ပီမိုးနင်း - သဲမြညှာ
အခန်း(၁)
ဟင်္သာတမြို့ နတ်မော်ချောင်းနှင့် မနီးမဝေးအိမ်ကြီးတစ်အိမ်၏ အိမ်ရှေ့ခန်းမကြီး၏ ခေါင်းရင်းဘက်၌ သားနားခံ့ညားသော ယောက်ျား ပျိုတစ်ယောက်သည် ရှေ့နောက်ယိမ်းထိုးသော ပက်လက်ကုလားထိုင် တစ်ခု၌ထိုင်ကာ ဆေးပြင်းလိပ်ကိုဖွာရင်း အင်္ဂလိပ်သတင်းစာတစ်စောင် ကို ကြည့်၍နေလေ၏။
၎င်းနှင့် မနီးမဝေး ရှေ့နား၌ကား လှပသောမိန်းမပျိုကလေးတစ် ယောက်သည် ပုဆစ်တုပ်ခါထိုင်လျက် အင်္ဂလိပ်စာအုပ်တစ်အုပ်၏ စာမျက် နှာများကို လှန်ကာနေလေ၏။ ။ ထိုမိန်းကလေးသည် ယောက်ျားပျိုထက် အသက် ၉ နှစ်လောက် ငယ်ပုံရလေ၏။ ကြော့ရှင်းလှပ ဝင်းပပ မျက်နှာကလေးရှိလေ၏။
လှုပ်ရှားသော လက်၌ ဝတ်ဆင်၍ထားသော လက်ကောက်များ သည် ကြိုးကြိုးကြိတ်ကြိတ် စကားများ၍ နေကြဟန်ရှိလေ၏ ။ ပုဆစ်ကုပ် ၍နေသော သန့်ရှင်းသောခြေ၌ တဘီနားပန်းပွင့်အပြာကြီးတစ်ပွင့်၏ ပန်း ချပ်များအစွန်းမှ ဝါဝင်းသော ရွှေခြေကျင်းကြီးသည် တစ်ဝက်နီးနီး ပေါ်၍ နေလေ၏။
တစ်ခါ တစ်ခါ ယောက်ျားပျိုသည် သတင်းစာရွက်များကို လှန်ရင်းမိန်းမပျိုကလေးကို အမှတ်တမဲ့ကြည့်လိုက်သည့်အခါ မိမိကိုကြည့်၍နေသော ဝန်းဝိုင်းဖောင်းကြွသော မျက်လုံးနှစ်လုံးကို မြင်မိလေ၏။
ထိုအခါ ယောက်ျားပျို၏ စိတ်၌ ငါ အဘယ်ပုံဖြစ်ချင်လို့ ဤအိမ် - သို့ ရောက်၍လာရပါသတည်း ဟူသော အမွေးကို စိတ်ထဲ၌ မေးကာ တွေး ပြီး အသက်ကို ခပ်ပြင်းပြင်းကလေး ရှူမိလေ၏။
မိမိ၏ မကောင်းသော ကံဆိုးကြမ္မာသည် အပြီးသတ်ဖို့ နိမိတ်ပေ လား၊ သို့တည်းမဟုတ် တစ်မျိုးတစ်ဖုံ ပြောင်းကာ တိုးဆင့်၍ လောင်းဖို့ရန် နိမိတ်ဖြစ်လေသလားဟူ၍ ဆင်ခြင်ကာ စာထဲ၌ စိတ်ရော မျက်လုံးများ ရော မမြဲနိုင်ဘဲ သူငယ်မကလေး၏ မျက်လုံးများနှင့် အရှိန်ချင်းသွား၍ သွား၍ ပေါက်မိလေတော့၏။
ကံဆိုးကြမ္မာဆိုသည်မှာ အခြားမဟုတ်။ ခင်မောင်မှာ မတော်တဆ တာဝန်ကို လစ်ဟင်းမှုတစ်ခုကြောင့် ဆပ်အင်စပိတ်တော်ရာထူးမှ ခေတ္တ ချထားခြင်းခံ၍နေရရာ “ဤရာထူးကို ပြန်၍ မရလျှင်လည်း ဝမ်းမနည်းတော့ပါ။ ရအောင်လည်း ငါ မကြိုးစားလိုကုန်သည်ပွဲစား အလုပ်မျိုးကို ပဲ လုပ်ပါတော့မည်” ဟူသော အကြံနှင့် ရန်ကုန်မြို့၌ အပေါက်အလမ်းကို ရှာကြံ၍နေခဲ့လေသည်။ ' သို့ ရှာကြံငြားသော်လည်း ခေတ်သမယက မကောင်းလှသဖြင့် အပေါက်ကောင်းမတွေ့ရသေးမီ ငယ်သူငယ်ချင်း စက်သူဌေး မောင်ဖေ နှင့်တွေ့သဖြင့် မောင်ဖေက ခေါ်၍လာသည့်အတွက် ဤအိမ်သို့ ရောက်၍ လာရခြင်းဖြစ်လေ၏။
ထိုလှပသော မိန်းမပျိုကလေးမှာ သူငယ်ချင်းမောင်ဖေ၏ တစ်ဦး တည်းသော သမီးကလေး မမြဖြစ်လေသတည်း။
မောင်ဖေ၏ ရည်ရွယ်ချက်မှာကား ၎င်း၏ တစ်ဦးတည်းသော သမီး ကလေးအား အင်္ဂလိပ်စာသင်၍ပေးစေရန် ဖြစ်လေသည်။
သို့ နေခိုက်တွင် မမြသည် မရဲတရဲ အမူအရာမျိုးနှင့် ထိုင်ရာမှ ထ၍ လာပြီး ခင်မောင်၏ ခြေရင်း၌ ပုဆစ်တုပ်ကာ ...
“ကိုကို...ဒီအင်္ဂလိပ်သတင်းစာတွေကို နားလည်အောင် ဘယ် လောက်ကြာကြာ သင် ရသလဲ”
ဟု မေးလေလျှင် ခင်မောင်သည် သတင်းစာကိုချ၍ မမြ၏ မျက်နှာ ကို စိုက်ကာ ပြုံးလျက်ကြည့်မိလေ၏။
မမြသည်ကား ရှက်ကိုး ရှက်ကန်း အမူအရာမျိုးနှင့် ဆက်လက် ကာ ...
“ကျွန်မ အင်္ဂလိပ်သတင်းစာများ ဖတ်နိုင်ရင် သိပ်ကောင်းမှာပဲ။ `အမြဲ သတင်းအထူးအဆန်းတွေကို ဖတ်ရမှာပဲ ထင်ပါရဲ့”
ခင်မောင်သည် မမြကို ကြည့်ရာမှာ လမ်းမဘက်သို့ ပြုံးလျက် လှည့်ကာ ....
“သတင်းစာများလိုပေါ့ကွယ်၊ ဖတ်လို့ကောင်းတဲ့ သတင်းများလည်း ပါတာပေါ့၊ တချို့သတင်းတွေကတော့ ပျင်းစရာကြီးတွေပဲ၊ ဥပမာ ပုလိပ် အစီရင်ခံစာဆိုတဲ့ သတင်းမျိုးကျတော့ ဘယ်သူမှ မဖတ်ချင်ဘူး”
“ကိုကို ... ဒါတွေ အကုန်နားလည်တာပဲနော်”
“နားလည်သလောက် နားလည်တာပေါ့ကွယ်၊ လောကမှာ ဘယ်စာ မှ အကုန်မတတ်ကြပါဘူး” ..
“ကိုကို ... ဘယ်အတန်းအထိ အောင်သလဲ” -
“အိုင်အေအထိ အောင်ခဲ့တယ်၊ မိဘက မတတ်နိုင်လို့ ဘီအေကို ဆက်မနေခဲ့ရဘူး”
“အိုင်အေဆိုရင် တော်တော်တတ်တာပေါ့ နော်”
“အင်္ဂလိပ်စာမှာတော့ အိုင်အေဆိုရင် ဘီအေနဲ့မခြားပါဘူး၊ ဘီအေ သမားထက်တော်တဲ့ အိုင်အေသမားတွေလည်း အရှိသားကိုး”
“ကိုကို အင်္ဂလိပ်ပုံတွေ အများကြီး ဖတ်ဖူးမှာပေါ့ ”
“တော်တော် တန်တန်တော့ ဖတ်ဖူးသားပဲ”
ဟု မြ၏ လှပသော မျက်လုံးများကို ကြည့်ကာ ပြုံးလျက် ပြန်ပြော ၊ လေ၏။
“ပုံကောင်းကောင်း တစ်ခုလောက် မြ နားထောင်ချင်လိုက်တာ၊ မပြောနိုင်ဘူးလား”
“နောက်တော့ တဖြည်းဖြည်း ပြောတာပေါ့၊ ပုံတွေ အများကြီးရှိပါ . တယ်”
ထိုအခိုက်တွင် စက်သူဌေး မောင်ဖေ အပါးသို့ ရောက်လာပြီး
“အိုင်ဆေး ကျုပ်သမီးက အင်မတန် စာပေဝါသနာပါတယ်၊ အင်္ဂလိပ်စာ မတတ်မချင်း မင်းကို ဘယ်မှ မသွားရဘူး၊ ဉာဏ်ကတော့ မသေးပါဘူး၊ သဂြိုဟ်ကိုးပိုင်းကို ခြောက်လနဲ့ကျွတ်တာပဲ၊ သို့သော်လည်း ခေတ်ကာလ အင်္ဂလိပ်ပညာဆိုတာ နေရာတိုင်းမှာ အသုံးဝင်နေလေတော့ သူကလည်း ဝါသနာပါတာနဲ့ အားပေးရတာပဲ၊ တစ်ယောက်တည်းရှိတာ မို့ ခွဲပြီး အဝေးကို မပို့နိုင်ဘူး သူငယ်ချင်းရဲ့ ၊ သည်တော့ မင်းနဲ့ တွေ့ရ တာ အခန့်သင့်ကျနေတာပဲ”ဟု ပြောလေ၏။
မောင်ဖေသည် ခင်မောင်ထက် ၅ နှစ်လောက်ကြီးသော်လည်း ငယ် စဉ်က ရန်ကုန်ကျောင်းတွင် ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့ကြသဖြင့် ခင်မောင်၏ ရိုးဖြောင့်တည်ကြည်သောစိတ်ကို ယုံကြည်လေ၏။
မောင်ဖေမှာ မိဘချမ်းသာသဖြင့် သုံးစွဲပျော်ပါး အလည်အပတ်များ သောကြောင့် ၇ နှစ်တန်းမှာ ၃ နှစ်ကျသဖြင့် ကျောင်းမှထွက်ခဲ့ရလေ၏။
ခင်မောင်မှာမူ မိဘများ မချမ်းသာလှသဖြင့် ပညာသင်ရုံစရိတ်မှ တစ်ပါး မြောက်မြားစွာ သုံးစွဲရန် ငွေကြေးမပိုသောကြောင့် ပညာကို ဖြောင့် ဖြောင့် သင်နိုင်ခဲ့သဖြင့် အိုင်အေ အောင်ခဲ့လေ၏။
သို့ပင် မောင်ဖေက ယုံကြည်သော်လည်း ခင်မောင်၏ စိတ်၌ကား များစွာကြောက်ရွံ့ခြင်း ဖြစ်လေ၏။ သို့ကြောက်ရွံ့စရာ အကြောင်းနိမိတ် လက္ခဏာတို့ကိုလည်း ခင်မောင်သာ သိလေ၏။ အကြောင်းမူကား မမြ၏ မျက်လုံးများသည် သာမန်မျက်လုံးများ မဟုတ်သည်ကို ခင်မောင်သိလေ သတည်း။
နောက်တစ်နေ့၌ ခင်မောင်သည် မြမြကို စ၍ အင်္ဂလိပ်စာသင်ပေး လေ၏။ မြမြသည် လွန်စွာထက်မြက်သော ဉာဏ်ရှိသည့်ပြင် စိတ်ပါကိုယ် ရောက် သင်သူဖြစ်ကြောင်း သိရှိရလေ၏။
ခင်မောင်မှာလည်း မြမြကို သင်ပေးရခြင်း၌ ငြီးငွေ့ခြင်းမရှိချေ။ ဤမျှလောက် လှပယဉ်ကျေး ရေးခြားလိမ္မာ ချက်ချာသော မိန်းမပျိုကလေး မျိုးကို အနီးကပ် သင်ကြားပေးရခြင်း၌ အဘယ်သို့သော သူတော်သူမြတ် သည် ငြီးငွေ့ခြင်းဖြစ်နိုင်မည်နည်း။ ။
ခင်မောင်မှာ ပုထုဇဉ် လူသာမန် ပုလိပ်အရာရှိ လူထွက်မျှဖြစ်၏။ ဆရာ၏ အပါး၌ ကပ်ကာသင်သဖြင့် တစ်ခါ တစ်ခါ ဦးခေါင်းချင်း ထိလု ခမန်း သင်ကြားပြသမှေးမြန်းသမျှကိုလည်း ကပ်ကပ်ပြီး ဖြေရခြင်း၌ ၎င်း . မိန်းမပျို နတ်ကညာကလေး၏ ဦးခေါင်း မျက်နှာမှထွက်ပေါ်သော ဆီမွှေး နံ့၊ ပေါင်ဒါနံ့၊ ပန်းနံ့ကလေးများသည် ခင်မောင်၏ရင်ထဲ၌ အေးခနဲ အေး ခနဲ သက်ဆင်းဝင်ရောက်၍ သွားခြင်းတည်းဟူသော အငွေ့ အသက်၏ အရသာကို မခံစားဘဲ နေနိုင်ပါမည်လား။
တစ်ခါတစ်ခါ မြ၏ နူးညံ့သိမ်မွေ့လှပသော လက်ကလေးများမှ ခဲတံကိုယူသည့်အခါ လက်ဖျားချင်းထိသည်ကို မြမြက သိသိသာသာ သေ သေချာချာ သဘောမကျပုံကိုမျှမပြဘဲခံ၍ နေသောအခါ ခင်မောင်၏ ရင် ထဲ နှလုံးထဲမှာ ဒုန်းခနဲ ဒိန်းခနဲမဖြစ်ဘဲ အသို့လျှင် နေနိုင်ပါမည်နည်း။
ပုဆစ်ကလေးတုပ်ကာ ဝပ်ပြီး စာဖတ်သည့်အခါ၌ တင်းရင်းပြည့် ” ပျောင်း ဖောင့်တစ်ဖောင်းကလေးနေသော တင်ပါးကလေးများနှင့် ကျော့ ရှင်းပြေပြစ်သော ခါးကလေးသည် သင်ပြသူကို အားပေးသကဲ့သို့ ဖြစ်၍ နေလေသတည်း။
ခင်မောင်သည်ကား ပုထုဇဉ်တို့သဘာဝ မိမိ၏စိတ်၌ ဖြစ်ပေါ်သော အလွန်တရာလှပသော ရူပါရုံရန်သူ၏ နှောင့်ယှက်ခြင်းကို သိ၏။ သိသ ဖြင့် စိတ်ကိုချိုးနှိမ်ကာ မတော်သောအရာကိုပြုဖို့ မဆိုထားဘိ စိတ်မှာ -မျှ မထားဘဲ သတိရတိုင်း ထိုအနှောင့်အယှက်ကို မောင်းနှင်တွန်းလှန်၍ပစ်ရလေသတည်း။
ဤသို့ သင်ပြရာ၌ အခါများစွာ သူငယ်မကလေး၏ ဖခင်မှာ စက် ထဲတွင် အလုပ်များသဖြင့် အိမ်၌ ၎င်းတို့ဆရာတပည့်နှစ်ယောက်သာ ရှိ လေ၏ ။
ထိုအခါများ၌ မြမြသည် ပက်လက်ကုလားထိုင် လက်ရန်း၌ ဒူး ထောက်မှီကာ ဆရာနှင့် ဦးခေါင်းချင်းကပ်ကာ တောင်မေးမြောက်မေး . ထွေထွေရာရာတို့ကို မေးတတ်၏။
တစ်ခါတစ်ခါ ခင်မောင်၏ မျက်နှာကို မျက်တောင်ကလေးစင်း စင်းထားပြီး မရဲသော မျက်လုံးများနှင့် တောင့်တသော စိတ်ဆန္ဒ၏အခိုး ကို ထိုမျက်လုံးများမှ ဝမ်းနည်းသော အမူအရာနှင့် ခွင့်လွှတ်သည်ကို သိရ လေ၏ ။
“ဒင်း ဘာပြုလို့ ငါ့ကို ဤနည်းမျိုးနှင့် ကြည့်ရပါသလဲ၊ ငါသည် သူ့ထက်ကြီး၏၊ ထူးထူးခြားခြား ရုပ်ဆင်းလက္ခဏာမှာလည်း လှပသူ မဟုတ်၊ ငါ့ထက် ချောမောလှပ ငယ်ရွယ်သူတွေ အများပင်ရှိကြသည်။ ငါလိုလူအပေါ်၌ သူကဲ့သို့ ငယ်ရွယ်လှပ ဂုဏ်သရေကြီးလှသော မိန်း ကလေးသည် စိတ်နေစိတ်ထား ဖောက်ပြန်၍ ကစားနိုင်ဖို့ နည်းလမ်းမရှိ ပေ။ အဘယ်သို့သော အခြင်းအရာပေနည်း”
စသည်ဖြင့် ခင်မောင်သည် တွေးတောမိလေသတည်း။
ထို့ပြင်မက.တစ်ခါတစ်ရံ ခင်မောင်၏အနား၌ ပွတ်သီးပွတ်သတ် နေချင်သော အမူအရာမျိုးနှင့် စကားပြော၍နေခိုက်မှာ အိမ်သားတစ် ယောက်ယောက် ဘွားခနဲပေါ်ပေါက်၍ လာမည့်အရိပ်နိမိတ်ကို မြင်သည့် အခါ ဆုတ်ခွာ၍နေတတ်၏။
ဖခင်ရှိသည့်အခါများ၌လည်း ခင်မောင်နှင့် လွန်စွာအရောတဝင် အရိပ်လက္ခဏာကို မပြချေ။ ထိုကဲ့သို့ဖြစ်ခြင်းသည် အဘယ်သို့သော စိတ် ၏ လက္ခဏာဖြစ်ပါသနည်းဟူ၍ ခင်မောင်၏ စိတ်၌ တွေးကြံကာ အကြောင်းရင်းကို ရှာ၍မရဘဲ နေလေ၏။
ညတစ်ည၌ လရောင်ကလေး ခပ်မှိန်မှိန်တွင် ခင်မောင်သည် အိမ်ခြံ - အပြင်ဘက် တောနိမ့်လမ်းကြားတစ်ခု၌ အဘယ်ကိုသွားရမည်ဟု ရည်ရွယ် ချက်က တစ်စုံတစ်ရာမရှိဘဲ လျှောက်၍နေလေ၏။ သို့ လျှောက်ရင်း ချောင်းကမ်းပါးသို့ ရောက်သွားလေသတည်း။
မြစ်ကမ်းနား၌ လရောင်မှေးမှေး ရေးရေးတွင် လှုပ်ရှားသော ရေ ရောင်နှင့် တိမ်ရိပ်ပမာ လေထဲတွင် မသိမသာ ရွေ့ပြောင်းလှုပ်ရှား ဗေဒါ တပ်ကြီးများကို ကြည့်ကာနေလေ၏။
သို့ နေခိုက်တွင် နောက်မှခြေသံကြားရသဖြင့် ထိတ်ခနဲဖြစ်ကာ လှည့်၍ကြည့်လိုက်ရာ အတိုင်းမသိ အံ့အားသင့်ခြင်း၊ အံ့သြခြင်းနှင့် ကြောက်ရွံ့ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ရောယှက်၍နေလေ၏။
ထိုမြင်ရသော သဏ္ဌာန်သည်ကား အခြားမဟုတ်၊ သစ်ပင်ပျို ကလေးတစ်ပင်၏ အကိုင်းကို ဆွဲကိုင်လှုပ်ရှားကား ခေါင်းငုံ့လျက်နေသော မမြပင်ဖြစ်သည်ကို သိရသောကြောင့်ပေတည်း .....။
ခင်မောင်သည် ရုတ်တရက် စကားမပြောနိုင်ဘဲ နေလေ၏။
“မမြ မဟုတ်နိုင်ပါဘူး၊ ဒင်း ဘာပြုလို့ သန်းခေါင်ခန့် နီးနီးအချိန်မှာ ငါ့နောက် . ကို လိုက်လာသင့်ပါသလဲ၊ ဖုတ်ပြိတ္တာ တစ္ဆေဟာ မမြအသွင်အမူနဲ့ ဖန် ဆင်း၍လာလေသလား”
စသည်ဖြင့် စဉ်းစားကာ မိမိ၏ မျက်စိများကိုပင် မိမိ မယုံနိုင်လောက်အောင် ရှိရှာလေ၏။
အတန်ငယ်ကြာမှ ...... ။ “မြ ဟုတ်ကဲ့လား ”
ဟု မေးလေရာ မမြသည် တစ်စုံတစ်ရာကို အသနားခံလိုသည်နှင့် တူသော မျက်နှာနှင့် ခင်မောင်၏မျက်နှာကို မော်၍ ကြည့်လေ၏ ။ စကား ပြန်၍ မပြောချေ။ "
“ မမြ ဘယ့်နှာတုံး၊ ဘာဖြစ်လာသလဲ”
“ကျွန်မ မနေနိုင်ဘူး ကိုကို၊ ကျွန်မ အိပ်လို့ မပျော်ဘူး”
“မင်း ဖေဖေကော”