မိုးဇက်ပိုင် - သာသမီးပြုစုပျိုးထောင်ခြင်းအနုပညာ
အခန်း (၁)
သင် မရှိချိန်မှာ သင့်ကလေးဘေးကင်းအောင်
ဘယ်လိုသင်ကြားမလဲ
သင်ဟာ သင့်ကလေးနဲ့ အချိန်တိုင်း အတူတူမရှိနိုင်ပါ ဘူး။ ဒီအတွက် သူတို့ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်တတ်အောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်နိုင်အောင် အခြေခံအချက်တွေ သင်ပေးဖို့ လိုအပ်ပါတယ်။
အကြံပြုချက်များ
ကို အဆင့် (၁)
အိမ်အနီးအနားဝန်းကျင်မှာပဲ သင့်ကလေးကို ရှိပါစေ။ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်များနဲ့ မကြုံရအောင် တားဆီးပေးထားပါ။ ဥပမာ- အန္တရာယ်ပေးနိုင်တဲ့ ထိခိုက် နိုင်တဲ့ အရုပ်မျိုးကို ဖယ်ထားပါ။ ဝန်းကျင်မှာ ကွဲနိုင် ရှနိုင် တာမျိုး မရှိအောင် ဂရုပြုခိုင်းပါ။ ချွန်ထက်တဲ့ အရာဝတ္ထု တွေနဲ့ မထိခိုက်စေဖို့အတွက် တစ်ဟုန်ထိုးပြေးခြင်းမျိုး မပြု လုပ်ဖို့ မှာထားပါ။
အဆင့် (၂)
လုံခြုံစိတ်ချရတဲ့ ဝန်းကျင်ဧရိယာမှာ ကစားခြင်းဟာ အရေးကြီးကြောင်း သင့်ကလေးကို ရှင်းပြထားပါ။
အဆင့် (၃)
စက်ဘီးစီးတဲ့အခါ စကိတ် (စကိတ်လျှာပြား) စီးတဲ့ အခါ အကာအကွယ်ပေးမယ့် အဝတ်အစားများ ဝတ်ဆင် ထားဖို့ တိုက်တွန်းပါ။
အဆင့် (၄)
စက်ဘီးစီးတဲ့အခါ လက်ကိုင်ငြိမ်ငြိမ်နဲ့ စီးဖို့ သင်ပေး ထားပါ။
အဆင့် (၅) ရပ်
မော်တော်ကားစီးတဲ့အခါ အချိန်တိုင်း ထိုင်ခုံခါးပတ် များ ကျနစွာ တပ်ဆင်တဲ့ အလေ့အကျင့်ရှိပါစေ။
အဆင့် (၆)
မီးဘေးအန္တရာယ်နဲ့ ကြုံတဲ့အခါ ဘယ်လိုနေရာမှာ ရပ်ရမယ်။ ဝပ်ချရမယ်။ မီးကူးနိုင်တဲ့ အဝတ်တွေ ဖယ် ရှားရမယ်။အဲဒီအချက်တွေ လက်တွေ့လုပ်နိင်အောင် သင်ပေးထားပါ။
အဆင့် (၇)
သင့်ကလေးကို မီးလောင်ရာ အိမ်မှ လွတ်မြောက် အောင် ရုန်းထွက်ရမယ့် အစီအစဉ်နဲ့ လက်တွေ့ လုပ်ဆောင် ရမယ့် အချက်တွေ သင်ပေးထားပါ။
အဆင့် (၈)
မြေငလျင်၊ လေဆင်နှာမောင်း၊ မုန်တိုင်း စတဲ့ ဘေး အန္တရာယ်နဲ့ ကြုံတဲ့အခါ ဘေးကင်းအောင် လုပ်ဆောင်ရ မယ့် အချက်များကို ကြိုတင်ပြောထားပါ။
အဆင့် (၉)
ရှေးဦးသူနာပြုစုနည်းကို သင့်ကလေးအား သင်ထား
ပါ။
အဆင့် (၁၀)
သင့်ဖုန်းနံပါတ်ကို အရေးပေါ် ခေါ်ဆိုခိုင်းပါ။ရမယ်။ အဲဒီအချက်တွေ လက်တွေ့လုပ်နိုင်အောင် သင် ပေးထားပါ။
အမှာ
ဒီစာအုပ်က ကျောင်းနေစအရွယ် ကလေးငယ်များ ထိန်းကျောင်းပြုစု ပျိုးထောင်ခြင်းအတွက် | အဓိကရည်ရွယ်ပြီး ခေါင်းစဉ်အမျိုးအစား (၂၅)ခု | အတွက် အကြံပြုချက်များကို စုစည်းတင်ဆက်ထားပါတယ်။ ယဉ်ကျေးမှု အလေ့အထနဲ့ ဖွံ့ဖြိုး မှု မတူညီတဲ့ နိုင်ငံတို့ရဲ့ လမ်းညွှန်ချက်များကို အခြေပြုပြန်ဆိုထားလို့ အနည်းငယ်သောအချက် | အလက်များ ကွဲလွဲနိုင်ပေမဲ့ များသောအားဖြင့် | အချက်အတော်များများဟာ ကလေးများအတွက် ၊ လိုအပ်တာကို တွေ့ရမှာပါ။
သင့်ရဲ့ ကျောင်းနေစအရွယ် သားသမီး ငယ်များအတွက် သင် ဖတ်ရှုပြင်ဆင် နည်းယူ နိုင်ပါစေ။ အောင်မြင်တဲ့ ပြုစုပျိုးထောင်သူ တစ်ယောက်အဖြစ် ရရှိနိုင်ပါစေ။