မင်းယု၀ေ - လယ်တီကျမ်းများကိုအင်္ဂလိပ်ဘာသာသိုပြန်ဆိုသူဆရာတော်ဦးဉာဏ
ဗြိတိသျှခေတ် လွန်ခဲ့သော နှစ်ပေါင်း ၈၀-ကျော်က ဖြစ်သည်။
တနေ့သ၌ ရန်ကုန်မြို့ ဟိုက်စကူးကျောင်းမှ ကျောင်းသားသူငယ်ချင်းတစုသည် ကျိုက်ထီးရိုးသို့ ဘုရားဖူး သွားကြသည်။ တောတောင်လျှိုမြောင်စိမ့်စမ်း အသွယ်သွယ်နှင့် သာယာလှသော ကျိုက်ထီးရိုးသသို့ ရောက်သောအခါ ကျောင်းသားများသည် ပျော်ရွှင် မ ဆုံး ရှိကြသည် သိချင်တကြော်ကြော် သီဆိုကြသည်။
သူတို့အထဲမှ “မောင်ဘငြိမ်း”ဆိုသူ ကျောင်းသားတစ်ဦးမှာမူ သူငယ်ချင်းများနည်း တူ သီချင်းမဆိုနိုင် မပျော်ရွှင်နိုင်၊ အေးငြိမ်းသာယာသောကျိုက်ထီးရိုးဒေသကို အကြောင်း ပြု၍ တရားသံဝေယူနေမိသည်။ ထို့ကြောင့် သူငယ်ချင်းများ နေရာအနှံ့ လည်ပတ်ကြည့်ရှုသောအခါ အတူလိုက်ပါခြင်းမပြု။ ကျိုက်ထီးရိုးစေတီတော်ထံပါးမှ မခွာ။ အကြိမ်ကြိမ်ရှိခိုး ပူဇော်၍ သာနေသည်။
အချိန်တန်၍ ကျိုက်ထီးရိုးတောင်ပေါ်မှဆင်းကာ တောင်ခြေသို့ရောက်လာသောအ ခါ မောင်ဘငြိမ်းသည် သူငယ်ချင်းများနှင့်အတူ ရန်ကုန်သို့ပြန်မလိုက်တော့။ လမ်းခရီးတွင် ဆုံတွေ့သော ဘုန်းတော်ကြီးတပါးနှင့်အတူ မောင်လမြိုင်ဘက်သို့ လိုက်ပါသွားသည်။ ထို့နောက် အပေါင်မြို့ကျွဲခြံရွာသို့ ရောက်သောအခါ ညောင်ပင်ကုန်း ဘုန်းတော်ကြီးထံတွင် သင်္ကန်းဝတ်လိုက်လေသည်။ ထိုနေ့ကား ၁၂၆၅-ခု၊ တန်ခူးလပြည့်ကျော် ၁၀-ရက် (၁၉၃ဝ -ခု၊ ဧပြီလ ၂၁-ရက်)ဖြစ်သည်။ ထိုအချိန်က မောင်ဘငြိမ်းသည် အသက်-၂၀-ခန့်အရွယ် သာရှိပေသည်။
မောင်ဘငြိမ်းကား အခြားသူမဟုတ် ... နောင်အခါ သာသနာရေးလောကတွင် ထင်ရှားကျော်ကြားလာမည့် ပထမကျော်ဆရာတော် ဦးဉာဏပင်ဖြစ်သည်။
မောင်ဘငြိမ်းသည် အလွန်ဉာဏ်ထက်မြက်သည်။ အတန်းတိုင်းတွင် ပထမချည်း ရ သည်။ ၄-တန်းစာမေးပွဲကိုလည်း ပထမရ၍ အောင်ခဲ့သည်။ စကောလားရှစ်ဆုပါ ရခဲ့ သည်။ ဆရာကြီးဦးရာကျော်က နှစ်သက်သဘောကျသဖြင့်၊ ၄-တန်းဆရာအဖြစ် ခန့်ထား သည်။ ထိုအချိန်က မောင်ဘငြိမ်းသည် အသက် ၁၁-နှစ်အရွယ်သာ ရှိသေးသည်။
မိခင်ဒေါ်အံသီသည် အလုပ်အကိုင် အခြေအနေအရ သားသမီးများကို ခေါ်၍ ရန် ကုန်သို့ပြောင်းရပြန်သည်။ ထိုအခါ သားမောင်ဘငြိမ်းကို အစိုးရဟိုက်စကူးကျောင်းတွင် ပညာသင်ယူစေသည်။ ထိုအချိန်၌ မောင်ဘငြိမ်းသည် အသက် ၁၄-နှစ်သားအရွယ်ရှိပြီးမောင်ဘငြိမ်းသည် ဟိုက်စကူးကျောင်းတွင်လည်း အတန်းတိုင်း၌ ပထမချည်းရခဲ့ပြန်သည်။ | ၇-တန်းစာမေးပွဲကိုလည်း ပထမရပြီး အောင်မြင်ရုံမက စကောလားရှစ်ဆုပင် ရခဲ့သည်။
မောင်ဘငြိမ်းသည် ဟိုက်စကူးကျောင်းသားဘဝ၌ ရှိစဉ် အဖော်များနှင့်စု၍ ရွှေတိဂုံ စေတီတော်သို့ ညစဉ်သွားကာ မီးပူဇော်လေ့ရှိသည်။ ထို့နောက် မိမိနေထိုင်ရာ အိမ်နှင့်ရွှေ တိဂုံစေတီတော်မှာ ကွာလှမ်းလှသဖြင့် အိမ်နှင့်နီးသော ဆူးလေစေတီတော်သို့ပြောင်းရွှေ့ ၍မီးပူဇော်သည်။ သို့မီးပူဇော်ရာမှ သူငယ်ချင်းတစ်စုနှင့်စုပေါင်းကာ ဆူးလေမီးထွန်းအသင်းကို စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်က ဖယောင်းမီး၊ ဆီမီးတို့ဖြင့်သာ ပူဇော်နိုင် သဖြင့်၊ “ဆူးလေမီးထွန်းအသင်း”ဟူ၍ ခေါ်ခဲ့ကြသည်။ နောင်အခါ ဓာတ်မီးဖြင့် မီးပူဇော် လာနိုင်သဖြင့် ယင်းအသင်းသည်“ဆူးလေဓာတ်မီးအသင်း”ဟု ထင်ရှားခဲ့သည်။
မောင်ဘငြိမ်း ၉-တန်းသို့ရောက်သောအခါ ဗြိတိသျှအစိုးရပညာပိုင်းဆိုင်ရာက အ မိန့်အသစ်တစ်ရပ် ထုတ်ပြန်သည်။ အခြားမဟုတ်၊ ကျောင်းသားများသည် ဘုရား-တရားသံဃာ ရတနာသုံးပါးရှိခိုးသည့်နည်းတူ ကျောင်းမှ မျက်နှာဖြူကျောင်းအုပ်ဆရာကြီးနှင့် ဆရာများကိုလည်း ရှိခိုးရမည်ဟူသော အမိန့်ပင်ဖြစ်သည်။ သည်တွင် မောင်ဘငြိမ်းအမှူးပြုသော ကျောင်းသားများသည် မကျေမနပ်ဖြစ်ကာ သပိတ်မှောက်ပြီး ကျောင်းမှထွက်လာ ခဲ့ကြသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က အမိန့်ကို ပြန်လည်ဖျက်သိမ်းလိုက်ရသည်။ ထိုအခါတွင်မှ မောင်ဘငြိမ်းတို့ ကျောင်းပြန်တက်ကြပေသည်။
မောင်ဘငြိမ်းသည် အသက်-၁၉နှစ်အရွယ်တွင် ၉-တန်းစာမေးပွဲကို ဖြေဆိုခဲ့သည်။ | ထိုခေတ်က ၁ဝ-တန်းမရှိ။ ၉-တန်းသည် အထက်တန်းတွင် အမြင့်ဆုံးဖြစ်သည်။ မြန်မာ နိုင်ငံ၌ ယူနီဗာစတီမရှိသေးရာ ထို ၉-တန်းအောင်ပါက ကာလကတ္တားယူနီဗာစတီကပင် စစ်ဆေးသည်။ ၉-တန်းအောင်ပါက ကာလကတ္တားယူနီဗာစတီသို့ တက်ရောက်နိုင်သဖြင့် ယင်းကို တက္ကသိုလ်ဝင်တန်း (အင်းထရင့်အတန်း)ဟူ၍လည်း ခေါ်ပေသည်။
မောင်ဘငြိမ်းသည် အဆိုပါ ၉-တန်းခေါ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်း စွာဖြေဆိုနိုင်သည်။ ထိုနောက် အောင်စာရင်းမထွက်မီ ကျိုက်ထီးရိုးသို့ ဘုရားဖူးလာခဲ့ရာမှ တရားရကာ သင်္ကန်းဝတ်လိုက်ခြင်းဖြစ်သည်။
မောင်ဘငြိမ်းသည် ကျွဲခြံရွာ၌ သင်္ကန်းမဝတ် ၁၄-နှစ်သားအရွယ်၌ ရွှေဂုံတိုင် | ဆရာတော်ဘုရားကြီးထံတွင် ရှင်သာမဏေ ပြုခဲ့ဖူးသည်။ ထိုစဉ်က ရှင်ဉာဏဟူသောဘွဲ့ အမည်ခံယူခဲ့သည်။ ယခု သင်္ကန်းဝတ်ရာတွင်လည်း ရှင်ဉာဏဘွဲ့ပင် ခံယူသည်။
ရှင်သာမဏေရှင်ဉာဏသည် ကျွဲခြံရွာ၌ ခေတ္တနေထိုင်ပြီးနောက် မိခင်ထံခွင့်ပန်၍ ရဟန်းပြုရန်အတွက် ရန်ကုန်သို့ပြန်လာသည်။ ဆူးလေစေတီတော်ကြီးရှိ မီးထွန်းအသင်း တည်ရာ ဇရပ်၌ ခေတ္တတည်းခိုနေထိုင်သည်။ ထိုအချိန်တွင် စာမေးပွဲအောင်စာရင်းများ ထွက်လာပြီ။ မောင်ဘငြိမ်းတစ်ယောက် ထူးချွန်စွာအောင်မြင်ကြောင်း မိခင်နှင့်တကွမိတ် ဆွေသူငယ်ချင်းများ သိရှိကာ ဝမ်းသာမဆုံးရှိနေကြသည်။
ထိုခေတ်မှာ အင်္ဂလိပ်စာတတ်များ ရှားပါးသောခေတ်ဖြစ်သည်။ ထို့ကြောင့် လေးငါး တန်း အောင်လျှင်ပင် စာရေးအလုပ်ကို အလွယ်တကူရရှိနိုင်သည်။ ၉-တန်းအောင်လျှင် | ကား မြို့အုပ်ရာထူး (သို့မဟုတ်) မြို့အုပ်နှင့်ညီမျှသော ရာထူးကို အလွယ်တကူရနိုင်သော ခေတ်ဖြစ်သည်။
ထို့ကြောင့် မိခင်နှင့်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများက လူထွက်ရန် လာ ရောက်၍ အမျိုးမျိုးပြောဆိုကြသည်။ လောကီဘက်တွင် ကြီးပွားချမ်းသာရာ ကြီးပွားလမ်း | တို့ ဖြောင့်ဖြူးသာယာနေကြောင်း ရှင်းလင်းပြောပြကြသည်။
ရှင်ဉာဏကား လောကီစည်းစိမ်ချမ်းသာများကို မမက်မောတော့။ ရဟန်းဘဝဖြင့် သာ တသက်လုံး နေထိုင်သွားရန် အာသီသရှိနေသည်။ နောက်ဆုံး သားကို တားမရသည့် အဆုံးတွင် မိခင်ကြီးက ခွင့်ပြုလိုက်ရပေသည်။ သို့ဖြင့် ရှင်ဉာဏသည် ၁၂၆၆-ခု၊ နယုန်လ ပြည့်ကျော် ၁-ရက်နေ့(၁၉၀၄-ခု၊ မေလ-၂၉ရက်)တွင် ရွှေဂုံတိုင်ဆရာတော်ဘုရားကြီးထံ မှောက်၌ သာမဏေဘဝမှ ရဟန်းဘဝသို့ ကူးပြောင်းလိုက်ပေသည်။ ထို့နောက် ရွှေဂုံတိုင် ဆရာတော်ဘုရားကြီးနှင့်တိုက်အုပ်ဆရာတော် ဦးရှမ်းတို့ထံပါး၌ ဝပ်စင်းကာ ရဟန်းသိက္ခာ နှင့်ဝိနည်းတို့ကိုလည်း သင်ယူသည်။ အခြေခံစာပေ ပရိယတ္တိတို့ကိုလည်း သင်ယူသည်။
တနှစ်ခန့်ကြာသောအခါ (၁၂၆၇-ခု၊ တန်ဆောင်မုန်းလ)တွင် အရှင်ဉာဏသည် စာ ပေကျမ်းဂန်တို့ကိုဆက်လက်ဆည်းပူးရန် မန္တလေးသို့ကြွသွားသည်။ မန္တလေးမြို့ မိုးကောင်း ၊ တိုက် မဟာယန်ဘုံကျော်ဆရာတော်ဘုရားကြီးနှင့်ပထမကျော်ဦးသူရိယတို့ထံပါးဝယ် မှီ ခိုကာ စာပေပရိယတ္တိတို့ကို သင်ယူသည်။ ဦးသူရိယကား နောင်အခါ မစိုးရိမ်ဆရာတော် ဘုရားကြီးအဖြစ် ထင်ရှားလာမည့် ရဟန်းမြတ်ပင် ဖြစ်သည်။
၁၂၆၈-ခုနှစ်တွင် ဦးဉာဏသည် ပခုက္ကူမြို့ ရေစကြိုဆရာတော်ကြီးဦးဂန္ဓထံတွင် ချဉ်းကပ်၍ ပညာများ ဆည်းပူးပြန်သည်။ ထို့နောက် ၁၂၆၉-ခုမှ ၁၂၇၁-ခုအထိ ဦးသူရိယ နှင့်အတူ စစ်ကိုင်း ဝါးချက်ရွာသို့ပြောင်းရွှေ့ကာ မင်းကျောင်းဆရာတော်ဘုရားကြီးထံတွင် ဆက်လက်ပညာဆည်းပူးသည်။
၁၂၇၂-ခုတွင် မစိုးရိမ်ကျောင်းဒကာများ၏ပင့်လျှောက်ချက်အရ ဦးသူရိယသည် မစိုးရိမ်တိုက် ပါဠိနယူပဒေသကျောင်းတို့သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ထိုအခါဦးဉာဏ ကလည်း အတူလိုက်ပါရပြန်သည်။ ထိုနှစ်တွင် ဦးဉာဏသည် ပထမကြီးတန်းကို ဝင် ရောက်ဖြေဆိုရာ မြန်မာတပြည်လုံးတွင် ပထမရသဖြင့် ၁၂၇၃-ခုတွင် ပထမကျော်ဘွဲ့တံ ဆိပ်ဆက်ကပ်ခြင်းခံခဲ့ရသည်။ ထိုအချိန်က ဦးဉာဏသည် သက်တော် ၂၈-နှစ်အရွယ်သာ ရှိပေသည်။
ဤသို့ ပထမကျော်ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရပြီး နောက်ပိုင်းတွင် ဦးဉာဏသည် စာသင်သားရဟန်းများအား နေ့ဝါ ညဝါ စာများပို့ချခဲ့သည်။ တဘက်ကလည်း ကျမ်းများ ပြုစုခဲ့သည်။
ဆရာတော်ဦးဉာဏသည် ရှေးဦးစွာ ဇနကဇာတ်ကို မူလပါဠိမှ မြန်မာပြန်ဆိုရေး သားခဲ့သည်။ ထို့နောက် မစိုးရိမ်ကျောင်းဒကာကြီး၏လျှောက်ထား တောင်းပန်ချက်အရ ပါယာသိရာဇညသုတ်တော်ကို မြန်မာပြန်ဆိုရေးသားခဲ့သည်။
၁၂၉၁-ခု(၁၉၃၀-ပြည့်)တွင် မစိုးရိမ်ဆရာတော်ဦးသူရိယကို သက်ဆိုင်ရာတို့ က အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် အပ်နှင်းခဲ့သည်။ ထို့နောက် မကြာခင်ပင် ဆရာတော် ဦးသူရိယနှင့်ဆရာတော်ဦးဉာဏတို့သည် အိန္ဒိယနှင့်သီဟိုဠ်သို့ ဘုရားဖူးကြွခဲ့ကြသည်။ ဘုရားဖူးအဖွဲ့တွင် ဒကာ ဒကာမအချို့လည်း လိုက်ပါခဲ့သည်။ နိုင်ငံခြားသို့ သွားရာတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဆက်သွယ်မှသာ ခရီးပေါက်နိုင်သဖြင့် အင်္ဂလိပ်စာတတ်သော ဆရာတော်ဦးဉာဏက ဦးဆောင်ခဲ့ရပေသည်။
ဆရာတော်ဦးဉာဏသည် အင်္ဂလိပ်စာကို သာမန်တတ်ရုံမျှမဟုတ်၊ ထူးချွန်စွာတတ် မြောက်သူ ဖြစ်သည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုသော ကျမ်း အချို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။ ထိုသို့ပြန်ဆိုပါရန်လည်း ထိုခေတ်က ထင်ရှား သော ဗုဒ္ဓဘာသာနိုင်ငံခြားသာသနာပြုအသင်းကြီးက လျှောက်ထား တောင်းပန်သော ကြောင့်ဖြစ်သည်။
ဟေတုပစ္စယ - The relation by law of root
အာရမ္မဏပစ္စယ - The relation of object
အဓိပတိပစ္စယ - The relation of dominance
အနန္တရ ပစ္စယ - The relation of contiguity
သမနန္တပစ္စယ - The relation of immediate contiguity
သဟဇာတ ပစ္စယ - The relation of Co-existence
အညမညပစ္စယ -The relation of reciprocity
နိသယပစ္စယ -The relation of dependence
ဥပနိဿယ ပစ္စယ -The relation of Sufficing condition
ပုရေဇာတ ပစ္စယ -The relation of pre-existence
ပစ္ဆာဇာတပစ္စယ -The relation of post-existence
အာသေဝန ပစ္စယ -The relation of habitual recurrence
ကမ္မပစ္စယ -The relation of Kamma
ဝိပါကပစ္စယ - The relation of effect
အာဟာရ ပစ္စယ - The relation of Food
ဣန္ဒြိယပစ္စယ - The relation of control
ဈာနပစ္စယ - The relation of Jhana
မဂ္ဂပစ္စယ - The relation of Path
သမ္ပယုတ္တပစ္စယ - The relation of association
ဝိပ္ပယုတ္တပစ္စယ - The relation of dissociation
အတ္ထိပစ္စယ - The relation of presence
နတ္ထိပစ္စယ - The relation of absence
ဝိဂတပစ္စယ - The relation of abeyance
အဝိဂတပစ္စယ - The relation of continuance
ဆရာတော်ဦးဉာဏသည် အင်္ဂလိပ်စာ ထူးချွန်ရုံမက ဗုဒ္ဓတရားတော်ကိုလည်း သေ ချာကျနစွာ သဘောပေါက်သိမြင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ဤသို့အောင်မြင်စွာ ပြန် ဆိုနိုင်သည်ဟု ဆိုသင့်သည်။ နောင်အခါ မစိုးရိမ်တိုက်မှ ဆရာတော်ဦးဉာဏ၏တပည့်ဖြစ်သူ အရှင်အဂ္ဂဝံသက လယ်တီဆရာတော်ဘုရားကြီး၏ထိုပဋ္ဌာန်းကျမ်းကို မြန်မာနိဿယ ပြန်ဆိုခဲ့သည်။ ပြန်ဆိုရာ၌ ဆရာတော်အရှင်ဉာဏ၏ပို့ချချက်မူအတိုင်း ပြန်ဆိုကြောင်းဖော်ပြထားသည်။ ဆရာတော်ဦးဉာဏကား ဗုဒ္ဓတရားတော်ကို ကမ္ဘာသို့ပျံ့နှံ့အောင် ကြိုး | ပမ်းကြရာတွင် အရေးပါသောအခန်းက ပါဝင်သူ ပုဂ္ဂိုလ်ကျော်ပင် ဖြစ်ပေသည်။
ဆရာတော်ဦးဉာဏသည် အဆိုပါကျမ်း ၃-ကျမ်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုရုံမျှမ | က နိုင်ငံခြားသားများက ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ မသိမရှင်းသောပြဿနာအရပ်ရပ်ကို တင်ပြလာပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြေရှင်းပေးခဲ့ရပေသည်။
ထိုစဉ်က ဥရောပတိုက်သား ပညာရှင်များက လယ်တီဆရာတော်ဘုရားကြီးအား ဗုဒ္ဓစာပေကို လေ့လာလိုက်စားသူများအတွက် အထူးလိုအပ်နေသော ပါဠိအဘိဓာန်ကျမ်း ကြီးတစောင် ပြုစုပေးပါရန် စာရေး၍ တောင်းပန်လျှောက်ထားဖူးသည်။ ထိုအချိန်၌ ဆရာတော်ကြီးမှာ သက်တော် ၇ဝ-ကျော်အရွယ်သို့ ရောက်နေပြီ။ ဆရာတော်ကြီးသည် ထို အဘိဓာန်ကြီးပြုစုရန် ဉာဏ်အရည်အချင်း ပြည့်ဝသော်လည်း အရွယ်က အိုမင်းနေပြီဖြစ် ၍ လုပ်အားမပေးနိုင်တော့ပေ။ ထို့ကြောင့် မိမိကိုယ်စား ပြုစုပေးနိုင်မည့် ပုဂ္ဂိုလ်များကို ရှာ ဖွေသည်။ နောက်ဆုံးတွင် မစိုးရိမ်ကျောင်းတိုက်မှ စာချဆရာတော်များနှင့်ဆက်သွယ်မိကာထိုဆရာတော်များကို တာဝန်ပေးအပ်ခဲ့သည်။ သို့ဖြင့် မစိုးရိမ်နာယကအဖွဲ့သည် လယ်တီ ဆရာတော်ဘုရားကြီးကို ဦးစီးနာယကထားကာ ပါဠိအဘိဓာန်ပြုစုရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ကြသည်။ ထိုအဖွဲ့တွင် မစိုးရိမ်တိုက်၊ သာသနယူပဒေသကျောင်းဆရာတော် ဦးသောမာဘိသီရိက ပထမနာယက၊ မစိုးရိမ်တိုက် ပါဠိနယူပဒေသကျောင်းဆရာတော် ဦးသူရိယက ဒုတိယနာယက၊ မစိုးရိမ်တိုက်မာဂဓနယူပဒေသကျောင်း ဆရာတော်ဦးဉာဏ က အကျိုးဆောင်၊ အခြားဆရာတော် ၁၀-ပါးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ အခြေခံစာ ချဆရာတော်များနှင့်ထက်မြက်သောစာသင်သား ၃၀-ကျော်တို့ကလည်း ပါဝင်ကူညီကြ သည်။
ထိုပါဠိအဘိဓာန် ကျမ်းပြုဆရာတော်များသည် နေ့စဉ်ပင် စာချရသည်။ စာချအပြီး အားလပ်ချိန်တိုင်း အဘိဓာန်ကို ကြိုးစားရေးသားပြုစုကြသည်။ တနှစ်ကြာတွင် ပုံနှိပ်နိုင် ရန် စာအုပ် ၄-အုပ်စာခရခဲ့သည်။ ထိုနောက် ဆက်လက်ပြုစုရာ ရေးပြီးစာမူမှာ စာမျက် နှာ ၃၀ဝ၀-ခန့် ပြီးစီးခဲ့သည်။ သို့ရာတွင် အခက်အခဲ အမျိုးမျိုးကြောင့် စာမျက်နှာ ၁၀၃၄ -မျက်နှာသာ ပုံနှိပ်ပြီးစီး၍ စာအုပ်အဖြစ် ရောက်ခဲ့သည်။ ထွက်ခဲ့သမျှ အတွဲများ၊ တာဝန် ခံရေးသားသော ဆရာတော်များနှင့်ထုတ်ဝေသောနှစ်များမှာ အပိုင်း-၁၊ အတွဲ-၁၊ ဆရာတော်ဦးသောမာဘိသီရိ(၁၂၉၀-ပြည့်)။ အပိုင်း-၂၊ အတွဲ-၁၊ ဆရာတော်ဦးသူရိယ(၁၂၈၉)။ အပိုင်း-၃၊ အတွဲ-၁၊ ဆရာတော်ဦးဉာဏ(၁၂၉၈)။ အပိုင်း-၄၊ အတွဲ-၁၊ ဆရာတော်ဦးရာဇိ နွံ(၁၂၉၄)တို့ဖြစ်ပေသည်။