Skip to product information
1 of 2

Other Websites

မင်းခိုက်စိုးစန် - ငှက်ကလေးရဲ့သက်တော်စောင့်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

ရထားက သူ့ကို ထားရစ်ခဲ့ပြီ။

မြို့ငယ်ကလေးတစ်မြို့၏ ဘုတာရုံကုပ်ကုပ်ကလေးထဲတွင် သူတစ်ယောက်တည်း မတ်တတ်ရပ်လျက် ကျန်ရစ်၏။ တစ်စထက်တစ်စသူ့ထံမှ ရွေ့လျား ဝေးကွာစပြုနေသော ရထား၏ သံမဏိ ကိုယ်ထည်ကြီး

လျှောတိုက်သွားပုံသည် ပြေပြေပြစ်ပြစ် သက်သောင့်သက်သာ ရှိလှသည်။ တကယ်တော့ သက်သောင့်သက်သာရှိစွာ မနေထိုင်တတ်ခဲ့သူမှာ သူသာ လျှင် ဖြစ်၏။

ငါတစ်ယောက်တည်း အထီးကျန်ခဲ့ပြီဟူသော အတွေးသည်ပင် ရထားကို အဆမတန် ရှည်လျားလွန်းနေသည်ဟု အောက်မေ့စေ၏။ သူ့ တစ်ခုခုလုပ်စရာ ရှိနေသော်လည်း ဘာတစ်ခုမှ လုပ်စရာမရှိသလို ထင်ချင်ချင် ဖြစ်နေသည်။ ဘဝဆိုတာ ဒါပဲလား ...။ တစ်ခုခုလုပ်စရာရှိတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ လုပ်စရာမရှိဘူးလို့ အောက်မေ့ပစ်လိုက်ချင် ရင်လည်း ဖြစ်တာပဲ မဟုတ်ဘူးလား။

သူ့ကိုယ်သူ ဘာအတွက် အဆင်သင့် မဖြစ်သေးဟု ခံစားရလေသည်။

ဘူတာရုံအုတ်ကြွပ်ခေါင်မိုး နီနီအစပ်တွင် ငှက်ကလေး နှစ်ကောင် နားနေသည်ကို မြင်ရ၏။ ရေနံချေးရောင်ညို့မှိုင်းနေသော ဘူတာရုံပုပု ကလေး၏ အသွင်အပြင် သည် စိန်ပန်းပင်ပေါက်ကလေးများ၊ စက္ကူပန်းရုံကလေးများအကြားတွင် တစ်စုံတစ်ရာကို လျှို့ဝှက်ထားသည့် ပုံပေါက် နေလေသည်။ မြက်ခင်းစိမ်းကလေးပေါ်တွင် အနီရောင်၊ အဝါရောင် စိန် ပန်းပွင့်တွေ ပြန့်ကျဲနေကြသည်။ ပန်းနုရောင် စက္ကူပန်းခြောက်ခြောက် များကိုလည်း အဆုပ်လိုက် အထွေးလိုက် တွေ့ရ၏။ ။

ဘူတာရုံအစပ် မြေနီလမ်းကလေးအတိုင်း သူ ဆင်းလာခဲ့သည်။ မြို့ထဲသို့ ဝင်ရန် တစ်ခုခုတော့ စီးရပေလိမ့်မည်။ မြင်းလှည်း ဖြစ်ဖြစ်၊ ဆိုက်ကား ဖြစ်ဖြစ်ပေါ့ဟု သူ စိတ်ကူးလိုက်၏။ ဘယ်လောက်ဝေးဝေး သွားရသည်ကို သူမသိသေး။ သည်မြို့ကလေးကို သူ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူ့အဖေကိုသာ သည်မြို့ကလေးမှာ တွေ့လိုက်ရ သည်ဟု သတင်းမကြားခဲ့ရလျှင် သူ့တစ်သက်တာအတွင်း သည်မြို့ကလေး နှင့် ပတ်သက်စရာ ဘာအကြောင်းမှ မရှိဟုပင် ပြောရပေလိမ့်မည်း

အင်း ... အခုတော့ ပတ်သက်လာရပြီပေါ့လေ။ အဖေကြောင့် ဆိုပါတော့...။ အင်း... ဒီလိုလည်း ပြောလို့ မရသေး။ အဖေက ငါ့ကို လိုက်ရှာပါ သားရယ် ... ဟု မှာခဲ့သည်မဟုတ်။ သူ့ဘာသာ သူ သွားချင် ၍ သွားခြင်းဖြစ်သည်။ ကိုယ်ကလည်း ကိုယ့်ဘာသာကိုယ် လိုက်ရှာခြင်းဖြစ်သည်သုသက်ပြင်းတစ်ချက် ချလိုက်၏။ အင်း... ဒါဆို ဒီမြို့ကလေး နဲ့ လာပတ်သက်ရတာ ငါ့ကြောင့်ပဲပေါ့ဟု တွေးလိုက်၏။ ဟင့်အင်း ဒါ လည်း သိပ်မဟုတ်လှသေး။ သူ့စိတ်နှင့် သူ့ကိုယ်သာဆိုလျှင် အဖေ့ကို လိုက်ရှာဖြစ်မည် မဟုတ်သည်မှာ သေချာပါသည်။ သွားပါစေပေါ့။ အဖေ ဘာသာ အဖေ လွတ်မယ် ကျွတ်မယ် ထင်တဲ့နေရာ သွားစမ်းပါစေ။ အဖေ့ရဲ့ ငြိမ်းချမ်းမှုကို အဖေဘာသာ အဖေ ရှာဖွေပါစေ။ သူ့အနေဖြင့် လိုက် ခေါ် စရာအကြောင်း မရှိတစ်နည်းအားဖြင့် ပြောရလျှင် လိုက်အနှောင့် အယှက်ပေးစရာအကြောင်း မရှိ။

လူဆိုသည်မှာ သူ့ကိုယ်သူ ဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကို ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသင့်သည် မဟုတ်လား။ သူကတော့ ထိုသို့ ပင် ခံယူထား၏။ လူ၏ တတ်နိုင်မှုအစွမ်းသည် အကန့်အသတ် ရှိပါသည်။ အများဆုံးတတ်နိုင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲယူမည်။ လွယ်တော့ အတော်မလွယ်သောကိစ္စ ဖြစ်၏။ တန်ပြန် ဆန့်ကျင်မှုများ၏ အတိုက်အခိုက်ကို ခံရမည်။ နောက်ပြီး ကိုယ့်လိုပင် လောကကြီးကို မိမိ စိတ်ကြိုက် ပြုပြင် ပြောင်းလဲချင်သူများကလည်း ရှိဦးမည်။ ထိုသူတို့၏ စိတ်ကြိုက်နှင့် မိမိ၏စိတ်ကြိုက် မတိုက်ဆိုင်ဘူးဆိုလျှင် ယှဉ်ပြိုင်တိုက်ခိုက် ရဦးမည်။ လောကကြီးကို ပြုပြင်ပြောင်းလဲဖို့ ဆိုသည်မှာ တော်တော် ကြီးကြီးကျယ်ကျယ် ဘဝင်မြင့်တတ်သူများနှင့်သာ သက်ဆိုင်သည့်ကိစ္စ ဖြစ်၏ လောကကြီးသာရွှံ့စေးတုံးတစ်တုံး ဖြစ်မည် ဆိုလျှင် ထိုသူများကလောက်စာလုံးလုံး၍ ရောင်းပစ်ကြပေလိမ့်မည်။ နောက် သူတို့အချင်းချင်း အပေးအယူ မတည့်သည့်အခါ တစ်ယောက်ကို တစ်ယောက် လေးခွ ကိုယ်စီဖြင့် ပစ်ကြပါစေပေါ့။ ဒါပါပဲ။ ထိုသို့ မတတ်နိုင်ဘူးဆိုလား အနည်း ဆုံး တတ်နိုင်တာကတော့ ဘာကိုမှ ပြောင်းလဲ မပစ်ဘဲ နဂိုရှိနေသည့်အထဲမှ ကိုယ်ကြိုက်ရာကို ရွေးချယ်သွားရန် ဖြစ်သည်။

အဖေသည် အများဆုံးကို မတတ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူ တတ် နိုင်သည့် အနည်းဆုံးကို လုပ်သွားခဲ့သည်။ မိသားစုကို ထားရစ်ခဲ့ပြီး သူ့ ငြိမ်းချမ်းမှုကို သူ ရှာရန် ထွက်ခွာသွားခြင်းသာ ဖြစ်သည်း သွားပါစေ ဘာဖြစ်လဲ...။

ပြဿနာက တစ်ခုတည်းသာ ဖြစ်သည် အမေ. . . ။ အမေက သူ့လို သဘောမထားနိုင်။ စင်စစ် အဖေ မရွေးချယ်ချင်သော ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးသူမှာလည်း အမေ...။ အဖေ့ကို ထိုပတ်ဝန်းကျင်ထဲ ပြန်ဆွဲသွင်းထားရန် သူ့ကို လိုက်ရှာခိုင်းလိုက်သူမှာလည်း အမေပင်ဖြစ် သည်။ အဖေသည် မီးခြစ်တစ်လုံး မဖြစ်ခဲ့သည်မှာ အတော် ကံကောင်း သည်ဟု သူ ထင်သည်။ မီးခြစ်တစ်လုံးသာဆိုပါက အမေက ခဏခဏ ဓာတ်ဆီဖြည့်ပြီး မီးတောက်အောင် ဖြစ်နေမည်မှာ သေချာသောကြောင့် ဖြစ်သည်။

မြေနီလမ်းကလေးအဆုံး ကုက္ကိုပင်ရိပ်တွင် ဆိုက်ကားတစ်စီး ရပ်ထားသည်ကို လှမ်းမြင်ရသည်။ သူ ထိုကုက္ကိုပင်ဆီသို့ လျှောက်သွား လိုက်၏။ အနီးသို့ရောက်သောအခါ ဆိုက်ကားသမား တစ်ယောက်က

“ဆိုက်ကားငှားမလား ဆရာ”

ဟု လှမ်းမေး၏။ သူက ခေါင်းညိတ်ပြလိုက်ရင်း မြို့ထဲကို ဘယ် လောက်လဲ ဟု မေးလိုက်သည်။ ဆိုက်ကားသမားလေးက ...

“လေးဆယ်တော့ပေးပါ ဆရာ”

 “မင်းဟာက မများဘူးလားကွ”

 “ဘယ်လောက်နီးနီး ဆိုက်ကားပေါ်တက်ထိုင်လိုက်ရုံနဲ့ သုံးဆယ်ယူတာ ဆရာရဲ့”

ဘုရားရေ... ဒီကောင့် ထိုင်ခုံမှာ ရွှေတွေများ ချထားသလား။

အထဲမှ အုန်းဆံမျှင်များ ပေါက်ထွက်နေပြီဖြစ်သော ဆိုက်ကား ကူရှင်ပေါ်သို့ သူ တက်ထိုင်လိုက်သည်။ ကျန်ဆိုက်ကားသမား တစ်ယောက် ကို သူ လှမ်းကြည့်ဖြစ်သေး၏။ ထိုတစ်ယောက်ကတော့ ခရီးသည် မရဘဲ နေရစ်ခဲ့ရတော့မည်ကို တွေးကာ သူ့စိတ်ထဲ အားနာသလို ဖြစ်မိသည်။ ကဲ ... ကြည့်စမ်း၊ ဘယ်လောက် ကြောင်လိုက်သလဲလို့။

ဘာမှ အားနာစရာမရှိသည့်ကိစ္စကို ကြံဖန်ပြီး အားနာနေမိခြင်း ဖြစ်သည်။ အင်းလေ... ငါတစ်ယောက်တည်းက ဆိုက်ကား နှစ်စင်းလုံး ကို ငှားစီးလို့ဖြစ်တာမှ မဟုတ်ဘဲ။ တစ်စီးစီးကတော့ ကျန်နေရစ်ခဲ့ရမှာ သေချာသည်။ ဘာမှ အားနာနေစရာမလို၊ ကဲ... မေ့လိုက်တော့။

ခက်တာက သည်ဘူတာတွင် ဆင်းသော ခရီးသည်က သူတစ် ယောက်တည်း။ ကျန်သော ဆိုက်ကားအဖို့ ခရီးသည် ထပ်ရစရာ မရှိ။ သည်အတိုင်း ထိုင်ခုံဗလာဖြင့် အိမ်ပြန်ရငပလိမ့်မည်။ သူ တွေးရင်း မျက်နှာ ပူသလို ဖြစ်လာ၏၊

သို့သော် ဆိုက်ကားနှစ်စီးပေါ်တွင် သူ တစ်ယောက်တည်း ဟို 'ဘက် ခြေထောက်တစ်ချောင်း၊ သည်ဘက် ခြေထောက်တစ်ချောင်း ကိုး . ကားရား ခွစီးနေပုံကို စိတ်ဖြင့် မြင်ယောင်ကြည့်လိုက်သောအခါ မျက်နှာ ပူချင် စိတ်ပင် ပျောက်သွား၏။ အင်း... ဒီလိုပါပဲလေ၊ တစ်ခါတလေလောကကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ကူညီဖို့ မဖြစ်နိုင် တဲ့ ကိစ္စမျိုးတွေ ရှိတတ်တယ် မဟုတ်လား။ ဘာတတ်နိုင်မှာလဲ။ မျက်နှာ လွှဲနေလိုက်ရုံ ရှိတော့တာပေါ့။

သူ စီးသော ဆိုက်ကားက ထိုကျန်နေရစ်ခဲ့သူအနီးမှ ဖြတ်သွား သောအခါ သူ အလိုလို မျက်နှာလွှဲနေဖြစ်သည်။ သို့သော် အတော်လေးလွန်သွားပြီးချိန်တွင် သူ မနေနိုင် လှည့်ကြည့်မိပြန်၏ကျန်နေရစ်ခဲ့သော ဆိုက်ကားဆရာသည် သူ့ဆိုက်ကားပေါ်တွင် မျက်နှာကို ဝါးမတ် ဦးထုပ် ဖြင့် ဖုံးကာ ငြိမ်းချမ်းစွာ ငိုက်မျဉ်းနေသည်ကို လှမ်းမြင်ရ၏။

ကောင်းပါသည်။ သူ မရလိုက်သော ခရီးသည်အတွက်လည်း ဘာမှ မကြောင့်ကြ ဝန်တိုနေပုံမပေါ်။ တစ်စုံတစ်ခု၏ ကယ်တင်ခြင်းကိုခံရဖို့အတွက်လည်း ပူပန် မျှော်လင့်နေပုံမရ။ ဘာကိုမှလည်း ထွေထွေ ထူးထူး စဉ်းစားနေဟန်မတူ၊ ကောင်းပါသည်။

သူ အနည်းငယ် ဘဝင်ကျသွား၏။ နေရာတကာ လျှောက် ကယ်တင်ချင်နေသော သူ့စိတ်ကို သူ ပြန်ပြင်ဆင်ရဦးမည်။ “ပျက်အစဉ်" ဖြစ်ခဲ့သော စိတ်ဓာတ်များသည် ပြင်လျှင် အတော်ကြာတတ်ပါသည်။

“ဆရာ... ရှေ့အထိ သွားမှာလား”

သူ စီးလာသော ဆိုက်ကားသမားလေးက မေးသည်။ ရုတ်တရက် သူ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားပြီးမှ

“အင်း ... ဒီလိုလုပ်ကွာ။ ငါ့ကို တည်းခိုခန်းတစ်ခုခုဆီ ပို့ပေး ပါကွာ။ သိပ်အကောင်းစား တည်းခိုခန်းကြီးတော့ မဟုတ်ဘူးပေါ့။ သပ်သပ် ရပ်ရပ်နဲ့ နားအေးပါးအေး နေလို့ရမယ့် တည်းခိုခန်း ခပ်သေးသေးပေါ့

ဆိုက်ကားသမားလေးက ခစ်ခနဲ ရယ်လိုက်ပြီး ... “ဆရာ ဒီမြို့ကို တစ်ခေါက်မှ မရောက်ဖူးဘူးနဲ့တူတယ်” သူ အနည်းငယ် အံ့အားသင့်သွားပြီး ... “အေး... မရောက်ဖူးဘူးကွ၊ ဒါ ပထမဦးဆုံးပဲ၊ ဘာဖြစ်လို့လဲ”

“ဆရာက တည်းခိုခန်းတွေ လျှောက်လှူနေတာကိုး။ ကျွန်တော်တို့ မြို့မှာ တည်းခိုခန်းက တစ်ခုပဲရှိတာ ဆရာရဲ့။ အကောင်းစားတွေ၊အလတ်စားတွေ၊ အနိမ့်စားတွေ နားအေးပါးအေး နေချင်တာတွေ ဘာတွေ ညာတွေ လျှောက်ရွေးနေစရာကို မရှိဘူး။ ဆရာကလည်း ကျွန်တော်တို့ မြို့ကလေးက ကျဉ်းကျဉ်းကလေးဥစ္စာ”

သူ ခေါင်းညိတ်လိုက်မိ၏။ သည်အတိုင်းဆိုလျှင် သူ့အဖေ ဒီမြို့ တွင် ရှိနေသည်ဆိုပါက ထိုတစ်ခုတည်းသော တည်းခိုခန်းမှာပင် တည်းရ ပေလိမ့်မည်။ ရှာမတွေ့နိုင်စရာအကြောင်း မရှိတော့။ သူနှင့် အဖေ ဆုံကို ဆုံကြရမည်။ ။

သူက သေချာသွားအောင် ဆိုက်ကားသမားလေးကို မေးကြည့် လိုက်မည်ဟု စိတ်ကူးလိုက်ပြီး ... ။

“ညီလေး... မင်း ဆိုက်ကားက နေ့တိုင်း ဘူတာရုံမှာ ဂိတ်ထိုး တာလား”

“ဟုတ်တယ် အစ်ကို၊ တခြားအချိန်တွေကျတော့ ဈေးနဲ့ မြို့ထဲ လျှောက်နှင်းရတာပေါ့။ ရထားချိန်နီးရင်တော့ ဘူတာမှာသွားစောင့်တာပဲ”

သူက “ညီလေး' ဟု သုံးနှုန်းလိုက်တာကြောင့် ဆိုက်ကားသမား လေးကလည်း 'ဆရာ' ဟု ခေါ်နေရာမှ 'အစ်ကို” ဟု ပြောင်းခေါ်သည်။ ဆိုးတော့ မဆိုး။ ဒီဆိုက်ကားသမားလေးနှင့် ရင်းနှီးထားဖို့ လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

သူက ခရီးဆောင်အိတ် ဘီးဇစ်ကို ဖွင့်လိုက်ပြီး သူ့အဖေ၏ . ဓာတ်ပုံကို ဆွဲထုတ်လိုက်သည်။ နောက်... ဆိုက်ကားသမားလေးကို လမ်းပြလိုက်ပြီး ...

“ညီလေး... လွန်ခဲ့တဲ့ လေးငါး ခြောက်ရက်လောက်တုန်းက ဒီလူကြီးကို စောစောက မင်းပြောတဲ့ တည်းခိုခန်းကို ပို့ပေးရသေးလား”

ဆိုက်ကားက အရှိန်လျော့ကျသွားသည်။ ကောင်လေးက ဓာတ်ပုံကို မကြည့်သေးဘဲ သူ့မျက်နှာကိုသာ အကဲခတ်သလို ဖျတ်ခန် လှမ်းကြည့် ၏။ ဆိုက်ကားသမားလေး၏ မျက်လုံးထဲတွင် ထိတ်လန့် စိုးရိမ်စိတ်တွေ လင်းလက်သွားသည်ကို သူမြင်လိုက်ရသည်။

ဆိုက်ကားသမားလေးက “အစ်ကိုက ထောက်လှမ်းရေးကလား” သူက စိတ်ညစ်ညစ်ဖြင့် တစ်ချက် ရယ်လိုက်ပြီး ...၊

“မဟုတ်ပါဘူးကွာ။ ငါက ငါ့အဖေကို လိုက်ရှာနေတာပါ။ အဖေ က စိတ်ဆိုးပြီး အိမ်က ဆင်းသွားလို့ကွ။ ဒါ ငါ့အဖေ ဓတ်ပုံပါ”

ဆိုက်ကားသမားလေးက ဓာတ်ပုံကို ယူပြီး ကြည့်သည်။ နောက် သူ့ မျက်နှာကို တစ်ချက် လှမ်းကြည့်ပြန်၏။ ထို့နောက် ဓာတ်ပုံကို အသေ အချာ စူးစူးစိုက်စိုက်ကြည့်ကာ စဉ်းစားနေပြီးမှ ခေါင်းကို တစ်ချက် ခါယမ်း လိုက်သည်။

“ကျွန်တော် မတွေ့ဘူး အစ်ကို” “ဒါဆို ဟို နောက်တစ်ယောက်ကော...”

ဘူတာတွင် ကျန်နေရစ်ခဲ့သော ဆိုက်ကားသမားကို ရည်ညွှန်း၍ မေးလိုက်သည်။ ဆိုက်ကားသမားလေးက တစ်ခဏကြာအောင် စဉ်းစား

နေပြီးမှ ..

“မပြောတတ်ဘူး အစ်ကိုရာ။ ကျွန်တော်တို့ မြို့ကလေးမှာ ခရီး သည် အဆင်းအတက် သိပ်မရှိလှပါဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ပါ။ ကျွန်တော် မမြင်ဘဲနဲ့တော့ မနေပါဘူး။ ဒါပေမဲ့ ကျွန်တော် က ခရီးသည် ရလို့ထွက်သွားပြီးတဲ့နောက်မှ ဘူတာရုံထဲက ထွက်လာတယ် ဆိုရင်တော့ မသိဘူးလေ အစ်ကို”

သည်အတိုင်းဆိုလျှင် ဘာမှ တစ်ထစ်ချ တွက်ဆထား၍ မရသလို

ဖြစ်နေသည်။ သူ အနည်းငယ် တွေးရခက်သွား၏။ ဘဝတွင် ပုံသေနည်း များသည် အသုံးမကျတတ်ပါ။ မသိကိန်းတစ်လုံးပါ ညီမျှခြင်းများ၊ မသိကိန်း နှစ်လုံးပါ ညီမျှခြင်းများကို တွက်ချက်ဖြေရှင်းနိုင်ရန် ကျောင်းကသင်ပေးလိုက်သော်လည်း ဘဝတွင် ပုစ္ဆာပါ ကိန်းဂဏန်း အားလုံး မသိကိန်း ဖြစ်နေလျှင် မည်သို့ တွက်ချက်ရမည် ဆိုသည်ကို ကျောင်းက သင်မပေးလိုက်ပါ။

ထို မသိကိန်းများကို သည်အတိုင်း ထိုင်ကြည့်နေရန်သာ တတ် နိုင်တော့၏။ သူ့အတွက်တော့ ဂဏန်းသင်္ချာ ဟူသည်မှာ ကြွေးစာရင်း မှတ်ရုံလောက်သာ အသုံးဝင်တော့သည်ဟု ထင်ရ၏။ ။

“ညီလေး. . . ဒီမြို့ထဲကို ရထားနဲ့ မလာဘဲ တခြားလမ်းနဲ့ လာ လို့ရသေးလား"

ကောင်လေးက ဆိုက်ကားကို ခပ်သွက်သွက်နင်းရင်း ...

“ကျွန်တော်တို့မြို့ရဲ့ အနေအထားကို နည်းနည်းပြောပြမယ်အစ်ကိုရာ။ ဒီလို... မြို့ရဲ့ အနောက်ဘက် တစ်လျှောက်လုံးမှာ အစ်ကို စောစောက လာခဲ့ရတဲ့ ရထားလမ်း ရှိတယ်။ မြို့အရှေ့ဘက်မှာတော့

ချောင်းတစ်စင်း ရှိတယ်။ ရွှေလောင်းချောင်းတဲ့။ ဟိုးတုန်းက အဲဒီထဲမှာ ရွှေနဲ့လုပ်ထားတဲ့ လောင်းလှေတစ်စင်း နစ်သွားတယ်လို့ ပြောကြတယ်။

ပုံပြင်ပါ။ ဒါပေမဲ့ အခုအထိတော့ အဲဒီချောင်းထဲမှာ ရွှေတွေ ဘာတွေ ကျင်ယူလို့ ရတဲ့သူတွေ ရသေးတယ်။ ဥစ္စာစောင့်က ပေးတာလို့ ပြောတာပဲ။

ထားပါတော့ အဲဒီချောင်းနဲ့ ရထားလမ်းနဲ့က မျဉ်းပြိုင် မြို့ကို အရှေ့ဘက် တ မျဉ်းတစ်ကြောင်း၊ အနောက်ဘက်က မျဉ်းတစ်ကြောင်းထားပြီး နှစ်ဖက် ပိတ်ထားသလိုပဲ။ အဲဒီတော့ အစ်ကိုရာ... တစ်ကို့ အဖေက ရထားနဲ့ မလာဘူးဆိုရင် ချောင်းကို လက်ပစ်ကူးပြီး မြို့ထဲ ဝင်ဖို့ပဲ ရှိတော့တာပေါ့”

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)