Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

စိုးမြင့်လတ် - အမျိုးသားအထ္ထုပတ္တိအဘိဓာန်ပထမတွဲ(၂)

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

ဦးဗကလေး

(၁၉၁၈ - ၂၀၀၉)

နာမည်ကျော် ကာတွန်းဆရာကြီး၊ ရွှင် ပြုံးစာစောင်ထုတ်ဝေသူ။ ။ အဖ ဦးစံလှ၊ အမိ ဒေါ်အေးပုံတို့က ၁၂ ဒီဇင်ဘာ၊ ၁၉၁၈ ၌ သံတွဲမြို့တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် ပန်းချီ၊ ကာတွန်း ဝါသနာကြီးခဲ့သည်။ သံတွဲ ဟိုက်စကူးကျောင်းမှ ၁၀ တန်းအောင်ခဲ့ သည်။ ၁၉၃၆ တွင် မြန်မာပြည် ပန်းချီ အသင်းကြီး(ဘားမားအတ်ကလပ်)၏အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဦးငွေကိုင်၊ ဦးဘဂျမ်း၊ ဆရာဆောင်၊ ဦးဗကြည်၊ ဦးဟိန်စွန်း၊ ဦးအုန်းလွင်၊ ဦးစံ ဝင်း အစရှိသော ပန်းချီ၊ ကာတွန်းပညာ ရှင် များနှင့်ခေတ်ပြိုင်ဖြစ်သည်။ သူရိယ၊ ရန်ကုန်၊ တိုးတက်ရေးသတင်းစာများနှင့် ဒီးဒုတ်၊ ရယ်ရွှင်ဖွယ်ဂျာနယ်နှင့် မဂ္ဂဇင်းများ တွင် ကာတွန်းရုပ်ပြောင်များ ရေးဆွဲခဲ့သည်။ တို့ဗမာသတင်းစာ (၁၉၄၂) နှင့် ကလေး သတင်းစာ(၁၉၅၅) တို့ကိုလည်း ထုတ်ဝေခဲ့ သည်။ ထို့ပြင် အဝီစိ(ဗြိတိသျှဘားမားညွန့်မြန်မာကုမ္ပဏီ)၊ ဖိုးလနတ်သား(ဘုန်းဝင်း ရုပ်ရှင်ကုမ္ပဏီ)၊ သူဌေးမင်း(ဒိုင်းမွန်းကုမ္ပဏီ)၊ ကော်ဇောပျံ (ရွှေခြင်္သေ့ကုမ္ပဏီ)၊ အိမ်ရှင်မ (ဘီပီအိုင်ကုမ္ပဏီ)၊ ဒို့ရန်သူ စသော အသံထွက် ကာတွန်းဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ လုံးချင်းဝတ္ထု၊ ဆောင်းပါး၊ ကာတွန်း၊ ပုံပြင် စုစုပေါင်း ၁၂၀ ခန့်ရေးသားခဲ့ပြီး ယင်းတို့အနက် ၁၉၅၂ တွင် မနီလာမြို့၌ ပုံနှိပ်သော ဝန်ကြီးချုပ်ဦးနု၏ ‘လူထုအောင်သံ” ဆေးရောင်စုံကာတွန်းစာအုပ်မှာ အကျော်ကြားဆုံးဖြစ် သည်။ နောက်ပိုင်းတွင် ကိုယ်ပိုင် ရွှင်ပြုံး” အပတ်စဉ်စာစောင်ကို ထုတ်ဝေခဲ့သည်။ ၂၉၊ ဒီဇင်ဘာ၊ ၂၀၀၉ တွင် ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်သည်။

ဗိုလ်ဗကို

(၁၉၁၉ - ၁၉၈၅)

အငြိမ်းစားဗိုလ်မှူး၊ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်။ ။ အဖ ဦးသန်း၊ အမိ ဒေါ်ဝင့်တို့က ၁၀ ဒီဇင်ဘာ၊ ၁၉၁၉ တွင် မန္တလေးမြို့၌ မွေးဖွားသည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို ၁၉၄၁ ခုနှစ်တွင်ရရှိသည်။ ၁၉၅၇ ခုနှစ်တွင် ဥပဒေ ဘွဲ့ ကို ထပ်မံရရှိသည်။ ၁၉၅၅ တွင် အမေရိ ကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ထပ်မံရရှိသည်။ ၁၉၄၁ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲ ဝင်ရောက် ခဲ့၍ ၁၉၅၃ တွင် ဗိုလ်မှူးရာထူးဖြင့် အငြိမ်း စားယူခဲ့သည်။ ၁၉၅ဝ တွင် ဇေယျကျော်ထင် ဘွဲ့ ရရှိသည်။ ၁၉၅၃-၅၉ တွင် စာပေဗိမာန် စာတည်းနှင့် သုတေသနမှူးအဖြစ် ထမ်း ဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပုသိမ်ကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် ပြင်ပစာစစ်မှူး၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာဗေဒ ကို ပို့ချခဲ့သည်။ ၁၉၅၈ တွင် လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)ရရှိခဲ့သည်။ ၁၉၅၈ တွင် လူထုအော်သံ” ဇာတ်ကား၌ စတင် | ပါဝင်သရုပ်ဆောင်ခဲ့သည်။ သီတာပြုံး (၁၉၇၀)၊ တစ်ကွေ့တစ်ကမ္ဘာ (၁၉၇၁) ဇာတ်ကားများဖြင့် အကယ်ဒမီဆုများရရှိခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် သာမက၊ စာရေးဆရာ အဖြစ်လည်း “ယေးလ် တက္ကသိုလ်မှတ်တမ်း၊ မစ်ဆူရီခရီးသည်”၊ “တရုတ်ပြည်သို့ခရီး “ဟဲမင်းဝေးဝတ္ထုတိုများ” စသောစာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ၂၂ ဇွန်၊ ၁၉၈၅ တွင် ရန်ကုန်၌ ကွယ်လွန်သည်။

ဦးဗဆွေ

(၁၉၁၅ - ၁၉၈၇)

မြေအောက်တော်လှန်ရေးခေါင်းဆောင်၊ ဆိုရှယ်လစ်ပါတီအထွေထွေအတွင်းရေး မှူး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း။ ။ အဖ ဦးထွန်းလှိုင်၊ အမိ ဒေါ်ပဲလေးတို့က ၁၉ ဧပြီ၊ ၁၉၁၅ တွင် ထားဝယ်ခရိုင်၊ အုန်းပင်ကွင်း ရွာ၌ မွေးဖွားသည်။ ငယ်စဉ်က ထားဝယ်မြို့ အမျိုးသားအလယ်တန်းကျောင်းနှင့် အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြား ခဲ့သည်။ ၁၉၃၆ တွင် ၁၀ တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်သည်။ ၁၉၃၉ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂ၏အထွေထွေအတွင်းရေးမှူး၊ ၁၉၄၀-၄၁ တွင် ရန်ကုန်တက္ကသိုလ်ကျောင်း သားများသမဂ္ဂဥက္ကဋ္ဌတာဝန်များကို ထမ်းရွက်ခဲ့သည်။ ၁၉၃၈ ဒီဇင်ဘာတွင် မကွေးမြို့၌ ရေနံမြေအလုပ်သမားသပိတ်တပ်ကြီးနှင့် ဆုံ စဉ် အားပေးကူညီတရားဟောခဲ့သဖြင့် မကွေး ထောင်၌ အချုပ်ခံရသည်။ ပြစ်ဒဏ် ၆ လကျခံရသော်လည်း တစ်နိုင်ငံလုံးမှ ကျောင်းသားများ ဆန္ဒပြကြသဖြင့် ထောင်မှပြန်လွတ် ခဲ့သည်။ ၁၉၄၁ တွင် တက္ကသိုလ်မှထွက်၍ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ပီ၊ အာရ်၊ ပီ ခေါ် ပြည်သူ့အရေးတော်ပုံပါတီ ၏ ဦးစီးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်သို့ စေလွှတ်ခြင်းမှအစ ဖက်ဆစ်တော်လှန်ရေးအထိ မြေအောက်တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။ ၁၉၄၂၊ ဂျပန်ခေတ်တွင် ကေဘိုတိုင် ခေါ် မြို့ပြကာကွယ်ရေးတပ်၏ အကြီးအကဲတာဝန်ယူကာ နောက်ကွယ်မှနေ၍ တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ၁၉၄၅ တွင် ဆိုရှယ် လစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ၁၉၄၅-၅၂ ထိ ဖဆပလအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးတာဝန်များကိုလည်း ယူခဲ့သည်။ ၁၉၄၅၊ မတ်လ ၃၁ တွင် ဂျပန်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၅၂ တွင် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ၁၉၅၃ တွင် ကာကွယ်ရေးဌာနဝန်ကြီးအပြင်၊ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ်ပါ တွဲဖက်တာဝန် ယူခဲ့ရသည်။ ၁၉၅၆ တွင် ဝန်ကြီးချုပ်၊ ၁၉၄၅ တွင် ဆိုရှယ်လစ်ပါတီ၊ အထွေထွေအတွင်း ရေးမှူး၊ ၁၉၄၅-၅၂ ထိ ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး တာဝန်များကို လည်း ယူခဲ့သည်။ ဖြစ်ခဲ့သည်။ ၁၉၅၇ ဖေဖော်ဝါရီတွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီး ဒုတိယဝန်ကြီးချုပ်တာဝန်အပြင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူခဲ့ရသည်။ ဖဆပလနှစ်ခြမ်းကွဲချိန်တွင် ဦးကျော်ငြိမ်းနှင့်တွဲ၍ တည်မြဲဖဆပလကိုဖွဲ့စည်းကာ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ နိုင်ငံရေးလောကတွင် မူ “ကျားကြီးဗဆွေ”ဟုထင်ရှားသည်။ မာရှယ် တီတိုး၏ ဂုဏ်ထူးဆောင်ပထမဆင့်ဘွဲ့ တော်တံဆိပ်၊ ထိုင်းဘုရင်မင်းမြတ်၏ဆင်ဖြူ တံဆိပ်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်)တို့ကိုလည်း ရရှိခဲ့သည်။ ၆ ဒီဇင်ဘာ၊ ၁၉၈၇ တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။

ဗညားဒလ

(မ ၈၇၀ ခန့် - ၉၃၄)

ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းလက် ထက် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော အတိုင်ပင်ခံဗိုလ်မှူးဝန်ကြီး၊ ရာဇ ဓိရာဇ်အရေးတော်ပုံ ကျမ်းဖြင့် စာပေလောကတွင်ကျော်ကြားသူ။ ။ မွန်လူမျိုးဖြစ်ပြီး ဟံသာဝတီဆင်ဖြူများရှင်မင်းတရား ပုံဖြည့်စွက်ရန် ကျန်ကြီး၏ အတိုင်ပင်ခံဝန်ကြီးဖြစ်သလို၊ စစ်ရေး မက်ရေး၌လည်း ကျွမ်းကျင်သူဖြစ်သည်။ ဘုရင့်နောင်မင်းတရားကြီးနှင့်တကွ မြန်မာ တစ်နိုင်ငံလုံး၏ ရိုသေလေးစားခြင်းကို ခံရ သည်။ ဟံသာဝတီထီးနန်းတွင် တော်နေရာ လက်ဝဲတော်ဦးကိုရသူလည်းဖြစ်၍ အဆောင် အယောင်နှင့်တကွ ရုံးတစ်ရုံးကိုလည်း ရ သည်။ စစ်ရေးတွင်မက စာပေအရေးအသား ၌လည်း စွမ်းဆောင်နိုင်သူဖြစ်သည်။ ရာဇ ဓိရာဇ်အမည်ရှိသော မွန်ဘာသာရာဇဝင်ကျမ်း ီကို “ရာဇဓိရာဇ်အရေးတော်ပုံကျမ်း” ဟု အမည်ပေးကာ မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ယင်းကျမ်းမှာ စကားပြေအရေးအသား ပြေပြစ်ကျစ်လျစ်မှု၌ ယနေ့တိုင် စံထားရဆဲဖြစ်သည်။ ဘုရင်ရာဇဓိရာဇ်နှင့် အင်းဝဘုရင်မင်းခေါင်တို့၏ စစ်မက်ရေးရာ များကို ရေးဖွဲ့ သောကျမ်းဖြစ်ရာ အရေးတော်ပုံငါးကျမ်းအနက် အကောင်းဆုံးဖြစ်သည်။ လောကသရုပ်၊ လူ့သရုပ်၊ ခေတ်သရုပ်၊ စစ်သရုပ်တို့ကို ပေါ်လွင်အောင်ရေးသားနိုင် သည်။ အရေးအသားမှာလည်း တိုတိုတုတ်တုတ်နှင့်လွန်စွာအဓိပ္ပာယ်ပါသော ဝါကျတို ကလေးများနှင့် ပြတ်သားရှင်းလင်းအောင် ရေးထားသည်။ နှောင်းခေတ်သမိုင်းဆရာတို့ မှီးရသောကျမ်းဖြစ်သည်။ ဘုရင့်နောင်မင်းတရားကြီးက ယုံကြည်တော်မူသော်လည်း သုံးကြိမ်တိုင်အောင် လုပ်ကြံခဲ့ဖူးသူဖြစ်သည်။ ဘုရင့်နောင်ကား သတ္တိဗျတ္တိနှင့် ပြည့်စုံသူ ကို နှမြောရကား ကွပ်မျက်တော်မမူခဲ့။ တစ်ပါးသော ဧကရာဇ်တို့ သည်းမခံနိုင်သော ခွင့်လွှတ်မှုကိုပင်ပြုခဲ့၏။ သက္ကရာဇ် ၉၃၄ လင်းဇင်း “ဗညားသည်” အရေးတွင်မူ စစ်ရေးဖြစ် သောကြောင့် သည်းခံတော်မမူဘဲ အလုပ်အကျွေး ၅ ယောက်နှင့်တကွ ဇနက်” အမည်ရှိ ယိုးဒယားရွာငယ်တစ်ခုသို့ ပို့တော်မူ၏။ ဇနက်”တွင် နာဖျားများ၍ ယိုးဒယားမင်းက “ကမန်ပိုက်” တွင်နေစေရာ တစ်လအကြာတွင် ကြမ္မာကုန်လေသည်။