Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၁)

Regular price 750 MMK
Regular price Sale price 750 MMK
Sale Sold out

                                                              အရက်ဖြတ်ဆေး

သာယာနုပျို စိမ်းစိုသော မိုးဥတု ညနေချမ်းအချိန်သည် ဘိုးလင်း အတွက် ဘီယာချိန်ဖြစ်လေ၏။ . ,

သို့ဖြစ်သောကြောင့် ရန်ကုန်မြို့သို့ ကြည့်မြင်တိုင်ဘက်မှ လာ သော ဘတ်စ်ကားတွင် ဘီယာရှိန်နှင့် ဘတ်စ်ကား၏ ပြင်းထန်စွာသွား သောအချိန် ရောစပ်ကာ ဆေးပြင်းလိပ်ကိုခဲလျက် တစ်ယောက်တည်း သော ခရီးသည်အဖြစ်နှင့် လိုက်ပါလာသော ဘိုးလင်း၏စိတ်မှာ လောကဓာတ်ကြီး တစ်မျိုးလင်းသဖြင့် ထိုးထွင်းသောဉာဏ်တွေ ပေါ် ပေါက်လျက် စိတ်လက်သာယာစွာ များစွာကြည်နူးခြင်း ဖြစ်လေ၏။

“ရန်ကုန်၊ ပုဇွန်တောင်၊ ရေကျော်”ဟု တကြော်ကြော် အော်ခေါ် ဟစ်ကြွေးသော 'စပယ်ယာကလေး၏ အသံကိုမှ နားမညည်းဘဲ ဂီတ သံ ထင်မှတ်လေ၏။ လမ်း၌ လူသွားလူလာ မများသဖြင့် တက်သူ တစ်ယောက်မျှ မရှိသဖြင့် ဘတ်စ်ကားကြီး စိတ်ဆိုးကာ တစ်လမ်းလုံး ရှူးတူးရှားရှား ဖြစ်၍လာသည်နှင့် တူလေသတည်း။

 

ဘိုးလင်းသည် လွတ်လပ်သော ပန်းချီဆရာ နာမည်ကျော်တစ်ယောက် ဖြစ်လေ၏။ အလုပ်တွင်သလောက် ငွေပေါများ၏။ သို့သော် လည်း ဘိုးလင်းဟူသော နာမည်နှင့်မလိုက်အောင် ဘီယာသောက်

သဖြင့် အဘယ်အခါမှ မလင်းလှချေ။ - -

  • သို့မလင်းခြင်းမှာလည်း အခြားကြောင့်မဟုတ်၊ လင်းသည့်အခါ၌ ရေးသောကားများမှာ များစွာ မလင်း၊ မလင်းသည့်အခါ၌ ရေးသော ကားများက ပိုမို၍လင်းခြင်းကြောင့် မလင်းခြင်းသည် ဘိုးလင်းအတွက် မကင်းရာမကင်းသာသော အခြေအနေတစ်ခု ဖြစ်၍နေလေသတည်း။ သို့ သော်လည်း မမူးရသည့် အခါ မမူးရသောကြောင့် အလုပ် မလုပ်နိုင်၊ မူးသည့်အခါ မူးသောကြောင့် အလုပ်ကို မကိုင်ချင်သဖြင့် ငွေဝင်ဖင့်နှေး ခပ်အေးအေးရှိရာ၌ ထို ဝင်သမျှသောငွေများမှာ ဘီယာ တွင်မြှုပ်နှံရသောကြောင့် ရန်ကုန်မြို့၌ အနေမဖြောင့်ဖြစ်လေရာ ကြည့် မြင်တိုင်မြို့ ဈေးကလေးရပ်တွင် မထင်ရှားသော တိုက်ခန်းကလေးကို အဖိုးသက်သာစွာဖြင့် ငှားပြီး တစ်ကိုယ်တည်း နေရရှာလေ၏။

              ငွေကြေးမရသည့်အခါ ပထမ သတိရသောအရာသည် တရုတ် ဆိုင်သို့ သွားရန် ဖြစ်၏။ ဝတ်ရေး၊ စားရေး ခံ့ညားလှပရေးအတွက် မိမိကိုယ်ကို ဆင်ယင်ကွပ်သရန် တစ်စုံတစ်ရာဝယ်ဖို့ သတိမရ၊ ကျား ပါးစပ်ဖိနပ်တစ်ရန် စုတ်၍ပြတ်မှ တစ်ရန်ကို မချိုသောစိတ်နှင့် စွန့်စား ကာ ဝယ်ရ၏။ ရှပ်အင်္ကျီဖြူဖြူ တစ်ဒါဇင်နှင့် အပေါ်ဝတ်အင်္ကျီ အနက် တစ်ထည်သာ ရှိ၏။ လုံချည်မှာ မည်းပြာဖြစ်လေရာ ဟောဟိုတစ် ထည်၊ ဒီတစ်ထည်၊ ဖာထဲကတစ်ထည်၊ ဒင်းတစ်ထည်ဆိုသောစကား လို ဒီတစ်ထည်နှင့် ဟိုတစ်ထည်သာရှိလေရာ အိမ်ကိုသော့မခတ်ဘဲ

ဟောင်း လောင်းပစ်၍ထားပြီး သွားချင်ရာကိုသွားစေကာမူ နောက်ဆံ မတင်း၊ ပူပင်ခြင်းမရှိချေ။

နောက်ဆံမတင်းခြင်းမှာလည်း အသက်သုံးဆယ်ကျော် ဘိုကေ ဖြစ်သောကြောင့် ဆံပင်မှာ တိုတိုတောက်တောက် စပါးရိုးပြတ်လိုပေါက်၍နေသောကြောင့် ဖြစ်လေ၏။ သို့ပင် ပစ်စုတ်တေရနေသော် လည်း လူရည်လူသွေးက အတော်ကလေးသားနားသဖြင့် မဝတ်မစား မကွေးမဝံ့သော်လည်း တင့်တင့်တယ်တယ်အသွင်ရှိလေ၏။

အချို့သောမိတ်ဆွေများက မောင်ဘိုးလင်းအား မိန်းမယူပြီး တည်တည်ကျကျနေလျှင် အသောက်အစားလျော့ပြီး ကြီးပွားလိမ့်မည် ဟု ပြောကြ၏။ ဘိုးလင်းကမူကား မိန်းမများကို သနားသောကြောင့် မယူဘဲနေသည်၊ မိမိကိုယူသောမိန်းမဟာ ကံဆိုးလို့ပဲဟု ပြောလေ့ရှိ ၏ ။

ထိုမှတစ်ပါးလည်း အဟုတ်တကယ် သဲသဲမဲမဲ ပန်းချီဆရာစွဲမက် လောက်သော မိန်းမတစ်ယောက်ကိုမျှလည်း မတွေ့ခဲ့ဖူးချေ။

ထိုနေ့သည်ကား ထူးခြားသောနေ့ဖြစ်၏။ ဘတ်စ်ကားသည် အလုံရပ်ထဲသို့ ကွေ့ဝင်ပြီး ဓာတ်ရထားလမ်းဘက်သို့ လှည့်၍တက် တော့မည့်နေရာ၌ ဘိုးလင်း၏ဘဝတွင် ကြီးစွာပြောင်းလဲခြင်းကိုဖြစ်စေ သော အခြင်းအရာတစ်ခုသည် ဖြစ်ပွားပေါ်ပေါက် မိုးပေါက်ကာ ပွင့်၍ ကျသလို ကြုံလာခြင်းသည်ကား “လာပါခင်ဗျာ၊ တက်ပါ”ဟု စပယ် ယာကလေးအခေါ်တွင် အပြင်သို့လှမ်း၍ကြည့်လိုက်ရာ ပန်းချီဆရာ၏ မျက်လုံးများကို ပြူးခနဲဖြစ်အောင်လုပ်လိုက်သော သဏ္ဌာန်တစ်ခု ဖြစ် လေသတည်း။

ထိုသဏ္ဌာန်သည်ကား ပိုးဖဲထီးကလေးကိုပိတ်ကာ ရွှေရောင်၊ မြရောင်ရောစပ်သော သင်လက်စွဲအိတ်ကလေးကို ကိုင်လျက် လှမ်း၍ တက်လာသော ပိန်ပိန်ပါးပါး ဝင်းဝင်းထင်းထင်းပြသည့် အဆင်းလှ သူကလေးတစ်ယောက် ဖြစ်လေသတည်း။ ။

ဘိုးလင်းသည်ကား နောက်မြီးထောင့်၌ ထိုင်လျက်ရှိရာ ထိုမိန်းမ ပျိုသည် မနီးမဝေး အလယ်မကျတကျနေရာ၌ ထိုင်လေ၏။ ဝဘ်ပုံစားပုံ မှာ ရိုး၏။ ဆံထုံးမှာ မကြီးလှလွန်းဘဲ ကာလဆန်၏။ ပဒုမ္မာအကျီမှာ ရှန်သားလို မပါး၊ ဇာနားကြောင့် ခပ်ဖားဖားခပ်ပျော့ပျော့ကလေး ဖြစ်၏။ ထဘီမှာ ပိုမဲတောင်တာရောင် တောက်ပြောင်မှိုင်းလျှပ်လျက် ဖြူစင် ရှည်လျားသော ခြေခုံခြေချောင်းကလေးများကို အုပ်လုခမန်း ဖြစ်၏။

ဖိနပ်မှာကွင်းထိုးသားရေဖိနပ်ရိုးရိုးကလေးဖြစ်လေရာ လက်မှာ လက်ကောက်မရှိ၊ လက်ပတ်နာရီကလေးတစ်ခုသာရှိ၏။ ဆင်ခြေလျှော ဆံထုံးရှိ နှင်းပန်းနှင့်တူသော ဆွတ်ဆွတ်ဖြူသည့် ပန်းကလေး နှစ်ပွင့်မှာ ထိုသူငယ်မလေးနှင့် လွန်စွာတူလေ၏။

ဘိုးလင်းသည် ၎င်းကို အမှတ်တမဲ့ကြည့်ကာ ကျောင်းဆရာမ ကလေးမဟုတ်တန်ရာ၊ ဆင်းရဲသော စာရေးမကလေး ဖြစ်ရှာပေလိမ့် မည်ဟု ဆင်ခြင်လေ၏။ ထိုသို့ ဆင်ခြင်ခိုက်တွင် ဘိုးလင်း၏နှလုံး သည် ရှေးအခါက မကြုံဖူးသော နည်းမျိုးဖြင့် လှုပ်ရှားလျက်နေသည် ကို သိရလေသတည်း။ ။

သူငယ်မကလေးသည်လည်း ၎င်းကို တစ်ခါတစ်ခါ ကြည့်၏။ ထိုသူငယ်မမှာ မငယ်လွန်းလှချေ၊ အသက်နှစ်ဆယ်ကျော် အစိတ်ခန့် မှန်းဆရလေ၏။

ကားထဲ၌ နှစ်ယောက်တည်းရှိသဖြင့် ဘိုးလင်းသည် နှုတ်ခွန်းစ ချင်သော်လည်း ပါးစပ်ကိုဟက ဘီယာနံ့ပြမှာစိုးသောကြောင့် မစဝံ့ဘဲ နေလေ၏။

ရန်ကုန်ဘက်သို့ ရောက်သောအခါ ကုလားတစ်စုတက်၍လာသ ဖြင့် သူငယ်မသည် နောက်စွန်းထောင့်သို့ ကပ်လိုက်ရာ ဘိုးလင်းနှင့် ရင်ဆိုင်ဖြစ်၍ နေလေ၏။

အတန်ငယ်ကြာသောအခါ မိန်းမပျိုသည် နှာခေါင်းကိုလက်ကိုင်ပုဝါ နှင့် တစ်ခါနှစ်ခါတို့ကာပိတ်လျက် နှာခေါင်းရှုံ့သဖြင့် ဘိုးလင်းသည် မိမိ၏ဘီယာကိုမသင်္ကာဘဲ ဆေးပြင်းလိပ်ကိုအတွင်ဖွားရလေသတည်း။ . . ကုလားတွေက အရက်စော်နံလိုက်တာ”

ဟု မိန်းမပျိုက ပြောလိုက်သောအခါ ဘိုးလင်းကပါ ပါးစပ်မဟဘဲ ဟုတ်မှာပဲဟူသော အဓိပ္ပာယ်ရောက်သည့် အမူအရာကို ဦးခေါင်း လှုပ်ကာ မျက်နှာဖြင့်သာ ပြရလေ၏။

သို့ပြောချင်ရက်ရက် မပြောဝံ့ဘဲ ဆိတ်စွာလာရာ တစ်ခါ တစ်ခါ . မျက်လုံးချင်း ဆိုင်မိရုံမျှနှင့် ပုဇွန်တောင်ဘက်သို့ရောက်လေရာ မိန်းမပျို အဆင်းတွင် ခြေချော်ရာကျတော့မလို ဖြစ်သောကြောင့် လက်မောင်းကိုကိုင်မကာ ထိန်း၍ပေးလိုက်ရလေရာ နူးညံ့ပျော့ပျောင်း ဖော့ရုပ်ပမာ ၊ တွေ့ထိခံစားရသည်မှာ ထိုညဉ့်အိပ်ရာဝင်၌ စိတ်ထဲတွင် ဖျောက်ဖျက်၍ မရ၊ အိပ်ပျော်သောအခါ၌ပင် ကတောက်ကတက်တွေကိုလျှောက်ပြီး မက်၍နေလေသတည်း။ ။

နောက်တစ်နေ့ အိမ်မှထွက်တော့မည်ရှိရာ အဝတ်လဲမည်အပြု တွင် ဟိုတစ်ထည်နှင့် ဒီတစ်ထည်သာရှိသည်ကို သတိရပြီး ဝမ်းနည်း ခြင်း ဖြစ်လေ၏။ “ဟိုဟာမကလေးကလည်း မျက်လုံးထဲကမထွက်၊ ငါအခုလိုဆက်ပြီး ဘီယာကိုမက်၍နေက စုတ်သည်ထက်စုတ်တော့မှာ ပါကလား၊ မတော်တဆ သင်းကလေးနဲ့ ထပ်မံ၍တွေ့ရလျှင် အရက်နံ့ က တထောင်းထောင်းထ၊ ဝတ်စားတန်ဆာက စုတ်လှစွာမို့ အဟုတ် ပင် ခွတိုက်တော့မှာပါတကား၊ မတတ်နိုင်ပါဘူးလေ၊ နောင်လည်းထပ် ပြီး တွေ့ချင်မှတွေ့ ရမှာပဲ၊ ငါမသောက်ဘဲနေလို့လည်း သူက ငါ့ကို ကြိုက်ချင်မှကြိုက်မှာ၊ ဘယ်လိုပင် နာမည်ကျော်စေကာမူ ငါလိုပန်းချီ ဆရာကို အလေးဂရုပြုချင်မှပြုမှာပဲ” ဟု အောက်မေ့ပြီး ထင်းရှူး သေတ္တာထဲက ဘီယာတစ်လုံးကိုထုတ်ကာ ဖောက်၍သောက်ပြီး မနေ့ က အချိန်လောက်တွင် ရန်ကုန်သို့ ဘတ်စ်ကားစောင့်ရန် ဟုမ်းလမ်း ဘက်သို့ ထွက်သွားလေသတည်း။ ။

ကံအားလျော်စွာ မနေ့ကနေရာသို့ ရောက်သောအခါ ထိုသူငယ်မ ကလေးသည် မနေ့ကနေရာသို့ အရောက်တွင် မနေ့ကစတိုင်မျိုးနှင့် . . တက်ရောက်၍လာပြန်လေရာ နှစ်ယောက်သား မျက်နှာချင်းဆိုင်မိကြပြန်လျှင် မိန်းကလေး၏ မျက်နှာ၌ မှတ်မိသောအသွင် ပေါ်လာသည် ။ ကို တွေ့မြင်ရလေ၏။

သို့သော်လည်း မနေ့ကနည်းတူပင် ပါးစပ်မဟဝံ့ဘဲသာ နေရလေ `၏။ ဘိုးလင်း၏ နှလုံးသွေးသည်ကား မနေ့ကထက် ပိုမိုပြင်းထန်စွာ ခုန်ကြွလှုပ်ရှား၍ လာလေ၏။

ထိုညဉ့်၌ မျက်လုံးသည်တိုး၍ ကျယ်၏၊ အိပ်မက်တွေ တိုး၍ များ၏၊ မိန်းမပျိုကလေး၏မျက်နှာသည် ဓာတ်မီးပမာ ဝင်းဝင်းတောက် ပေါ်၍ နေလေ၏။ “ငါအသောက်ကိုဖြတ်မှတော်မည်၊ မတော်တဆ နောက်တစ်ခါတွေ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ၊ ဖိနပ်ကလည်း အဖာတွေ များလှသဖြင့် သူ့ရှေ့မှာ ဖိနပ်ပေါ်မှာစိုးသောကြောင့် ခြေကိုမျှ စတိုင်ကျအောင် မထားရပါကလား၊ အခုနှစ်ခါ ရှိပြီ၊ ဒီအဝတ်၊ ဒီခေါင်းပေါင်း၊ ဒီဖိနပ်စုတ်၊ ဒီပါးစပ်ပုပ်နဲ့မို့ တုတ်တုတ်မျှမလှုပ်၊ တစ္ဆေရုပ်ပမာ ငုတ် တုတ်သာ ငါနေခဲ့ရပါကလား”ဟု သန်းခေါင်ကျော် လင်းအားကြီးမှာ စိတ်အကြံရလေ၏။

နံနက်မိုးလင်းသောအခါ၌လည်း ထိုစိတ်အတိုင်း တင်းကာ မသောက်ဘဲနေ၏။ “တစ်နေ့ ငါးကျပ်သက်သာလျှင် ငါအခုထက် ပြောင်လက်ပြီးလာမှာပဲ” ဟု အားခဲလေ၏။

သို့အားခဲရာ ညနေစောင်းလတ်သောအခါ မြစ်ဘက်က လေပြည် ကလေးအလာတွင် စိတ်တစ်မျိုးပြောင်းပြီးလျှင် သူငယ်မကလေးကို ထင်မြင်ရာ၌ ဘီယာပုလင်းပေါ်၍လာလေရာ အားအစွမ်းရှိသမျှနှင့် တွန်းလှန်လေ၏။

သို့တွန်းလှန်ရင်း “ဟင်.. တွေ့ချင်မှ တွေ့မှာပဲ၊ တွေ့ လို့ကော နေရာကျချင်မှ ကျမှာ၊ သူ့မှာ ရည်းစားနဲ့ လား၊ လင်နဲ့လားဆိုတာ သိ ရတာလည်းမဟုတ်၊ ယုန်သေစွန့်လို့ ယုန်ရှင်ကို ရချင်မှရမှာ၊ သောက် တာပဲ အေးပါတယ်” ဟု တွေးကာ ကျန်ရှိသော ဘီယာနှစ်လုံးကို