Skip to product information
1 of 4

Other Websites

မိုးမိုး(အင်းလျား) - မဂ္ဂဇင်းဝထ္ထုရှည်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          မရေရာသည့် အဖြစ်များကို ပြောရမည်ဆိုလျှင် မောင်နှင့် ချစ်ချစ်တို့ ဇာတ်လမ်းလောက် ဖြစ်ကတ်သန်းနိုင်လှသည့် ချစ်ကိုယ်တွေ့မျိုးတော့ ရှိမည်မထင်။ ကာထွန်းဇာတ်လမ်း တစ်ပုဒ်လောက်မျှပင် စိတ်ဝင်စားဖွယ်ကောင်းမည် မဟုတ်။ သို့သော် အရိုးဆုံး အဖြစ်အပျက်တစ်ခုသည် တစ်သက်တာထွင် အစွဲလမ်းရဆုံး၊ တမ်းတရဆုံး၊ လွမ်းမောရဆုံး ရှိတတ်သည်ကိုတော့ မောင် လက်ခံနိုင်လိမ့်မည် ထင်၏။

          ချစ်ချစ်တို့ဘက်က မရေရာလှသည့် ဘမျိုး။ လေလွင့်တတ်သော၊ ပျက်စီးတ်သော၊ ဆုပ်ကိုင်ဖမ်းယူခြင်းငှာ မစွမ်းနိုင်သော ထွယ်ရာမဲ့ ဘဝမျိုးကို လေထဲလွင် လွင့်ပါးပျံဝဲနေတတ်သည့် ဒြပ်ဝတ္ထုများနှင့် နှိုင်းယှဉ်တတ်ကြမြဲဆိုပါလျှင် ချစ်ချစ်တို့သည်လည်း တေလေငှက်များ ပမာပင်တည်း။ အဘယ်ကြောင့်ဆိုသော် ချစ်ချစ်တို့ ဘဝသည် ပြင် ပေါ်မှာပင် လေထုထဲတွင် လှုပ်ရှားသွားလာနေရသည်က များသော ကြောင့်ယ်ဖြစ်လေ၏။ မော်ကို ချစ်ချစ် စတွေ့ရသည်ကပင် လေထုထဲထွင်မဟုတ်လား။ ထို့ကြောင့် မောင်က ချစ်ချစ်ကို “လေယာဉ်ပေါ်က အုပ်ကလေး” ဟု င်စားခေါ်ဝေါ်ခဲ့ရသေးသည်။     

        မောင်နှင့် တွေ့ခဲ့ရသော ထိုတစ်နေ့ကိုတော့ ချစ်ချစ် မေ့နိုင်တော့မည် မဟုတ်။ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၄ရက် စနေနေ့။ စနေ နေ့ ဆိုတော့ မောင်တို့ အယူအဆနှင့်ဆိုလျှင် မကောင်းဘူးထင်ပါရဲ့။ ပြီးတော့ ချစ်ချစ်က စနေသမီး၊ မောင့်ဘဝကို စနေဂြိုဟ်ဝင်ပြီ ထင်၏။

          တကယ်တော့ ထိုနေ့က ချစ်ချစ် သိပ်ပင်ပန်းနေခဲ့သည်။ မနက်ပိုင်း ရေနံချာတာ တစ်ခေါက်သွားရသည်။ အပြန်တွင် ညောင်ဦး၊ မန္တလေး စပယ်ရှယ်တစ်ခေါက် လိုက်ရပြန်သည်။ သည်အခေါက်တွင် မောင့်ကိုတွေ့ရခြင်းဖြစ်၏။ ခရီးသည်က များသည်။ လူနာ နှစ်ယောက်က လည်း ပါသေးသည်။ မောင်သည် ကားမှောက်၍ ဒဏ်ရာရလာသော လူနာအဒေါ်ကြီး၏ ရှေ့ထွင်ထိုင်နေလေသည်။ ရဲရဲနီသော စပို့ရှပ်အင်္ကျီ လေးကို ဝတ်ထားသည်။ မောင့်အသားသည် ဖြူ၏။ ။

          လေယာဉ်မထွက်မီမှာပင် မောင့်ကို ချစ်ချစ် သတိထားမိသည်။ မောင့်ရုပ်သည် မြန်မာမှန်း သိသာသည့်တိုင် ဥရောပဘက်ကိုလည်း နွယ်ချင်ချင်။ မောင့်ဆံပင်များသည် ရှည်လျားသော်လည်း ပျော့ပျောင်း ရှိသဖြင့် အမြင်မရှုပ်ထွေးလှ။ မျက်ခုံးထူထူအောက်တွင် မျက်လုံးများက နီနေလေသည်။ တန်တော့ မောင် အဖျော်ယမကာတစ်ခုခုကို သုံးခဲ့ဟန် တူသည်။

          မောင့်အပါးသို့ ချစ်ချစ် လျှောက်လာစဉ် မောင်က ရီဝေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်ကို သတိထားမိသည်။ ချစ်ချစ်တို့ အထွက်တော့ ရိုးနေချေပြီ။ ခရီးသည်များ အားလုံးကို ဂရိုစုရသည်မို့ ခရီးသည်များကလည်း ဂရုတစိုက်ရှိသည်ကို ခံယူရတတ်ပဲ။ အားလုံးကိုအဆင်ပြေအောင် ဆက်ဆံဖို့က ချစ်ချစ်တို့တာဝန်ဖြစ်၏။ ချစ်ချစ်သည် မျက်နှာကို အချိုဆုံး ပြုံးထားမိလေသည်။

          'ပလိစ် စိတ်မရှိနဲ့နော်၊ အခြားတစ်နေရာရွှေ့ ပေးပါလား ရှင်၊ နောက်က လူနာကို ထိမှာစိုးလို့ပါ”

         မောင်များ ငြိုငြင်သွားမလားဟု ပူပန်မိသော်လည်း စေတနာမှန်နှင့်မို့ ဖွင့်ပြောလိုက်ရသည်။ မောင်သည် ရီဝေမှေးစင်းနေသော မျက်လုံးများကို အားယူ၍ ဖွင့်လိုက်ပြန်သည်။ ပြီးတော့ နေရာမှ အေးအေးဆေးဆေး ထားသည်။ ရှေ့ပိုင်းကို လျှောက်သွားပြီးမှ မောင် ပြန်လှည့်လာ၏။ “အခြား ဟောင်းဘေး ထိုင်ခုံလဲမရှိလို့ ဒီမှာပဲ ထိုင်ပါရစေလားဗျာ။ ကျွန်တော် အပြင်ကို ကြည့်ချင်လို့ပါ”

           ကလေးလေးကျနေတာပဲဟု စိတ်တွင်းမှ တွေးမိသော်လည်း “ဒီလိုဆိုလဲ ထိုင်ပါ၊ ရပါတယ်” ဟု ယဉ်ကျေးစွာပြောလိုက်ရသည်။ သူ့ ခုံကြားမှ လက်တန်းကလေးကိုလည်း သူ သက်သက်သာသာရှိစေရန် ဖြုတ်ပေးခဲ့သည်။ ပြီးတော့ ချစ်ချစ် နောက်ဖက် အခန်းလေးထဲသို့ ဝင်လာခဲ့၏။ လေယာဉ်ထွက်ခွာမည့်အကြောင်း ကြေညာရန် ခွက်ကလေး ကို ကိုင်လိုက်ရသည်။

         'ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ယနေ့ စီးနင်းလိုက်ပါလာကြတဲ့ ခရီးသည်များ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေ၊ အချိန်အနည်းငယ်အင်းမှာ ကျွန်မတို့ လေယာဉ်သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့ သို့ ပျံသန်းပါလိမ့်မယ်၊ ht အမြင့်ပေ တစ်သောင်းသုံးထောင်မှ ပျံသန်းပြီး ပျံသန်းချိန် တစ်နာရီခွဲ မိနစ်နှစ်ဆယ်ခန့် ကြာရှိပါလိမ့်မယ်ရှင်၊ ခု လေယာဉ် စတင်ထွက်တော့ မှာမို့ ခရီးသည်များအားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ပေးကြပြီး ရှေ့ပိုင်းမှ အချက်ပြမီးနီ မငြိမ်းမီ ဆေးလိပ်များ မသောက်ကြပါရန် အထူး မေတ္တာ ရပ်ခံပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်”

          ပြီးတော့ အင်္ဂလိပ်လိုတစ်ခေါက် ပြောရသေးသည်။ လေယာဉ် စက်သံသည် ဆူညံစွာ ပေါ်ထွက်လာလေသည်။ လေယာဉ်ဘီးများသည် ပြေးလမ်းပေါ်ထွင် ရွေလျစပြု၏။ အနည်းငယ် သိမ့်ခါသွားပြီး လေယာဉ် ကြွတက်သွားသည်။ လေထုထဲ ရောက်ခဲ့ပြန်လေသည်။

         ချစ်ချစ်သည် သကြားလုံးဗန်းကလေးကိုကိုင်ကာ ထွက်ခဲ့သည်။ ရှေ့ဆုံးမှစ၍၏။ မောင့်နေရောက်တော့ ကြိုတင်စိတ်ကူးထားသည့်တိုင်း မောင့်မျက်နှာကို တစ်ချက် မော့ကြည့်ဖြစ်သည်။ မောင်က သကြားလုံးတစ်လုံးကို လှမ်းယူသည်။ “ကျေးဇူးတင်ပါတယ်” ဟုလည်း ပြောလိုက်သေးသည်။ ခေတ်မီယဉ်ကျေးတဲ့ မောင်ပါပဲ။ 'ကျွန်တော်ကို ရေတစ်ခွက်လောက် ပေးပါလား ခင်ဗျာ”

         မောင်သည် ဂျီကျသော ကလေးတစ်ယောက်သဖွယ်တည်း။ချစ်ချစ် တို့ တာဝန်သည်ကား ခရီးသည်များအားလုံး စိတ်ချမ်းချမ်းသာလာဖြင့် လိုရာခရီးကို ရောက်ရှိစေရေးဖြစ်သည်။ 'ရမယ်" ချိုသောအငြိမ့်သော သံလေးဖြင့် လိုက်ရသည်။ ပြီးတော့ ပြာလဲ့သော လုံချည်ကလေးကိုများ မလုပ် ခပ်သွက်သွက်လျှက်ကာ မောင့်ဆီသို့ ရေတစ်ခွက် ပို့ပေးရပြန်သည်။ “ရေက ရေခဲရေတော့ မဟုတ်ဘူးရှင်”မောင်က ဘာမျှမပြော။ ရေကို တစ်ခွက်လုံးကုန်အောင် မော့ချလိုက်သည်။ ရင်သိပ်ပူနေတယ် ထင်ပါရဲ့။

         ရေခွက်ကိုပြန်ထားပြီး သတင်းစာဝေရပြန်သည်။ ကမ္ဘာလှည့် ခရီးသည်နှစ်ဦးသည် မြေပြင်ကို ငုံ့ကြည့်ကာ မြန်မာပြည်မြေပုံ မှန်းဆ နေကြဟန်ရှိလေသည်။ မောင်သည် ခေါင်းကို နောက်က မျက်လုံးများကို ပိတ်၍ထားသည်။ ချစ်ချစ်က စေတနာပိုကာ မောင့်ဘေးမှ လေပေါက်ကလေးကို ဖွင့်ပေးလိုက်သည်။ မောင်က ကျေးဇူးတင်ဟန် ပြုံးပြသည်။

          ပဏာမတာဝန်များ ပြီးဆုံးပြီဖြစ်၍ ချစ်ချစ်က လူနာအဒေါ်ကြီးအနားထွင်ထိုင်ကာ ပြုစုနေလိုက်သည်။ မျက်နှာကို ပြီးပြထား၍ စကား စမြည်ညိုရဲ၏။ လူတိုင်းအပေါ် မေတ္တာထား၍ ကြင်နာပြုစုခြင်းသည်ထန်ရချည်းသက်သက် မဟုတ်တော့ ဘုရားသခင်ကလည်း နှစ်ခြိုက် တော် မူပေလိမ့်မည်။

          ချစ်ချစ်အလုပ်က မပြီးသေး။ ခရီးသည်များကို ကော်ဖီဝေရဦးမည်။ နောက်ဘက်ခန်းလေးသို့ ဝင်ခဲ့ရပြန်သည်။ ကော်ဖီခွက်များကို ဗန်းထွင် ထည့်ကာ မဖိတ်မစဉ်ရအောင် သောက်လာသည်။ သည်တစ်ခါမောင့်အနားရောက်တော့ မောင်က မျက်စိကိုဖွင့်၍ ကြည့်၍။ ပိုမိုရင်းနှီးလာဟန်ဖြင့်လည်း ပြုံး၍ပြသည်။ ချစ်ချစ်လှမ်းပေးသော ကော်ဖီ ခွက်ကို မယူဘဲ ခေါင်းကို ခါပြသည်။

          “ကျွန်တော် ရေပဲသောက်ချင်တယ်ဗျာ၊ ဆင်းခါနီး မိနစ်နှစ်ဆယ် လောက်ကျရင် ရေတစ်ခွက် ထပ်ပေးပါနော်" ချစ်ချစ်က ခေါင်းညိတ်ပြမိ၏။

         အလုပ်အားလုံး ပြီးစီးပြီဆိုတော့လည်း ချစ်ချစ်နားနေဖို့ အချိန် ရသည်။ ထိုအခါ မောင့်ဘေးမှ နေရာလပ်ကလေးကို မျက်စိက ရောက်သွားသည်။ မောင်ကလည်း ချစ်ချစ်ကို ဖိတ်ခေါ်ဟန်ဖြင့် ပြုံး၍ကြည့်နေ လေသည်။ "အစ်ကျုစ့်နော်”

         ချစ်ချစ်က မောင့်ဘေးတွင် ဝင်ထိုင်သည်။ သည်တုန်းက မောင့် အနားမှာ မထိုင်မိရင်အကောင်းသားကွယ်၊ ချစ်ချစ်တို့ ဘာကြောင့်မ တွေ့ခဲ့ကြရသလဲ၊ ပြီးတော့ မောင်သည် ရီဝေတိမ်းမူးသောအကြည့်ဖြင့် ချစ်ချစ်ကိုကြည့်ကာ ချစ်ချစ် လက်ကလေးများကို လှမ်း၍ ဆုပ်ကိုင် လေသည်။ “လက်ကလေးက လှလွန်းလို့ ကိုင်ကြည့်မိတာ”ဟုလည်း ပြောသေး၏။ သိပ်ဆိုးတဲ့မောင်ပဲ။ ချစ်ချစ်ကလည်း အတင့်ရဲလှသည်ဟု မထင်မိဘဲ ပြီး၍သာနေခဲ့မိသည်။ ချစ်ချစ် တဝင် ပြီးခြင်းသည်လည်း အလုပ်တစ်ခုပ်မို့ ထင်သည်။

          မောင်က ချစ်ချစ်ကို 'နာမည်ဘယ်လိုခေါ်လဲ”ဟု တိုးတိုးမေးလေသည်။

         “လွင်လွင်ချစ်တဲ့ ချစ်ချစ်က ထုံးစံအတိုင်း ပြုံး၍ပင် ၏။ “သိပ်လှတဲ့ နာမည်ပဲ”

         မောင့်အပြောကလဲ သိပ်ချို၏။ အတွေ့အကြုံ နုနယ်သေးသော ကလေးတစ်ယောက်ပမာ ချစ်ချစ် သာယာကြည်နူးမိလေသည်။

         "အိမ်ကိုလာလည်လို့ ရမလားဟင်” ချစ်ချစ်ကို အထင်သေးသည်လားဟုပင် မထင်လိုက်မိ။ “နောက် တော့ လာတာပေါ့”ဟု လွယ်လွယ်ပင် ဖြေလိုက်သည်။

          “ကျွန်တော်နာမည်က မြင့်ဦးတဲ့ ဖုန်းနံပါတ်ထားနော်၊ ငွေစာရင်း ရုံးမှာ လုပ်တယ်လေ” “အခု ခွင့်နဲ့လာတာပေါ့”

         မောင်က ခေါင်းညိတ်သည်။ ပြီးတော့ သူ့ ဖုန်းနံပါတ်ကို နှစ်လက်မခန့်ရှိသော စာရွက်ပိုင်းကလေးတစ်ခုထွင် ရေး၍ပေး အိဘ်ထွင်းမှ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်၍လည်း ချပ်ရပ်ကို ပေးသည်။ ချစ်ချစ်က ဖုန်းနံပါတ်လေးတစ်ခု ပြန်ရေးပေးလိုက်သည်။ ရီဝေသော မောင့်မျက်လုံးတို့သည် ရွှမ်းလဲ့လာစ ပြင်းပြသည်။

        “သူတစ်ယောက်တည်းလား”

          ချစ်ချစ်က ပြတ်ပြတ်သားသား မမေးဝံ့ဘဲ ခပ်ထေ့ထေ့လေး စူးစမ်း လိုက်သည်။

        'တစ်ယောက်တည်းပဲပေါ့”

         မောင်ကလည်း ခပ်ဝါးဝါးပင် ၏။

တကယ်တော့ သည်တုန်းကတည်းက ချစ်ချစ် သိဖို့ကောင်း၏။ နားလည်သင့်၏။ ခရီးသွားရင်း ဟန်လွဲတတ်သည့်သဘောကို ခရီးသည် ပေါင်း သောင်းခြောက်ထောင်နှင့် တော်ရသော ချစ်ချစ်တို့သည်လည်း မဟုတ်၊ သိသည်သာ။ သို့သော်လည်း ချစ်ချစ်ဘဝကိုက ကြမ္မာငင်၍ပဲ ထင်၏။ ဖြစ်လာသမျှသည် မောင့်အပြစ်၊ မောင့်ကြောင့်ဟု ချစ်ချစ် လွှဲမချလို။ ချစ်ချစ်ကိုယ်က ပိုက်ဖြစ်လျက် “ပန်” ကို တိုးမိလေသည်။

         “ညကျရင် ဖုန်းဆက်မယ်နော်" ဘာကြောင့်မှန်းမသိ။ ချစ်ချစ်ရင်သည် နွေးပြန်လေသည်။

         ချစ်ချစ်က နာရီကိုကြည့်သည်။ လေယာဉ်ဆင်းခါနီးပြီ။ ပေါင်ဒါ ရိုက်ရန် ပိုက်ဆံအိတ်ကလေးကို ဖွင့်၏။ မင်နီဖြင့်ရေးထားသော စာရွက် ကလေးတစ်ရွက်ကို မောင်က တွေ့သွားလေသည်။ “အဲဒါ ဘာစာရွက် လေးလဲ ́ဟုဆိုကာ မောင်က ကြည့်သည်။ ချစ်ချစ်က အမှတ်မထင် လှမ်းတော့ မောင်က ချစ်ချစ်လက်ကိုဖယ်ကာ ဖြန့်၍ဖတ်နေလေသည်။ မောင့် အပြုအမူသည် ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ ။ "ဘာမှမဟုတ်ပါဘူး၊ မေရှင်ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ” ချစ်ချစ်က မောင် ဖတ်နေသည်ကိုကြည့်ပြီး ဘေးမှ ဝင်ပြောမိ “ချစ်ချစ်က မေရှင့်သီချင်းလ် ဆိုထားတယ်လား” 'ဘာလဲ ချစ်ချစ်တို့ကို မြန်မာသီချင်း မဆိုတတ်ဘူး လို့လား” “ဟုတ်ပါဘူး၊ ခေတ်ဟောင်းသီချင်း တစ်ပုဒ်ပါ”

         “ခေတ်ဟောင်းသီချင်းလဲ ရေဒီယိုက ခဏခဏ လာနေတာပဲ”

         မောင်က ချစ်ချစ်ကိုကြည့်ကာ ကျေနပ်စွာ ရယ်လေသည်။ 'ချစ်ချစ် စကားပြောတာ သိပ်နားထောင်လို့ ကောင်းတယ်၊ သီချင်း ဆိုရင်လဲ နားထောင်လို့ကောင်းမှာ ဆိုပြပါလားဟင်”

         “ဟင့်အင်း မဆိုချင်ဘူး” “မဆိုရင် ဒီနေရာက မသွားရဘူး”

         ချစ်ချစ်သည် ရှက်စနိုးဖြင့် ရယ်နေ၏။ ပြီးတော့ သီချင်းကို တစ်ဝက်တစ်ပျက်မှ ကြားဖြတ်၍ ညည်းပြလိုက်သည်။

        “ချစ်သူပန်း ပွင့်လန်းဖို့ရာ၊ ကိုရွှေမိုးကို မျှော်ကိုးမိတာပါ၊ ပျော် ပင်နန်း ခင်မှန်း ပွင့်လန်းဖို့ရာလေ၊ ကိုရွှေမိုးရယ် မိုးရယ်၊ မေတ္တာရေ သွန်းဖြိုးပါ”

       “အိုး ဘယ်ဆိုးလို့လဲ"

        “ကဲ သွားတော့မယ်၊ ဪ ဒါနဲ့ ဘာလို့ တို့ကို ချစ်ချစ်လို့ ခေါ်တာလဲ"

         မောင်က ချစ်ချစ် ပိုက်ဆံအိတ်လေးကို လက်ညှိုးထိုးပြသည်။ ချစ်ချစ် ပိုက်ဆံအိတ်မှာ ချစ်ချစ်ဟု နာမည်ထိုးထားသည်။

         ချစ်ချစ်က လေယာဉ်ဆင်းတော့မည့်အကြောင်း ကြေညာရန် အခန်းငယ်ထဲသို့ ဝင်ခဲ့ရပြန်သည်။ မောင်တော့ ချစ်ချစ်အသံကို နား ထောင်နေမှာပဲဟု တွေးကာ အသံအနည်းငယ် တုန်နေလေသည်။

         “ကျေးဇူးပြု၍ နားဆင်ပါရှင်၊ အချိန်အနည်းငယ်အတွင်းမှာ ကျွန်-၂ လေယာဉ်သည် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်ပါမယ်။ ခရီးသည်များအားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ထားကြပြီး ဆေးလိပ် မီးများ ငြိမ်သက်ကြရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်ရှင်”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)