Skip to product information
1 of 2

Other Websites

မသီတာ(စမ်းချောင်း) - စမ်းချောင်း အင်းစိန် ဟားဗတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဝိုးတဝါးအိပ်မက်များနှင့် လမ်းလျှောက်ခြင်း

မူလတန်းအိပ်မက်များ 

မြကျွန်းသာမှ အစပြု၍

ကြီးမားသော ဂိတ်တံခါးကြီးက သူ့ရင်ခွင်ကို နှစ်ခြမ်းခွဲကာ ဖွင့်ပြနေခဲ့ သည်။ ဂိတ်တံခါးကြီး မိတ်ဆက်ပေးလိုက်သည်က အဓိပတိလမ်း။ အဓိပတိ လမ်းအဆုံးမှာ သစ်ပုပ်ပင်နှင့် ဘွဲ့နှင်းသဘင်ခန်းမ။ အဝေးမှကြည့်လျှင်ပင် ကျက်သရေရှိလှသည့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ။ ခန်းမအဆောက်အအုံ ဘေးတစ်ဘက်တစ်ချက်က ခြင်္သေ့ကြီးနှစ်ကောင်။ ရှေ့မလှမ်းမကမ်းမှာက ဖြောင့်တန်းရှည်လျား တုတ်ခိုင်သည့် တစ်ကိုယ်တော် သစ်ပုပ်ပင်။ ဂိတ်တံခါးကို လွန်သည်နှင့် ဘယ်ဘက်မှာ ကျောင်းဆောင် အဆောက်အဦများ၊ ညာဘက်မှာ မြက်ရိုင်းရှည်တွေ ကြီးစိုးသည့် ကွင်းပြင်။ မြက်ရိုင်းရှည်ကွင်းပြင်ကို သေချာကြည့်လျှင် မြင်ရနိုင်သည်က ခပ်ဟောင်း

ဆောင်း အုတ်ဂူတစ်လုံး။ အနီးအနားမှ ညိုမှိုင်းမှိုင်းမြက်ခင်း၊ မြေနီလမ်းတို့နှင့် ရွက်စိမ်းဖားဖား ကံ့ကော်ပင်တွေကြားမှာ ထိုအုတ်ဂူက မထင်မရှား။

"ဒီဂူက နယ်ချဲ့ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂူပေါ့။ ဒီကွင်းပြင်နေရာမှာတော့ တစ်ခါတုန်းက အဆောက်အဦးကြီးရှိခဲ့တယ်။ အခုတော့ မရှိတော့ဘူး။ စစ်တပ်က ဖြိုချဖျက်ဆီးခဲ့တာ အိတုန်းက ကျောင်းသားကျောင်းသူတွေ တော်တော်လေးသေခဲ့ကြတယ်။အဖမ်းလည်း ခံခဲ့ရတယ်။ ဖေဖေက ဒီတုန်းက ကိစ္စတစ်ခုကြောင့် ရန်ကုန် ထဲမှာ ညအိပ်တာ။ နောက်နေ့မနက် ကျောင်းဝင်းထဲပြန်လို့မရဘဲ ညနေမှပြန်ဝင်လို့ရတော့ ဒီသမဂ္ဂအဆောက်အဦကြီးက မရှိတော့ဘူး။ တစ်ခါကဖေဖေတို့ကျောင်းသားတွေ စုဝေးပြီး အစည်းအဝေးလုပ်ကြ လက်ဖက်ရည် ဆိုင်ထိုင်ကြ လုပ်ခဲ့တဲ့နေရာပေါ့”ဟု ဖေဖေရှင်းပြခဲ့သည်။

ထိုစဉ်က ကျွန်မမှာ ကျောင်းနေစ မူလတန်းအရွယ်။ လူမှန်းသိတတ်စ ကတည်းက အရောက်ဖြစ်ဆုံးနေရာသည် ကျွန်မတို့ ငယ်စဉ်ကနေသော အိမ်နားက ရွှေဘုန်းပွင့်ဘုရား၊ သာကေတခုံးတံတား ပြီးလျှင် ရန်ကုန် တက္ကသိုလ်ဝင်းသာ ဖြစ်ခဲ့သည်။ ဖေဖေသည် သူ့ကျောင်းတော်ဟောင်းကို ချစ်မြဲ၊ လွမ်းမြဲမို့ ကျွန်မတို့မောင်နှမတစ်တွေကို ပုဇွန်တောင်မှ ကမာရွတ်၊ ရန်ကုန်အရှေ့ပိုင်းမှ အနောက်ပိုင်းခရီးကို ပြည်သူပိုင်ဘတ်စ်ကားဖြင့်ပင် တခုတ်တရ လိုက်ပို့ခဲ့သည်မှာ စနေ၊ တနင်္ဂနွေတိုင်းလိုလိုပင်။ ကျောင်းဝင်းထဲက အဆောင်များ၏ အမည်၊ မည်သည့်နာမည်ကျော် ကျောင်းသားများနေခဲ့သည်။ ယခု သူတို့ ဘာဖြစ်နေသည် စသဖြင့် မြကျွန်းသာအကြောင်းကို ဖေဖေထံမှ အပတ်စဉ်လိုလို ကြားနာခွင့်ရခဲ့သည်။ အပင်ကြီးငယ်များနှင့် စိမ်းလန်းမြဲဖြစ်သော၊ အင်းလျားကန်ရေပြင်ကျယ်ကို မေးတင်ထားသော သည်ရန်ကုန်တက္ကသိုလ်ကို အများက မြကျွန်းသာဟု တင်စားခေါ်ခဲ့ကြ သည်။ ကျွန်မတို့မောင်နှမလည်း မြကျွန်းသာ၏ ရင်ခွင်မှာ တစစ ပျော်ပိုက် လာခဲ့သည်။ ကိုလိုနီခေတ်မှသည် ယနေ့ထိ မြန်မာ့သမိုင်း၏ စာမျက်နှာများကို ဖတ်ကြမည်ဆိုလျှင် မြကျွန်းသာကို ချန်ထားမရ။ မြကျွန်းသာ၏သမိုင်းသည် အများအားဖြင့် မလှပါ။ သွေး၊ မျက်ရည်၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုက်ပွဲ ရုန်းကန်မှု၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေသည့် မြကျွန်းသာ၏သမိုင်းက ကျွန်မကိုကောင်းကောင်းကြီး ဖမ်းစားနိုင်ခဲ့သကဲ့သို့ ကိုလိုနီခေတ်အဆောက်အဦများ၊ စိမ်းလဲ့ညိုမှောင်သော အပင်ကြီးများနှင့် သာယာလှပသော အင်းလျားကန်၊ ထို့ထက် ပျားပန်းခတ်လှုပ်ရှားတက်ကြွနေကြသည့် မြကျွန်းသာ ကျောင်းတော် သူ၊ ကျောင်းတော်သားများ၏ ပုံရိပ်တို့က ကျွန်မကို မြို့ထားနိုင်ခဲ့သည်။

ဆေးတုကြောင့် ဆေးရုံရောက်

ထို့ကြောင့်ပင် လူမှန်းသိတတ်စမှာ ပထမဦးဆုံး မက်ခဲ့သော အိပ်မက် သည် ထိုမြကျွန်းသာ၏ရင်ခွင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ အခမ်းအနား တက်ရောက်နိုင်ရေးပင် ဖြစ်ခဲ့ပေသည်။ ထိုအိပ်မက်က ကျွန်မကို စာကြိုးစားသော မူလတန်းကလေးတစ်ယောက် ဖြစ်စေခဲ့သည်။ တစ်ခါက ဆရာမဖြစ်ခဲ့ ဖူးသော မေမေကတော့ ကျွန်မကို ဆရာဝန်တစ်ဦး ဖြစ်စေချင်ခဲ့သည်။

ကျွန်မက ငယ်လွန်းလှသည်ဖြစ်ရာ မြကျွန်းသာ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် တက်ရောက်ဘွဲ့ယူနိုင်မည့် မည်သည့်ဘွဲ့မျိုးကိုမဆို ရယူလိုစိတ်သာ ရှိခဲ့ သည်။

သို့သော် ကျွန်မသည် လူမှန်းသိတတ်စကတည်းက ကျန်းမာရေး ချူချာလွန်းလှသည်။ ဒုတိယကမ္ဘာစစ်အတွင်း မိဘနှစ်ပါးကွယ်လွန်ခဲ့ကာ ညီအစ်ကိုမောင်နှမများ၏ အထောက်အပံ့ဖြင့် ကျောင်းတက်ခဲ့ရသော ဖေဖေ က ကျောင်းမြန်မြန်ပြီးအောင် စီးပွားရေးဘွဲ့ကို ယူခဲ့ရသော်လည်း သူ ဝါသနာပါရာ ဆေးပညာကို အိမ်သုံးဆေးဝါးများ လေ့လာခြင်းဖြင့် ဆည်းပူး တတ်သောကြောင့် ကျွန်မတို့ နေထိုင်ရာ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ ဆေးဝါးစုံလင်သလောက် ကျွန်မတို့မောင်နှမသုံးယောက်မှာ ဆေးနံ့ကိုလည်း ယဉ်ပါးခဲ့ကြသည်။ ဆေးသောက်ရမှာ မကြောက်ကြသလို ဆေးရုံနံ့ကိုလည်း နှံသည်ဟု မမှတ်ယူခဲ့ကြ။ မည်သို့ဆိုစေ ကျွန်မမှာ ငယ်စဉ်ကပင် ဓာတ် တည့်သည့်ပြဿနာက ရှိနေခဲ့သည်။ အနံ့စူးစူးဝါးဝါးများ၊ အိမ်မွေးတိရစ္ဆာန် တို့၏အမွှေးများ၊ ပင်လယ်စာများ၊ လွန်းပူလွန်းသော ရာသီဥတု စသဖြင့် ကျွန်မ မတည့်သည့်အရာတွေက များလွန်းလှသည်။ ထိုအရာများကို အချိန် အတန်ကြာ ထိတွေ့လိုက်သည်နှင့် တစ်ကိုယ်လုံး ယားယံကာ အဖုအပိန့်တွေ ဖြစ်တတ်ပေသည်။ ထို့ထက်တစ်ဖန် မူလတန်းအရွယ်မှာ သာမန်တုပ်ကွေး

အတွက် ဆေးခန်းမှပေးလိုက်သော ပဋိဇီဝဆေးကို သောက်လိုက်ရာမှ ကိုယ်ပူချိန် ၁၀၆-၇ အထိ ဖြစ်ခဲ့ကာ သတိလစ်မေ့မျောသွားခဲ့ပြီး ကလေး ဆေးရုံသို့ တက်ခဲ့ရသည်။ နောက်နေ့တွင် မေမေ့အစီအစဉ်အရ ကျွန်မတို့ မောင်နှမတစ်ယောက်စီက တာဝန်ယူဆွမ်းလောင်းရသော အိမ်သို့ နေ့တိုင်းကြွ

သည့် ဘုန်းဘုန်းက တိုက်တွန်းသဖြင့် ကျွန်မသောက်ဖြစ်ခဲ့သော ဆေးကို ဆန်းစစ်ခဲ့ရာ အစစ်အမှန်မဟုတ်ဘဲ ဆေးဝါးအတု ဖြစ်နေခဲ့ပါသည်။ ထိုဆေး အတု၏ဒဏ်ကို ကျွန်မ ယခုတိုင် ခံစားနေရသည်ဟု ဆိုရမလိုပင်။ ကျွန်မ၏ တော်မတည့်သောဝေဒနာမှာ ယခင်ကထက် ပိုမိုဆိုးဝါးလာပြီး ယခုတိုင် အောင် မပျောက်နိုင်တော့။ ထိုစဉ်က ကလေးဆေးရုံမှာ သတိရတစ်ချက် တစ်ချက်နှင့် မြင်တွေ့ခံစားရသော ဆေးရုံမျက်နှာချင်းဆိုင်ရှိ တရုတ်သံရုံး ၏တံခါးနီနီနှင့် စူးရှရှရုံနံ့တို့မှာ ကျွန်မ၏ မမေ့နိုင်သော အာရုံထဲမှတစ်ခုပင်။ ဆေးရုံဆေးခန်းတို့နှင့် အမြဲလိုလို ထိတွေ့ဆက်ဆံလာခဲ့ရသော ကျွန်မသည် ဆရာဝန်၊ သူနာပြုတို့ကို သဘောကျချစ်ခင်လာခဲ့သည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)