဆဖို့တောင် ခက်ပါတယ်တဲ့။ သမိုင်းတင်နိုင်တော့ လည်း ကျောက်ခေတ်ဆိုတာ အကြာကြီးပါတဲ့။ တိုးတက်မှုအရမ်းကို နှေးပါသတဲ့။ နှစ်တွေအကြာကြီးကို ဖြတ်သန်းပြီးမှ ကျောက်ခေတ်က နေ ကြေးခေတ်ကို ကူးနိုင်တာပါတဲ့။ ပြီးတော့ ကြေးခေတ်ကနေ သံခေတ်၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကျော်လောက်ကိုပဲ ပြန်ကြည့်လိုက် ပါဦး။ ။

လူတွေဟာ သူတို့ရဲ့ ပင်ကိုအစွမ်းအစ၊ ပင်ကိုအရည်အသွေးတွေ အကုန်လည်း မသိကြဘူးတဲ့။ အကုန်လည်း ထုတ်မသုံးနိုင်ဘူးတဲ့။ အဘိုး အဘွားက စိုက်ပျိုးရေးလုပ်ခဲ့တော့ အဖေက လိုက်လုပ်တယ်။ ဒီလိုနဲ့ မြေးအထိ စိုက်ပျိုးရေး ဆက်လုပ်တယ်။ တံငါသည်တွေကလည်း သားစဉ်မြေးဆက် တံငါအတတ် လက်ဆင့်ကမ်းခဲ့တယ်။ မြေးကနေ မြစ်၊ မုဆိုးရဲ့ မြစ်တွေ အမဲလိုက်၊ ပိုက်တန်း၊ မြုံးထောင် ဒါပဲတတ်ကြ တယ်။ ရက်ကန်းထောင်သူရဲ့ သားစဉ်မြေးဆက်ဟာ အထည်ရက်၊ အထည်ချုပ်၊ အထည်ရောင်း။ ပန်းပဲဆရာရဲ့ မြေးတွေမြစ်တွေ... ဖိနပ် ချုပ်သမားရဲ့ မြေးတွေ၊ မြစ်တွေ.. သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထားတဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေမှာ သုံးရမယ့် အရည် အသွေးတွေကလွဲလို့ တခြား မိမိတို့မှာရှိနေတဲ့ အရည်အသွေးတွေကို ထုတ်မသုံးကြဘူး၊ သုံးစွဲဖို့လည်း မစဉ်းစားဘူး။ သုံးစွဲဖို့လည်း မကြိုးစား ကြဘူး။

ဒီလိုနဲ့ နှစ်တွေအကြာကြီး ဖြတ်သန်းလာခဲ့ကြတာပါ။ ခေတ်တွေ ဟာ နှေးခဲ့ပါတယ်။ လယ်သမားနဲ့ လယ်သူမက ပေါက်ပွားလာတဲ့ ကလေးတွေဟာ လယ်သမားနဲ့ လယ်သူမတွေပဲ ဖြစ်လာကြပါတယ်။ တံငါသည် သားသမီးတွေဟာလည်း တခြားတံငါသည်တွေရဲ့ သား သမီးတွေနဲ့ အိမ်ထောင်ကျပြီးနောက် မျိုးဆက်သစ် တံငါသည်လေးတွေ ကို မွေးထုတ်ခဲ့တာပါ။ ဒီလိုနဲ့ပဲ သွားနေတော့မှာလားဆိုတော့ မဟုတ်ပါ ဘူး။ ဒီခေတ်၊ ဒီစနစ်တွေ ဟောင်းသွားပြောင်းသွားပါပြီ၊ တောင်တန်း တွေပေါ်မှာ ပျော်ပြီးကြီးလာတဲ့ ကလေးတွေဟာ ခုဆိုရင် ပင်လယ်ပြင် သွား သင်္ဘောကြီးတွေမှာ တာဝန်မျိုးစုံထမ်းပြီး ဘဝသစ်တွေကို လျှောက် နေကြပါပြီ။ သောင်ပြင်မှာပြေးရင်း ကြီးလာတဲ့ လူငယ် မောင်မယ်တွေ ဟာ ခုဆိုရင် ဝေဟင်မှာ လေယာဉ်မှူးကြီးတွေ၊ လေယာဉ်မယ်တွေအဖြစ် နဲ့ ကောင်းကင်ကနေပြီး ပင်လယ်ပြာကြီးတွေကို ငုံ့ကြည့်ခွင့်ရနေကြပါပြီ။ ဖိနပ်ချုပ်သမားရဲ့ သားတွေဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း ကြီးတွေရဲ့ ထိပ်တန်းကျွမ်းကျင်ပညာရှင်ကြီးတွေ ဖြစ်နေပါပြီ။ ကောက် စိုက်သမရဲ့ သမီးတွေဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ ပါမောက္ခ ကြီးတွေ ဖြစ်နေပါပြီ။ ပြီးတော့ ပြီးတော့ အများကြီးရှိပါတယ်။ လိုရင်း ချုပ်ရရင် လူတွေဟာ သူတို့ရဲ့ အရည်အသွေးတွေကို သိလာကြတယ်။ ကိုယ့်အရည်အသွေး၊ ကိုယ့် အစွမ်းအစကို ကိုယ်ကိုယ်တိုင်သိပြီး ဒီအရည် အသွေးတွေကို စနစ်တကျ အသုံးချတတ်ရင် လူဟာ မူလ ၀ခြေအနေ ကထက် ပိုမိုတိုးတက်လာပါတယ်။ ဒီလိုတိုးတက်ဖို့ဆိုတာ ခေတ်ရဲ့ တောင်းဆိုမှုတွေကို သိဖို့တော့ လိုပါတယ်။

သင့်ရဲ့ ပင်ကိုအရည်အချင်းတွေကို သင်သိလိုမှာ အမှန်ပါ။ လူ တိုင်း ကိုယ့်အရည်အချင်းကိုယ် သိလိုတယ်။ လူတိုင်း ကိုယ့်ရဲ့ အားနည်း ချက်၊ အားသာချက်ကို သိချင်တယ်။ လူတော်တော်များများက သူတို့ရဲ့ အရည်အချင်းတွေကို အရှိအရှိအတိုင်း မမြင်၊ ကိုယ့်မှာရှိတဲ့ အရည်အသွေး တွေရဲ့ သဘောသဘာဝကို ဂဃနဏ မသိကြတာများပါတယ်။ တစ်ခုခု