Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၈)

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

ဖိုးသစ်၏ အကြံ

“ဟေ့ ဖိုးသစ်၊ မင်းဟာဘာမှအသုံးကျတဲ့ အကောင်မဟုတ်ဘူး။ လူပိုဆန်ကုန်မြေလေး။ စာရေးယောင်ယောင်၊ ခွေးယောင်ယောင်၊ သတင်း စာကလေးဖတ်ကာ မဂ္ဂဇင်းကလေးလှန်ကာ မင်းတစ်လကြာလို့ ပိုက်ဆံ ခြောက်ပြား ဝင်အောင်လုပ်နိုင်တာမဟုတ်ဘူး။ မင်းလာမရှုပ်နဲ့ တော်ရာ သွား စားချိန်တန်တော့ထမင်းအိုးကို ယောက်မနဲ့ ခေါက်ပြီး ခေါ်လိုက်မယ်။ သည်အလုပ်ဟာ မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းအရာမဟုတ်ဘူး။ မင်း နားလည်တာမဟုတ်ဘူး”ဟု ပြောကာ အစ်ကိုဖြစ်သူ ဖိုးနှစ်က ဖိုးသစ်ကို မောင်းနှင်လေ၏။

ဖိုးသစ်သည်ကား မကြားဟန်ဆောင်လျက် ဂရုမစိုက်ဘဲ ဖန်လက် ကောက်များကိုကိုင်၍ ကြည့်ရာမှ လက်ကောက်တစ်ကွင်းကို လက်နှင့်ဖျစ် လိုက်ရာ ကျိုး၍သွားလေ၏။

နှစ်။ ။“ဟေ့ မင်းသွားဆိုမသွားဘူးလား။ ဒါမင်းအမေ့လင့်ပစ္စည်း မဟုတ်ဘူး။ မှားလို့ လိုက်တာတွေ အကုန်ပြန်ပို့ရမှာ။ မှာလိုက်တာက လိပ်ခွန်ဘီး။ ပို့လိုက်တာက ဖန်လက်ကောက်။ သွားကွယ် လူများစိတ်ညစ် နေရတဲ့အထဲမှာ”ဟု ပြောကာ ဖိုးသစ်ကိုတွန်းလိုက်လေ၏။

ဖိုးသစ်သည် မတ်တတ်မှလဲပြီး ဖုတ်ဖက်ခါထလေ၏။

 “တစ်ကွင်းတစ်လေကျိုးလို့ မင်းတို့ကျွန်ဖြစ်သွားမှာလား။ ဒီကုလား ကြီးက ဘာလို့ တလွဲကို ပို့ရသလဲ။ ဒီဖန်လက်ကောက် အထိမခံတွေကို ဘယ်သူက ဝယ်ဝတ်မှာလဲ”ဟု ဖိုးသစ်ကပြောပြီး၊ မဂ္ဂဇင်းစာအုပ်ဟောင်း ၊ ကို လက်၌လိပ်ကိုင်ရင်း ရှောင်ခွာ၍ သွားလေ၏။

ဖိုးသစ်မှာ အလုပ်လုပ်သူမဟုတ်ပေ။ အစ်ကိုဖိုးနှစ်မှာ အဒေါ်ဖြစ်သူ ဒေါ်သူစာနှင့် တောကကုန်များကို မြို့သို့တင်၊ မြို့ကကုန်များကို တောသို့ချ အထက်ကုန် အောက်ကုန်များကို သွားလာကူးသန်းရောင်းဝယ် လုပ်ကိုင် လေ၏။

ဖိုးသစ်မှာကား အဘယ်အလုပ်ကိုမျှ ဂရုမစိုက်၊ အပြောအဆိုခံရလျှင် လည်း မလေးစား၊ အဘယ်အခါမှ ဒေါသမထွက် ပြောမနာဆိုမနာ စပ်ဖြည်း ဖြည်းနှင့် တစ်ပတ်နွမ်း ထားဝယ်လုံခြည်တစ်ထည်နှင့် စွယ်ကျယ်အကျီ လက်တိုဖြူဖြူကလေးကို ဝတ်လျက်၊ နံနက်စာညစာကို ဝဝစားရလျှင် ကျေနပ်သူဖြစ်လေသည်။

သို့ဖြစ်လေရာ၊ ဖိုးနှစ်နှင့် အဒေါ်ဖြစ်သူ၏စိတ်၌ သာလွန်မခံချည့် ဖွယ်ရာ ဖြစ်သာအချက်သည်ကား အခြားမဟုတ်၊ အမြဲအားဖြင့် နံနက်စာ ညစာမှာ ဖိုးသစ်စား၍မကောင်းသောအခါဟူ၍မရှိ။ စားသည့်အခါ ဆောင့်ကြောင့်ထိုင်လျက် နဖူးချွေး နှုတ်ခမ်းမွေးတွေစီးယိုလျက် မြိန်ရှက်စွာစားနိုင် ခြင်းဖြစ်လေ၏။

သို့စားနိုင်သည်မှာ အခြားကြောင့်မဟုတ် နံနက်စာနှင့်ညစာမှတပါး လက်ဖက်ရည်အကြမ်းအပြင် အဘယ်အစာ အဘယ်သရေစားမျိုး ကိုမျှ မစား။ စားနိုင်ဖို့ရန် ပိုက်ဆံငွေကြေးလည်းမရှိ၊ သို့ဖြစ်လေရာ အမြဲအားဖြင့် ဆာလောင်သောကြောင့် နံနက်စာနှင့်ညစာမှာ လွန်စွာစားနိုင်သော အရည် အချင်းပြည့်စုံသူဖြစ်လေ၏။

သို့စားနိုင်ခြင်းကြောင့် ကျန်းမာလျက် ရောဂါဥပဒ်ဟူ၍မကပ်မညှိုး၊ ဖိုးသစ်မှာ ဦးခေါင်းမျှခဲသည်ဟု မကြားရ။ သို့ဖြစ်လေရာ “အသုံးမကျတဲ့ အကောင်များတော့ သေဖို့မဆိုထားနဲ့ နာတောင်မှမနာဘူး” ဟု အဒေါ်ဖြစ်သူနှင့် အစ်ကိုဖြစ်သူက အခါခါ ပြောကြလေ၏။

ဖိုးသစ်မှာကား ဂရုမစိုက်၊ လူရည်သွေးသန့်သန့် သနားကမား ချော ချောမောမောတွေ့ ရာမှာ အူတကြွပ်ကြွပ်ဆာသော်လည်း အရယ်အမော မပျက် တသောသောရယ်စရာ ဘလရွှတ်တများကို ပြောဆိုခါနေလေ့ရှိ သောကြောင့်၊ လက်ဖက်ရည်အကြမ်းကို မည်သည့်အိမ်ကမဆို ၎င်းအား သဒ္ဓါကြည်ဖြူစွာတိုက်၏။ တစ်ခါတစ်ရံပရာတာကို မင်းဒင်တို့အိမ်၌ တနင်္ဂနွေနေ့ကြုံသဖြင့်၊ ကိုမင်းဒင်နှင့်တွေ့ရသောကြောင့် သံပုရာရည်ဆမ်း ငါးပိဖုတ်လေးများကို အကူအညီရတတ်လေ၏။

အဒေါ်နှင့်အစ်ကို၏ထမင်းမှတစ်ပါး မည်သည့်အိမ်မှာမျှ တစ်လုပ် တစ်ဆုပ်ဝင်၍ တုတ်လေ့မရှိသောကြောင့် အဒေါ်နှင့် အစ်ကိုဖြစ်သူများမှ တပါး ဖိုးသစ်ကို တစ်ရပ်လုံးချစ်ခင်ကြလေ၏။ မည်သူထံမှာမျှ ငွေကြေး တစ်ပြားတစ်ချပ်ချေးလေ့မရှိပေ။

ထိုနေ့၌ကား အဘယ်အခါကမျှ စိတ်မညစ်ဖူးသော ဖိုးသစ်မှာ အတော်အတန် စိတ်ညစ်သလိုလိုဖြစ်ရလေ၏။ အကြောင်းကား အဒေါ်နှင့် အစ်ကို၏ အလုပ်များမှာ အပေါက်အလှမ်း ကောင်းစွာမတည့်ရုံမက လိပ်ခွန်ဘီးမှစ၍ အခြားပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူရာမှားယွင်း၍ ဖန်လက်ကောက်တစ်ရာကျော်ဖိုးခန့် ရောက်၍နေသောကြောင့်တည်း။

ထိုအခါ ၎င်းအရပ်၌ ဖန်လက်ကောက်ကို မမြင်ဖူးကြပေ။ မည်သူ ကမှလည်း ဝယ်၍ဝတ်မည်မဟုတ်၊ မြန်မာလူမျိုး အထူးသဖြင့် မြို့ငယ် ရပ်ငယ်များမှာ အဆန်းအသစ်ကို လွယ်ကူစွာသုံးလေ့မရှိ၊ မြင်သမျှ လူတိုင်း မိန်းမတိုင်းက “ဟင်, ဘာတွေပါလိမ့် မစပ်မဟပ် ဖန်ကိုလက်ကောက် လုပ်တယ်လို့ ဝတ်ရင်ရူးတယ်ဆိုကြမှာပေါ့”ဟူသော စကားမျိုးကိုလည်း

ကောင်း “အဝတ်တစ်ခါလျှော် တစ်ချက်ဆောင့်ရင် ကျိုးပဲ့ကုန်မှာပေါ့ ”ဟူ၍ လည်းကောင်း “ညဉ့်အိပ်ရင်ဖိမိပြီး ကျိုးကုန်မှာပေါ့ ”ဟူ၍ လည်းကောင်း ပြောကြလေ၏။

ဖိုးသစ်မှာ ထမင်းအိုးပျောက်တော့မလိုဖြစ်၍နေလေ၏။

 အဒေါ်နှင့်ဒီအိမ်သွားတာပေါ့။ ငါ့ပိုက်ဆံ တစ်မတ်လောက်ပေးစမ်း တော်တော်ကြာ ပြန်ပေးမယ်” ။

သန်းကြည်သည် မိမိ၏လက်များကိုလည်းကောင်း ညီမများ၏ လက်များကိလည်းကောင်း အရိပ်ကြည့်ရင်း အင်္ကျီအတွင်းအိတ်ထဲမှပိုက်ဆံ တစ်မတ်ကိုထုတ်၍ပေးလေ၏။

ဖိုးသစ်အိမ်ကိုပြန်၍လာရာ၊လမ်းတွင် ဆန်နှင့်ငါးရံ့ခြောက်တစ်ပြား ဖိုးဝယ်သွားပြီး အိမ်မှာထမင်းချက်၍နေခိုက်၊ ဖိုးနှစ်ရောက်၍ လာလေ၏။ ဖိုးနှစ်သည် ဖန်လက်ကောက်များ လက်ရာပျက်လျက် တစ်ထုပ်ပျက်၍နေ သည်ကို တွေ့သဖြင့် ဆူပူလေ၏။

“မင်းပဲဒီလက်ကောက်တွေ ပြန်ပို့ရမှာ မှန်မှန်ပြော၊ မင်းယူတယ် မဟုတ်လား”

“ယူတယ်ဆန်ဝယ်စရာမရှိလို့ ငါသွားပြီးရောင်းတယ်” .

“ဘယ်လောက်နဲ့ ရောင်းသလဲ။ သည်လောက်တောင် ငတ်သလား။ ပြန်ပို့ရမယ့်ဟာတွေကို သွားရောင်းရသလား ဆန်မရှိရင် စောစောကပြော ပါလား” . “ပြောရမှာ မင်းတို့မျက်နှာတွေက ကျွဲခြေရာကွက်ထဲခွေးချေး

လောင်းထားသလို၊ ဒါနဲ့ငါသွားပြီးရောင်းတာ မဟုတ်ဘူး၊ ပေးလိုက်တယ်။ ပြီးတော့မှ ပိုက်ဆံတစ်မတ် (အိုင်-အို-ယူ)လုပ်လာခဲ့တယ်။ ဟေ့ ဖိုးနှစ်ရဲ့၊ မင်းတို့က ငါ့ကို အသုံးမကျဘူးထင်တယ်။ နက်ဖြန်ခါကျရင် သိရမယ် လူဟာနောက်သိရဲ့လား” . ”

“အောင်မယ်။ နက်ဖြန်ခါကျရင်ဘာများလုပ်ပြမလို့လဲ။ ဘုရားပွင့် ပြမလို့လား။ လူပုံကဖြင့် ခြောက်ပြားမတန်ဘူး”

“အေးကွယ် ... ဘာပွင့်ပြပြပေါ့။ ပြမယ်ဆိုပြီးရောပေါ့ ”

“မပြီးဘူး၊ သည် ဖန်လက်ကောက်တွေကို အခုညရထားနဲ့ ရန်ကုန် ပြန်ပို့ရမယ် လျော့နေရင် ... အဲဒါပဲ””

“ဟေ့ မင်းတို့ ဖန်လက်ကောက်ပြန်မပို့ရဘူး။ မှန်းစမ်းအခုဘာနေ့လဲ။ တနင်္လာ ၁၂ နာရီခွဲ။ သူရဇ္ဇအချိန်၊ သူရဇံ သောကြာ။ ဗုဒ္ဓ-စန္ဒရော သောရီဂုရု၊ ဘောမ၊သူရဇ္ဇတနင်္ဂနွေ၊ ဂဠုန်၊ ဒူဟုန်ပျံသန်းကုန်မခန်းတဲ့ ကြည့်နေ ငါအင်္ဂဝိဇ္ဇာနဲ့ ဓာတ်ရိုက်ထားတယ်ကြည့်”။

မကြာမီအဒေါ်ရောက်၍လာရာ ဖိုးနှစ်ကဆီး၍တိုင်သဖြင့် ဖိုးသစ်မှာ ထပ်မံအဆူခံရပြန်လေ၏ ။

ထိုနေ့ညနေမှာ စန်းကြည်တို့ ညီအစ်မသုံးယောက်သည် အခြား အပျိုဘော်ကလေးများနှင့် အိမ်ကိုရောက်၍လာပြီး “ ကိုဖိုးသစ် ကိုဖိုးသစ် ဟောဒီမှာ လက်ကောက်လိုချင်လို့တဲ့ ဒေါ်ညိမ်းတို့သားအမိလည်းတော်

ကြာရင်လာလိမ့်မယ်။ ကျွန်မတို့ ဝတ်တာမြင်တာနဲ့၊ ဟိုကခေါ်ကြည့်သည် - သည်ကခေါ်ကြည့်နဲ့။ ကိုဖိုးသစ်တော့ကော်ပြီ၊ ရှိသေးရဲ့လား”

“ရှိတာပေါ့ ညီမလေးရယ်၊ လာလာ” ဟုပြောပြီး ကိုယ်တိုင်လက် ကောက်များကိုပြလေ၏။ အဒေါ်နှင့်အစ်ကိုမှာ တစ်ယောက်ကိုတစ်ယောက် လက်တို့ကာ ကြည့်၍နေကြလေ၏။

“မချွတ်ဘဲ ဝတ်လိုက်ကြစမ်းပါ။ လိုချင်သူရှိရင်ခေါ်ခဲ့ သရေစာဖိုး ပေးမယ်”ဟု ပြောလေ၏။ - ၎င်းတို့တစ်သုတ်ဝယ်၍ သွားကြပြီး၊ နောက်တစ်သုတ် မိန်းကလေး ငါးယောက်ရောက်၍လာလေရာ ဖိုးသစ်က “ဖိုးနှစ်၊ လူဟာမျောက်ဘွဲ့ သိရဲ့လား။ ဟန်ဟန်ပန်ပန် ဝတ်ဆင်သူ တစ်ယောက်နှစ်ယောက်ကို မြင်ရ ရင် အတုလိုက်တာပဲ။ ကုန်ပစ္စည်းဆိုတာလာဝယ်မှာကို စောင့်နေရတာ မဟုတ်ဘူး။ မဝယ်ဘဲမနေနိုင်အောင် ဓာတ်ရိုက်ပေးရတာမျိုး လူဆိုတာ တစ်ယောက်လုပ်တာမြင်ရင်လိုက်ပြီးလုပ်တာမျိုး။ အဝတ်အစား အလှအပ ဆင်ရင် တန်ဆာများမှာ လှတဲ့မိန်းမကလေး၊ ဂုဏ်သရေရှိတဲ့ မိန်းမကလေး နှစ်ယောက်သုံးယောက်ကို အလကား အဆင်ခိုင်းကြည့်၊ မကြာမီအများ လိုက်ပါလာတာပဲ။ အဲသည်အချက် မသေမချင်းစွဲစွဲမြဲမြဲမှတ် “ဟု ပြောလေ ၏။

လက်ကောက်တစ်ရာကျော်ဖိုးမှာ သုံးရက်အတွင်း ကုန်၍သွားရာ