Skip to product information
1 of 2

Other Websites

မင်းခိုက်စိုးစန် - ကျွန်တော်နှင့်နမ်မီးဆစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(တစ်)

 

နမ်မီးဆစ်(Nemesis)-ကလဲ့စားချေတတ်သော နတ်သမီး

 

(နှစ်)

 

သူမသည် ကျွန်တော်၏ ကလဲ့စားချေတတ်သော နတ်သမီး တစ်ပါးဖြစ်ပါသည်။ သူမကို နားလည်ရန် ခက်ခဲလှသည့်အကြောင်းပြောပြခွင့်ရှိလျှင် ပြောပြချင်ပါသေးသည်။ သူမသည် ကျွန်တော့်ကို “ဝင်ခွင့်မရှိသောအိပ်မက်များကို” ကိုမက်စေသူလည်းဖြစ်သည်ပြဿဒါး နေ့ရက်များကို ဖန်ဆင်းသူလည်း ဖြစ်ပါသည်။

 

သူမ သီချင်းဆိုသည့် အခါနေ့ခင်းဘက်ဖြစ်လျှင်နေကြတ်၍ ညဘက်ဖြစ်လျှင် လကွယ်ပါသည်။

 

ကျွန်တော်ကတော့ သူမကို စိုးရိမ်ရေမှတ်သို့ အမြဲတမ်း ရောက်ရှိနေသည့် မြစ်တစ်စင်းဟု သတ်မှတ်ထားပြီး သူမကတော့(သူမကိုသူမ)အမည်နာမမရှိသောလမ်းများပေါ်ကခရီးသည်တစ်ယောက်အဖြစ် ခံယူထားပါသည်။

(သင့်အနေဖြင့်)

သူမကိုသင်နှစ်သက်သလို ဘာသာပြန်ဆိုနိုင်ပါသည်။ သူမသည်ရံဖန်ရံခါတွင် ရယ်စရာကောင်းလောက်အောင် အူကြောင်ကြောင်နိုင်သည့် ငတုံးမလေးတစ်ယောက်ဖြစ်နေသလို တစ်ချိန် တည်းမှာပင်လေးနတ်စူးရှသည့် အတွေးအခေါ်ရှိသူတစ်ဦးလည်း ဖြစ်နေတတ်၏။

အဆိုးရွားဆုံးမှာ ကျွန်တော်၏(သူမအပေါ် )ဥပက္ခာပြုမှုများကို အခံရခက်စေသော နောက်ကြောင်ကျီစယ်မှုတို့ဖြင့် လက်တုံ့ပြန် ကလဲ့စား ချေတတ်ခြင်းပင်ဖြစ်၏၊

 

“ဖြေစမ်းပါဦး၊ ဘုန်းရှိန်၊ ငါ့ကို အဲသည်လို ဒုက္ခပေးဖို့ နှင့်မှာ ဘာအခွင့်အရေးရှိလို့လဲ” ဟုကျွန်တော်က မေးမိသည့်အခါတိုင်း သူမကလိမ္မာပါးနပ်စွာဖြင့်ပြုံး ရုံသာ ပြုံးနေလေ့ရှိပါသည်။ဘယ်တော့မှ ပြန်မဖြေပါ။(ကျွန်တော့်အထင်သာမမှားဘူးဆိုလျှင် ထစုံတစ်ရာ “ပြန်ဖြေဖြစ်သွားမည်ကို သူကိုယ်တိုင်စိုးရွံ့နေပုံရပါသည်။

 

အဘယ့်ကြောင့်ဆိုသော်သူမနှင့်ကျွန်တော်သည် ( မိတ်ဆွေသူငယ်ချင်းများအားလုံ၊နီးပါးက ထင်မြင်ယူဆထားသလိုမျိုး ) ချစ်သူတွေ မဟုတ်ကြသောကြောင့် ဖြစ်သည်။

 

အံ့သြစရာကောဝ်းသည့် အချက်တခုမှာ သူငယ်ချင်းများက ကျွန်တော်တို့နှစ်ယောက်ကို ချစ်သူတွေဖြစ်နေကြပြီဟု တကယ် ရိုးရိုး သားသား ထင်မြင်ယူဆကာ သမီးရည်းစား” ခေါင်းစဉ်အောက်က အခေါ်အဝေါ်စကားလုံးများဖြင့် ပြောဆိုဆက်ဆံသုံးနှုန်းလာသည့်အခါတွင်လည်း သူမကောကျွန်တော်ပါ “မဟုတ်ပါဘူး”ဟု အကြောက် အကန်ငြင်းဆိုခြင်း။ ရှက်ကိုးရှက်တန်းဖြစ်ခြင်းများ မရှိဘဲ အလိုက်သင့် အလျားသင့် အမူအယာမပျက် နေထိုင်မြဲ နေထိုင်နိုင်ကြခြင်းပင်ဖြစ်၏။

 

အဲသည်ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော် သူမ တိုင်ပင် ညှိနှိုင်းထားခြင်း၊ တပင်တပန်း ဟန်ဆောင်ဖုံးကွယ်ရခြင်း၊ အနေရ အထိုင်ရ ခက်ခြင်းမျိုး မရှိသည့်အကြောင်း ကျွန်တော် ကျိန်ဆိုပြောဆို၀ံ့ပါသည်။

တကယ်ဆိုလျှင်... အဲသည်ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာ လိုအပ်သည်ဟုပင် ကျွန်တော်တို့ မထင်ခဲ့ကြပါ။ ကျွန်တော်တို့ နှစ်ဦးစလုံးက ပျင်းရိလွန်းနေတာလည်း ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ကိုယ့်ကိုယ်ကို လှည့်စားလွန်းနေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

 

ဘယ်လိုကြီးမှန်းလဲတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ။ သို့ရာထွင်.... သူမနှင့်ကျွန်တော်နှစ်ယောက်ကြားတွင် ရွှေရောင် ၀တ်ဆံမှုန် များဖြင့် ရတ်လုပ်ထားသည့်ပင့်ကူအိမ်လေး တအိမ်ရှိနေသည့် အချက် ကတော့ အသေအချာပင် ဖြစ်၏။ (ကျွန်တော်က သူမကိုဥပက္ခာ ပြုမိတိုင်း သူမက လက်တုံ့ပြန် တလဲ့စားချေတတ်ခြင်းသည်ပင်လျှင် သည်အချက်ကို ခိုင်မာစေသော အထောက်အထားဖြစ်သည်။

 

သို့သော် ကျွန်တော် ရည်းစားထားချင်သော ကောင်မလေး လှလှကလေးများကို ချဉ်းကပ်ဖို့ လိုအပ်လာတိုင်း သူမက အတူအညီများ အကြံဉာဏ်များပေးတတ်စမြဲ။ ထို့အတူ သူမကို ရည်းစားစကားလိုက်လိုက်ပြောသော ငနဲတွေ ရှိလာတိုင်း (သူမကအနည်းငယ်ကြွားချင်တာ ဖြစ်တောင်းဖြစ်မည်) သူပြန်သမျှဗရုတ်သုက္ခ အဖြစ်အပျက်တွေကို ကျွန်တော်လည်း ဒိုင်ခံ နားထောင်ပေးရစမြဲ။

ပြီးလျှင် ကျွန်တော်တို့နှစ်ယောက် ရယ်မောပစ် လိုက်တတ်ကြ သည်။

တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်သည် ကျွန်တော်တို့ နှစ်ယောက်သာလျှင်ဖြစ်သည်။

 

(သုံး)

အဲသည့်နေ့က ပြဿဒါးနေ့သည် ကျွန်တော်ထံ နှစ်ကိုယ်ခွဲပြီး ရောက်လာသောနေ့ဖြစ်၏။

မနေ့က တစ်နေ့လုံး မြောက်ဥက္ကာလာပရှိ ဆေးတက္ကသိုလ် စာသင်ဆောင်များရှိရာ စင်္ကြန်ပေါ်တွင် ကျွန်တော် တစ်နေကုန်ခဲ့သည်။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါဟူသော စကားကိုလိုက်ပြီးဆရာဝန် ဖြစ်ချင်သောကြောင့် ဆရာဝန်များအနီး ရစ်သီရစ်သီ သွားလုပ် နေခြင်းမဟုတ်ပါ။

တတိယနှစ် အမ်ဘီတွင် ကျွန်တော် ရည်းစားဖြစ်ချင်နေသော အရပ်ပုပု ကောင်မလေးတစ်ယောက် ရှိသည်။ အဲသည်ပုမလေး၏ အမည်မှာ စမ်းစမ်းဖြစ်ပြီး ထိုကောင်မလေးအကြောင်းကို မေဘုန်းရှိန် အားပြောပြသည့်အခါ ..

သူမက

 “ဘာ... သူ့နာမည်က ဘယ်လို”

“စမ်းစမ်း၊ စမ်းစမ်းတဲ့”

 “ဪနင့်ကောင်မလေးက မျက်စိမမြင်ရှာဘူးကို”

 “ဘာဆိုင်လို့လဲ”

“မျက်စိမမြင်လို့သာ စမ်းစမ်း ဖြစ်နေတာပေါ့”

 

ကျွန်တော် အတော်စိတ်တိုသွားသည်။ သို့သော် မနည်းကျိတ်မှိတ်မျိုသိပ်ထားလိုက်ပြီး ကြိုးစားပမ်းစား ချိုသာထားရသော မျက်နှာဖြင့်သူမကိုရိုသေဝပ်တွားရပါသည်။ သူမ၏အဆက်အသွယ်ဖြင့် ဂျပုမ ကလေးကိုချဉ်းကပ်ရမည်မဟုတ်လား။ (မေဘုန်းရှိန်ထံတွင် ပန်းချီ သင်တန်းတတ်နေသည့် တပည့်မလေးတစ်ယောက်သည် ထိုဆရာဝန် လောင်းဂျပုမလေး၏ ညီမဖြစ်ပါသည်။

 

သည်လိုနှင့်ပင် မေဘုန်းရှိန်၏ ကူညီစောင်မမှုဖြင့် ထိုဂျပုမလေး၏ အနီးတွင် ကျွန်တော်သည် 'ရည်းစားစကားပြောခွင့် လိုင်စင်ရ' သူငယ်ချင်း ဘဝဖြင့် ရစ်သီရစ်သီ လုပ်ခွင့်ရသွားပါတော့သည်။

" မနေ့ကတစ်နေ့လုံး လူပုလေး၏ အတန်းရှေ့စင်္ကြန်တွင် သုံးနာရီကြာ ခြေထောက်အညောင်းခံပြီးနောတ်....

“မနက်ဖြန် လပြည့်နေလေစမ်းရဲ့ အဲတာ..."

“အင်းလေ. . . လပြည့်နေ့ဆိုတော့.. လပြည့်နေ့ဆိုဈေးတွေ ပိတ်တာပေါ့။

အဲဒါ ဘာဖြစ်လဲကိုမင်းညီ”

 

သွားသေလိုတ်ပါလား ဂျပုမရယ်။

လပြည့်နေမှာ ဈေးပိတ်တဲ့ အကြောင်းပြောချင်လို့သုံးနာရီလုံးလုံး ရပ်စောင့်နေတယ်များအောက် မေ့နေသလား။

ကျွန်တော်စိတ်ထဲကကျိတ်ပြီး ဆဲလိုက်၏။သို့သော် ကျွန်တော်၏ မျက်နှာကမူ (ရုပ်ရှင်မင်းသား၊ မင်းသမီး သုံးလေးဦးက၀ိုင်း၍ အလွန်မှန်ကန်ကြောင်း ထောက်ခံချက်ထားသော လက်မှတ်များနှင့်အတူ) မဂ္ဂဇင်းစာမျက်နှာပေါ်တွင် ဓါတ်ပုံဖြင့် ကြော်ငြာထားသည့် ဗေဒင် ဆရာ၏ မျက်နှာပေးမျိုး၊ အလွန်တရာမှကောင်းစွာပြုံးဖြီးဖြီး လုပ်ထားပြီး...

 

“မဟုတ်သေးဘူးလေ စမ်းရဲ့၊ ကိုယ်ပြောချင်တာက ဟိုလေ လပြည့်နေ့ဆိုတော့ ရွှေတိဂုံဘုရားဖြစ်ဖြစ် သွားချင်မလားလို့ ကိုယ် လိုက်ပို့ မယ်လေ"

 

ငတိမက အူသလို၊ ကြောင်သလိုနှင့် အတော်ကြာအောင် စဉ်းစားနေ၏။ ပြီးတော့မှ မဖြစ်သေးဘူးထင်တယ်ကိုမင်းညီရဲ့၊ အိမ်က လွှတ်မှာမဟုတ်ဘူး၊ စမ်းကတစ်ခါမှယောက်ကျားလေးတစ်ယောက်နဲ့ အပြင်ထွတ်ဘူးတာမဟုတ်တော့ ဟိုသင်း”... ဪ..စမ်းကလည်းကိုယ်တို့နှစ်ယောက်တည်းသွားမှာမဟုတ်တာ မေဘုန်းရှိန်လည်း ပါမှာပဲဥစ္စာ"

 

ကျွန်တော်တ မေဘုန်းရှိန်ကို ပြောရင်ရမှာပဲဟု အပိုင် တွက်ထားပြီး ရဲရဲကြီး အာမခံလိုက်၏။ ထိုအခါတွင် ဂျပုမက တွန့်ဆုတ် တွန့်ဆုတ် လေသံဖြင့် .. ။

 

““အင်း၊ မမဘုန်းပါလာရင်တော့ ဖြစ်မယ်ထင်တာပဲ၊ မပြောတတ် သေးဘူးလေ၊ မနက်ဖြန် ဆိုင်ကိုလာပြီး ပြောကြည့်ပေါ့”

 

ထို ဂျပုမလေး၏ အဖေကတာမွေရှိ ဗညားဒလလမ်းနှင့် ဖိုးစိန်လမ်းဆုံတွင် ဓါတ်ပုံဆိုင်ဖွင့်ထားရာသူမက ထိုဆိုင်၏အပေါ်ထပ် တိုက်ခန်းတွင် နေထိုင်ပါသည်။

 

“ကဲ... ဒါပဲမဟုတ်လား၊ ကိုမင်းညီ ပြန်တော့လေ၊ ကျွန်မ အတန်းဝင်ဦးမယ်"

ထိုမရေမရာ စကားတစ်ခွန်းနှင့်ပင် ဆေးဝါးနံ့၊ အရက်ပြန်နံ့၊ ပိုးသတ်ဆေးနံ့၊ လူသေကောင်ကို စိမ်ထားသော ဖော်မလင် နံ့ တို့ဖြင့် မွန်းကျပ်နံစော်နေသောဝန်းကျင်မှ ကျွန်တော် ခပ်မြန်မြန် ပြန်လည်ထွက်ခွာလာဖြစ်ခဲ့တော့၏၊

 

ဆရာဝန်တွေအဖို့တော့ဘယ်လိုနေမည် မသိပါ၊ ကျွန်တော်က တော့ထိုဆေးအနံ့များကိုသုံးနာရီခန့်ရှူမိသည်နှင့်ပင် ခေါင်းတွေကိုက်ခဲတာ (မည်သူကိုမှန်းမသိ)ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပစ်လိုက်ချင်စိတ်တွေ ပေါ်နေ ပါသည်။

 

ကျွန်တော်တ “ဆေး”ဆိုလျှင် ရွံ့လည်းရွံ့သည်။ မုန်းလည်း မုန်းသည်။အနံ့ရရုံ ဖြင့်အော်ဂလီဆန်ကာ ပို့ချင်အန်ချင်တတ်သူဖြစ်၏။ ကျွန်တော်ငယ်ငယ်ကအလွန်ချူချာသောကြောင့် အမြဲတမ်းလိုလို ဆေးတွေချည်း စားခဲ့ရလေ၏။ ကြီးလာသောအခါ ထမင်းတောင် မစားတတ်တော့ဘဲဖြစ်နေမည်ကို စိုးရိမ်ခဲ့သည်ဟု ကျွန်တော့်အဖိုး က ပြောပြခဲ့ဖူးပါသည်။

 

ထိုကြောင့်... သည်လို အနံ့အသက်ဆိုးတွေနှင့် ကင်းဝေးရာ ရပ်ဝန်းဒေသ တစ်ခုတွင်ဂျပုမလေးနှင့်( အနည်းဆုံးတစ်ညနေခင်းစာလောက်ဖြစ်ဖြစ် ) လျှောက်လည် လိုက်လျှင် ဘယ်သောက်ကြည်နူးစရာကောင်းလိုက်မလဲ  ဟုတွေးမိသော ရင်ခုန်မှုဖြင့်ပင် မေဘုန်းရှိန် ၏ ပန်းချီပြခန်းသို့ ကျွန်တော်

ရောက်လာဖြစ်သည်။

 

သို့သော်အကြိုးအကြောင်းကိုပြောပြပြီးအကူအညီတောင်း လိုက်သည်နှင့် တစ်ပြိုင်နက် မေဘုန်းရှိန်က ကျွန်တော့်ကိုခါးခါးသီးသီး အပြစ်ထင်တော့သည်။

“နင့်စိတ်ထဲမှာငါ့ကိုဘယ်လိုများအောက်မေ့ထားလို့လဲ မင်းညီ ငါကနင့်အထွက်ဘာမဆိုလုပ်ပေးဖို့အမြဲတမ်း အသင့်ရှိ နေတယ်လို့များ ထင်ထားလား"

“ ဟာ မဟုတ်ပါဘူးဟာ နင်ကလဲ..."

“ နင့်အနေနဲ့ အနည်းဆုံးငါ့ ကိုကြိုပြောပြီး ကူညီနိုင်မလား" ဆိုတာကိုခွင့်တော့တောင်းသင့်တာပေါ့။အခုတော့နင်ကဟိုဘက်မှာ လုပ်ချင်တာလုပ်လာခဲ့ပြီးမှ...”

“အေးဟာ... နင်ပြောရင်လည်းငါခံရတော့မှာပဲ၊ ငါထောင်းပန် ပါတယ်ဟာ"

ကျွန်တော်က တတယ်ပင် စိတ်မကောင်ဖြစ်သွားပါသည်။

 မေဘုန်းရှိန်ကို ပြောရင် ရမှာပဲ' ဟူသည့်အတွေးက သူမကို အနိုင်ကျင့် ချင်တိုင်းကျင့်၍ရသလို စီးစီးပိုးပိုး ရှိလွန်သည့်အကြောင်းကျွန်တော် အခုမှပင် ပြန်တွက်ဆမိ၏။

 ခုတော့ တောင်းပန်းရုံကလွဲပြီး ကျွန်တော် ဘာမှ မတတ်နိုင်တော့ပါ၊ “

“ဒါပေမဲ့... နင် ငါ့ကို ကူတော့ ကူညီမယ်မဟုတ်လားဟင်.."

“ဟင့်အင်း... ငါမအားသေးပါဘူးဟ။

 မနက်ဖြန်မှာ စိတ်ရောဂါကု ဆေးရုံကလူနာတွေကိုပန်းချီသင်ပေးဖို့ရှိတယ်"

 

ရှစ်မိုင်အနီးရှိ တံတားလေး စိတ်ရောဂါအထူးကု ဆေးရုံ ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာဦးစဝ်စိုင်းလုံ၊ ဒေါတ်တာဦးတိုးအောင်နှင့် ဒေါက်တာဦးစိန်လွင်တို့က လူနာများကတေးဂီတဖြင့် လည်းကောင်း၊ ပန်းချီဖြင့်လည်းကောင်း၊ အခြားလူမှုရေးလုပ်ငန်း များဖြင့်လည်းကောင်း၊ ကုထုံးများအသုံးပြု ကုသပေးနေချိန်ဖြစ်ရာ သူမကပန်းချီသင်ကြားရေးတာဝန်ကို ယူတား၏။

 

နင်ပန်းချီသင်တဲ့အချိန်ပြီးမှသွားမယ်ခဏလေးပဲဟာ... စမ်းစမ်းကိုအပြင်ရောက်အောင်ခေါ်ထုတ်ပေးရုံလေးပါ၊ နင်ကသူတို့ အိမ်နဲ့ရင်းနှီးတယ်မဟုတ်လား”

 

“မရင်းနှီးပါဘူး။စမ်းစမ်းရဲ့ညီမကိုပဲ ကောင်းကောင်းသိတာ၊

နှင့်ဂျပုမနဲ့ထောင်သိပ်စကားပြောဖြစ်တာဟုတ်ဘူး။

နောက်ပြီးသူတို့ အဖေကြီးနဲ့ငါနဲ့က လုံးဝရက်နှာကြောမတည့်ဘူးဟ"

 

“သူတို့အဖေဆိုတာ ဟိုဓါတ်ပုံဆိုင်မှာအမြဲတမ်းထိုင်ထိုင်နေတဲ့ ဝဝတုတ်တုတ်ထိပ် ပြောင်ပြောင်နဲ့သူလား”

“အေး.... အဲဒီလူကြီးကသိပ်အကြွားသန်တာတစ်လောတလုံး မှာသူ့လောက်တော်တဲ့ ဓါတ်ပုံဆရာမရှိတော့ထဲ့အတိုင်းပဲလေလုံး မိုးလုံး ထွားလွန်းတယ်။ တကယ့်ပြသနာဟ”

 

ကျွန်တော်ကရယ်လိုက်မိသည်။ကြွားတတ်သူများကိုတွေ့လျှင် မျက်စိ အဆိပ်သင့်တတ်သောမေဘုန်းရှိန်အကြောင်းသိထားပြီမို့ ခပ်ငေါ့ငေါ့ပင်။

“ဒါပြဿနာမဟုတ်ပါဘူးဟာ .."

ငါနဲ့တွေ့ရင်အဆင်ပြေသွားပါ လိမ့်မယ်။ငါဘယ်လောတ်အပြောအဆိုညတ်တယ်ဆိုတာနင်အသိပဲ မဟုတ်လား၊

 သူ့အကြိုက်လိုက်ပြီး ဝင်လုံးလိုက်ရင်အဘိုးကြီး ငါ့ကို တသသဖြစ်သွားစေရမယ်"

 

ဓမဘုန်းရှိန် ဆတ်ကနဲ မျက်လုံးပင့်ကြည့်ရင်းခဏနှုတ် ဆိတ်နေလိုက်သည်။နောက်မှ အေးလေကြည့်ကြသေးတာပေါ့” ဟုပြောကာ နားလည်ရခတ်သောအပြုံးတစ်ခုပြီးလိုက်၏။

ထိုအပြုံးသည် ပြဿဒါးနေ့ကို နှစ်ကိုယ်ခွဲစေသော အပြုံးဖြစ် ပါသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)