မင်းသိင်္ခ - ဆရာသခင်နှင့်နှစ်ပေါင်းများစွာ
(၁)
မင်းသိင်္ခနှင့် စတင်တွေ့ဆုံခြင်း
ကျွန်ုပ်သည် (၁၀)တန်းအောင်ပြီးနောက် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ရန်အတွက် အားထုတ်ခဲ့သေး၏။ သို့ရာတွင် ထိုကာလအတွင်း ငှက်ဖျားရောဂါ ထလာသဖြင့် ဆေးရုံတက် လိုက်ရသောကြောင့် ကျွန်ုပ်၏အကြံအစည်ကို လက်လျှော့လိုက်ရလေ၏၊ ဆေးရုံမှဆင်းပြီးသောအခါ၌လည်း ကျွန်ုပ်၏စိတ်သည် ကောင်းစွာမမှန်တော့ဘဲ ဖောက်ပြန်နေ သောကြောင့် ကျွန်ုပ်၏ အစ်မကြီးက ကျွန်ုပ်အား စိတ္တဇဆေးရုံသို့ ပို့ခဲ့လေ၏။
ထိုနေရာတွင် (၃)နှစ်ခန့် ဆေးကုသခံပြီးနောက် | အိမ်သို့ ပြန်ခွင့်ရခဲ့လေ၏၊ အိမ်သို့ရောက်သောအခါ အမကြီးက...
“ကဲ ငါ့မောင် ညာကလိရေ ...၊ အိမ်ကိုတော့ ပြန် ရောက်လာပြီ၊ ဘာလုပ်မယ် စိတ်ကူးထားသလဲ” ဟု တည့်တိုးကြီး မေးလိုက်လေ၏။
ထိုအခါ ကျွန်ုပ်က...
“အစ်မကလည်းဗျာ ကျွန်တော်က ဘာမှမှမလုပ် တတ်ဘဲ၊ ဘာလုပ်စရာရှိမလဲ၊ 'စားပြီးအိပ်နေ ဘိက္ခဝေ၊ သေရင်ပတ်လတ် နတ်ပြည်တက်ပေါ့...”
ဟု ပြောလိုက်ရာ အစ်မကြီးက...
“ဟဲ့ ညာကလီ၊ ငါ့ကို ရူးကြောင်ကြောင်စကားတွေ လာပြီး ပြောမနေနဲ့ ...”
ဟု မာန်လိုက်လေ၏။
“ရူးကြောင်ကြောင်စကားပြောရမှာပေါ့ အစ်မကြီးရဲ့၊ အစ်မကြီးပဲ ကျွန်တော့်ကို အရူးဆိုပြီး စိတ္တဇဆေးရုံပို့ခဲ့ တယ်မဟုတ်လား ...”
ဟု ကျွန်ုပ်က ပြန်၍ပြောလျှင် အစ်မ ကြီးသည် တစ်စုံတရာ မပြောနိုင်တော့ဘဲ...
“အိုး ... ဂေါ့ဒ်”
ဟု ရေရွတ်လိုက်လေ၏။ ထို့နောက် အစ်မကြီးက...
“ဟဲ ညာကလီ၊ နင် ဗေဒင်လက္ခဏာတွေဘာတွေ ဝါသနာ ပါသလား”
ဟု မေးရာ ကျွန်ုပ်က...
“ကျွန်တော် အခု အသက် ၄၀ ရှိပြီ၊ ဗေဒင်လက္ခဏာမေးဖူးတယ်လို့ကို မမှတ်မိပါဘူး” ဟု ပြန်၍လျှင် အစ်မ ကြီးက...
“အဲဒီပညာကိုရော နင် ယုံသလား” ဟု မေးပြန်လေ
“ဒီမှာ အစ်မကြီး၊ ကျွန်တော် တစ်ခုပြောမယ်၊ ဒီ ပညာကိုမှ မဟုတ်ဘူး၊ ဘယ်ကိစ္စမှာမဆို ကျွန်တော်ဟာ ယုံတဲ့ အထဲလည်း မပါဘူး၊ မယုံတဲ့ အထဲလည်း မပါဘူး၊ ယုံမယုံက လွတ်နေတယ်” ဟု ကျွန်ုပ်က ပြောလိုက်လျှင် အစ်မကြီးက...
“နင့်စကားကို ငါ နားမလည်ဘူး၊ နင်နဲ့ကြာကြာစကား ပြောရင် ငါပါကြောင်သွားမယ်...” ဟု ပြောလိုက်ရာ ကျွန်ုပ်က...
“ကြောင်တော့မကြောင်နဲ့ အစ်မရေ ...၊ ရူးချင်ရင် အပြတ်သာရူးပစ်လိုက်၊ ညာကလီဆိုတဲ့လူသားဟာ ကြောင် ကြီးရဲ့ မောင်တော့ မဖြစ်ချင်ဘူး၊ မလွဲသာရင် အရူးမကြီး မောင်ပဲ ဖြစ် ချင်တယ် ...”
ဟု ပြောလိုက်လျှင် အစ်မကြီး
“နင်တို့ယောက်ျားတွေက အရူးဖြစ်ရတာ လွယ်တယ်ဟဲ့ ။ငါတို့မိန်းမတွေက အရူးဖြစ်ရတာ အန္တရာယ်သိပ်ပြီးများတာ...၊ ဆိုက်ကားဆရာတွေကို ကြောက်ရတယ်တော့် ...”
ဟု ပြောလိုက် ရာ ကျွန်ုပ်က ဟက်ဟက်ပက်ပက် ရယ်လေ၏
“အစ်မကြီးကလည်း မဟုတ်တာပြောရော့မယ်၊ ဟို တစ်ခါ အရူးမလေးတစ်ယောက်ကို သားမယားပြုကျင့်လိုက်တဲ့ကိစ္စမှာ ဆိုက်ကားဆရာတွေချည်းပဲမဟုတ်ဘူး၊ သူကြီး ပါပါနေတယ်...၊ အစ်မကြီးက သူကြီးကျတော့ မကြောက်ဘူးလား ...”
ဟု ကျွန်ုပ်ကပြောကာ တခစ်ခစ် ရယ်၍နေလေ၏၊
ထိုအခါ အစ်မကြီးက...
“ဟု ညာကလိ၊ စကားအကောင်းပြောမယ် နားထောင် စမ်း၊ သတင်းစာထဲမှာ ကြော်ငြာတစ်ခုတွေ့တယ်၊ အဲကြော်ငြာက လက္ခဏာဆရာမင်းသိင်္ခဆိုတဲ့လူက ယောကျ်ား ထမင်းချက်တစ်ယောက် အလိုရှိတယ်တဲ့၊ အဲဒီထမင်းချက်ကို လခဘယ်ရွေ့ဘယ်မျှ ပေးမယ်ဆိုတာလည်း ဖော်ပြထားတယ် ပြီးတော့ အိမ်မပြန်ရဘူးတဲ့၊ တစ်လမှ တစ်ခေါက်တည်း ပြန်ခွင့် ပေးမယ်တဲ့...
ဗမာအစားအစာတင်မကဘူး ကုလားအစားအစာ ချက်ပြတ်တတ်တဲ့လူကို ဦးစားပေးမယ်တဲ့၊ နင် သူ့ဆီမှာ အလုပ်လျှောက်ပြီး အလုပ်ဝင်လုပ်ပါလား...”
ဟု ပြောလိုက်ရာ ကျွန်ုပ်က... ။
“အစ်မရယ်... ဒီလိုသတင်းစာက ကြေညာပြီးခေါ်တယ် ဆိုရင်တော့ လျှောက်လွှာတွေတစ်ထပ်ကြီး ရောက် နေရောပေါ့ ရဖို့ လွယ်မယ်မထင်ပါဘူး” ဟု ပြောလိုက်ရာ အစ်မကြီးက...
“အဲဒီဆရာမင်းသိင်္ခဆိုတာနဲ့ ငါနဲ့ ရင်းနှီးတယ်တဲ့ ... ငါ ဝင်ပြီးပြောပေးရင် ရမှာပါ၊ ဒီဆရာက အတော်တော်တယ် ” ဟု ပြောလိုက်လျှင် ကျွန်ုပ်က... ။
“ကျွန်တော်တွေ့ဖူးတဲ့ လက္ခဏာဆရာတွေဟာ အဝတ် အစားကို ဖိုသီဖတ်သီနဲ့၊ ကွမ်းတွေဗရပျစ်ဝါးလို့ ဟောတာ ကလည်း ကပေါက်တိ ကပေါက်ချာတွေပဲ တွေ့ဖူးပါတယ်၊ တချို့လည်း ဆိုင်တွေဘာတွေတောင် မရှိဘူး၊ သစ်ပင်အောက် မှာထိုင်ပြီး ဟောနေကြတာ...၊ လူက သစ်ပင်အောက်မှာ ထိုင်ပြီး ဟောနေရပေမဲ့ သူတို့ပြောတဲ့စကားတွေက အလွန်ပဲ ကြီးကျယ်တတ်တယ်၊ တစ်ဖက်သား ယုံတာ မယုံတာအပထား၊ စွတ်ပြီးပြောတော့တာပဲ... ။
တစ်ခါကများဆိုရင် လကမ္ဘာကိုတက်ဖို့လူဟာ အာကာသယာဉ်လွှတ်ဖို့ ကိစ္စအတွက် 'နာဆာ အာကာသစခန်းက အခါကောင်း၊ နာရီကောင်းတွက်ပေးဖို့ လာပြီးပြောလို့ တွက်ပေး နေရတယ်လို့ပြောတဲ့ လက္ခဏာဆရာတောင် တွေ့ဖူးပါတယ်၊ နောက်တစ်ယောက်ကလည်း အဲလီဇဘက်ဘုရင်မက သူ့ အနာဂတ်ကံကြမ္မာကို သိချင်လို့ လက်ဝါးပုံနှိပ်ပြီး ပို့လိုက်တာကိုတွက်ပြီးပေးရဦးမယ်တဲ့ ...” ဟု ပြောလိုက်ရာ အစ်မကြီး က...
“ဟဲ့ နင်ပြောတဲ့ ဆရာတွေလို ခပ်ကြောင်ကြောင်ဆရာ မျိုးမဟုတ်ဘူးတဲ့၊ ဆရာမင်းသိင်္ခက သူပြောတဲ့စကားကို သူ တာဝန်ယူတယ်၊ သူစကားပြောတဲ့ ပြောဟန်ဆိုဟန်ကလည်း သူများနဲ့မတူဘူးတဲ့ ...၊ စကားပြောကောင်းတဲ့အပြင် အသံ ကလည်း သြဇာဓာတ်ပါတယ်တဲ့၊ အထူးသဖြင့် ကတော့ သူ့ရဲ့မျက်လုံးပဲ၊ သူ့ ရဲ့ မျက်လုံးနဲ့ အကြည့် ခံရတဲ့ အခါ သူ့ရဲ့ အကြည့်ဟာ နောက်စေ့ကိုတောင် ဖောက်သွားတယ်လို့” ထင်ရတယ်တဲ့ ...
ပြီးတော့ ဥပဓိရုပ်ကလည်း ခန့်ညားတယ် အထူး သဖြင့်ကတော့ နက်မှောင်ပြီး အချိုးကျတဲ့ သူ့ရဲ့နှုတ်ခမ်းမွေးပဲ” ဟုပြောလိုက်လျှင် ကျွန်ုပ်က... ။
“အခု အစ်မကြီးပြောတာတွေဟာ ဆရာမင်းသိင်္ခရဲ့ မညာတွေမဟုတ်ဘူး၊ ဆရာမင်းသိင်္ခကို ချီးမွမ်းနေတာ ... မဟုတ်မှလွဲရော အစ်မကြီး သူ့ကို ခိုက်လာပြီထင်တယ်” ဟု ပြောလိုက်လျှင် အစ်မကြီးက...
“နင်စွပ်စွဲမယ်ဆိုရင်လည်း စွပ်စွဲစရာပါပဲ၊ ခိုက် လောက်တဲ့ လူပဲဟေ့ ...၊ ဒါပေမဲ့ သူက မိန်းမကိစ္စတင်း ရှင်းတယ်၊ အရက် သေစာကင်းရှင်းတယ်၊ လောင်းကစားကင်းရှင်းတယ်” ဟု ပြော လိုက်လျှင် ကျွန်ုပ်က...
“ဒီလိုဆိုလည်း သူ့လည်ပင်းမှာ စာဆွဲထားဖို့ကောင်း တယ် အစ်မရေ ... “မူးယစ်ကင်းစင်ဇုံ'၊ 'အပျော်အပါးကင်း စင်ဇုံ' ၊ “လောင်းကစားကင်းစင်ဇုံ' ...”ဟု ပြောလိုက်လျှင် အစ်မကြီးသည် ရယ်လေ၏ ။
ထို့နောက် သူသည် ကျွန်ုပ်အား သူ၏ကားဖြင့်တင်ကာ လက္ခဏာဆရာ မင်းသိင်္ခဆိုသည့်သူထံသို့ ခေါ်သွားလေ တော့၏၊
ဆရာမင်းသိင်္ခနှင့်တွေ့လျှင် ဆရာမင်းသိင်္ခက ကျွန်ုပ် ၏ အစ်မကြီးအား
“မောနင်း ဒေါ်လီရေ... မတွေ့တာတောင် တစ်နှစ် နဲ့ သုံးလကျော်ပြီကွဲ နောက်ဆုံးတွေ့ခဲ့တာ ဧပြီလလေ၊ အခု ဇူလိုင် လရောက်နေပြီဆိုတော့ တစ်နှစ်သုံးလကျော်ခဲ့ပြီပေါ့...”
ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်၏အစ်မကြီး မဒေါ်လီက...
“ကြာပြီဆိုတာ သိပါတယ် ဆရာရယ်၊ ဆရာ လိုတော့ ဘယ်လောက်ကြာပြီဆိုတာတော့ အတိအကျ မပြော နိုင်ပါဘူး”
ဟု ပြန်၍ဖြေလေ၏။
ထို့နောက်... “ကဲ လာရင်းကိစ္စ ဆိုစမ်းပါဦး...”ဟု ဆရာမင်းသိင်္ခက မေးလေ၏။
ထိုအခါ ကျွန်ုပ်၏အစ်မကြီးတ... -
“ဆရာ သတင်းစာမှာကြော်ငြာတဲ့ ထမင်းချက်တစ် ယောက် အလိုရှိသည်ဆိုတဲ့ ကြော်ငြာကိုတွေ့လို့ လာခဲ့တာပဲ၊
ဟောဒါက ဒေါ်လီရဲ့မောင်အရင်းပါ သူ့နာမည်က ညာကလိတဲ့၊ ဗမာစာရော ကုလားစာပါ ချက်တတ်ပါတယ်” ဟု ပြောလိုက် လျှင် ဆရာမင်းသိင်္ခက ကျွန်ုပ်ဘက်သို့လှည့်ကာ...
“မောင်ညာကလိရေ... အရင်က ဘာအလုပ်တွေ များ လုပ်ခဲ့ဖူးပါသလဲ”
ဟု မေးလိုက်လေ၏။
ထိုအခါ ကျွန်ုပ်က... ။
“ကျွန်တော် တကယ်လုပ်ဖူးတဲ့အလုပ်က အရူးလုပ်ဖူးပါ တယ်၊ ငှက်ဖျားရောဂါသည် လုပ်ဖူးပါတယ်” ဟု ဖြေလိုက်လျှင် ၎င်းက... ။
“ငှက်ဖျားရောဂါသည် လုပ်ဖူးတာက အရေးမကြီးဘူး၊ အရူးလုပ်ဖူးတယ်ဆိုတာကတော့ မေးရဦးမယ်၊ အခုရော အရူး ရောဂါ ပျောက်ပြီလား ..."
ဟု မေးလိုက်ရာ ကျွန်ုပ်က...
“ဒီအတိုင်းနေရင်တော့ ရောဂါက ပျောက်သလိုလိုပါပဲ။ တစ်ယောက်ယောက်က စိတ်ညစ်အောင်လုပ်လိုက်ရင်တော့ ရောဂါ က ပြန်ပြီးထတယ် ဆရာရေ့ ..."
ဟု ပြောလိုက်လျှင် ဆရာ မင်းသိင်္ခ၏မျက်ခုံးမွေးနှစ်ခုသည် အတွင်းဘက်သို့ဇတ်ခနဲ စု၍ သွားလေ၏။ ထို့နောက် ကျွန်ုပ်၏အစ်မကြီး | ဘက်သို့လှည့်ကာ. . ။
“မဒေါ်လီရေ...၊ ခင်ဇာမောင် ညာကလိ အရူးထ လာပြီး ဟင်းအိုးထဲမှာ ပိုးသတ်ဆေးခတ်လိုက်ရင် ဘယ့်နှယ့် လုပ်မလဲ” ဟု မေးလိုက်ရာ ကျွန်ုပ်၏အစ်မကြီးမဖေါ်လီက...
“ဆရာက လက္ခဏာဆရာ၊ ဆရာ့လက္ခဏာမှာ အဆိပ်မိဖို့ အမှတ်အသား ပါမပါ စစ်ဆေးပြီးမှ ညာကလိကို အလုပ်ခန့်ပေါ့ ...” ဟု ပြောလိုက်လျှင် ဆရာမင်းသိင်္ခက သူ၏ညာဘက် လက်ရှိ လက်သန်းပေါ်မှ မှဲ့နက်ကလေး တစ်လုံးကို ပြရင်း...”
“မဒေါ်လီရေ ...၊ ဟောဒီမှဲ့ကလေးဟာ သူတစ်ပါး လက်ချက်နဲ့ အဆိပ်မိတက်တဲ့ အမှတ်အသားပဲ ဗျာ ....အသက်လမ်းကြောင်းက အပြတ်အတောက်မရှိဘဲ ရှည်လေတော့ အဆိပ်မိပင်မိသော်ငြားလည်း မသေနိုင်ဘူးပေါ့ဗျာ ... အဲဒီတော့ ညာကလီတို ခန့်မယ်ဗျာ... ဘာကြောင့်ခန့်သလဲဆိုတော့ ရိုးသားတဲ့အချက်ကို တွေ့လို့ခန့်တာ ...” ဟု ပြောပြီးလျှင် ကျွန်ုပ်အား သူ၏ထမင်းချက်အဖြစ် ခန့်လိုက် လေတော့သတည်း၊ ၊