မုံတိုင်ပင်ဆရာတော် - သုံးပုံလှေကားနှင့်သုံးပုံတံတား
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ရှိခိုးခြင်း ပဏာမ
၁။ သုံးပါးရတနာ၊ မြတ်ဆရာကို၊ သဒ္ဓါစုံမက်၊ နှစ်သက်ဝမ်းသာ၊ ရှိခိုးပါ၏။ များစွာကျမ်းထွက်၊ စကားနက်ကို၊ ဆောင်ရွက်ဖွယ်ရာ၊ ညွှန်းလိုက်မှာ သည်၊ ၊ မကွာနှုတ်ထဲ ဆောင်အမြဲ။
မြေလှုပ်ကြောင်း ၈ ပါး
၂။ ပဋိသန္ဓေ၊ နေသည်ကာလ၊ ဖွားထ တစ်ဖန်၊ ရွှေဉာဏ်တော်ရ၊ ဓမ္မစကြာ၊
ဟောခါကာလ၊ လွှတ်ထအာယု၊ ပြုသည်နိဗ္ဗာန်၊ ဈာန်ဂုဏ်တော်ခိုး၊ တစ်မျိုး ချောက်ချား၊ ဤရှစ်ပါးကြောင့်၊ ကြီးမား သုန္ဓရေ၊ တုန်လှုပ်လေ သည်၊ ၊ ပုံသေ မယွင်းနှလုံးသွင်း။
ဤကား မြေလှုပ်ကြောင်း ရှစ်ပါးစကားရပ် မှတ်ဖွယ်တည်း)
တစ်နည်း- မြေလှုပ်ကြောင်း ၈ ပါး
၃။ တောထွက် ကာလ၊ ကပ်ထဗောဓိ၊ ခံပံ့သကူ၊ ဖွပ်ယူ တစ်ဖြာ၊ ကာ ဂေါ ဝေ ဗြ၊ ဤ ရှစ်ဝကြောင့်၊ ဌာနအောက်မြေ၊ တုန်လှုပ်လေသည်၊၊ လေးတွေကြောင်းရင်း တုန်လှုပ်ခြင်း။ ။
ဤကား တစ်နည်း-မြေလှုပ်ကြောင်း ရှစ်ပါး စကားရပ် မှတ်ဖွယ်တည်း
မြေလှုပ်ကြောင်း ၄ ပါး ။
၄။ ကောင်းချီး သက်သေ၊ တစ်ထွေ ဝီရိယ၊ အံ့ထ တစ်ဖြာ၊ အခါမဲ့ငြား၊ ဤလေးပါးကြောင့်၊ ရှစ်ပါးဌာနေ၊ တုန်လှုပ်လေသည်၊ ၊ မှတ်လေ တစ်မျိုး မြေလှုပ်ရိုး။
ဤကား မြေလှုပ်ကြောင်း လေးပါးစကားရပ် မှတ်ဖွယ်တည်း။
ကာ မှာ ကာလကာရာမသုတ်၊ ဂေါ မှာ ဂေါတမကသုတ်၊ ဝေ မှာ ဝေဿန္တရာ ဇာတ်၊ ဗြ မှာ ဗြဟ္မဇာလသုတ်ကို ယူလေ။
တောထွက်ရာ ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ ဝီရိယကြောင့် လှုပ်သည်လေ။ ပံ့သကူခံယူရာ၌ အံ့ဖွယ်သရဲ အဟုန်ကြောင့် လှုပ်သည်၊ ပံ့သကူ ဖွပ်ရာ၊ ဝေဿန္တရာ ဇာတ်ဟောရာ၌ အခါမဲ့ လှုပ်သည်၊ ကာလကာရာမ သုတ်၊ ဂေါတမကသုတ်ကို ဟောရာ၌ သက်သေခံသဖြင့် လှုပ်သည်။ ဗြဟ္မဇာလသုတ်ကို ဟောရာ၌ ကောင်းချီးပေး လို၍ လှုပ်သည်မှတ်လေ]
မြေလှုပ်ကြောင်း ၆ ပါး
၅။ သုံးတန် သင်္ဂါယနာ တင်သည်ကာလ၊ နာမခေါ်ဆို၊ သီဟိုဠ်သာမော၊ စံပယ်တော၌၊ ထေရောမဟိန္ဒ၊ မြတ်ဓမ္မကို၊ ဟောထသောအခါ၊ ကလျာ ဏိယ၊ ကျောင်းဒေသ၌၊ ပိဏ္ဍပါတိယထေရ်၊ ဟောသည်ကာလ၊ နာမ ပညတ်၊ ကြေးပြာသာဒ်၏၊ တည်လတ်ရှေ့သုန်း၊ သရက်ကုန်း၌၊ ရွှင်ပြုံး ဝမ်းသာ၊ ဘာဇာက ထေရ်၊ ရွတ်သည်အားလုံး၊ သုတ်အဆုံး၌၊ ရေဆုံး တိုင်ထိ၊ လှုပ်လေဘိသည်၊ ၊ ဘူမိစာလ ခြောက်ဌာန။
ဤကား ဘုရား မရှိသည့်နောက် တရားအာနုဘော်ကြောင့် လှုပ်ကြောင်း ခြောက်ပါး စကားရပ်မှတ်ဖွယ်တည်း။ ။ ဗြဟ္မဇလသုတ်ကို ဘုရားဟောတော်မူသောသုတ် အဆုံးမှာသာ လှုပ်သည် မဟုတ်၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့တွင် တစ်ပါးတစ်ပါး အဆုံး၌ တစ်ကြိမ်စီ တစ်ကြိမ်စီ ခြောက်ဆယ့်နှစ်ကြိမ်တိုင်အောင် လှုပ်သည် ယူလေ။ ဘာဏကထေရ် ဟူရာ၌ ဒီဃ ဘာဏက ထေရ် ယူလေ။ ( ဓာတ်ချောက်ချားခြင်းကြောင့် လှုပ်ခြင်း၊ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်လှုပ်ခြင်း၊ ဘုရားလောင်း ပဋိသန္ဓေနေခြင်း၊ ဖွားခြင်း၊ သဗ္ဗညုတဉာဏ်ကိုရခြင်း၊ ဓမ္မစကြာတရား ဟောတော်မူခြင်း၊ အာယု သင်္ခါရလွှတ်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်း ရှစ်ပါး။
တောထွက်ခြင်း၊ ဗောဓိမဏ္ဍိုင်သို့ ကပ်ခြင်း၊ ပံ့သကူကိုခံခြင်း၊ ဖွပ်ခြင်း၊ ကာလ ကာရာမသုတ်၊ ဂေါတမကသုတ်၊ ဝေဿန္တရာဇာတ်၊ ဗြဟ္မဇာလ သုတ် ရှစ်ပါးတည်း။
တောထွက်ရာ၊ ဗောဓိမဏ္ဍိုင်သို့ ကပ်ရာ၌ ဝီရိယကြောင့်၊ ပံ့သကူခံရာ၌ အံ့ဘွယ် သရဲအဟုန်ကြောင့်၊ ပံ့သကူဖွပ်ရာ၊ ဝေဿန္တရာဇာတ်ဟောရာ၌ အခါမဲ့ လှုပ်၏။ ကာလ ကာရာမသုတ်၊ ဂေါတမက သုတ်ဟောရာ၌ သက်သေခံအဖြစ်ဖြင့် လှုပ်၏။ ဗြဟ္မဇာလ သုတ်ကို ဟောရာ၌ ကောင်းချီးပေးသောအားဖြင့်လှုပ်၏၊ ၊ သုတ်သီလက္ခန် အဋ္ဌကထာလာ ည်။
“အဋ္ဌ ဣမေ အာနန္ဒ ဟေတူအဋ္ဌ ပစ္စယာ ဘူမိစာ လဿ ပါတုဘာဝါယ” ။ သုတ်မဟာဝါ ပါဠိတော်ချော်ချပ်လာ။
ရေလှုပ်ခြင်းကြောင့် မြေလှုပ်ခြင်း၊ ရဟန်းပုဏ္ဏားတန်ခိုးကြောင့် လှုပ်ခြင်း၊ ဘုရား လောင်း ပဋိသန္ဓေ နေခြင်းကြောင့် လှုပ်ခြင်း၊ ဘုရားလောင်း ဖွားမြင်ခြင်းကြောင့် လှုပ်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်ခြင်းကြောင့် လှုပ်ခြင်း၊ ဓမ္မစကြာတရား ဟောခြင်းကြောင့်လှုပ်ခြင်း၊ အာယု သင်္ခါရ လွှတ်ခြင်းကြောင့် လှုပ်ခြင်း၊ အနုပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းကြောင့် လှုပ်ခြင်း။
ကြီးစွာသော လေသည် လာလေသည်၊ လာခြင်းကြောင့် ရေကိုခံသော လေ ` လှုပ်လေသည်။
“ဓာတုကောပေန ပဌမ၊ ဣဒ္ဓါနုဘာဝေန ဒုတိယ၊ ပုညတေဇေန တတိယ၊ စတုတ္ထ၊ ဉာဏတေဇေန ပဉ္စမ၊ သာဓုကာရဒါနဝသေန ဆဋ္ဌ၊ ကာရုည သဘာဝေန သတ္တမ၊ အာရောဒနေန အဋ္ဌမ]
ကပ်လာတတ်သောရောဂါ ၁၁ ပါး
၆။ စက္ခု၊ သောတ၊ ဃာန ဇိဝှါ၊ တစ်ဖြာကာယ၊ သီသ ကဏ္ဏာ၊ ဒန္တာ မုခ၊ ကာသ,သောသော၊ ရောဂါဆယ့်တစ်ရပ်၊ ကပ်လာတတ်သည်။ ။ ကြပ်ကြပ်ကိုယ်တွင်း မြဲစေမင်း။
ကာသ မှာ ချောင်းဆိုးနာ၊ သောသော-မှာ ကုတ်ဟီးနာယူလေ]
နှိပ်စက်တတ်သောရောဂါ ၁၁ ပါး
၇။ ဆောင်းပေးခါးနာ၊ ကိုယ်ပူနာနှင့်၊ ဝမ်းနာ တခြား၊ အဖျားတစ်ထွေ၊ မူးဝေ တစ်ချက်၊ ဝမ်းသွေးထွက် ဝမ်းသွန်နာ၊ နူနာ ထွက်မြင်း၊ ဆင်ညှင်းကြီးနာ၊ ထိုးကျင်နာ ဟု၊ ရောဂါဆယ့်တစ်ရပ်၊ နှိပ်စက်တတ်သည်၊ ၊ မပြတ် ဝမ်းတွင်း နှလုံးသွင်း။
ထိုးကျင်နာ ဟူသည် တံကျင်ကဲ့သို့ ကိုက်ခဲသည် ဆိုလိုသည်]
ခန္ဓာငါးရပ် စွဲလာတတ်သောရောဂါများ
၈။ ခယရုဂ်နာ၊ ပိတ်ခဲနာနှင့်၊ တူလာသရော၊ ဖောသောအနာ၊ ယားနာ ဝဲ ပွေး၊ ဆင်ပွေးကြီးနာ၊ ယင်းနာ မြင်းသရိုက်၊ တလိုက်ရူးနာ၊ ဤရောဂါ လည်း၊ ခန္ဓာငါးရပ်၊ စွဲလာတတ်သည်၊ ၊ မလတ်မကင်း သတိသွင်း။
ပိတ်ခဲနာ-ဟူသည် အနီ အရွှေ ကျသောအနာကို ယူလေ၊ ဖောသော အနာမှာထွတ်အိုင်းနာ ဆိုလိုသည်)
၉၆ ပါး ရောဂါ
၉။ (က) ပိတ္တ သေမှ၊ ဝါတ တစ်သွယ်၊ မြှောက်ခါဝယ်၌၊ သုံးဆယ့် နှစ်ပါး၊သုံးလီပြား၍၊ ခြောက်ပါးစွန်းကယ်၊ ကိုးဆယ်ရောဂါ၊ ကိုယ်ခန္ဓာ၌။ များစွာထွေထွေ၊ ဖြစ်တတ်ချေသည်၊ ၊ ဉာဏ်နေမကင်း သိစေ မင်း။
အနာဖြစ်ကြောင်း ၈ ပါး
၁၀။ (ခ) သလိပ်တစ်ထွေ၊ သည်းခြေ တစ်ဖြာ၊ လေနာ တစ်ရပ်၊ သန္နိပါတ်နှင့်၊ ဖြစ်လတ်ဥတု၊ စားမှုအစာ၊ တစ်ဖာလုံ့လ၊ ကမ္မဝိပါက်၊ ရှစ်ချက် မူလ၊ ဖြစ်ကြောင်းပြသည်၊ သုံးဝမကင်း လေတို့လျှင်း။ ဤကား ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြား စကားရပ်မှတ်ဖွယ်တည်း။ အနာဖြစ်ကြောင်းရှစ်ပါးဟု ဟောတော်မူလျက် သုံးပါးနှင့် မြှောက်ရခြင်းသည် သုံးပါးနှင့်မကင်း ဆက်ဆံခြင်းကြောင့် မြှောက်ရလေသည် ဟူလိုသည်။
အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဂီရိမာနန္ဒသုတ်၊ မဟာနိဒ္ဒေသ ပါဠိတော် ကာမ သုတ္တနိဒ္ဒေသ စသည့်တို့၌ လာသောနည်းတည်း။ ဆေးကျမ်းတို့၌ လောကီကျမ်း အလျောက် အစေ့အစုံဆိုသည်။
၃၂ ဖြာကံကြမ္မာ
၁၁။ (က) ကမ္မကရဏ၊ ဒွတ္တိသ၏။ အရသရုပ်၊ ဖော်ပြထုတ်ပိမ့်၊ ဆောက်ပုတ်ကြိမ်လုံး၊ ဖြတ်သုံး လက် ခြေ၊ သုံးထွေ နား နှစ်၊ ဖြတ်ရာ တတည်။ ပအုံးရည်အိုး၊ ဆယ်မျိုးကမ္မ၊ ကရဏကို၊ ၊ မြင်ကမယွင်း လန့်စေမင်း။
(ခ) ရာဟုခံတွင်း၊ ခရုသင်း လျှော်တေ၊ တိုက်လေ မီးလျှံ၊ တစ်ဖန် မီးတောက်၊ ထို့နောက်တစ်လီ၊ ဧဏီသား အလား၊ ဆားငန်တစ်ချက်၊ ပိန်းရွက်အလား၊ ငါးမျှားချိတ်အသွင်၊ တံခါးကျင်သဖွယ်၊ တစ်ဆယ်ကမ္မ၊ ကရဏကို၊ ၊ မြင်က ချက်ချင်း ကြောက်စေမင်း။
(ဂ) ဆီသိန်းတစ်ထွေ၊ ကောက်ရိုးခွေပမာ၊ တစ်သပြာ အသား၊ လှံသန်လျက်၊ လျှိုနက်တံကျင်၊ ထို့ပြင် လက် ခြေ၊ ပေါင်းလေရင်၊ မယ်နတံသင်း၊ နှက်ခြင်း ငါးထွေ၊ ခုတ်လေဓားမ၊ ရွေထ ပဲခွပ်၊ မလွတ်မကင်း၊ ခံရခြင်းကို၊ ၊ ဝမ်းတွင်းသံဝေ ထိတ်လန့်စေ။ဤကား ကြမ္မာသုံးဆယ့်နှစ်ပါးစကားရပ် မှက်ဖွယ်တည်း၊ အင်္ဂုတ္တိုရ် ဒုကနိပါတ် ပဌမသုတ်၊ ဥပရိပဏ္ဏသမဟာနိဒ္ဒေသ၊ မိလိန္ဒပဉ္စာ စသော ကျမ်းတို့၌ လာသည်။
ကြိမ်လုံးမှာ ဆူးရှိ မရှိ နှစ်ခုယူ၊ ဖြတ်သုံးမှာ လက်ဖြတ် ခြေဖြတ် လက် ခြေ နှစ်ပါးဖြတ်ယူ၊ နား နှာ၌လည်း နည်းတူယူလေ၊ ပအုံးရည်အိုး၌ ဦးခေါင်းခွံကို ခွာ၍ လောလောပူသော သံတွေကို ညှပ်ဖြင့်ယူ၍ ထည့်သဖြင့် ကျိုက်ကျိုက်ဆူသော ပအုံး ရည်သဖွယ် ဖြစ်လေသည်။
ရာဟုခံတွင်း၌ သံတံသင်းတို့ဖြင့် ခံတွင်းကို ဖွင့်၍ မီးညှိခြင်း၊ မျက်နှာကို ဆောက်ဖြင့် ရွေ့၍ ခံတွင်းပြည့်အောင် သွေးဆင်းစေခြင်းတည်း။ ခရုသင်းကဲ့သို့ ဦးခေါင်းခွံကို ကြမ်းသော ကျောက်ဖြင့် ပွတ်သည်။
ကိုယ်အလုံးကို ဆီသုတ်ပုဆိုးကြမ်းဖြင့် ရစ်၍ မီးတိုက်သည်။ လက်၌ ဆီသုတ်