Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မအိ - မိန်းမတို့အကြောင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကျွန်မသမီး အပျိုဖြစ်ပြီ

           ကနေ့မနက် ထုံးစံအတိုင်း သမီးကိုနှိုးမယ်အလုပ် မှာ သမီးကနိုးနေပါပြီ။ ခုတင်ပေါ်မှာထိုင်ပြီး ပြတင်းပေါက် ကနေ တစ်ဆင့် ပန်းခြံထဲကို ငေးကြည့်နေပါတယ်။ ထွက် ပေါ်စ နေခြည်နုလေးတွေအောက်မှာ ပန်းပွင့်လေးတွေဟာ လိပ်ပြာလေးတွေ၊ ပိတုန်းလေးတွေနဲ့အတူ လေပြည်ထဲမှာ ယိမ်းကာ နွဲ့ ကာ ပျော်မြူးနေကြပါတယ်။

           အခုလိုမျိုး နွေရာသီကျောင်းပိတ်ကာလမှာ မနက် ရှစ်နာရီ ထိုးရင်တောင် မနည်းနှီးမှထတတ်တဲ့သမီးဟာ ရှစ်နာရီမထိုးခင် နိုးနေပြီ၊ မျက်နှာမသစ် ဘာမသစ်နဲ့ ခုတင် ပေါ်ငုတ်တုတ်ထိုင်လို့ ပြတင်းပေါက်ကနေတာ နှစ်ရက် ရှိသွားပါပြီ။ အဲသလိုနေရင်းနဲ့ သမီးတစ်ယောက် တာတွေကို ငေးမောတွေးတောနေသလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး။ လိပ်ပြာလေးတွေကိုလား ...၊ ပန်းပွင့်လေးတွေကိုလား ..၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကိုလား ..၊ အို ... ဟို.. ဟို... သမီးမှာ ရည်းစားသနာများ ရှိနေပြီလား ...

ဝေဒနာ

ဘယ်သူမှန်းမသိဘူးကွယ်

ကိုယ့်လက်ထဲမှာ မေတ္တာပန်းတစ်ပွင့်

 တိတ်တိတ်ကလေးထည့်သွားတယ်။

 ဘယ်သူမှန်း မသိဘူးကွယ်

အသည်းနှလုံးကို ခိုးသွားတယ်

ပြီးတော့ ကောင်းကင်အနှံ့

အဝေးကို ဖြန့်ကြဲလိုက်ပါတယ်။

 သူဘယ်သူဆိုတာ သိပါပြီလား

ဒါမှမဟုတ် နေရာတကာမှာ

 သူ့ကို ရှာနေဆဲပဲလား

ကိုယ်မသိပါကွယ်။

အင်း ကိုယ့်အတွက်

သုခ ဝေဒနာလေလား

ဒုက္ခ ဝေဒနာလေလားကွယ် ။

မောင်ဇေ

           ဆရာမောင်ဇေ ဘာသာပြန်ထားတဲ့ ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာတစ်ပုဒ်က ခေါင်းထဲကို ရုတ်ခြည်းဝင်ရောက်လာပါတယ်။ ရင်ထဲမှာလည်း ထိတ်ခနဲဖြစ်သွားရပါ တယ်။ သမီးက အခုမှ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ ကိုယ့်ရဲ့မျက်လုံးထဲမှာတော့ နို့နံ့တောင်မစင်သေးတဲ့ ပီဘိ ကလေးလေးတစ်ယောက်ပါပဲ။ ဒီအရွယ်ဟာ ရည်စားထား ရမည့် အရွယ်မဟုတ်သေးပါဘူး။ ရှစ်တန်းအောင်ပြီးခါစပဲ ရှိပါသေးတယ်။ ကိုးတန်းတောင် မတက်ရသေးဘူး။ကျောင်းပို့ကျောင်းကြိုတောင် အခုထိလုပ်နေ ရတုန်းရှိပါ သေးတယ်။

           အင်း ... ဒါပေမဲ့ ပြီးခဲ့တဲ့ခြောက်လလောက်မှာ သမီးရဲ့ ဓမ္မတာသွေးစပြီးပေါ်တယ် ...။ အဲဒီတုန်းက သမီး ဟာ သိပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေပုံရတယ်။ စာ လည်း ဖြောင့်အောင်မကျက်နိုင်ဘူး။ ထမင်းလည်း ကောင်းကောင်းမစားဘူး။ ရာသီသွေးကလည်း ပေါ်ကာစဆိုတော့ ပုံမှန်မဖြစ်သေးဘူး။ ဒီကြားထဲမှာ အဖြူဆင်းတာကို စိုးရိမ် လို့ ဆေးခန်းပြေးရတာကလည်း သုံးလေးခါဆိုတော့ သူ လည်း စိတ်ညစ်မှာပေါ့ ....။ အမျိုးသမီးတွေရဲ့ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သမီးနားလည်လက်ခံအောင် စိတ်ရှည် ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တာတောင်မှ ရှစ်တန်းစာမေးပွဲကြီး ကို ကောင်းကောင်းမဖြေနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။

           အဲဒီတုန်းက “သမီးအပျိုဖြစ်ပြီလား” ဆိုတဲ့ ကိစ္စကို ခေါင်းထဲမှာ သိပ်ပြီးအလေးအနက်မထားခဲ့ဘူး။ သမီးရဲ့တွေ ဘာတွေလို့ပဲ ခပ်ကြီးလာလို့ အမိပါတယ်။စူးရှရှအသံ ပျောက်သွားပြီး အသံကြီးကြီးပြောင်းသွားတာ၊ လက်မောင်းနဲ့ လက်ဖျံမှာ မွှေးညှင်းနုလေးတွေပေါက်လာ တာ၊ တင်ပါးဆုံရိုး နည်းနည်းကြီးလာပြီး ရင်သားနည်း နည်းပိုဖောင်းလာတာတွေကိုတော့ သတိထားမိပါတယ်။ ဒါတွေဟာလည်း အသက်ကြီးလာလို့ အလိုလိုပြောင်းလဲ လာတာတွေ့လို့ပဲ ခပ်ပေါ့ပေါ့တွေးခဲ့ပါတယ်။ အမျိုးသမီး တွေ ရာသီသွေးပေါ်တဲ့ကိစ္စကို အမေနဲ့လက်တွဲပြီး တည် တည်ငြိမ်ငြိမ် ဖြေရှင်းတက်လာတာတောင် တစ်လ၊ နှစ်လပဲ ရှိပါသေးတယ်။

           သမီးကို လေ့လာကြည့်ချင်တဲ့စိတ်က ရင်ထဲမှာ လှုပ်ခတ် သွားတယ်။ သမီး ဘာကိုငေးနေတာလဲလို့မေး ကြည့်တော့ သမီးက ရှက်သွားပြီး ဘာမှမဟုတ်ပါဘူး ... မေမေရဲ့လို့ ပြန်ဖြေတယ်။ ဒီမေးခွန်းနဲ့အဖြေဟာ ဘာရှက် စရာရှိလို့ အခုလိုမျိုး အမေကို ရှက်နေရတာလဲ။ သမီးဟာ အမေကို ရှက်တတ်လာတယ်။ အရင်ကနဲ့ မတူဘူး။ အရင် တုန်းကဆိုရင် ဘာကိစ္စပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းနဲ့ပြော တတ်တဲ့ သမီးဟာ အခုတော့ ဘာမဟုတ်တာလေးတွေက အစ လျှို့ဝှက်တတ်လာတယ်။ သမီးကို တစေ့တစောင်း အကဲခတ်ကြည့်လိုက်တော့ အဆီအသားတွေ တိုးပွားလာ လို့ ခါး၊ တင်၊ ရင် ကွဲကွဲပြားပြား ဖြစ်စပြုလာတာကို သတိ ထားမိသွားတယ်။ သမီးရဲ့ ခန္ဓာကိုယ်က ညွှန်ပြနေတာတွေ အားလုံးက သမီးအပျိုဘော်ဝင်နေပြီဆိုတာ တိတိကျကျညွှန်ပြနေပါကလား။

           ဟုတ်ပါတယ် ..။ သမီး အပျိုဖြစ်ပြီဆိုတာကို လက်ခံရတော့မှာပါ။ ခုနက ကဗျာထဲကလို သမီးဟာ ဘယ်သူမှန်းမသိသေးတဲ့ တစ်ယောက်ယောက်ကို စတင် ရှာဖွေနေပါပြီ။ သူ့အတွက်ကတော့ သုခဝေဒနာဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကိုယ့်အတွက်ကတော့ ဒုက္ခဝေဒနာပါ။ နို့နံ့တောင်မစင်သေးတဲ့ ကိုယ့်ရဲ့ သမီးဟာ ဘာမှန်း၊ ဘယ်သူ မှန်းမသိသေးတဲ့ ဆန့်ကျင်ဘက်လိင်ကို မျှော်မှန်း တွေး တောလာတတ်တာဟာ မိခင်အပေါ်မှာထားခဲ့တဲ့ အချစ်တွေ ကို ခွဲထုတ်ပြောင်းရွှေ့ထားချင်လာလို့ပဲ မဟုတ်လား .......။ အဲဒါကို တွေးမိလိုက်တာနဲ့ စိတ်ထဲမှာ ဝမ်းနည်းမိသွားပြီး မောပန်းနုံးချိလာပါတယ်..။ အတွေးတွေကလည်း လားရာ အနှံ့ဘက်ပေါင်းစုံကို ဖြန့်ကြက်သွားတော့တယ် ...။

           သမီးအပျိုဖြစ်ပြီ။ လောကကြီးရဲ့ သဘာဝအရ၊ လူသားတွေရဲ့ ဓမ္မတာအရ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပကတိ အရှိတရားတွေကို မိခင်တစ်ယောက်အနေနဲ့ ရဲရဲရင့်ရင့် ရင် ဆိုင်ရပါတော့မယ်။ မိခင်တစ်ယောက်အနေနဲ့ ရင့်ကျက်မှုမရှိ ဘူးဆိုရင် အပျိုဖြစ်လာတဲ့ သမီးကို ဘယ်လိုလုပ်ပြီး စောင့် ရှောက်ပျိုးထောင်လို့ရပါတော့မလဲ..။ သမီးဆီကနေ ဘာ တုံ့ပြန်မှုကိုမှ မျှော်လင့်မထားတဲ့ မိခင်ကောင်းဆိုတာဟာ အရာရာကို စွန့်လွှတ်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေရမယ် မဟုတ်ပါလား။ ဟုတ်ပါတယ် ... သမီးအပျို ဖြစ်ပြီဆိုတာကို ကျွန်မ တိတိကျကျ လက်ခံလိုက်ပါပြီ။

           ဒီလိုလက်ခံလိုက်ပြီးတဲ့နောက်မှာ အစီအစဉ်ကွေကို စနစ်တကျရေးဆွဲရပါတော့တယ်။ ပထမဆုံးအစီအစဉ်အရ ပြီးခဲ့တဲ့ (၂) နှစ်က ထုတ်ဝေခဲ့တဲ့ ကျွန်မရဲ့ “ယောက်ျားတို့ အကြောင်း” ဆိုတဲ့စာအုပ်ကို သမီးကို ပြန်ဖတ်ခိုင်းပါတယ်။ ပြန်ဖတ်ခိုင်းတယ်လို့ ပြောရတာဟာ အဲဒီစာအုပ်ထွက်တုန်း က သူတစ်ခါဖတ်ပြီးပါပြီ။ ဖတ်ပြီးတဲ့နောက်မှာ သမီး မှတ်ချက်ချတာက “ဘာတွေမှန်းလဲ မသိဘူး” ဆိုတာပါပဲ။ အဲဒီတုန်းကတော့ သူက အပျိုဘော်မဝင်သေးပဲကိုး ........။ အခုကျတော့ သမီးက စိတ်ဝင်စားစွာနဲ့ ဖတ်နေတာကိုတွေ့ရပါတယ်။ “ယောက်ျားတို့အကြောင်း” ဆိုတာကို စိတ်ဝင်စားစွာဖတ်နေတာဟာ သမီးအပျိုဖြစ်ပြီဆိုတာကို ထပ်ဆင့် ထောက်ခံမှုပြုနေတာ ဖြစ်ပါတယ်။ မရှင်းတာ တွေကိုလည်း မေးပါတယ်။ သမီးဟာ အဲဒီစာအုပ်ကို အချိန်ယူပြီးဖတ်လိုက်တာ တစ်လလောက် ကြာသွားပါ တယ်။ ဖတ်လည်းပြီးရော သူ့ရဲ့ မှတ်ချက်ချပုံက တစ်မျိုးပြောင်းသွားပါတယ်...။ “မေမေ့ဟာကလည်း ယောက်ျား တစ်ယောက်ရဖို့ မလွယ်ပါလား”တဲ့ ...။ မျှော်လင့်မထား တဲ့မှတ်ချက်ကြောင့်ပဲ သမီးကိုတစ်ပတ်လောက် အချိန် ယူပြီး ပြန်ရှင်းပြရပါတယ်။ ပြန်ဖြည်ထုတ်တဲ့သဘော လို့လည်း ပြောနိုင်ပါတယ်။

           အနာဂတ်စီမံကိန်းတွေ ကျန်နေသေးတဲ့အတွက်ကိုယ်ရေးတဲ့စာအုပ်ကို ကိုယ်ပြန်ဖတ်ရပါတယ်။ ဟုတ်ပါ တယ်..။ အဲဒီစာအုပ်ထဲမှာ ယောက်ျားအမျိုးမျိုးအကြောင်း ကို ရှင်းပြရင်းနဲ့ အမျိုးသမီးတွေသတိထားဖို့ကိုပါ တွဲတွဲပြီး ရေးထားပါတယ်။ ယောက်ျားတွေကလည်း အမျိုးမျိုး အစားအစား များပြားလွန်းလှတော့ သမီးအတွက် ရင်မော စရာကြီးဖြစ်သွားရတယ်နဲ့တူပါရဲ့..။ စီမံကိန်းအချိန်ဇယား အရ ဒုတိယအဆင့်ကို မေလဆန်းမှာ စတင်လိုက်ပါ တယ်။ ဒီတစ်ခါ သမီးကိုရှင်းပြတာကတော့ မိန်းမတွေရဲ့ အကြောင်းပါပဲ..။ ဒီတစ်ခါမှာတော့ အရင်ရေးခဲ့တဲ့စာအုပ် နဲ့မတူဘဲ ပိုပြီးပေါ့ပါးတဲ့အသွင်နဲ့ ပြောပြဖြစ်ပါတယ်။

           သမီးရဲ့ ကျောင်းဖွင့်ရက် ဇွန်လဆန်းမတိုင်မီမှာပဲ သမီးကို ပြောပြဖြစ်တဲ့ “မိန်းမတို့အကြောင်း” ပုံပြင်တွေဟာ ဆုံးခန်းတိုင် သွားခဲ့ပါတယ်။ စီမံကိန်းတတိယအဆင့်အရ လက်တွေ့ သင်ကြား ဖြေရှင်းနည်းတွေအတွက် ကိစ္စကြီး သေးအားလုံးကို အမေနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင် ပြောဆို ဆွေးနွေးဖို့ သမီးဆီက ကတိရခဲ့ပါတယ်။ သမီးရဲ့ စိတ် ဓာတ်၊ အတွေးအခေါ်နဲ့ ခံယူချက်တွေဟာ ကြည်ကြည် လင်လင်ဖြစ်သွားခဲ့ပါပြီ။ စောင့်ကြည့်မှုတွေအရ လက်တွေ့ မှာလည်းပဲ အခြေအနေအားလုံး ကောင်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သမီးကို ပြောပြဖြစ်ခဲ့တဲ့ “မိန်းမတို့ အကြောင်း” ကို မျှဝေပေးချင်တဲ့ စေတနာဟာလည်း ရင်ထဲမှာပေါ်ပေါက်ခဲ့ရပါတယ်။ သမီးပျိုရှိတဲ့ မိခင်တွေလည်း အသုံးဝင်ပါလိမ့်မယ်။ ဖတ်မိတဲ့ ကျားမ ပျိုပျို ရွယ်ရွယ်တွေလည်း သူ့ဟာသူ ဆင်ခြင်တတ်သွားပါလိမ့် မယ်။ သမီးတို့ကို ပြောပြချင်တဲ့ ပုံပြင်တွေရယ်လို့လည်း မှတ်ယူနိုင်ပါသေးတယ်။