မင်းလူ - ခေါင်းလောင်းထိုးသောဝထ္ထုတိုများ
ကောင်လေးရေ
ဒီရက်ပိုင် အတွင်းမှာမှ ဆောင်းက ပီပြင်လာတယ်။ ဒီနေ့ဆိုလျှင် ပိုပြီးတော့တောင် အေးသေးတယ်။ အအေး ပိုလာသလား၊ အချမ်းပေါ့သွား သလား ဆိုတာ သာမိုမီတာတောင် ကြည့်နေစရာ မလိုပါဘူး ။ ခါတိုင်း အင်္ကျီထူထူကလေးဝတ်ထားရုံနဲ့ လုံလောက်ပေမဲ့ ဒီနေ ဖလန်နယ်အကျီပါ ထပ်ဝတ်ရတာကို ကြည့်ခြင် အား ဖြင့် သိသာ ပါတယ်။
အိပ်ရာထဲကို အစောကြီး ဝင်ခဲ့ပေမဲ့ အိပ်လို့မပျော်သေးဘူး။ ချမ်းလွန်းလို့တော့မဟုတ်။ ခြုံထားတဲ့ အညာစောင်က နွေးနွေးထွေးထွေး ရှိပါတယ်။ တစ်ခါတစ်ခါ ဒီလိုပဲလေ၊ အကြောင်းမဲ့သက်သက် အိပ်မပျော်တာမျိုး ရှိတတ်တာပေါ့။
အပြင်ဘက်မှာတော့ တော်တော်အေ မှာပဲ။ လမ်းပေါ်မှာ လူသံသူသံယေလို့ ကားသံတောင်မှ တစ်ခါတစ်ခါမှ ကြားရတယ်။ ဒါပေါ့လေ ဒီလောက်တောင် ချမ်အေ နေတဲ့ကာလကြီးမှာ အကြောင်း | ကိစ္စ အထူးအထွေ မရှိဘဲ ဘယ်သူက လမ်းသလားနေချင်ပါ့မလဲ။
ပိုးကောင်မှာ ကောင်လေးတွေတောင် ချမ်းရှာလွန်းလို့ သစ်ခေါင်းထဲမှာပဲ ငြိမ်ကုပ်နေကြပြီထင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လို့နေလေရဲ့။
မဟုတ်သေးပါဘူး။ ဟိုး... အဝေးကြီးဆီက သီချင်းသံသဲ့သဲ့ ကြားလိုက်ရပြန်တယ်။ ခဏကြာတော့ သီချင်းသံက ပိုပြီး ပီသလာတယ်။
“မှုန်ပြာရီ ရာသီတွေပြောင်း ... တစ်ဆောင်းသစ်ပြန်ပြီး ...
ငွေနှင်းမှုန်မှုန် သုန်သုန်မြူးတော့ ဟေမာန်ဦး ကူးခဲ့ပြီ”..
ရင်ထဲက ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီသီချင်းက ကောင်လေး ဆိုနေကျသီချင်။ ဟိုး ... လွန်ခဲ့တဲ့ နှစ်အတော်ကြာက ခုလို ဆောင် ချမ်း ကာလကြီး မှာပဲလေ။
ရတနာဆောင် တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ခါတိုင်း ဒီအချိန်ဆို အဆောင်က စည်ကားတုန်း။ သီချင်းအော်ဆိုတဲ့ အသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် လှမ် အော်နောက်ပြောင်တဲ့ | အသံတွေ ဆူညံနေတယ်လေ။ ။
ဒီနေ့တော့ ထူးထူးခြာခြာ ချမ်တဲ့ဒဏ်ကြောင့် ကိုယ့်အခန်း တွေထဲမှာပဲ စောင်ကလေး တွေပြုပြီး ကွေး နေကြတယ်ထင်ပါရဲ့။ တချို့တွေလည်း အခန်းတစ်ခန်းမှာစုပြီး လက်ဖက်သုပ်ကလေး တစ်ပန်ကန်နဲ့ စကားပြောနေကြမှာပေါ့။ ဝရန်တာမှာ လမ်းသလာတဲ့ လူတော့ မရှိသလောက်ပဲ။
မမလည်း အခန်းဖော် ထွေးထွေးနဲ့အတူ အိမ်ကပါလာတဲ့ မြေပဲကြော်ပန်းကန်လေး အလယ်မှာချ၊ ဓာတ်ဗူးထဲက ရေနွေးကြမ်း နှဲသောက်ရင်း အခန်းထဲမှာ စကားပြောနေကြတယ်။
ဒီလောက်ချမ်းတဲ့ အချိန်ကြီးမှာ အဆောင်ရှေ့ သီချင်းလာဆိုကြတဲ့ ထံတျာသမားတွေကိုတော့ ချီးကျူးမိပါရဲ့။ တချို့ က မီးပုံကလေး ဘေ မှာ ဝိုင်းထိုင်လို့၊ တချို့ကျတော့လည်း ကတ္တရာ | လမ်းပေါ်မှာ တန်းစီထိုင်လို့၊ များသောအားဖြင့်တော့ တစ်ဖွဲ့မှာ | ဂစ်တာတစ်လက်စီလောက် ပါလာတယ်။ အဲဒီအချိန်မှာ ခေတ်စားတဲ့ စိုင်းထီးဆိုင် သီချင်းတွေ ဆိုကြတာပေါ့။ တချို့ကျတော့လည်း ဟေးလားဝါးလား ပေါက်ကရ လျှောက်အော်ကြတာပါပဲ။
သီချင်းဆိုတဲ့ လူတွေက စည်းကမ်းတော့ ရှိကြတယ်။ ဒါက ကျောင် မှာ ထုံးစံပဲ။ တစ်ဖွဲ့က ဆိုနေတဲ့အချိန်မှာ တခြား တစ်ဖွဲ့က | ဝင်မနှောင့်ယှက်ကြဘူး။ ဆိုနေတဲ့အဖွဲ့ကလည်း သီချင် တစ်ပုဒ်ပြီးရင် တခြားအဖွဲ့တွေဆိုဖို့ အလှည့်ပေးရတယ်။ ။
ဒီလိုနဲ့ ဆိုနေကြရင်းက မယ်ဒလင် လက်ကွက်စမ် တဲ့အသံ ထွက်ပေါ်လာတယ်။ တခြားလူတွေလို မဟုတ်ဘဲ ကံ့ကော်ပင်ရဲ့ အမှောင်ရိပ်ကိုခိုပြီး တီးခတ်နေတဲ့သူဟာ ဘယ်သူလဲဆိုတာ ဒီက သိပြီးသားပါ။ ။
“ဟော... သူလာပြီ မမထာ”လို ထွေ ထွေက ပြောတယ်။ သူမပြောခင်ကတည်းက စေ့ထားတဲ့တခါးကို နည်းနည်း လိုက်မိ ပြီ ပြီ။ ခဏကြာတော့ “တစ်ဆောင်းသစ်ပြန်ပြီ”သီချင်းသံ ထွက်ပေါ် | လာတယ်။ အသံက ချိုချိုအေးအေးလေး။
“ဒီခေတ်ထဲမှာ မယ်ဒလင်နဲ့ အနှစ်နှစ်ဆယ်သီချင်း လာဆို နေတာ အံ့ပါရဲ့”လို့ ထွေးထွေးက လှမ်းပြောတယ်။ မမက သူ့ကို လက်ပြလိုက်တယ်။ နားထောင်နေတယ်။ မနှောင့်ယှက်နဲ့ဆိုတဲ့ သဘော။ ထွေ ထွေ က မဲ့ပြု ပြုတယ်။ ဂရုမစိုက်နိုင်ဘူး၊ နံရမှာကျောမှီထိုင်နေရာကနေ ခေါင်းအုံးပေါ်ကို ခေါင်မှေးတင်ပြီး နားထောင် နေလိုက်တယ်။ | နည်းနည်း ညဉ့်နက်လာပြီ။ သီချင်းဆိုတဲ့ လူတွေကလည်းတစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်ကုန်ကြပြီ။ ထွေ ထွေ တောင် စောင်ကလေး ခြုံပြီး ကွေးကွေးလေး အိပ်ပျော်နေပြီ။ ကံကော်ပင် အမှောင်ရိပ်ထဲက မယ်ဒလင်သံနဲ့ သီချင်းသံအေ အေ ကတော့ ထွက်ပေါ်လာနေဆဲ။ ညစဉ်ရက်ဆက် အခုလိုပဲ သီချင် လာဆိုနေတာ ဆယ်ရက်မကတော့ ဘူး။ စပြီး သတိထား မိတာတောင် ဆယ်ရက်လောက် ရှိပြီ။ ဒီအရင် ဘယ်တုန်းကတည်း က လာပြီး ဆိုနေတယ်တော့မသိ။
ဟထားတဲ့ တံခါးကြာ က လေအေး စိမ့်ဝင်လာတယ်။ ရေခဲရေနဲ့ လှမ်းပက်လိုက်သလို ခိုက်ခနဲ တုန်သွား တယ်။ ဪ... အခန်းထဲမှာ နေနေရတဲလူတောင် ဒီလောက်အေ ရင် နှင်းတောထဲမှာ နေနေရတဲ့ လူတစ်ယောက်တော့ ဘယ်လိုများ နေရှာလေမလဲ။ ကရုဏာစိတ်ကလေး ဝင်လာတာဟာ ကောင်လေးအပေါ် လိုက်လျောမှုတစ်ခုကို ပြုလုပ်မိစေတယ်။
ဓာတ်ဗူးထဲက ရေနွေးကြမ်းပူပူကို မတ်ခွက်ထဲ ထည့်လိုက် တယ်။ စာတိုလေးတစ်စောင် ရေ တယ်။ “ကောင်လေးရေရေနွေးကြမ်းကြမ်းပူပူလေး သောက်လိုက်ဦး၊ သောက်ပြီးရင် ပြန်တော့နော်၊ အအေးမိပြီး ဖျားနာနေမှာ စိုးလို့ပါ”
ရေနွေ ခွက်နဲ့စာကို အဆောင်စောင်ကြီးကတစ်ဆင့် ပေးခိုင်း လိုက်တယ်။ ခဏကြာတော့ အဆောင်စောင်ကြီးက မတ်ခွက်ကို ပြန်လာပေးရင်း...၊
“ ဘယ်လိုကောင်လေးမှန်းလည်း မသိပါဘူး ကလေးမရယ်”
လို ပြောတယ်။
“ဟင်... ဘာဖြစ်လို့လဲ၊ သူက ဘာပြောလို့လဲ” “ဘာမှမပြောဘူး၊ စာကို ဖတ်ကြည့်တယ်၊ ပြီးတော့ ရေနွေးပူပူလောင်လောင်ကြီး ကို တကျိုက်ကျိုက် သောက်ချပြီး တော ချာခနဲ လှည့်ထွက်သွားတာပဲ”
အဲဒီစာတိုလေနဲ့ ရေနွေ တစ်ခွက်ဟာ ကောင်လေးရဲ့ အချစ်ကို လက်ခံလိုက်သလို ဖြစ်သွားတော့တာပေါ့။
ကောင်လေးကို စပြီးသိခဲ့ရတာက ကောင်လေးကိုယ်တိုင်လာပြီး မိတ်ဆက်လို့ပဲ။
တစ်ညနေမှာ ဧည်သည်ရောက်နေတယ်ဆိုလို အဆောင် အောက်ထပ် ဧည့်ခန်းထဲ ဆင် ခဲ့တယ်။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့
ကောင်လေး တစ်ယောက် တွေတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ သူငယ်ချင်း | တစ်ယောက်ရဲ့ မောင်လေးဖြစ်မှာပဲလို့ ထင်လိုက်မိတယ်။ ကောင်လေး ရဲ့ ရှေ့မှာ ဝင်ထိုင်ပြီး ... ။
“ ဘာကိစ္စရှိလို့လဲ”လို့ မေးတော့... “
ကျွန်တော် မိတ်ဆက်ချင်လို့ပါ”တဲ့။ ရယ်ချင်သွားမိတယ်။
“ မိတ်ဆက်ချင်ရအောင် မမက ရုပ်ရှင်မင်းသမီးလည်း မဟုတ်၊ အဆိုတော်လည်း မဟုတ်” ။
“ကျွန်တော့်နာမည် ညီမောင်ပါ”
သူ့ကိုယ်သူ မိတ်ဆက်ပြန်တယ်၊ ဟုတ်ကဲ့ တွေ ရတာ ဝမ်းသာပါတယ်လို့ ပြောရမှာလာ။ တော်တော်ကြောင်တဲ့ ကိစ္စပဲ။ ' မမက ဘာမှ ပြန်မပြောဘဲနေတော့...။
“ မမကတော့ ကျွန်တော်ကို သိမှာမဟုတ်ဘူး၊ ကျွန်တော် | ကတော့ မမကို သိနေတယ်လေ၊ ကျွန်တော်တို့က ပထမနှစ်ကျောင်း သာ လေး တွေ မဟုတ်လား၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲတုန်းကတည်း က မြင်ဖူးနေတာပါ”
“ ဪ.. ဟုတ်လား ”
“ မေဂျာတူတူဆိုတော့ သိကျွမ်ထား သင့်တယ်ထင်လို၊ စာလေး ဘာလေး မေ လို့ရတာပေါ့”
စာမေးချင်ရင် ယောက်ျားလေ အချင်းချင်း မေ ပါလာလို ပြန်မပြောဖြစ်လိုက်ပါဘူး။ ကိုယ့်ဆီကို ယောက်ျား လေးဧည်သည် လာဖူးတာမဟုတ်တော့ ဘာတွေဘယ်လို ပြန်ပြောရမယ်ဆိုတာ မသိဘူး လေ။ ဒီအတိုင်းပဲ ထိုင်နေရတာပေါ့။ ခဏကြာတော့...
“ကျွန်တော် ပြန်ဦးမယ်”
လို့ ပြောတယ်။
“ဟုတ်ကဲ့”
ဒါပဲ ပြန်ပြောတတ်တယ်။ ထိုင်နေရာက ထရပ်လိုက်ပြီး တော့မှ “ကျွန်တော် အဆောင်ကို လာလည်ရမလာ”တဲ့။ ကဲ ဘယ်လိုကောင်လေးလဲ မဖိတ်ခေါ်ဘဲနဲ့ အတင်လာလည်ပြီး တော့မှ ခွင့်တောင်း နေပြန်တယ်။သက်သက် လာနောက်နေတာလာ လို့ ထင်မိ သေး တယ်။
ဟောက်လွှတ်လိုက်ရ ကောင်းမလား။ သို့ပေမဲ့ သူ့မျက်နှာ ထားက တည်တည်ငြိမ်ငြိမ်ပဲ။
မလာနဲလို ပြောလွှတ်ရမှာလား၊ လာခဲ့လေလို့ ဖိတ်ခေါ် ရမှာလား။ ဒီလိုကိစ္စမျိုးတွေ မမ သိပ်မကျွမ်းကျင်ဘူး။
“ ခဏခဏတော့ မလာနဲ့” လို့ လွှတ်ခနဲ ပြောလိုက်မိတယ်။
ကောင်လေးက တခြာကျောင်သာ တွေနဲ့ မတူဘဲ ထူခြား နေတယ်။ အဲဒီအချိန်က တက္ကသိုလ်ကျောင်းသားတွေဟာ လွယ်အိတ် မလွယ်တတ်ကြသေဘူး။ ကင် နုတ်လိုခေါ်တဲ့သာရေဖုံး မှတ်စုစာအုပ်လေးတွေ တကိုင်ကိုင်နဲ့ ဟန်ရေပြနေကြတဲ့ အချိန်။ ကောင်လေး ကတော့ ကဝလွယ်အိတ်အကြီးကြီး လွယ်လို့။ ပြီးတော့ တခြားကျောင်းသာ တွေလို ဝတ်ကောင် စာ လှတွေလည်း မဝတ်ဘူး ။ ပြည်တွင်းဖြစ် တက်ထရွန်အင်္ကျီလေးနဲ့ ချည်လုံချည်လေးနဲ့။ ကောင်လေးဟာ နွမ်းပါးပုံရတယ်ဆိုပြီး ကရုဏာ သက်မိခဲ့တာပေါ့။
တကယ်တော့ မမတို့ကလည်း နွမ် ပါ တာပါပဲ။ မြစ်ဝ ကျွန်းပေါ်ဒေသ မြို့ငယ်လေးတစ်မြို့က သာမန် လက်လုပ်လက်စား မိသားစုက မွေးဖွားလာခဲ့တာ။ ပညာသင် ထောက်ပံ့ကြေးရယ်။ မြို့နယ်က စေတနာရှင်များရဲ့ ကူညီမှုရယ်ကြောင့် တက္ကသိုလ်ပညာကို လာသင်နေနိုင်တာပါ။ ။
ကောင်လေးဟာလည်း မမတို့လိုပဲ ချို့ချို တဲ့တဲ့ ပညာသင်နေ ရတဲ့ သူရယ်လို့ ထင်မိတယ်။ ဘယ်ကလာ ဟုတ်ရမှာလဲ။
ကောင်လေးရဲ့ မိဘတွေက အတန်အသင့် ကြွယ်ဝတဲ့သူတွေပဲ။ အိမ်ပိုင်ရာပိုင်နဲ့ ဝင်ငွေမဆို လှတဲ့ စီးပွားရေး လုပ်ငန်းနဲ့။ အဲဒီ အကြောင်းကို မမက မေးတော့...
“ ကျွန်တော့်မိဘတွေ ပိုက်ဆံရှိတာ ကျွန်တော်ရှိတာမှ မဟုတ်ဘဲ၊ ကျွန်တော် ဘာမှ မမက်မောဘူး၊ ကျွန်တော်က ကိုယ့်ခြေထောက် ပေါ်ပဲ ကိုယ်ရပ်ချင်တာ”
ကိုယ့်ကိုယ်ကိုပဲ အားကိုးတယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးမိပါရဲ့။ သို့ပေမဲ့ ကျောင်းလခ ပေးနိုင်လျက်သာ နဲ့ မပေး ဘဲနေတာ၊ ကျောင်းလခ ကြွေ တွေကျန်လို့ အိမ်ကို တိုင်စာပိုခံရတာ၊ကြွေ မကျေလို့ အောင်စာရင်း ထုတ်မပေးတာတို့ကို ဂုဏ်ယူချင်တာ ကိုတော့ မမ သဘောမကျလှဘူး။
နောက်ပြီး တော့ ကောင်လေးက ကျောင်း မှန်မှန် မတက်ဘူးနော်။ မမက ပြောတော့ ကောင်လေးက
“ကျောင်းပညာနဲ့ချည် ပဲ မလုံလောက်ဘူး မမရဲ့၊ လူတွေရဲ့ ဘဝအကြောင်း ကိုလည်း လေ့လာရဦး မယ်”တဲ့။
အမယ်လေးကွယ် လေ့လာစရာအချိန် ဒီလောက်ပဲ ရှားရ သလာ ။ ကျောင် အာတဲ့ အချိန်တွေမှာ လေ့လာစမ်းပါ။ တကယ်တော့ မမ သိပါတယ်လေ၊ ကောင်လေးက လေ့လာနေတာ မဟုတ်ဘူး ။ “လေ”နေတာပါ။
လက်စသတ်တော့ ကောင်လေးဟာ ဆင်းရဲချင်ယောင် ဆောင် နေတာပါလား။ ဆင်းရဲချင်ယောင် ဆောင်တာနဲ့ တကယ်ဆင် ရဲတာနဲ ဘယ်မှာ တူနိုင်ပါ့မလဲ။ ဆင် ရဲချင်ယောင် ဆောင်ရတာ ပျော်စရာကောင်းချင်ကောင်းမယ်။ တကယ် ဆင် ရဲရတာကတော့ စိတ်ညစ်စရာ ကြီးပါကွယ်။ တကယ် ဆင်းရဲဖူးမှ ဆင်းရဲရတဲ့ အရသာကို သိတာပါ။
မမတို့ ငယ်ငယ်က တကယ်ဆင် ရဲခဲ့ဖူးတယ်။ အဖေရယ်၊ အမေရယ်၊ မောင်နှမငါးယောက်ရယ် တစ်နေ့လုပ်မှ တစ်နေ့စားရတာတောင် မဟုတ်ဘူး။ တစ်နေ့လုပ်ပြီး တစ်နပ်စာ ဖို တော်တော် ကြိုးစားခဲ့ရတာ။ မနက်စာ စားပြီးတာနဲ့ ညစာအတွက် ဆက်ပြီး ပူနေရတဲ့ အခြေအနေ။ အဖေရော၊ အမေရော၊ အစ်ကိုတွေ၊ အစ်မ တွေရော အလုပ်လုပ်ကြရတယ်။ မမသာ အဲဒီတုန်းက ငယ်သေးလို မလုပ်ရတာ။
အလုပ်မလုပ်ရသလို ကျောင်းလည်း မနေဘူး။ မမအသက် ခုနစ်နှစ်ရောက်မှ နည်း နည်း အသက်ရှူချောင်လာလို့ ကျောင် စ နေရတာ။
ကံတရားဟာ တစ်သက်မှာ တစ်ခါတော့ တံခါးခေါက်တတ်တယ်တဲ့။ လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ခါတော့ ကံကောင်း တတ်စမြဲလို့ ဆိုလိုတာပေါ့။ မမအဖို့တော့ အဲဒီ တစ်ခါသော ကံကောင်းခြင်းဟာ တက္ကသိုလ်တက်ခွင့် ရခြင်းပါပဲ။ ဒါကြောင့် မမ ဘယ်တော့မှ ကျောင်း မပြေဘူ၊ အတန်းတစ်ချိန် လစ်တာဟာ မိဘကို တစ်ကြိမ်စော်ကားတာပဲလို့ မမထင်တယ်။
ကောင်လေးက ရုပ်ရှင်ကြည်ဖို့ ခေါ်တာကို မမက ကျောင်ချိန် ပျက်မှာစိုးလို့ မလိုက်ခဲ့ဘူး လေ။ ။
“ ကျောင်းပိတ်ရက်ဆိုရင် မမ လိုက်ပါတယ်၊ ခုဟာက ကျောင်း ချိန် ဖျက်ရမှာဆိုတော့ မဖြစ်နိုင်ဘူး”
“ လက်မှတ်က ဝယ်ပြီး နေပြီ၊ ကြိုတင်လက်မှတ် ဝယ်ထားတာ” “မမကို ဘာလို့ ကြိုမပြောတာလဲ”
“ မြို့ ထဲရောက်တုန်း လက်မှတ်ဝင်ဝယ်ခဲ့တာ မမကို ကြိုပြောဖို့ အချိန်မရဘူး၊ ကျွန်တော်က ကြည့်ချင်တယ်ဆိုရင် မမလိုက်ကြည် မှာပဲလို့ ယုံကြည်လို”
“ ကျောင် ဖျက်လို့တော့ မဖြစ်ဘူ ကွယ်” “ဘာလဲ မမ ကိုယ်ချစ်သူနဲ့တူတူ ရုပ်ရှင်ကြည်ရဖို့ထက် ကျောင် နေဝက်မပျက်ဖို့က ပိုအရေးကြီးသလာဟင်”
“ နှစ်ခုစလုံး အရေးကြီးတာပါပဲ၊ ဒါပေမဲ့ ရုပ်ရှင်က ကျောင်းပိတ်ရက်တွေမှာ ကြည့်လို့ ရတယ်၊ ကျောင်းဆိုတာက ပျက်သွားတဲ့ အချိန်အတွက် အစာပြန်တက်လို့ မရဘူး မဟုတ်လား”
“ ဒါဆိုလည်း ပြီ ရော” | ကောင်လေးက ကြိုတင်လက်မှတ် စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
ကောင်လေးဟာ စကတည် က မမကို အနိုင်ယူဖို့ ကြိုး စားခဲ့တာပါပဲ။
ကြည်လေ ကိုယ့်ကိုယ်ကို အတင်းမိတ်ဆက်ပြီး အဆောင်ကို လာလည်တယ်။ ခဏခဏဆိုတော့ မမလည် ရှက်လာတယ်။ တစ်ခါတလေ ဆင်းမတွေဘဲ နေလိုက်မိတယ်။ ကောင်လေးကတော့ ဆင် မတွေလည်း ဧည့်ခန်းထဲမှာ အချိန်ကုန်တဲ့အထိ တစ်ယောက်တည်း ထိုင်နေတတ်တယ်။ မမကို ဆန္ဒပြတာပေါ့။ သူငယ်ချင်း တွေက...
“ ဘယ်လိုလုပ်တာလဲ တာရယ်၊ ကောင်လေး သနားပါတယ်။ ဒီလောက်တော့ ပညာမပြသင့်ပါဘူး”လို့ ပြောကြတယ်။
“ ဆင်းတွေလိုက်ပါကွယ်”လို့ တိုက်တွန်းကြတယ်။ “မတွေချင်ပါဘူး”ဆိုတော့...၊
“ ဘာလဲ ရင်မဆိုင်ရဲဘူး ပေါ့။ အဲဒါကိုက ထားရဲ့ စိတ်တွေ | မရှိ မသာ ဖြစ်နေတာပဲ”လို့ စကြပြန်တယ်။
အမှန်ပြောရရင် အဲဒီအချိန်ထိ ကောင်လေးအပေါ်မှာ မမ | ဘယ်လိုမှ သဘောမထား မိသေးပါဘူး။ ထွေ ထွေ ကတော့ ပြောတယ်။
“ ကိုညီမောင်က ပေကပ်ကပ်ကလေးနဲ့ တူတယ်၊ ကိုင်ရတွယ်ရ ခက်မယ်နော်”
ထွေးထွေးသတိပေးတာ သိပ်မှန်တာပဲ။ သို့ပေမဲ့ ဟိုတစ်ချိန် တုန်းကတော့ အဲဒါတွေ မတွေ မိဘူး။ ကောင်လေး အပေါ်မှာ ကရုဏာ သက်မိတာပဲ သိတယ်။
ကောင်လေးက မမကို ချစ်ခွင့်ပန်ပုံကိုလည်း ကြည်ဦးလေ။ တစ်ရက်မှာ အတန်းပြီးလို့ ထွေးထွေးနဲ့အတူ အဆောင်ကို ပြန်အလာ လမ် မှာရပ်စောင့်နေတဲ့ ကောင်လေး နဲ့ ဆုံတယ်။ မမက ပြုပြီး နှုတ်ဆက်ပေမဲ့ ကောင်လေးက မပြုံးမရယ်၊ ခပ်တည်တည်နဲ့ ... ။
“ မထွေးထွေး အဆောင်ကို ပြန်နှင့်ပါ၊ ကျွန်တော် မမထားနှင့်နှစ်ယောက်တည်း စကားပြောစရာရှိလို”တဲ့။ | ထွေ ထွေလည် ယောင်တောင်တောင်နဲ့ ထွက်သွားရှာတယ်။
“ ဘယ်လို ပြောလိုက်တာလဲ၊ ထွေးထွေးကို အားနာစရာကြီး”
မမကပြောတော့...၊
“ ကျွန်တော် ပြောချင်တဲ့အချိန်မှာ ပြောလိုက်ရမှ ဖြစ်မယ်။ နိုမိုဆိုရင် ပြောဖြစ်မှာ မဟုတ်ဘူး”ဆိုပြီး မမကို ချစ်တဲ့အကြောင်း ( မသွယ်မစိုက်ဘဲ ပြောတယ်။
နောက်ရက်တွေကျတော့ အဆောင်ကို နေ့တိုင်းလာပြီး အဖြေ တောင် တယ်။ တစ်ခါတလေ လမ်းမှာ စောင့်နေတတ်တယ်။ | ထွေးထွေးကလည်း ကောင်လေးကို တွေ့တာနဲ့ တစ်ချိုးတည်း လစ်တော့တာပဲ။
အဆောင်က လူတွေက မမကို စကြတယ်။ တချို့ ကတော့ မမနဲ့ ကောင်လေး တွဲနေကြပြီလိုပဲ ထင်နေကြပြီ၊ ကြာတော့ မမရှက်လာတယ်။ ဒါကြောင့် အဆောင်ကို မလာနဲ့တော့လို့ ပြောလိုက် မိတယ်။ ကောင်လေးကတော့ ထုံးစံအတိုင်းပဲ။ ဘာမှ ပြန်မပြောဘဲ မမကို အတော်ကြာအောင် စိုက်ကြည့်တယ်။ ပြီးတော့ ချာခနဲ လှည့်ထွက်သွားတယ်။
ရက်အတော်ကြာအောင် ကောင်လေးကို မတွေ့ရတော့ဘူး။
မတွေ့ရတာကြာတော့လည် စိတ်ထဲက မနေတတ် မထိုင်တတ် သလို ဖြစ်လာပြန်ရော။ နောက်တော့ ကောင်လေး ပြန်ပေါ်လာတယ်။
ညည အဆောင်ရှေ့မှာ သီချင် လာဆိုတာလေ။ ဒီလိုနဲ့ ရေနွေးတစ်ခွက်နဲ့ စာတိုလေးတစ်စောင် ပေးလိုက်မိတာ။
နောက်တစ်နေ့ကျတော့ အဆောင်ကို ကောင်လေး ရောက်လာ..တယ်။
“ကျွန်တော် အအေးမိပြီး ဖျားမှာကို တကယ်ပဲ စိုးရိမ်သလာ”
မမ ခေါင်းညိတ်ပြတော့...
“ဘာဖြစ်လို့ စိုးရိမ်ရတာလဲ”
“နေမကောင်း ဖြစ်ရင် ကျောင်း မတက်နိုင်မှာ စိုးလို့ပါ”
ကောင်လေးက မခိုးမခန့် ပြုတယ်။ ပြီးတော့...
“ကျွန်တော် ကျောင်း ထွက်တော့မယ်”လို့ ခပ်လေးလေး ပြောတယ်။
“ဟင်... ဘာဖြစ်လို့ ထွက်ရမှာလဲ”
ကောင်လေးရဲ့ မျက်နှာဟာ ချက်ချင်း ဆွေ ဆွေ မြည်မြည် ဖြစ်သွား တယ်။ ကောင်လေးမှာ ဘာပြဿနာ ရှိနေပြီလဲလိုလည်း စိုးရိမ်သွား တယ်။
ကောင်လေးက အဆောင်ပြင်ဘက်ကို ငေးကြည့်နေရင်း...
“တက္ကသိုလ်နယ်မြေဆိုတာ ကျဉ် ကျဉ်းကလေး ပါ၊ တစ် ယောက်နဲ့ တစ်ယောက် မတွေ့ချင် မမြင်ချင်ပါဘူးဆိုပြီး ရှောင်တိမ်းလို့ ရနိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး၊ ဒီတော့ မမနဲ့ ကျွန်တော်ဟာလည်း တစ်နေရာမှာမဟုတ် တစ်နေရာမှာ ဆုံမိကြမှာပဲ၊ အဲဒီလို ဆုံတဲ့အခါ တိုင်း ကျွန်တော် ဝေဒနာ ခံစာ နေရလိမ့်မယ်၊ ဒါကြောင့် ဒီနယ်မြေမှာ မမရင်လည်း မရှိမှ၊ ကျွန်တော်ရင်လည်း မရှိမှ ကောင်းမှာပဲ၊ မမ ကတော့ ဒီနယ်မြေကို ဖက်တွယ်ထာ မယ့်လူပါလေ၊ ငါးမိနစ်လောက်ကျောင်း နောက်ကျတာကိုတောင် အသက်တစ်ရက်လောက် ရှိသွား တယ်လို့ ထင်တာမဟုတ်လား၊ ဒါကြောင့် ကျွန်တော်ကပဲ ရှောင်ပေးဖို့ ဆုံးဖြတ်လိုက်ရတာပါ”
ယောက်ျားလေး တွေဟာ ဒီလိုပဲနော်။ ပြန်မချစ်ရင် စာမေးပွဲမဖြေတော့ဘူး၊ ကျောင်းမတက်တော့ဘူး ဆိုတာ အဲဒီအချိန်က ယောက်ျားလေးတွေ အများဆုံးသုံးတဲ့ လက်နက်တစ်ခုပါ။ မိန်ကလေး တွေရဲ့ သနာ ကြင်နာတတ်တဲ့ ပျော့ကွက်ကိုနင်းပြီး ဒီလိုအကျပ်ကိုင် တတ်တာကို မမလည်း သိနေပြီးသားပါ။ ဒါမျိုး တွေက ရိုးနေပြီဖြစ်တဲ့ နည် လမ် ဟောင်းကြီးပါ။ သို့ပေမဲ့ များသောအားဖြင့်တော့ အောင်မြင်သွားတတ်ကြတာပါပဲလေ။ ။