Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ပြည်သစ်ဟန် - ဘ၀သည်အကိဆေးရေးဆရာ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

လက်အုပ်များ

လက်တစ်ဖက်လျှင် လက်ငါးချောင်းစီဖြင့် ဖွဲ့စည်းထားသော လက်နှစ်ဖက်ကို ဘယ်လက်နှင့် ညာလက်ဟူ၍ ကျွန်တော်တို့ ခေါ်ဝေါ်သတ်မှတ်ထားကြပါ သည်။ ဘယ်ဘက်လက်ကို အားပြုပြီး အလုပ်လုပ်ရာတွင်ဖြစ်စေ၊ အစား စားရာတွင်ဖြစ်စေ၊ စွဲစွဲမြဲမြဲ ကျကျနန ကိုင်တွယ်အသုံးပြုနိုင်သောသူကို “ဘယ်သန်” ဟု ပြောစမှတ်ပြုကြပါသည်။ ညာဘက်လက်ကိုလည်း ထို့အတူ ပင် ဖြစ်သည်။ “ဘယ်သန်” (သို့မဟုတ်) “ညာသန်” ပေါ့။ ဘယ်သန်က ဘယ်လက်ကို အားပြုသည်။ ညာသန်က ညာလက်ကို အားပြုသည်။ ဘယ်လက်က ညာလက်၏ အားခွန်အတိုင်းအဆကို မသိရှိနိုင်သလို၊ ညာလက်ကလည်း ဘယ်လက်၏ အားခွန်အတိုင်းအဆကို သိနိုင်မည် မထင်။ (ခြွင်းချက်တော့ ရှိပါမည်။)

ထိုဘယ်လက်နှင့် ညာလက်၏ လက်ဖဝါးနှစ်ခု ပေါင်းဆုံမိခြင်းကို “လက်အုပ်” ဟူ၍ ကျွန်တော်တို့သုံးနှုန်းကြပါသည်။ လူတွေများများ၊ လက် တွေများများ ပေါင်းအုပ်မိကြသောအခါ “လက်အုပ်များ” ပေါ့။ ထိုလက်အုပ် များ ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ်သက္ကရာဇ်တွေဆီက စတင်ဖြစ်ပေါ်ခဲ့လေ သည် ဟူ၍ ကျွန်တော် အတိအကျ ပြောမပြနိုင်စွမ်းပါ။ သို့သော်လည်း “လက်အုပ်များ” ၏ အနက်ကိုတော့ တူးဆွကြည့်၍ ရနိုင်ပေသည်။ ထို “လက်အုပ်များ”ကို ဝယ်ယူ၍ မရနိုင်ပါ။ ချေးငှား၍ မရနိုင်ပါ။ ခိုးယူ၍မရနိုင်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုလျှင် “အနန္တောအနန္တငါးပါး ၏ ရှေ့မှောက်တွင် “လက်အုပ်များ” ဖူးငုံရသည်ကို အထင်အရှား တွေ့မြင် နိုင်ပါသည်။ ထိုအခါတွင် ထို “လက်အုပ်များ သည် အသက်ဝင် နိုးကြွလာ ပါသည်။ ထူးခြားလေးနက်လာရပါသည်။ ကြည်နူးပီတိလည်း ဖြစ်စေနိုင် ပါသည်။ ဝမ်းနည်းပူဆွေးမှုလည်း ဖြစ်စေနိုင်သည်။ လက်အုပ်များ - လက်အုပ်များ .....။

ယဉ်ကျေးမှုနှင့် လက်အုပ်၊ ရိုသေလေးမြတ်မှုနှင့် လက်အုပ်၊ ကြည်ညို မှုနှင့် လက်အုပ်၊ လက်အုပ်နှင့် လူ၊ လူနှင့် လက်အုပ်၊ လက်အုပ်များ၏ အနက်တွေ၊ ဂယက်တွေ စသည် စသည်ဖြင့်။ ။

ယဉ်ကျေးမှုနှင့် လက်အုပ်မှာ ဘယ်လိုဆက်စပ်နေမည်လဲ။ ယဉ်ကျေးမှု ဟူသော စကားရပ်မှာ အလွန်ကျယ်ပြန့်သော စကားရပ်ဖြစ်၍ ယေဘုယျ အနေဖြင့်သာ လက်အုပ်များနှင့် ဆက်စပ်ကြည့်ပါမည်။ ကြည်ညိုလေးမြတ် ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ၊ အသက်ဂုဏ်ဝါကြီးရင့်သော ပုဂ္ဂိုလ်များ အပေါ်တွင် ယဉ်ကျေးမှုနှင့် လောကွတ်ပြုဆက်ဆံတတ်ကြပါသည်။ ထိုသို့ ဆက်ဆံပြုမူနေကြရင်းနှင့် ယဉ်ကျေးမှုကို လူ့ဂုဏ်ရည်တစ်ရပ်အနေနှင့် ညွှန်းဆို သုံးနှုန်းလာကြပါသည်။ ယဉ်ကျေးမှုနှင့်အပြိုင် ယှဉ်တွဲနေတတ်သော ရိုသေလေးမြတ်မှုများ၊ ကြည်ညိုမှုများပါ တစ်ဆက်တည်း လက်အုပ် များအဖြစ် “အဆုံးသတ်” ဖြစ်ပေါ်လာပါတော့သည်။

တကယ်တော့ လက်အုပ်များဆီအထိ မရောက်ရှိမီ ယဉ်ကျေးမှု၏ နယ်ပယ်သည် အများအပြား ရှိနေပါသေးသည်။ မိမိ တလေးတစား ချစ်ခင် နှစ်လိုရသော မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံဖို့ ရှိသည်ဆိုပါစို့။ မိမိ ဘက်မှ အတတ်နိုင်ဆုံး “ယဉ်ကျေးမှုအရ” ဟူ၍ မဖြစ်မနေ တွေ့ဆုံရသည် များ ရှိတတ်ပါသည်။ အပြန်အလှန် ထားရှိအပ်သော လေးစားမှုနှင့် ငြင်းပယ် ၍ မရနိုင်သော ယဉ်ကျေးမှု၏ နယ်ပယ်အတွင်းမှာ ရှင်သန်နေကြရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ယဉ်ကျေးမှုနှင့်ဆက်စပ်ပြီး အဖြစ်အပျက် တစ်ခုကို သတိရမိပါသည်။ ရွှေတိဂုံဘုရားပရိဝုဏ်အတွင်းမှ အမျိုးသမီး များ အဝင်အထွက် မပြုလုပ်ရဟူသော နေရာကိစ္စနှင့်ပတ်သက်ပြီး ဖြစ်ပါ သည်။ ဤတွင် ဘာသာခြား အမျိုးသမီးတစ်ဦးက မေးခွန်းထုတ်ပါတော့ သည်။ ဗုဒ္ဓဘာသာတွင် ထိုသို့ ပညတ်ထားလေသလားဟူ၍ မေးပါတော့ သည်။ ဤအတွက် အဖြေကို ထင်ရှားသော ဆရာတော်ကြီးတစ်ပါး ဖြေကြား လိုက်ပုံမှာ “ဗုဒ္ဓဘာသာတွင် ထိုသို့ မပညတ်ပါ။ ယဉ်ကျေးမှုအရသာ ဆိုလို နိုင်ကြောင်း” ဖြင့် ဖြေကြားခဲ့ဖူးပါသည်။ ယဉ်ကျေးမှုကြောင့် လက်အုပ်များ အလွယ်တကူတော့ မဖူးငုံနိုင်ပါ။ ကာလံဒေသံနှင့် အလေးအပေါ့ပေါ်တွင် တည်မှီပြီးမှသာ လက်အုပ်များ ဖြစ်ပေါ်လာနိုင်ပါသည်။

လူနှင့်လက်အုပ်များသည် အမြဲဆက်စပ်နေနိုင်ပါလိမ့်မည်။ နောက် ထိုလက်အုပ်များ၏ ဂယက်အနက် ဖြစ်ပါသည်။ ယဉ်ကျေးမှုအရဖြစ်စေ၊ ရိုသေလေးမြတ်မှုအရဖြစ်စေ၊ ကြည်ညို၍ဖြစ်စေ လက်အုပ်များဖြစ်ပေါ် လာတိုင်း ဂယက်အနက်များသည်လည်း ကျန်ရစ်ခဲ့မြဲဖြစ်ပါသည်။ လက်အုပ် များသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်းတစ်မျိုးတစ်မည် ဖြစ်နိုင်သလို၊ တစ်ဖက်တွင်လည်း ထိုလက်အုပ်များနှင့် ထိုက်တန်သော ဂုဏ်သရေများ ရှိနေနိုင်ခြင်း၊ မနေနိုင်ခြင်းတို့မှာ လက်အုပ်များနောက်ကွယ်က ဂယက် အနက်တစ်မျိုးပင် ဖြစ်ပါသည်။ ဤတွင် မေးစရာရှိလာသည်က လက်အုပ် များ ဖြစ်ပေါ်လာခြင်းကပင် ထိုက်တန်၍ ဖြစ်ပေါ်လာခြင်း မဟုတ်ပေဘူး လား။ ထိုသို့ စောဒက တက်နိုင်ပါသည်။ လက်မခံလိုက ငြင်းပယ်၍လည်း ရပါသည်။ သို့သော်လည်း တချို့ လက်အုပ်များအပေါ်တွင်တော့ သံသယ ဖြစ်မိသောကြောင့် ဆိုလိုရခြင်း ဖြစ်ပါသည်။

တချို့လက်အုပ်များအပေါ် သံသယဖြစ်နေခဲ့သည်မှာ ကြာလှပါပြီ။ ထိုလက်အုပ်များအပေါ် တွေးခေါ်စဉ်းစားကြည့်သောအခါ လက်အုပ်ပိုင်ရှင် များရော၊ လက်အုပ်အချီခံရသော ပုဂ္ဂိုလ်များဘက်မှာပါ နှစ်ဖက်စလုံး ပီပြင်မှု မရှိသည်ကို တွေ့ရှိရပါသည်။ အဆိုးလို၍ လက်အုပ်များကို ဈေးချ နေရခြင်း မဟုတ်ရပါ။ ကျွန်တော် သံသယဖြစ်မိသော လက်အုပ်များမှာ လက်အုပ်များဖြစ်ပေါ်လာသည်အထိ မလေးနက်သော အကြောင်းအချက်များ အပေါ်တွင် လက်အုပ်များ ဖြစ်ပေါ်နေကြခြင်း ဖြစ်ပါသည်။ ထိုသို့ဆိုရ၍ တစ်ဖက်သားအပေါ် ဝင်ရောက်စွက်ဖက်လိုသော စိတ်ရင်းမရှိရပါ။ အနန္တော အနန္တငါးပါး၏ နယ်ပယ်သို့ ကျော်လွန်လာသော လူ့အဖွဲ့အစည်းထဲတွင် လက်အုပ်များသည် စဉ်းစားဖွယ်ကောင်းလာပါတော့သည်။ ထိုလက်အုပ်များ ကတော့ ...

အာဏာရှင်များရှေ့မှာ ဖြစ်ပေါ်လာသော လက်အုပ်များ၊ ကိုယ့်အကျိုး ရလိုမှုအတွက် လက်အုပ်များ ဖူးငုံသွားရသည်အထိ နှိမ့်ချခြင်း လွန်ကျူး

သော လက်အုပ်များ၊ ကိုယ်နှင့်သက်ဆိုင်သော အဖွဲ့အစည်းတစ်ရပ်အတွင်း က ခေါင်းဆောင်များကို မြှောက်ချင်ပင့်ချင်ဇောနှင့် လက်အုပ်များ ဖြစ်ပေါ် သည်အထိ ရူးသွပ်ခြင်းမျိုးများ စသည်ဖြင့် ထိုလက်အုပ်များကို စာဖတ်သူတို့ ဘယ်လို အထင်ရှိကြလေမလဲ။ ထိုလက်အုပ်များ၏ နောက်ကွယ်မှ ဂယက် အနက်တွေကကော ဘယ်လိုရှိမည်လဲ။ ထူးထူးထွေထွေတော့ မရှိနိုင်ပါ။ လက်အုပ်မဖြစ်ဖြစ်အောင် ပူးကပ်ထားသော “ဇွတ်” လက်အုပ်များဟူ၍သာ ဆိုချင်မိပါတော့သည်။

အတွေးအမြင်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၁၈။