Skip to product information
1 of 5

Other Websites

မင်းပုည - မြင့်မြတ်နှလုံးသား ချေဂွေဗါးရား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရင်တွင်းမှဆန္ဒများ

ကမ္ဘာ့နိုင်ငံများက ကျွန်တော့်ကို ဘာတွေ လုပ်နေသလဲ။ ဘာကြောင့် ကိုယ်နဲ့မဆိုင်တာတွေကို ဝင်ရောက်ပြီး လုပ်နေတာလား ဘာလဲပေါ့။ သူတို့အမြင်ကို ကျွန်တော် အပြစ်မတင်ပါဘူး။ တာဝန် သိသူမှာ တာဝန်ရှိပါတယ်။ တာဝန်မသိသူမှာ တာဝန်မရှိပါဘူး ဆိုတာ မှန်ပါတယ်။ ၊ အမှန်တော့ ကျွန်တော်ဟာ တာဝန်သိသူ ဖြစ်ချင်ပါတယ်။

တာဝန်မဲ့သူ မဖြစ်ချင်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်မှာ တာဝန်ရှိ တယ်လို့ပဲ ခံစားနေရပါတယ်။ ။

ဘာကြောင့်လဲ ဆိုတော့ အတိတ်အကြောင်းတွေကို ပြန် ပြောင်းပြောရရင် စိတ်မကောင်းစရာတွေများစွာ ဖြစ်နေပါတယ်။ အမှန်တော့ ကျွန်တော်က ဆရာဝန်လေ။ လူတွေကိုကုတဲ့ ဆရာဝန် အခုက လူတွေကို ဆေးမကုဘဲ ဘာကြောင့် သေနတ်ကိုင်ပြီး စစ်ပွဲတွေ ဆင်နွှဲနေရတာလဲပေါ့။ကျွန်တော် ပြောခဲ့တဲ့အတိုင်း တာဝန်သိလို့၊ တာဝန်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောရတာက အကြောင်းတွေ ရှိပါတယ်။ အင် အားကြီးတဲ့ နိုင်ငံတွေက အင်အားမရှိတဲ့ နိုင်ငံလေးတွေကို သိမ်းပိုက် အနိုင်ကျင့်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ကျူးဘားနိုင်ငံလည်း သိမ်း ပိုက်ခံရပါတယ်။ ,

ဘာကြောင့်မှန်းတော့ မသိဘူး။ ကျူးကျော်တာ၊ သိမ်းပိုက် တာ၊ မတရားအနိုင်ကျင့်တာတွေကို အမုန်းဆုံးပဲ။ ကျွန်တော့်စိတ် ဓာတ်ကို ပြောရရင် အတိဒုက္ခတွေနဲ့ တွေ့ကြုံနေရင် ဘယ်သူ့ကိုမဆို ကူညီပြီး ဖြေရှင်းပေးလိုတဲ့ ဆန္ဒများ ရှိပါတယ်။

အဲဒီလို ဖြေရှင်းပေးလို့လည်း ကျွန်တော့်ကို ချီးကျူးသူတွေ ရှိသလို မုန်းတီးသူတွေလည်း ရှိနေပါတယ်။ ဒီလိုပါပဲကျွန်တော် ကလည်း လူတစ်မျိုး၊ အဲဒါက ဘာလဲဆိုတော့ ခိုင်းတာကိုမကြိုက်။

ကျွန်တော်ဟာ ဘယ်အလုပ်ကိုမဆို ကိုယ့်အသိနဲ့ လုပ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမိန့်အာဏာသုံးပြီး ခိုင်းတာကို မုန်းတီးဆုံး ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ တင်ပြထားတာ ရှိပါတယ်။ ။

နောက်တွေက များနေတဲ့အတွက် ရှေ့ဆက်စရာလေးတွေကို ဆက်လက်တင်ပြချင်ပါသည်။ ဒီအတွက် ဘယ်နိုင်ငံဘက်ကနေ ဝင်ရောက်တိုက်ခိုက်ရင် ကောင်းမလဲ စဉ်းစားနေရပါတယ်။ နယ်ချဲ့ လက်အောက် ကျရောက်နေတဲ့ နိုင်ငံများဘက်မှ ဝင်ရောက်တိုက် ခိုက်ရန် ဖြစ်ပါတယ်။ ။

အဲဒီအထဲမှာ ကျူးဘားနိုင်ငံဘက်က ရပ်တည်ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံကို သိမ်းပိုက်ကြတဲ့ ရည်ရွယ်ချက်တွေကဒီနိုင်ငံက အဖိုးတန်ပစ္စည်းတွေကို သူ့နိုင်ငံတိုးတက်ရေးအတွက် - ဖြစ်သလို ကျူးကျော်တဲ့အခါ အထောက်အကူဖြစ်စေရန် ရည်ရွယ် က်များနဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။

စပိန်နိုင်ငံဟာ ကျူးဘားကို နယ်ချဲ့ပြီး အခြားနိုင်ငံများကို လည်း ကျူးကျော်ရန်စ တိုက်ခိုက်ခဲ့တယ်။ အလားတူ မြောက် အမေရိက နယ်မြေသိမ်းပိုက်ရေးသမားတို့မှ တိုက်ခိုက်စေလွှတ်တဲ့ “နှာဆီဆိုလိုဖက်”များ ရောက်ရှိလာခြင်းမှာလည်း နောက်ဆက်တွဲ အကျိုးဆက် ရလဒ်တွေသာ ဖြစ်ပါတယ်။ . ,

အလားတူ ၁၉၀၁-ခုနှစ်က ပလမ်ပြင်ဆင်ချက်ဥပဒေများ ဟာ တော်လှန်ရေးကို ခိုင်မာရှင်သန်စေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်

ဒီလုပ်ရပ်တွေဟာ အောင်မြင်တယ်လို့ မှတ်ယူရမှာပဲ။ အချိန်က 'သိပ်မရ၍ အကြောင်းအရာတွေကို အကျဉ်းသဘောနဲ့ တင်ပြချင် ပါတယ်။ အဲဒါကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

၁၉၃၃-ခုနှစ်မှာ အမေရိကန်သံအမတ် “ဆမ်နာဝဲလ်”ကမဆိုင်းမတွ ဝင်ရောက်စွက်ဖက် လာပါတယ်။ ဒီလုပ်ရပ်ကြောင့် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ပါတယ်။

တော်လှန်ရေးကို လူငယ်များ စိတ်ဝင်စားလာခဲ့ပါတယ်။ | အရှင်းဆုံးအချက် တစ်ခုက ၁၉၅၂-ခုနှစ်မှာ ကျူးဘားနိုင်ငံ သမ္မတဘာတစ္စတာ သွေးချောင်းစီးမှု မရှိတဲ့ အာဏာသိမ်းခြင်းကို ခံလိုက် တယ်။

အဲဒီနေ့က မတ်လ (၁၀)ရက်နေ့ ဖြစ်ပါတယ်။ အာဏ သိမ်းမှုကြောင့် ကျူးဘားပြည်သူတွေဟာ ကိုလိုနီလက်အောက် ဘဝနဲ့ ရုပ်သေးအစိုးရရဲ့ ဖိနှိပ်ခြင်းကို ခံနေရပါတယ်။ ထိုဖိနှိမ်မှု တွေကို မခံနိုင်တဲ့ ပြည်သူတွေက တော်လှန်ရေးကိုသာ ဦးတည်နေ ကြပါတယ်။ လက်တင်အမေရိကဟာ ကူညီသလိုနဲ့ အခွင့်အရေးတွေယူနေကြတယ် မကောင်းခဲ့တဲ့ သမိုင်းကြောင်းတွေကို ကောင်း ကြောင်းပြချင်နေပါတယ်။ လက်မခံသူကို ရန်သူအဖြစ် သတ်မှတ် ကြပါတယ်။

အဲဒီအထဲမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ကျွန်တော် ဟာ မလွှဲသာလို့ အမေရိကန်နဲ့ ပူးပေါင်းပေမယ့် သူတို့ရဲ့လုပ်ရပ် တွေကို လက်မခံ။ သူတို့လုပ်သမျှကို အမြဲလိုစောင့်ကြည့် လေ့ လာသူ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကျွန်တော် တယောက်တည်း အတွက်မ ဟုတ်၊ အားလုံးအတွက်သာ ဖြစ်ပါတယ်။

 

ကမ္ဘာတည်သရွေ့ ရှိနေမယ့်သူ

ချေဂွေဗါးရားဟာ သူ့ရဲ့မှတ်တမ်းကို အဲဒီနေရာအထိသာ ရေးသားနိုင်ခဲ့ပါတယ်။ ချေထွေဗားရား မရှိတဲ့ တော်လှန်ရေးတိုက်ပွဲ က ဆက်လက် ဖြစ်နေသေးပါတယ်။ သူတို့ဟာ ချေဂွေဗားရားကို ဘယ်လိုစီစဉ်သလဲ ဆိုတာ မျက်မြင်အရာရှိတစ်ဦးရဲ့ ကိုယ်တွေ့ မှတ်တမ်းလေးကို စိတ်ဝင်စားစွာ လေ့လာမိပါတယ်။

အဲဒီနေ့ ရော့ဒရီဂွတ်စ်ဟာ ချေထွေဗားရားကို လာရောက် နှုတ်ဆက်စကားတွေ အများကြီး ပြောပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်ဟာ သေဆုံးရလည်း ဂုဏ်သိက္ခာရှိရှိနဲ့ သေဆုံးတာ

ကောင်းပါတယ်လို့ နှုတ်ဆက်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ တဲအပြင်ဘက်မှာ ချေထွေဗားရားကို စောင့်ဆိုင်းနေကြတယ်။ မှာကြား နေကြတယ်။

“အဲဒီ ချေထွေဗားရားကို သေနတ်နဲ့ပစ်တဲ့အခါ လည်ပင်း ကို လုံးဝမပစ်နဲ့၊ တိုက်ခိုက်ရင်းသေတဲ့ ပုံစံမျိုး ဖြစ်စေရန် မျက်နှာ ကို’ မထိစေနဲ့ ဟု မှာကြားနေတယ်။ အဲဒါကို အတွင်းမှာရှိတဲ့ ချေဂွေး ဗားရား ကြားနေပုံရတယ်။ ခဏအကြာမှာ အမိန့်အတိုင်း အပြင်ကို ခေါ်ထုတ်လာပါတယ် နောက်ပြီး နံရံမှာ ရပ်ခိုင်းလိုက်ပါတယ်။ `အေးဆေးစွာ ရပ်လိုက်ပါတယ်။ နောက်ပြီး မျက်နှာအုပ်ရန် အဝတ် ကို လှမ်းပေးလိုက်ပါတယ်။ လက်မခံ၊ ငြင်းဆန်နေပါတယ်။

“ကျွန်တော့်ကို ခင်ဗျားတို့ ပစ်သတ်မှာကို သိပြီးသားပါ။ တကယ်ဆိုရင် ကျွန်တော်ကို အရှင်မဖမ်းသင့်ဘူး၊ ဒီပွဲမှာ ကျွန်တော် ရှုံးလို့ ကျရှုံးပေမယ့် တော်လှန်ရေးတွေ ဆုံးခန်းတိုင်သွားမှာ မဟုတ် ဘူး။ အခြားနေရာတွေမှာ ဆက်လက်ဆင်နွှဲနေမယ်ဆိုတာ ကျိန်းသေ တွေ့လာစေရမယ်။ ။

ဆိုတဲ့ အသံနဲ့အတူ ချေထွေဗားရား နံရံမှာ လဲကျသွားခဲ့ လေပြီ။ သူရဲ့ခန္ဓာမှာ ကျည်ပေါက်တွေက ဆန်ခါပေါက်လို ဖြစ် နေတယ်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရတော့ ဗိုလ်ကြီးပရာဒိုမှာ ခေါင်းတခါခါနဲ့ ကြေကွဲနေတယ်။ သူ့ကို အဲဒီလို ရက်ရက်စက်စက် ပစ်သတ်လိုက်မယ်လို့ အထင်ခဲ့ပေ။ တကယ်တမ်း မြင်တွေ့လိုက် ရတော့ စိတ်မကောင်းပေ။

“အစတည်းက အဲဒီလို ပစ်သတ်မယ်ဆိုရင် ရှေ့တန်းမှာ | တည်းက သတ်ပြီး အလောင်းပဲ ယူလာတာပေါ့။ အခုတော့ ' ဘာထူးလို့လဲ။ သတ်ပြီး သယ်သွားတာပဲ”ဟု တွေးနေမိတယ်။

စစ်သမိုင်းတစ်လျှောက် မျက်နှာပျက်စရာတွေ၊ အရုပ်ဆိုးအကျည်းတန်စရာတွေ ဖြစ်ခဲ့ရတော့တယ်။

သုံ့ပန်းတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်ကို စစ် ခုံရုံးကို မတင်ဘဲ သွေးအေးအေးနဲ့ ပစ်သတ်လိုက်တယ်။ တစ်ချိန် မှာ သမိုင်းအစပေါ်လာရင် နိုင်ငံချင်း စိတ်ဝမ်းကွဲစရာတွေ ဖြစ် လာမှာ စိုးရိမ်လာမိတယ်။

အခု သူရဲ့ ရုပ်အလောင်းကို ရဟတ်ယာဉ်ပေါ်တင်ပြီး မောင်းထွက်သွားကြပါတယ်။ အဲဒီခရီးမှာ ကျွန်တော် ပါမသွား

တော့ ဘယ်ကို သယ်ဆောင်သွားတယ်ဆိုတာ မသိအောင်ဖြစ်နေ ရပါတယ်။

ဘယ်လိုပင်ဖြစ်ပါစေဂွေဗားရားဟာ လူသာသေပေမယ့် နာမည်ကတော့ ကမ္ဘာတည်နေသရွေ့ ရှိနေဦးမည်ဟု ထင်မှတ်နေ မိပါတော့တယ်။

ရိုးသား ကြိုးစားလျက်

မင်းပုည

၁-၁-၂၀၁၈

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)