Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဘဘသက် - တရုပ်ရှေးဟောင်းဒဏ္ဍာရီပုံပြင်များ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
တရုတ်ရှေးဟောင်းဒဏ္ဍာရီပုံပြင်များ
အသားပပ် အက်ကွဲတဲ့ သူတွေအတွက် လိမ်းဆေး

          ဆွန်မင်းဆက်ခေတ်က ဖြစ်ပါတယ်။ အဝတ်လျှော်တဲ့ ခဝါသည် အလုပ်နဲ့ အသက်မွေးတဲ့ မိသားစုတစ်ခုရှိပါသတဲ့။ အဝတ်လျှော်ရတဲ့ အလုပ်ဆိုတာ ရေတွေ မပြတ်ကိုင်ရတော့ အသားတွေပပ်ပြီး အက်ကွဲရပါ သတဲ့။ အဲဒီလို ရေအေးတွေကိုင်ရလို့ အသားပပ်ပြီး အက်ကွဲတာကို ကာကွယ်ဖို့ လိမ်းဆေးတစ်မျိုး သူတို့ ထွင်လိုက်ကြပါသတဲ့။

          အဝတ်တွေ အများကြီးလျှော်ရလို့ အသားပပ်ပြီး အက်ကွဲလာ ရင် အဲဒီလိမ်းဆေး လိမ်းလိုက်ရင် သက်သာရာရပါသတဲ့။ ပင်မင်းခဝါသည် မိသားစုမှာ ဒီလိုလိမ်းဆေးထွင်ထားတာကိုသိတဲ့ လူတစ်ဦးက အဲဒီဆေး ဖော်နည်းလမ်းကို ရွှေစ ၁၀၀ ပေးပြီး ဝယ်ပါ့မယ်လို့ ကမ်းလှမ်းပါသတဲ့။

          မိသားစုက ရောင်းသင့် မရောင်းသင့် ဆွေးနွေးကြပါသတဲ့။ “တို့ ဒီခဝါသည်အလုပ်နဲ့ အသက်မွေးလာတာ မျိုးဆက်တွေအများကြီးရှိခဲ့ပြီ။ ရွှေစလေး တစ်စနှစ်စထက် ပိုမရခဲ့ဘူး။ ဒီနေ့မှာတော့ တို့ ထွင်လိုက်တဲ့ လိမ်းဆေးအတွက် လူတစ်ယောက်က ရွှေစ ၁ဝဝ လာပေးနေပြီ။ ရောင်း သင့်ပြီပေါ့ကွာ” လို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။

          သိပ်မကြာခင်မှာ ယူနိုင်ငံက ဂူနိုင်ငံကို ကျူးကျော်ရန်ပြုလာပါ သတဲ့။ ဂူနိုင်ငံပြည့်ရှင်မင်းသားကို အသားပပ်အက်ကွဲတဲ့ဆေးနည်း ဝယ်ထားတဲ့ ပုဂ္ဂိုလ်က သူ့ဆေးနဲ့တကွ ဆေးနည်းကိုပါ လက်ဆောင်ပဏ္ဏာ အဖြစ် ဆက်သလိုက်ပါသတဲ့။ ဂူနိုင်ငံပြည့်ရှင်မင်းသားက သူ့ကို ဆေး နည်း ဆက်သတဲ့ပုဂ္ဂိုလ်ကို စစ်သူကြီးအဖြစ် ခန့်အပ်လိုက်ပါသတဲ့။

          ဂူပြည့်ရှင်မင်းသားရဲ့ စစ်တပ်တွေနဲ့ နိုင်ငံက စစ်တပ်တွေဟာ အင်မတန်အေးချမ်းလှတဲ့ ဆောင်းတွင်းကာလအထိ တိုက်ကြခိုက်ကြတုန်း ပဲတဲ့။ ဆောင်းတွင်းက အေးလွန်းတော့ နှစ်ဖက်တပ်သားတွေဟာ အသား ပပ်တို့၊ အသားအက်ကွဲတာတို့ ဖြစ်ကုန်ကြရပါသတဲ့။ ဒါပေမဲ့ ပြည့်ရှင် မင်းသားရဲ့ စစ်တပ်တွေဟာ အသားပပ်၊ အသားယောင် ကာကွယ်ဆေးတွေ လိမ်းထားတော့ နိုင်ငံ စစ်သည်တွေလိုမဟုတ်ဘဲ စစ်မြေပြင်မှာ ကောင်း ကောင်းကြီး တိုက်ခိုက်နိုင်ကြပါသတဲ့။ ယူနိုင်ငံက တပ်သားတွေ အကုန် ထွက်ပြေးကြရရော ဆိုပါတော့ကွယ်။

          အသားလောင်၊ အသားပပ် သက်သာအောင်၊ အကာအကွယ်ဖြစ် အောင် လိမ်းတဲ့ဆေးလှူတဲ့ပုဂ္ဂိုလ်ကိုလည်း စစ်သူကြီးအဖြစ်သာမက နယ် မြေတစ်ခုကိုပါ ခွဲပေးကာ နယ်စားပယ်စားအဖြစ် ရာထူးတိုးမြှင့်ပေးပါ သတဲ့။

          အသားလောင်၊ အသားပပ်ကာကွယ်ဆေးကို အဝတ်လျှော်တဲ့ ခဝါ သည်တွေလည်း သုံးတာပဲ၊ နယ်စားဖြစ်သွားတဲ့ ပုဂ္ဂိုလ်လည်း သုံးတာပဲ။ သုံးတဲ့သူအပေါ်မူတည်ပြီး အကျိုးရလဒ်ကလည်း ကွာခြားသွားတာပေါ့ ကွယ်။

ချောင်ဇု