Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မင်းဆွေ - စနေမ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း (၁)

        အချိန်မှာ ည ၁၀ နာရီမျှ ရှိ၍ ရန်ကုန်မြို့၊ တရုတ်တန်းရပ်ကွက် ကြီးသည် ဓာတ်မီးရောင်ချင်း ရောယှက်၍နေလေ၏။ *ဒါလဟိုဇီလမ်း၏ တစ်ဖက် တွင် အွန်လောက်” ခေါ် တရုတ်ဟိုတယ်ကြီးသည် စည်ကားရှုပ်ပွေ သွားလာနေကြသော မော်တော်ကား၊ ဓာတ်ရထား၊ လန်ချားနှင့် လှုပ်ရှားနေသည့် လူအများ ကို မားမားမတ်မတ် ရပ်ကြည့်နေသကဲ့သို့ ရှိ၏။

          ဟိုတယ်၌ လူ ၂၀၊ ၂၅ မျှရှိပြီး အသီးသီး ဝိုင်း ဖွဲ့ ကာ ထိုင်နေကြသော်လည်း ပျော်ရွှင်ဆူညံသော အရိပ်အယောင် လုံးဝမတွေ့ရချေ။ ထိုအထဲတွင် လူ * မဟာဗန္ဓုလလမ်းမင်းဆွေ တစ်ယောက်မှာ ကြောက်မက်ဖွယ်ရာ တင်းမာသော မျက်နှာဖြင့် ဟိုဟိုဒီဒီကြည့်နေသည်ကို တွေ့ရလေ၏။

          “အားလုံးငြိမ်နေကြ၊ တစ်ယောက်မှ မလှုပ်နဲ့၊ ချက်ချင်းသေကုန်မယ်၊ ကျုပ် ဘယ်သူဆိုတာ မျက်နှာ သေသေချာချာကြည့်”

          ထိုလူ၏အသံမှာ ပြင်းထန်ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟုထင်ရသော်လည်း အများဆုံး အသက် ၃၀ ကျော်ကလေး၏ပတ်လည်တွင် တည်ရှိမည့်ပြင် ရုပ်ရည်ကား မဆိုးလှ။ အသားဖြူဖြူ၊ အရပ်အမောင်းကောင်း၍ လူရည်သန့်ထဲက ဖြစ်၏။ ဝင်းထိန်သော လက်ပတ်နာရီ၊ တောက်ပသော စိန်လက်စွပ်နှင့် အညွှတ်ချပ်ရပ် အသားတွင်ကပ်နေသော ပိုးအင်္ကျီ ကလေးကို ကြည့်ခြင်းအားဖြင့် သာမညလူအတန်း အစားထဲက မဟုတ်ကြောင်း သက်သေခံလျက်ရှိ၏။

          သို့သော် ထူးခြားချက်ကား ထိုလူ၏ မျက်နှာ ပေါက်သည်လည်းကောင်း၊ ဝတ်ဆင်ထားသော ပိုး အင်္ကျီ၊ ပိုးဘောင်းဘီသည်လည်းကောင်း မြန်မာလူမျိုး မဟုတ်၊ တရုတ်လိုလို၊ ရှမ်းလိုလို... ဟိုဟိုသည်သည် တွေးစရာ ဖြစ်နေ၏။ ဖြူဖွေးသော နှာတံအောက်၌မူ မထင်ရှားသော နှုတ်ခမ်းမွေးသည် တရေးရေးတန်း၍ နေ၏။“ကျုပ်မှာ လက်နက်မပါဘူး၊ ခင်ဗျားတို့ဆီ တော့ ရှိချင်ရှိလိမ့်မယ်၊ ဒါပေမဲ့ ကျုပ်ကို မတရားဘူး ရယ်လို့ထင်ရင် သေနတ်နဲ့ ထပစ်ချင်ပစ်၊ ဓားနဲ့ ထခုတ် ချင်ခုတ်၊ ထင်သလို လုပ်နိုင်တယ်၊ ကျုပ် မကြောက် ဘူး၊ တကယ့်ကို မကြောက်ဘူး” ဟုဆိုကာ ထိုရှမ်းလို လူသည် မနီးမဝေး စားပွဲတစ်ခုတွင် တစ်ယောက် တည်းထိုင်နေသော အသက် ၄၀ ကျော်ခန့်ရှိ ကြွားဝါဝါလူကြီးတစ်ယောက် အနီးသို့ ကပ်သွားလေ ၏။ ဘေးပတ်လည်ရှိ လူများမှာကား မီး ရေနဲ့ဖျန်း သကဲ့သို့ ရှိပြီး တဝီဝီလှည့်ပတ်နေသော ပန်ကာအသံ သာလျှင် အခါတိုင်းထက် ပြင်းထန်သည် ထင်ရ၏။

          “ခင်ဗျား စောစောက ဟိုဘက်လမ်း ကလပ်ပေါ် မှာ အတော်လိုက်တယ် မဟုတ်လား။ စုစုပေါင်း ခင်ဗျား ၅,၀၀၀ ကျပ်လောက် နိုင်ခဲ့မယ်။ ကျုပ်ကို တစ်ဝက်ပေးခဲ့ပါ။ ၂,၅ဝဝ ကျပ်ဆိုတာ မဖြစ်လောက် ပါဘူး။ ခု... ကျုပ်က ကောင်းကောင်းမွန်မွန် တောင်း နေတာကို ခင်ဗျားက ငြင်းပယ်ဆူပူတဲ့အတွက် ဟော ဟိုလူတွေအားလုံးက ကျုပ်ကို ဝိုင်းချကြမလို့။ ကျုပ် ငေါက်လိုက်မှ ငြိမ်သွားကြတာ။ ကဲပါ.. အချိန်မရှိဘူး၊ ကျုပ်မှာ ကိစ္စတွေရှိသေးတယ်” 

          ထိုလူကား ကြောက်လန့်သော အမူအရာလုံးလုံးမရှိ။ ထိုင်နေသူ လူကြီး၏ ကုလားထိုင်

အောက်တန်းပေါ်သို့ ခြေတစ်ဖက်တင်ပြီး ကိုယ်ကို ညွှတ်လျက် အေးဆေးစွာ ပြောနေသည်နှင့်အမျှ ငွေ အတောင်းခံရသူမှာ နတ်ပူးသူပမာ တစ်ကိုယ်လုံး တုန် လှုပ် ယမ်းခါ၍နေလေ၏။

ခဏတွင်ပင် အိတ်ထဲမှ အထပ်လိုက် ချည်၍ ထားသော ငွေစက္ကူလိပ်ကြီးကိုထုတ်ကာ ရှေ့တွင်ရှိ

သော ကျောက်စားပွဲပေါ်သို့ တစ်ချပ်ပြီးတစ်ချပ် တုန် တုန်ယင်ယင် ရေတွက်ဖြန့်ချလေ၏။

          ရှိသမျှလူအားလုံးမှာ ထိုနေရာသို့ ငြိမ်သက်စွာ စူးစိုက်နေကြသော်လည်း တောင့်တောင့်တင်းတင်းနှင့် ပျိုလွင်ချောမောသော မနီးမဝေးရှိ လူတစ်ယောက် သည် အများကဲ့သို့ လျစ်လျူရှုနိုင်ဟန်မရှိ။ လက်နက် တစ်စုံတစ်ရာမပါဘဲ ကြောက်လန့်စရာအလျှင်းမရှိသော လူတစ်ယောက်က အခြားတစ်ဦးတစ်ယောက် အပေါ် မတော်တလျော် ပြုမူခြင်းကို မရှုဆိတ်နိုင်သဖြင့် ထိုင်ရာမှ ငေါက်ခနဲထကာ အနီးသို့ ခပ်သွက်သွက် လှမ်း၍သွားလေ၏။

          “ါ.. ကိုတင့်ဆွေ၊ ခင်ဗျား ရပ်လိုက်ပါ။ မလှုပ် နဲ့၊ ဟိုမှာထိုင်” ဟု ရှမ်းလိုလူက ပြတ်သားမာကျော သောအသံဖြင့် ဆီး၍ဟန့်လိုက်ရာ တင့်ဆွေ” အခေါ်ခံရသော ယောက်ျားပျိုသည် မည်သို့ ဖြစ်သွားသည် မသိ၊ သွေးကြောတွေ ရပ်ဆိုင်းကုန်သကဲ့သို့ မကြာမီ ပင် ထောင့်တစ်နေရာ၌ ထိုင်မိလျက်ဖြစ်နေလေ၏။

          တစ်အောင့်မျှ ကြာသွားသောအခါ ရှမ်းနှင့် တူသူသည် ငွေစက္ကူအားလုံး သိမ်းကျုံးယူလိုက်ပြီး “ကိုင်းဗျာ.. မထူးပါဘူး။ ခင်ဗျား သေရမယ့်လူပဲ။ အားလုံးသာ ထားရစ်ခဲ့ပါတော့။ ကဲ.. ကဲ... ခင်ဗျား အသက် ကျုပ်ကိုပေး၊ ဟုတ်လား။ ခင်ဗျာ့အသက် ကျုပ်ကိုပေး” ဟု ဆိုကာ ထိုင်နေသော လူကြီးအား ပခုံးကို သုံးချက်မျှပုတ်လျက် ငွေစက္ကူများကို အတွင်း အိတ်သို့ အထပ်လိုက်ထိုးထည့်လိုက်ပြီးနောက် ကိုတင့် ဆွေဟု အခေါ်ခံရသူဘက်သို့ လျှောက်၍လာလေ၏။

          တင့်ဆွေ ဆိုသူသည် တစ္ဆေသရဲအနီးသို့လာ၍ ရစ်ဝဲသည် ထင်မိ၏။ လျှောက်လာသူကား မိမိနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တစ်ခုကို ဆွဲထိုင်ပြီး နောက်

         “ဟေ့... ပေါက်ဖော်၊ ဂျက်ဖရီတစ်လုံး ယူခဲ့”

          ဟု လှည့်၍ပြောကာ ချိုအေးသောမျက်နှာဖြင့် ပြန် ကြည့်ပြီး..

          “ခင်ဗျားနာမည် ကိုတင့်ဆွေ အမှန်ပဲနော်”

          “ဟုတ်ကဲ့... တင့်ဆွေပဲ။ ခင်ဗျား ကျုပ်ကို