Skip to product information
1 of 2

Other Websites

မိုးမိုး(အင်းလျား) - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ခရေပွင့်လေးတစ်ပွင့် မြေပေါ်သို့ ဖြုတ်ခနဲ ကြွေကျလာသည်။

          စုတို့လို ကျောင်းမှ ထွက်ကာစ ကျောင်သူဟောင်းတွေ အနေဖြင့် လည်း နှုတ်ဆက်ပွဲကို ဆင်နွှဲလိုသေ သည်။

           “ဆွဲကြိုးလေးက သေးသေးမျှင်မျှင်လေးဆိုတော့ ရိုင်မယ်မထင် ပါဘူး အိုင်ရင်းရေ၊ ရော်”

          စုက ဆွဲကြိုးချိတ်ကို နောက်ကျောဘက်သို့ ရွှေ ရင်း မျက်နှာကို ပါးနီသုတ်နေသော အိုင်ရင်း ကို မေ သည်။ ဆွဲကြိုးလေးက တကယ့်ကို သေးသေးမျှင်မျှင်လေး။ ပြီးခဲ့သည် စုမွေးနေ့ ကမှ ဖေဖေက ပေးခဲ့ခြင်း ဖြစ်သည်။ ကျောင်းတက်ရာတွင် ရွှေမဝတ်လိုသဖြင့် တစ်ခါမှ ထုတ်မဆွဲခဲ့။ ယနေမှ အမှတ်တရ ဆွဲဖြစ်သည်။ ယနေ့အဖို့ အထူ ခြာ ဆုံး ဖြစ်နေရန် လိုအပ်သည်။ အလှပဆုံးလည်း ဖြစ်စေချင်သေးသည်။

           “ကောင်းသာ ပဲ စင်သီရာ၊ အဆင်ပြေပါတယ်၊ လော့ကက် သေ သေးတစ်ခု ထည်လိုက်ရင် ပိုပြည်စုသွာမယ် ကိုယ် ထင်တယ်လေ

          အိုင်ရင်း စကားပြောပုသည် သိပ်ပြီး မြန်မာမဆန်တတ် သို့သော် သူ့ကို အပြစ်ဆိုစရာတော့မရှိ။ အိုင်ရင်းသည် အနောက်တိုင် သွေးလေးပုံတစ်ပုံခန့် ပါသူဖြစ်သည်။ သူ အဖေကတော့ မြန်မာအမျိုးသား စစ်စစ် တစ်ယောက်ပင်။ သူ့အမေက ဥရောပသွေး တစ်ဝက်ပါသည်။

         “တို့ကို စင်သီရာဆိုတဲ့နာမည်ကြီး မခေါ်စမ်းပါနဲ့ အိုင်ရင်းရယ်၊ စုလို့ ခေါ်နော်၊ သော် လောကက်လဲ တို့မှာ မရှိဘူး၊ ဒီအတိုင်းပဲ ဆွဲရမှာပဲ”

          “ဆောရီ စု၊ ယူက မာသာကြီးပေးတဲ့နာမည်ကို မကြိုက်ဘူးဆိုတာ တို့မေ့သွားတယ်၊ ဒီအတိုင်းလဲလှပါတယ်၊ သူ့ အသားက အဝါရောင်ပဲ။ ရွှေနဲ့လိုက်တယ်” ။

         “ကျေးဇူးပဲ အိုင်ရင်း၊ တို့ကလေ တိုနာမည်ကို ပရင်မ်ရိုစ်တို၊ မက်ဂနိုလီးယားတို့ ပန်းလှလှနာမည်လေးတွေ ပေးစေချင်တာ၊ ဒါမှ မဟုတ်လဲ အေပရယ်တို၊ ဒီဇင်ဘာတို့ပေါ့ကွာ”

         “အို ဒါဆို ဒေစီတို့၊ ရိုစီတို့၊ မေတို့၊ ဇွန်တို့ မှည့်ရင်လဲရတာပေါ့”

         “အဲဒီနာမည်ကြီး တွေက ရိုးလွန် လို၊ ထာ ပါတော့လေ၊ တက္ကသိုလ် ရောက်ရင် မြန်မာနာမည် စုစုလှိုင်လို့ ပြောင် ရမယ်တဲ့၊ ဖေဖေက ပြောပြီးသာ”

         “အဲဒါက ဘာအဓိပ္ပာယ်လဲ”

          “တို့က အင်္ဂါသမီ လေ၊ ပြီး တော့ စုဆိုတာ ချစ်စရာကောင် တယ် | ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်”

         “ယူက သိပ်စိတ်ကူးယဉ်တယ်” “ဟုတ်မှာပဲ”

         မိန်း ကလေး နှစ်ယောက်လုံး မှန်တင်ခုံရှေ့မှ ခွာလိုက်သည်။ အိုင်ရင် သည် အဝတ်အစားလဲပြီးသား အဆင်သင့်ဖြစ်လေသည်။ စုကယခုမှ အကျီလဲရသည်။ အဝါရောင်ဖျော့ဖျော့ ချိတ်လုံချည်ကို ရွေးထားသည့် အကျီကလည်း လက်ရှည်အဝါနုလေးပင် ဖြစ်သည်။ ဆံပင်ကို ဖဲကြံ ဝါဝါနှင့် နောက်မှာ စုစည် ထားပြီး ဖြစ်သည်။ အိုင်ရင် သည် စု တအံတသြကြည်နေ၏။ အိုင်ရင်း၏ အကျီစသည် အင်္ဂလန်မှ သူ အဘွား ပို့လိုက်သော ရှားရှားပါးပါး ပိုးစဖြစ်သည်။ အစိမ်းရောင်စိုစိုနှင့်ရောင်စုံအပွင့်လေးများ ဖောက်ထား သဖြင့် ညပွဲနှင့် လိုက်ဖက်လေသည်။ လည်ပင်းဟိုက်ဟိုက် ချုပ်ထားသဖြင့် ပန်းနုရောင်ရင်ညွန့်လေသည် ထင်နေသည်။ ပတ္တမြား ဆွဲပြားလေးကို လည်ပင်းမှာကပ်ပြီး ဆွဲထားသည်။ လှချည်ကလည်း မသိမသာ ဖြိုးပြက်လျက်ရှိသော အစိမ်းရောင်လေး ဖြစ်၏။

         “စု ဒီအဝတ်အစာ တွေ ရွေးထာ တာမြင်တော့ ကိုယ် အဩမိတာ အမှန်ပဲ၊ ခု ယူဝတ်လိုက်တော့ သိပ်ကို လှသွားတာပဲ၊ ရိုးရိုးလေးနဲ့လှတယ်။ ကိုယ်ထင်တယ်။ ကိုယ်တို့ကျောင်းသူတွေ တစ်ယောက်မှ ယူ လို ဝတ်စား လာမှာ မဟုတ်ဘူး၊ ဒီညတော့ ယူ အထူးခြားဆုံး ဖြစ်မှာအမှန်ပဲ”

          “အရောင်က သိပ်နုတော့ ပေါ်မှ ပေါ်ပါ့မလားလို့ တို့က စိုးရိမ်နေတာ”

         “အားလုံးခြုံလိုက်တော့ အဝါရောင်လေးက တောက်သွား တယ်။ တကယ်ပဲ ယူဟာ ပန်းကလေးတစ်ပွင့်လိုပါပဲကွယ်”

         “ဒီလိုဆိုလဲသွားကြစို၊ စောစောရောက်နှင့်ရင် ပိုကောင်းမယ်”

         စုတို့နှစ်ယောက် အခန်းထဲက ထွက်လာသည်ကို ဖေဖေက လှမ်းမြင်သည်။ ဖေဖေသည် သမီး ဖြစ်သူကို တမင်စောင့်ကြည်နေခြင်လည်း ဖြစ်နိုင်ပေသည်။ ဖေဖေရင်ထဲမှာ စုအတွက် အမြဲတမ်း ပူပင်ကြောင်ကြ ဖြစ်နေတတ်သည်မှာ သိသာလှသည်။

          “ဟေး သမီ က သိပ်လှပါလား၊ ဒီလိုမှပေါ့၊ အိုး သမီး အိုင်ရင် ကလဲ လှလိုက်တာ”

          “စင်သီရာကို ချီးကျူးချင်တာနဲ့ အိုင်ရင်းကို အားနာလို့ပြောတာလ အန်ကယ်”

            ဖေဖေက သဘောကျစွာ ရယ်သည်။ တကယ်တော့လည်း ဖေဖေ အာရုံထဲမှာ သမီးတစ်ယောက်တည် သာ ကွက်မြင်ခဲ့တာကို ဝန်ခံရပေမည်။

         “မဟုတ်ပါဘူး ကွယ်၊ တကယ်ကိုလှလို့ ပြောတာပါ” ။ “ကျေဇူ ပဲအန်ကယ်၊ သမီးတို့ သွား တော့မယ်” ။ “ကောင်းပြီ ကောင် ပြီ၊ ကိုအေ မောင် လိုက်ပိုလိမ့်မယ်နော်” အိုင်ရင်းက စု မျက်နှာကို ကြည်သည်။ ။

        “နေပါစေ ဖေဖေ၊ သမီးတို့ သူငယ်ချင်းတွေနဲ့ ချိန်းထား သေးတာဆိုတော့ လမ်းလျှောက်သွား တောမယ်၊ သူတို့က ထိပ်ကအိမ်မှာ စောင့်နေကြမှာ'

ဖေဖေ မျက်နှာပျက်သွား သော်လည်း ချက်ချင်း ဣ့်ဆည် လိုက်သည်။ သည်လိုနေမျိုးမှာ သူတို့လေးတွေ လွတ်လွတ်လပ်လပ်သွားချင် ကြမည်ဆိုတာ နားလည်လိုက်၏။ သို့သော် ပန်းကလေး တစ်ပွင့်လိုလှသော သမီငယ်အတွက် စိုးရိမ်စိတ်သည် ဖုံးကွယ်၍မရ။

        “အပြန်ကျရင်တော့ ဖုန်းလှမ်းဆက်လိုက်နော်” “ဟုတ်ကဲ့ ဖေဖေ” “ဟုတ်ကဲ့ အန်ကယ်”

         မိန်းကလေး နှစ်ယောက် ခပ်သွက်သွက်ဆင်းသွားကြ၏။ စု၏ ဖူးပွင့်စ ပန် ကလေး သဏ္ဌာန်သည် ဖေဖေ မျက်စိအောက်မှ ပျောက်ကွယ် သွားလေသည်။ စုကို မည်မျှကြာကြာ သူ့ မျက်စိအောက်မှာ လုံခြုံစွာ ထိန်းသိမ်းထားနိုင်ပါမည်လဲ။

        စုသည် သူ အမေလို လှသူဖြစ်သည်။ ပြီး တော့ သူ အမေလိုပင် အနုအလှ ကြိုက်သည်။ ပန်းကြိုက်သည်။ ကဗျာချစ်သည်။ ဂီတမှာ သာယာတတ်သည်။

         ပြီးတော့ စုသည် စိတ်ကူးလည်း ယဉ်တတ်သည်။ သည် မိန်းကလေးသည် အချစ်ကိုလည်း ယုံစား ကို ကွယ်တတ်သည် မဟုတ်လား။

         “သူ့ အဖေက စိုးရိမ်ကြီးလွန်းတယ်ကွာ၊ တကယ်ဆို တို့အရွယ်က အနောက်နိုင်ငံမှာသာဆို ယောက်ျား ကလေး တွေနဲ့ ဒိတ်လုပ်လိုရပြီ၊ ဒီလို ညမျိုးဆိုလဲ ကပွဲမှာ ကောင်းကောင်းတွဲကရမှာပဲ”

         လမ်းထိပ်သို့ လျှောက်လာရင်း အိုင်ရင်းက မကျေမနပ်ဆိုသည်။

         အရပ်ကလည်း မြင်သဖြင့် ကပြာ ရုပ်ဟု ဆိုနိုင်သည်။ သို့သော် ဆံပင်များ နက်မှောင်တာ၊ မျက်လုံးများ နက်တာကတော့ မြန်မာမိန်းကလေးပီသပေသည်။

         “သိပ်လဲ ဗိုလ်မဆန်ချင်ပါနဲ့ အိုင်ရင်ရယ်၊ မင်းမှာ ကပြာသွေးက နည်းနည်းလေးပါ”

         သူတစ်ပါးကို ဝေဖန်ခဲသော စုက ပြုပြီး ပြောသည်။ စုကသာ မည်မျှပင် မြန်မာဆန်ဆန် ဝတ်စားပြင်ဆင်စေကာမူ မျက်လုံးများညိုမှောင်ပုံ၊ နှုတ်ခမ်းထူပြီး သေသပ်ပုံက အနောက်တိုင်း ဆန်သည်။ ပြုလျှင်လည်း ပါးချိုင်ကလေးများက ပေါ်လာတတ်သည်။ ရှားရှားပါးပါး မြင်ရတတ်သော စု၏ အပြုံးများကို ကောင်လေး တွေက နှစ်သက်တတ်တာ အိုင်ရင်းက သတိရသည်။

        “သဘောကို ပြောတာပါကွာ၊ ဒါနဲ့ မှာထားရဦးမယ်၊ မစ်ကီတို့ မောင်မောင်တို့ကို ကောင် ကောင်းမွန်မွန် စကားပြောပါနော်”

         “အေး ပါ”

          ဆင်းဒဝစ်လမ်းထိပ်ကို ရောက်လာသည်။ အိုင်ရင် သည် လမ်း ဟိုဘက် သည်ဘက်ကို မျက်လုံး ကစာ ပြီး ကြည်၏။

          အအေးဆိုင်မှ ကောင်လေး နှစ်ယောက်ထွက်လာလေသည်။ အိုင်ရင်း က စိတ်အေးသွား ဟန်ဖြင့် စုကို ကြည့်ပြီး ပြုသည်။

         ကောင်လေး နှစ်ယောက်လုံး ဘောင်းဘီရှည်များ ကို ဝတ်ထားကြ၏။ အကောင်းစား ရှပ်အင်္ကျီများကို ဝတ်ထားသော်လည်း သေသပ်ခြင်းမရှိဟု စု စိတ်က ထင်သည်။ ပြီးတော့ သူတို့ကိုယ်သူတို့ သာသနာပြုကျောင်းမှာ နေသည် ဆို ပြီး ဗိုလ် ဆန် ဆန် အတင်းဝတ်စာ လာ သည်ကို စုက မကြိုက်ပေ။ တကယ် အနောက်တိုင် ဆန်မည်ဆိုလျှင် လူကြီး လူကောင် ပီသပြီး ယဉ်ကျေ ရမည်ဟု စုက ယုံကြည်သည်။

         “ဟေ အိုင်ရင်၊ တိုစောင့်နေတာ ကြာပြီလေ၊ မင်တို့အလှပြင်တာ သိပ်ကြာတာပဲ”

          မစ်ကီက အနားရောက်ရောက်ချင်း ပြော၏။ မစ်ကီနှင့် မျက်မှန်း တန်ပြီးသာ ဖြစ်သဖြင့် အိုင်ရင်း မှာထားသည်ကို သတိရကာ အလိုက်သင့် ပြုံးပြလိုက်သည်။ မောင်မောင်ကိုတော့ နီးနီးကပ်ကပ် သည်တစ်ခါပဲ တွေ. ဖူးသည်။ အိုင်ရင်း၏ မွေ နေမှာ တစ်ခါ ဝေးဝေးက မြင်ဖူးသည်။ ကပိုကရို နေတတ်သော်လည်း အေ ဝေပုံရသည်။ မောင်မောင်သည် စုကို တစ်ချက်လှမ် ကြည်ပြီး မျက်နှာလွှဲသွားသည်။ နောက်ထပ် မကြည်တော.။ ယောက်ျားလေး နှစ်ယောက်လုံး အိုင်ရင် ကိုကြည်ကာ စကားပြောကြ သည်။ စု နည်းနည်းတော့ အနေရ အထိုင်ရ ခက်လာသည်။

        “ဟေ့ မောင်မောင်၊ သူ့ကို သိတယ်မဟုတ်လား၊ ကိုယ်အချစ်ဆုံး သူငယ်ချင်း စင်သီရာ၊ အဲ သူကတော့ စုလို့ခေါ်မှ ကြိုက်တယ်”

         မောင်မောင်သည် စုဘက်သို့ ဒုတိယအကြိမ် လှည်ကြည်သည်။ သည်တော့လည်း မောင်မောင် အကြည်သည် နက်နက်ရှိုင်းရှိုင် ရှိလှသည်။ 

        ဝမ်းသာပါတယ်ဟူသော စကားကိုလည်း အင်္ဂလိပ်လိုပြောသည်။ စု ပြုပြီး ခေါင်းညိတ်ပြ၏။ စု၏အပြု သည် စကာ တစ်လုံးထက်ပို၍ တန်ဖိုး ရှိကြောင်း စုကိုယ်စု ယုံကြည်သည်။

        “ကဲ သွားကြစို့” မစ်ကီက ပြောကာ ရှေ့မှ ဦး ဆောင်သွားလေသည်။

        အိုင်ရင်းက မစ်ကီဘေးမှ ကပ်လိုက်သွား တော့ စုသည် အလိုလို မောင်မောင်နှင့် တွဲပြီးသား ဖြစ်နေလေသည်။ အိုင်ရင်း၏ စကားသံဖြင့် တစ်လမ်းလုံး ဆူညံနေသည်။ ကျောင်းရှေ့ရောက်မှပင် အိုင်ရင်း အသံ တိတ်ဆိတ်သွား တော့သည်။

        “ကဲ သွားမယ်၊ ကိုယ်တို့ဆိုင်ကို လာအာ ပေနော်၊ ပွဲသိမ်းရင်တော့ ဒီနားကပဲစောင့်နေ ကြာ လား၊ ယူတို့ နှစ်ယောက်လုံးကို ပြောတာနော်”

       “စိတ်ချ”

        အိုင်ရင်က ယောက်ျားလေး နှစ်ယောက်လုံးကို မှာနေသော်လည်း စု၏ မျက်လုံးများကား သူတို့ဆီ မရောက်ပေ။ ရောင်စုမီးလုံးတွေ ထွန်းညှိထားသော စကားပင်အောက်မှာ ရပ်နေသူတစ်ယောက်ကိုသာ အထိတ်တလန့် ကြည့်နေမိသည်။

         “သွားမယ်နော် စု၊ တော်ကြာ ဆိုင်ကိုလာခဲ့မယ်” မောင်မောင့်အသကြာ မှ ကပျာကယာ ခေါင်း ကို ညိတ်ပြလိုက်ရသည်။

        အိုင်ရင်း နှင့်အတူကျောင် ရှေ့ မြက်ခင် ပြင်သို့ ဝင်လာသည်အထိ စု၏ မျက်လုံးများက စကာ ပင်အောက်သို့ ရောက်နေမြဲ။

         “အို သူ သူ၊ ဟုတ်ပါတယ်လေ၊ သူပါပဲ”

          ရင်ထဲမှာ တဒိတ်ဒိတ် ခုန်လာလေသည်။ သူ မျက်လုံးများမှာ မကျေမနပ်ဖြစ်နေသည် အရိပ်အရောင်ကိုမြင်ရတော့ မောင်မောင်တို့နှင့် တွဲလာမိတာ မှာ ပြီလာဟု ပူပန်သွား မိသည်။ “အို ဘာဆိုင်လိုလဲ၊ သူ -ငါနဲ့ ဘာမှ မှ မပတ်သက်တာ”ဟု တွေးပြီး စိတ်ကို ဖြေရလေသည်။ သို့သော် ကြောက်စိတ်က မပြယ်သေး။

        “ယူ မောင်မောင့်ကို သဘောမကျဘူး လား ဟင်”

        အိုင်ရင်းက မေးသည် ကို ယောင်ယမ်းပြီး ခေါင် ညိတ်ပြလိုက်သည်။

         “ကျပါတယ်”

          “ဟဲ ဟဲ ကိုယ်ထင်သာ ပဲ၊ သူက အေ ပါတယ်၊ ယူနဲ့လိုက်တယ်။ သူ့ အဖေကလဲအရာရှိတစ်ယောက်ပဲ၊ အဆင့်အတန်း မနိမ့်ပါဘူး”

         “အို ကိုယ်စိတ်မဝင်စားပါဘူး အိုင်ရင်း ရယ်” “ဟော စောစောကပြောတော့ ယူ သဘောကျတယ်ဆို”

         “ဪ ခင်မင်ပါတယ်လို့ ပြောတာပါ”

         သူတို့နှစ်ယောက် အအေးဆိုင်ရှေ့သို့ရောက်လာသဖြင့် စကားပြတ် သွားသည်။ ဆိုင်ထဲဝင်ကာနီးမှာ စုသည် နောက်သိုတစ်ချက် ပြန်လှည် ကြည်မိ၏။ ပြီးတော့မှ နောင်တရသွားသည်။ ကြောက်စိတ်တွေ ပိုမိုပြင်းထန်လာလေသည်။ ဆိုင်ထဲမှာ ရောက်နှင့်နေသော မြမြနွယ်တို့၊ ပမ်မလာတို့အုပ်စုက စကာ တွေ ဆူဆူညံညံပြောကြသည်။ စုကတော့ တာဝန်ကျရာနေရာမှာ ထိုင်ရသည်အထိ ရင်ခုန်နေဆဲပင်။ မကြာမီ သူ ရောက်လာတော့မည်ဟု တွေ မိကာ ဇောချွေးများပြန်လာသည်။ သူ အေးအေးဆေးဆေးမှ လာပါမလားဟု ပူပန်လိုက်မိလေသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)