Skip to product information
1 of 1

Other Websites

ပီမိုးနင်း - ဝတ္တုပဒေသာအမှတ် ၇

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အဟာရ ဟိုတယ်

          မောင်ဆင့်သည် ရုပ်ရှင်ဇာတ်ရုံမှ ထွက်၍လာပြီးနောက် အတော် ကလေး ဆာသဖြင့် ကွမ်းခြံဘူတာ၏အရှေ့ ဘက် ထမင်းဆိုင်၊ ခေါက်ဆွဲ ဆိုင်များကို လျှောက်၍ ကြည့်နေလေ၏။

          သို့ကြည့်နေခိုက်တွင် ညှိုးငယ်စွာဝတ်ဆင်ထားသော မိန်းမပျိုတစ် ယောက်၏ ကြော့ရှင်းသောသဏ္ဌာန်တစ်ခုကို မှောင်ရိပ်တစ်ခု၌ မြင် ရသ ဖြင့် မယောင်မလည် အပါးသို့ အဘယ်ကိစ္စအတွက်မှန်းမျှ မိမိကိုယ်ကို မသိဘဲ ကပ်ရောက်၍သွားလေရာ ကိုယ်ခန္ဓာကြော့ရှင်းသည်ထက် ပိုမို၍လှပသော မျက်နှာကလေးကို အနီးကပ်မျက်စောင်းထိုးမြင်  မြင်ရလေ၏ ။ `မျက်စောင်းထိုးမြင်ခြင်းမှာ တည့်တည့်ကြီး မကြည့်ရဲသောကြောင့် ပေတည်း။

          ထိုအခါ ဆောင်းလရာသီဖြစ်လေရာ အတော်ကလေး အေးချမ်း သဖြင့် လက်နှစ်ဖက်ကို မိမိ၏ သကလပ်အင်္ကျီအိတ်အတွင်းသို့ ထိုးသွင်း ၍ ထားလေ၏ ။ မိန်းမပျို၏ မျက်နှာမှာ မွတ်သိပ်ဆာလောင်သောအသွင် ရှိလေ၏။ ၎င်းမိန်းမပျိုသည် မိမိကို ဂရုစိုက်၍ ကြည့်ဟန်တူလေ၏။

          “ချမ်းလိုက်တာဟင်"

          ဟု သူ့ကိုလိုလို၊ ငါ့ကိုလိုလိုပြောရာ မိန်းမပျို က

          “သိပ်ချမ်းတာပဲ"

          ဟု ပြောပြီး တစ်ဖက်သို့ လှည့်လိုက်ရာ မှောင်ထဲမှ မည်းခနဲကြွ၍လာသော သဏ္ဌာန်တစ်ခုက “ချမ်းဆို မောရင်၊ အကွယ်အကာမှ မရှိဘဲ၊ မြို့ထဲမှာတော့ တိုက်တွေကြောင့် ဒီလောက် မချမ်း လှဘူး”ဟု ပြောလေ၏။ ပြောသူကား အမယ်အိုတစ်ယောက် ဖြစ်လေ၏။

          " ကျွန်တော်တို့ တောအရပ်မှာလောက်တော့ ချမ်းသေးပါဘူး  "

          ဟု မောင်ဆင့်က အဆီအငေါ့မတည့်သော စကားကို ပြန်၍ပြောလေ၏။ မိန်းမပျိုက မသိမသာ ရယ်လိုက်လေ၏။ ထို့နောက်

           “အစ်ကိုကြီးက ဘယ် အရပ်ကလဲ”

          ဟု မေးလေ၏ ။

          “ပုသိမ်က ဒီကနေ့ပဲ ရောက်တယ်။ တောအရပ်မှာ အလုပ်အကိုင် . အပေါက်အလမ်း တယ်ပြီးမတည့်လို့ ရန်ကုန်မှာ အကြံအစည်ကလေး တည့်မလားလို့ လာတာပါပဲ”

          ဟု မိမိကိုယ်ကို လယ်ပိုင်ရှင်သူဌေးတစ် ယောက်ဖြစ်ကြောင်း ဒုံးဝှက်ကာ ပြောလေ၏။

          နောက် ငါးမိနစ်လောက်ကြာသောအခါ အကျွမ်းတဝင်ဖြစ်၍သွား ပြီး

          “ထမင်းစားကြပါဦးလား”

          ဟု ပြောကြရာ ဆိုင်အတွင်းသို့ ရောက်သွား ကြလေ၏။

          မောင်ဆင့် သည် မိန်းမပျိုကလေးကို မသိမသာ များစွာအကဲခတ် လေရာ မိမိများစွာကြားရဖူးသော မကောင်းသည့်အမျိုးအစားထဲက မဟုတ် ကြောင်းကို အပြောအဆို အမူအရာ အသွင်အပြင်မှစ၍ အကုန်အစင် ထောက်ရှုခြင်းဖြင့် သိရလေ၏။ ဆင်းရဲ၍ မွတ်သိပ်စာလောင်လျက်နေကြောင်းကိုလည်း သိလေ၏ အကြောင်းမူကား ထမင်းစားဖို့ခေါ်ရာ မငြင်း တငြင်းကလေးမျှသာ ငြင်းပြီး အသိမိတ်ဆွေဖြစ်ကာ ဝင်စားလေ၏။

          ထမင်းကြော်၊ ဝက်အူချောင်း စသည်များကို စားကြပြီးနောက် လက်ဖက်ရည်ကိုသောက်ရင်း ဆိုင်အတွင်းမှာနွေးသဖြင့် ဆက်လက်စကား ပြောကြရာ မောင်ဆင့်မှာ ရှေးကရေစက်  ပန္နက်ဖူးသော သစ္စာမို့ပေလား မသိရ ။ အဘယ်အခါကမျှ သိသိသာသာ မပေါ်ဖူးသော စိတ်တစ်ခုသည် အထူး သိသိသာသာပေါ်လာလေ၏။ ထိုစိတ်သည်ကား မိန်းမပျိုကလေး ကို တစ်သက်လုံးချမ်းသာအောင် ကြည့်ရှုလိုသောစိတ် ဖြစ်လေ၏။ အသွင် အမူကိုထောက်သော် မိမိကဲ့သို့ သားနားသော မိမိကိုယ်ကို အခွင့်ပိုင်သူလူရည်ချွန်တစ်ယောက်အား ငြင်းပယ်နိုင်မည့် နည်းလမ်းမရှိဟု စိက်ချ ယုံကြည်လေ၏ ။ အဖော်မိန်းမကြီးမှာ ဘာသာလဝါဆိုသလို မော တွေးတောပုံ တစ်စုံတစ်ယောက်ကို မျှော်ပုံနှင့် လမ်းဘက်ကိုသာ အာရုံစိုက်၍နေလေ၏။

          " ဘာတော်သလဲ”

          ဟု မောင်ဆင့်က မိန်းမကြီးဘက်သို့ မျက်စပစ် ကာ မေးလေ၏။

          ' ဘာမှမတော်ပါဘူး။ အသိမိတ်ဆွေပါပဲ"

          ဟု ပြန်၍ ပြောလေရာ မောင်ဆင့်မှာ အားတက်သွားလေ၏။

          အတန်ငယ်ကြာစွာ ဆီက်ငြိမ်၍နေပြီးမှ မောင်ဆင့်က -

           "အခုမှ တွေ့ရပေမဲ့ အသိမိတ်ဆွေ အရင်းအချာလို သဘောထားပါ။ ပွေးမြင် အပင်သီဆိုသလို မင်းပုံပန်းအရ အပြစ်ကင်းသူကလေး တစ်ယောက်လို့ ယုံကြည်သဖြင့် ပြောခြင်းပါးတစ်မျိုးတစ်မည် ထင်မလား"

          “ကျွန်မလည်း အကဲခတ်ပြီးသားပါး ထင်စရာမရှိပါဘူး အများ အားဖြင့်တော့ အခုလိုတွေ့ကြရင် ယောက်ျားများဟာတစ်မျိုးထင်ကြတာပဲ”

          “ မထင်ပါဘူး၊ ဒီမှာလည်း အသိမိတ်ဆွေ မရိုးတစ်ယောက်တည်း ဆိုတာလိုပဲ၊ အစစ အရာရာမှာ အားထားပါရစေ ဒီကိုလည်း အားထား တာပေါ့။ ဘာမဆိုပါပဲ။ ငွေဆိုငွေ၊ အလုပ်အကိုင်ဆို အလုပ်အကိုင်၊ တတ် နိုင်သလောက်တော့ ကူညီနိုင်ပါတယ်”

          “ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ရှင် ကျွန်မကို ဒီတစ်ခုတော့ အထင်မှားကနဲ့တူတယ်"

          ဟု ချစ်ဖွယ်ရာ ပြုံးလျက်ပြလေ၏ ။

          “ဘယ်အချက်လဲ ပြောစမ်းပါ သိပါရစေ”

          “ကျွန်မကို အင်မတန် ဆင်းရဲတယ်လို့ ထင်တယ်မဟုဏ်လား”

          “မှန်ပါတယ်။ ထင်မိပါတယ်။ မှားရင် စိတ်မဆိုးပါနဲ့ ။

          " စိတ်မဆိုးပါဘူး .... ။ရှင် သဘောကောင်းတဲ့ လူတစ်ယောက်ဆိုက ကျွန်မ သိပါတယ်။ ကျွန်မ ဆိုင်တွေကိုကြည့်နေတာ နည်းနည်းပါးပါး ဆာတာလည်းမှန်ပါတယ်။ မောလာတာကိုး။ ကျွန်မတို့ လမ်းမတော်ဘက်က ခြေလျင်လျှောက်လာလို့ပါ။ ပြီးတော့ ပိုက်ဆံလည်း အိမ်မှာ မေ့ထားခဲ့တယ်။ သားရေအိတ်ဟာ အဒေါ်ဆီမှာ ပါတယ်ထင်လို့ သူက လည်း မေ့တာပဲ"

          “အေးလေ၊ ရိုးရိုးပြောရမှာဖြင့် ချွေချွေတာတာ ကြည့်ရှုတွက်ချင့် ပြီးမှ ဝယ်ခြမ်းစားမယ်လို့ အကြံနဲ့ကြည့်နေသလားလို့ အောက်မေ့မိတာပဲ”

          “ဒါနဲ့ ထမင်းစားဖို့ ရှင်ခေါ်တာပဲ။ ကျွန်မ သိပါတယ်၊ ဆာလည်း ဆာနေတာကိုး"

          “အဖို့ ဘာများလုပ်ကိုင်သလဲ"

          “အခု ဝံသာနုဈေးဆိုင်တွေ ထွက်ကြတာ၊ ရှင်မြင်တယ်မဟုတ်လား”

           “ဟုတ်ကဲ့၊ မြင်ပါတယ်”

          “ဒါပါပဲ၊ ကျွန်မတို့ ညီအစ်မနှစ်ယောက် မြန်မာထမင်းဆိုင် အကောင်းဆုံးတစ်ခု တည်မလို့ စိတ်ကူးပြီး အစ်မက အိမ်မှာနေမကောင်း လို့ ဒီအဒေါ်နဲ့ထွက်ပြီး ဆိုင်အမျိုးမျိုးတွေကို ကြည့်တာပါ။ နည်းယူတန် ရင်လည်း ယူဖို့ပါပဲ။ ဒါကြောင့် ခြေလျင် တဖြည်းဖြည်းလျှောက်လာကြ ရင်း ဒီနေရာရောက်လို့ ဆာတော့မှ အိတ်ထဲ ပိုက်ဆံမပါတာ သိရတာပဲ”

          ထို့နောက် ကြည့်မြင်တိုင် မီးရထားဘူတာရုံအနီးမှာ ထမင်းဆိုင် ဖွင့်ကြောင်း၊ ဆိုင်နာမည် အာဟာရထမင်းဆိုင်ခေါ်ကြောင်းနှင့် ပြောပြီး တအောင့်တနား စကားပြောကြပြီးနောက် ခွဲ၍သွားကြလေ၏။ မောင်ဆင့် မှာ ထိုညသည် မအိပ်သောည ဖြစ်လေ၏။

          နောက်တစ်နေ့ အာဟာရထမင်းဆိုင်ကို သွား၍ရှာရာ မတွေ့ရ။ မည်သူကိုမျှလည်း မေး၍မရသဖြင့် ဘယ်လိုသဘောနှင့် ကို တစ်ပတ် ရိုက်တာလဲဟု တွေးကြံ၍မရဘဲ စိတ်ပျက်လျက် ပြန်၍လာခဲ့လေ၏ ။ ထိုကဲ့ သို့သော တစ်ပတ်ရိုက်နည်းသည် ငွေကို ကြုရန်လည်းမဟုတ်၊ တမင်သက် သက် ကြွားတယ်ဆိုရမှာလည်း အခက်၊ ရန်ကုန်မှာ လိမ်နည်း အဆန်း တစ်မျိုးပေါ်လာလေသလားဟု တွေးမိလေ၏။

          နောက်တစ်လလောက်ကြာသောအခါ မိတ်ဆွေ တစ်ယောက်၏အိမ်က စောင်းအငြိမ့်နှင့် အဆိုကောင်းများကို နားထောင်ရန် ဖိတ်သဖြင့် သွားရာ အိမ်ပေါ်သို့ တက်လျှင်တက်ချင်း နား၌ ချိုမြိန်သာယာ ချစ်ဖွယ်ရာကောင်းလှသော အသံကိုကြားရလေ၏။ ပရိသတ်များအထဲတွင် ထိုင် လျက် အသံ၏ အရသာကိုသာခံစားရင်း အသိမိတ်ဆွေအိမ်ရှင်နှင့် တစ်ခါ တစ်ခါ အချေအတင် စကားတစ်လုံးနှစ်လုံးမျှ ပြောလေ၏ ။ အကန်ကြာ မှ ကြည့်လိုက်သောအခါ ထိုသူ၏မျက်နှာမှာ တိုင်ရိပ်ကွယ်သဖြင့် မမြင် ဘဲနေ လေ၏။ ယမုံနာ တေးတစ်ပုဒ်ဆုံးသောအခါမှ တေးဆို သူသည် လက်ဖက်ရည်သောက်ရန် ဓာတ်မီးရောင်အတွင်းသို့ တိုးလိုက်ရာ မမေ့သောမျက်နှာ အဆပေါင်းမရေမတွက်နိုင်အောင် ပိုမိုလှပသောအဆင်းနှင့် ပေါ်လာလေရာ အံ့အားကြီးသင့်၍ နေလေ၏။ ဒေါသလည်း ထွက်လေ၏။ နှလုံးမှာလည်း ဒိုးပတ်တီးနေလေ၏။ ရှက်ကိုးရှက်ကန်း အမူအရာနှင့် မိမိမျက်နှာကို မရဲဟရဲကြည့်ပြီး ခေါင်းငုံ့၍သွားသည်ကို မြင်ရသောအခါ မောင်ဆင့်မှာ အသက်ရှူမမှန်တော့ပေ။

          သို့သော်လည်း စိတ်ကိုချုပ်ကာ ထပ်မံ၍ တစ်ပတ်ရိုက်ခံရမှာစိုး သဖြင့် အိမ်ရှင်ဖြစ်သူအား မိမိ နေမကောင်းကြောင်းနှင့် ပြောပြီး ပြန်တော့ မည်မှာ မိန်းမကြီးတစ် ယောက်က “မလှခင်ရယ် အာဟာရထမင်းဆိုင် ကိုတော့ မလုပ်ချင်ပါနဲ့တော့ အဆိုတော်တစ်ယောက်ပဲ လုပ်နေပါတော့၊ ထမင်းဆိုင်ထက် အကျိုးများနိုင်ပါတယ်”ဟု ပြောသည်ကို ကြားရမှ တစ်ဖန် ပြန်၍ထိုင်ပြီး စဉ်းစားလျက် နေလေ၏။ ။

          လှခင် ။          ။ “မဖွင့်ဖြစ်ဘူး အဒေါ်ရဲ့။ ကျွန်မသူငယ်ချင်း မခင်လေး က ငွေတစ်ထောင်ကျော် သူ့မှာပိုလို့ အရင်းထုတ်ပြီးလုပ်မယ်ပြောတာနဲ့ ကျွန်မတို့ညီအစ်မနှစ်ယောက် ကြိုးစားလိုက်တာ အားလုံး အသေအချာ ဖြစ်လို့ အခန်းခတောင်စပေါ်ပေးပြီးမှ မမများမှာ သူ့ ‌ယောကျ်ား ပြန် ဝန်ချလို့ ပါသွားပါပြီ ။

          “ဟင် ... ဒီလိုဖြင့် ငွေတစ်ထောင်ကျော်ဟာ ကလပ်ကို ရောက်ဦး မှာပေါ့”

          ဟု မိန်းမကြီးက ပြန်၍ ပြောလေ၏။

.           ထိုည မောင်ဆင့်သည် လှခင်နှင့် တွေ့အောင် အိမ်ရှင်နှင့် မနီးမဝေး မှ စောင့်၍နေရာ ကြာမြင့်စွာ မစောင့်ရမီ လှခင်နှင့် အဖော်များဆင်း၍ လာကြသည်ကို တွေ့သဖြင့် အသင့်ခေါ်၍ထားနှင့် သော ကားနှင့် အိမ် အရောက်ပို့ပေးပါမည့်အကြောင်း၊ မောင်ဆင့်က အခွင့်တောင်းရာ အခွင့်ကို လှခင်က ပေးသနားလေ၏။ ထို့နောက် မိမိ၏ဖော်များအား မိတ်ဆွေ ဖြစ်ကြောင်း ပြောပြနှုတ်ဆက်ပြီး လက်ဆွဲ တော် အဒေါ်ကြီးနှင့် အတူမောင်ဆင့်၏ ကားပေါ်၌ပါသွားပြီးနောက် များမကြာမီ အာဟာရဟိုတယ် ပိုင်ရှင် သူဌေးကတော်လေး ဖြစ်၍သွားလေသတည်း။

၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ၊ ရုပ်ရှင်လမ်းညွှန်၊ ၁/၁၇.

 

ဓာတ်ပုံရှင်

          “သိန်းမောင်ရယ်၊ ငါ မင်းနဲ့ ခွဲပြီး သွားရမှာ သိပ်ဝမ်းနည်းတာပဲ"ဟု မောင်တင်သည် မိမိ၏သူငယ်ချင်းလက်ကို ကိုင်ဆွဲကာပြောလေ၏။

          သိန်းမောင်သည်ကား ဝမ်းနည်းသဖြင့် လည်ပင်းမှာ အလုံးဆို့သော ကြောင့် စကားပြန်၍မပြောနိုင်ဘဲ နေလေ၏။ ။

          ၎င်းသူငယ်နှစ်ယောက်သည် အသက် ၁၄ နှစ်အရွယ်ခန့်စီ ရှိကြ လေ၏။ ဘုန်းကြီးကျောင်း၌ အတူတူ နေကြလေ၏။ နောင်၍နေသော 'ဤငှက်ပျောခြံကြီး၌ အမြဲအတူတကွ ငှက်ပျောသီးမှည့်များကို ရှာ၍ စားကြ၏။ ငှက်ပျောခိုင်ရင့်ရင့်များကို တွေ့လျှင် ခုတ်ပြီး အကြိုအကြားတွင် ဖုံးအုပ်ထားပြီး တိတ်တဆိတ်လာ၍ စားတတ်ကြ၏ ။ တစ်ယောက်မှာ လေး တစ်စင်းစီနှင့် အနီးအနားရှိ ရှဉ့်များ၊ ငှက်များကို ပစ်ခတ်ဆုတ်ဖြတ်၊ တိတ်တဆိတ်ကင်ပြီး၊ ထမင်းကြမ်းနှင့် စားတတ်ကြ၏။ အနီးအပါးရှိ မာလကာပင်၊ သရက်ပင်၊ မန်ကျည်းပင်တို့မှာ ၎င်းတို့၏ ခြေရာချည်းဖြစ်

          ဘုန်းကြီး ဦးကောသလ္လသည် အလွန်တရားဟောကောင်းသဖြင့် တန်ဖိုးကြီးသော ဘုန်းကြီးဖြစ်လေရာ ကွယ်လွန်သူကျောင်းကကြီး ဦးပေါက ကျယ်သောခြံကြီးကို ဘုန်းကြီးအား လှူ၍ထားလေ၏။

လေ၏။

          သိန်းမောင်သည် ဆင်းရဲသောကျောင်းသားကလေးတစ်ယောက် ဖြစ်လေ၏။ မောင်တင်မှာ အတော်ကြွယ်ဝသော စပါးကုန်သည်ကြီးတစ်ဦး ၏သားဖြစ်လေ၏။

          ၎င်းတို့နှစ်ယောက်ကိုလည်း တိုက်အုပ်ဘုန်းကြီးက များစွာချစ်ခင် ၍ အလိုလိုက်လေရာ နှစ်ယောက်စလုံး ထိုခြံကြီးကို အစိုးရ၍ နေကြ လေ၏။ . သိန်းမောင် “သူငယ်ချင်း စာ ခဏခဏပေးနော်၊ ကျောင်းပိတ်ရင် လည်း ပြန်လာခဲ့တာပေါ့၊ နို့မဟုတ်ရင်လည်း ဘာလုပ်သွားမလဲ သူငယ် ချင်းရယ်။ ငါတို့ ခြံကြီးထဲမှာ တစ်သက်လုံး ပျော်ရမှာလဲ"

          “နေချင်တာပေါ့ သူငယ်ချင်းရယ်၊ သို့ သော်လည်း ဖေဖေနဲ့မေမေ က မနေရဘူး။ မြို့ကိုသွားပြီး အင်္ဂလိပ်ကျောင်းမှာ နေရမယ်လို့ပြောတယ်”

          “မင်း အင်္ဂလိပ်စာတတ်လို့ မြို့အုပ်ဖြစ်လာတော့ ငါ့ကိုအခုလို မင်း ချစ်မှာ မဟုတ်တော့ဘူးနော်”

          “သူငယ်ချင်းရယ်၊ ဘာပြုလို့ မချစ်ဘဲနေရမယ်။ အရင်ကစ်လ လောက်က ငါ မင်းနဲ့ ကံာရိုက်ရင်း ရန်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် လက်သီးနဲ့ထိုးပြီးတော့ ငါ ဝမ်းနည်းလိုက်တာ သူငယ်ချင်းရယ်။ | ဟိုဘက်ကနီးစပ်မှာထိုင်ပြီး သူငယ်ချင်းကို ဘာပြုလို့ ပြန်ပြီးလက်သီး နဲ့ ထိုးရလေချင်းဆိုတာကိုချည်း တွေးပြီး စိတ်မကောင်းဖြစ်နေတာပဲ”

          “ငါကကော ကြာကြာကြီး စကားမပြောဘဲနေ သလား၊ မနက်ကို ရန်ဖြစ်ပြီး ညနေကျတော့ ငါကစပြီး ခေါ်ရတယ်မဟုတ်လား” -

          “အေးကွယ်၊ မင်းက လာခေါ်တော့လေ ငါ အားရလိုက်တာကွယ်၊ | ဘာပြောစရာရှိမလဲ။ ခုတော့ သွားရတော့မယ်ကွယ့်၊ ကျောင်းပိတ်တိုင်း ၊ မင်းဆီကို ပြန်လာခဲ့မယ်နော်" " ,

          “အေး ပြီးတော့ ခဏခဏလည်း စာရေးကွယ်။ စာမရေးရင် ငါ စိတ်ဆိုးလိမ့်မယ်”

          ဟု ပြောပြီး ထွက်ခွာ၍သွားသော သူငယ်ချင်းကို သစ္စာ 'ရှိသော အမြော်မျိုးဖြင့် မျှော်ရစ်ရှာလေသတည်း။

          မောင်တင်သည် ရန်ကုန်ကျောင်း၌ ခြောက်လလောက်ကြာ၍ သွား သောအခါ ၎င်း၏ဖခင်သည် ကိစ္စနှင့် ရန်ကုန်သို့ရောက်ရှိလာပြီးလျှင် သားကိုကြည့်ရန် ကျောင်းသို့ လာလေ၏။ ။

          ဖခင်နှင့် မောင်တင် အားရဝမ်းသာကွေ့ကြပြီး စကားပြောကြ၍ ကျောင်းသားတို့အား ငွေကြေးကို ထပ်မံ၍တောင်းပြီး၊ ရန်ကုန်မြို့ထဲသို့ လှည့်လည်ကာ တိုက်အမျိုးမျိုးတို့ကို ဝင်ထွက်၍ပြ၏။ လန်ချားကုလား အား ပိုင်းများအားသားစကားများကို ဖခင်ကြားအောင် စတိုင်ကျကျ သား နားစွာပြော၍ ပြလေ၏။ ကိရစ္ဆာန်ရုံ၊ ရွှေတိဂုံ၊ ကန်တော်ကြီး၊ လိပ်ကန် တို့ကို လည်၍ပြ၏။ ဓာတ်ရထားကို ဘုရားမှစီးပြီး အရှေ့သို့ သွားသော ဓာတ်ရထားကိုပြောင်းကာ အော်လန်ပီဃဇာတ်ရုံအထိ ခေါ်၍သွားလေ ၏။ ညဉ့်ကိုးနာရီ၌ ချာလီချက်ပလိန်ကို ကြည့် ပြီးနောက် အပြင်လည်း ရောက်ကရော အဘိုးကြီးလည်း မျက်စိလည်ကရော၊ သည်တော့မှ တက္ကစီ ကိုခေါ်ပြီး ကမ်းနားမှ အလုံကိုဆန်ပြီးလျှင် ကန်တော်မင်ကိုဝင်၍ လမ်းမတော်မှ မြို့ကိုလှည့်ပြီး ကျောင်းသို့ အရောက် နှင်လိုက်ရာ ဒိုင်းခနဲရောက် ၍လာလေ၏။ .

          မော်တော်ကားပေါ်က ဆင်းကြသောအခါ အဘိုးကြီးက “အောင် မယ်အဖေ ဘယ်ရောက်နေသလဲလို့ မျက်စိလည်လိုက်တာ ကျောင်း ရောက်မှန်းတောင်မသိဘူး”ဟု ပြောသောအခါ မောင်ကင်မှာအားရ အားကြီးသဖြင့် လူလည်အပြုသူတို့၏ တက်ကြွသောသူသည် နားထင် သို့ ရောက်သွားပြီး မှတ်ကရော့အဘိုးကြီး အစွမ်းကိုသိပြီလားဟု စိတ်ထဲ ၌ကျိတ်က တွေးပြီး ပီတိသောမနဿဖြစ်၍ နေလေသတည်း။

          သားလူလည်ကို အဘိုးကြီးသည် ရိပ်တကြည့်ကြည့် နှင့် နေပြီး နောက် တောသို့ ပြန်ခါနီးသောအခါ မောင်တင်သည် ငါးကျပ်တန် သေနတ်ကလေးတစ်ခုကို ဖခင်အားပေးလေ၏။

          အဘိုးကြီးက “သည်သေနတ်ကို ဖေဖေဘာလုပ်ရမလဲ" ဟု မေး လေ၏ ။

          "မောင်တင်သည် ရယ်လျက် ဖေဖေဖို့မဟုတ်ပါဘူး၊ သိန်းမောင်ကို ပေးလိုက်ပါ။ သူ အပစ်အခတ် ဝါသနာပါလို့ ကျွန်တော်က လက်ဆောင် ပေးလိုက်ပါတယ်။ ဟောသည်က ကျည်စေ့တစ်ရာကုန်ရင် ကျွန်တော့်ထံ စာရေးလိုက်လို့ ပြောပါ"

          " ဘယ်ကသိန်းမောင်လဲ "

          'ကျွန်တော့်သူငယ်ချင်း သိန်းမောင်လေ။ ကျွန်တော်နဲ့အတူတူ အိမ် မှာ လိုက်လိုက်အိပ်တာ ဖေဖေ မမှတ်မိဘူးလား”

         "  ဪ   - ဪ  .. သတိရပြီး သတိရပြီး သိန်းမောင်မရှိဘူး။ သေရှာပြီး လွန်ခဲ့တဲ့လကတည်းကပဲ”

          ဟု ဝမ်းနည်းစွာ ပြန်ပြောလေ၏။

          မောင်တင်မှာ အံ့အားသင့်၍ သွားလေ၏။ သိန်းမောင်သေပြီ။ သိန်း မောင်မရှိဘူး၊ ငါ့သူငယ်ချင်းကို ငါ မတွေ့ရတော့ဘူးဟူသော စကားများ ကို တစ်ကိုယ်တည်းတွေးတောကာ စဉ်းစားပြီး မျက်ရည်လည်လျက် ရင်ထဲမှာဆို့၍ လာလေ၏။

          ဖခင်က “ဟုတ်တယ်၊ သားသူငယ်ချင်း မရှိတော့ဘူး။ သေတာ ဘာတတ်နိုင်မလဲ သားရယ်။ သား စာကိုသာ ကြိုးစားပြီးသင် တဖြည်း ဖြည်း မေ့သွားလိမ့်မယ်” ဟု ပြောပြီး သား၏ကျောကိုပုတ်ကာ အားပေး ပြီးနောက် လန်ချားနှင့်ထွက်၍ သွားလေသတည်း၊

          အိမ်သို့ရောက်သောအခါ အဘိုးကြီးက မိမိ၏မိန်းမအား  “မိန်းမ ရာ မင့်သားတော့ အာဂသားပဲကွယ့် လည်လိုက်တာ မွတ်ထွက်နေတာပဲ။ ငါ့ကို မော်တော်ကားနှင့် တင်ခေါ်လိုက်တာ မျက်စိကိုလည်သွားတာ ပဲ သတ္တိကတော့ မညံ့ဘူးကွယ့်။ တော်တော်လာမယ့်အကောင်း၊ ရန်ကုန် မှာ နေရတာ ခြောက်လရှိသေးတယ်”

          မိန်းမကြီးက သဘောကျသောမျက်နှာနှင့် “ရှင့်သားဆိုတော့ လည် မှာပေါ့”ဟု ပြောလေ၏။

          မောင်တင်သည် တဖြည်းဖြည်း တိုး၍လည်လေ၏။ တစ်နှစ်ပြီး တစ်နှစ် ကြိုးစား၍လည်လေရာ ၆ နှစ်လောက်ကြာသောအခါ ၅တန်းသို့အရောက်တွင် အလည်မရပ်ဘဲ အတန်းရပ်ကာ အတန်းသို့ မကပ်ရုံ တစ် မည် ရှိလေ၏။

          မိဘနှစ်ပါးမှာလည်း သားကို နှစ်စဉ်ဖို့ရသဖြင့် အကုန်အကျများ သောကြောင့် တစ်ကြောင်း၊ စပါးအလုပ်များကလည်း ဆုံးပါးပျက်စီးခြင်း များသောကြောင့်တစ်ကြောင်း၊ မကောင်းမှုဘေးဒုက္ခတို့သည် တစ်ပြုံတစ်ခေါင်းကြီး စု၍လာတတ်သည်ဟူသော စကားအရ လူလိမ်လူကောက်ခံရ ပြီး နောက်ဆုံး၌ ဓားပြလူဆိုးများ၏ အထင်ကြီးခြင်းကို ခံရသဖြင့် အသက် သေဆုံးကြရှာလေသတည်း။

           မောင်တင်မှာ ရန်ကုန်တွင် သောင်တင်၍နေလေ၏။ ဟိုသူငယ်ချင်း အိမ်မှာကပ်၊ သည်သူငယ်ချင်းအိမ်မှာ ခို ၊ မချိုလည်းစား၊ ချိုလည်း စား လူကပ်ပါး ဖြစ်၍နေလေ၏။

          မိမိ၌ ငွေကြေးပေါများတုန်းအခါက သုံးကြစားကြ ကူညီ၍ ဖြုန်းကြသော သုံးဖော် ဖြုန်းဖော် ခေါင်းတုံးပေါ်ထိပ်ကွက်သမားတို့သည် ယခု ကပ်စား ရပ်နားလုပ်ရသူ မောင်တင့်ကို ရွံရှာမုန်းထား အလကားကောင် လူမိုက် ရှိတုန်းက သုံးဖြုန်းပြီး အခု ဘာဖြစ်နေသလဲ စသည်ဖြင့် ကဲ့ရဲ့ ကာ ရှောင်ရှားကြလေ၏။

          ပညာမတတ်။ အလုပ်အကိုင်မရှိ၊ အားကိုးရာမဲ့ဖြစ်ကာ ရပ်ရွာသို့ ပြန်ရမှာလည်း လွန်စွာရှက်သဖြင့် ရန်ကုန်၌ပင် ဇွတ်နှစ်၍နေလေ၏။

          တစ်နေ့သ၌ ညနေချမ်းအချိန် ဆူးလေဘုရားခြေရင်း၌ သံတိုင်များ ကို မှီကာရပ်လျက်ကြည့်၍နေလေ၏။ သို့ကြည့်၍နေသောအခါ အချိန် မှာ လေးနာရီခွဲငါးနာရီခန့်ရှိသဖြင့် မော်တော်ကားများသည် ပုရွက်ဆိတ် တိုင်ကိုတက်သလို တစ်ကြောင်းကြောင်း တဝီဝီတဟီဟီ တဒူဒူတ နေကြလေ၏ အသက်ရှိသော သတ္တဝါများကို အော်ဟစ် စိတ်ဆိုးသော မျက်လုံးကြီးများနှင့်တွေ့ရာကို အသေတိုက်မည်ဟု ဟန်ဖီလျက် ပြေးလွှားကာ သေရွာကိုသွားချင်သူ ဘယ်သူများရှိပါလိမ့် သောစိတ်နှင့် စိတ်အားထက်သန်စွာ လိုက်လံရှာဖွေ၍ နေကြဟန် ရှိလေသတည်း။

          ၎င်းသေရွာသွားချင်သူတို့ကို အသေအချာ စေတနာဝေဖြာ ထက်သန်စွာပို့ဖို့ရန် ပြေးလွှားရှာကြံ၍နေသော ကားတွေကိုမြင်ရသောအခါ ငါဖြန်းတဲ့ငွေတွေ၏ သုံးပုံတစ်ပုံကိုပြန်ရလျှင် အကောင်းဆုံးသော ရိုးရွိုက် ကားနှင့် အသားနားဆုံးသောတိုက်မှာ အခန့်ဆုံးသောစတိုင်နှင့် နေနိုင်မှာပဲ ဟု စဉ်းစားပြီးလျှင် ယူကြုံးမရဖြစ်လေ၏။ သို့ယူကြုံးမရမဖြစ်ရာတွင် ကျေးဇူးမဲ့သောမိတ်ဆွေတို့ကို တွေးမိသောအခါ အသည်းထဲမှာကွဲလူ မတတ်နာပြီး ငါ့ဖခင်၏ပစ္စည်းများကို ပြန်၍ရအောင် လုပ်မည်၊ ပျက်ရင် အစဉ် ပြင်ရင်ခဏ၊ ငါကျောင်းသားအရွယ်မျှ ရှိသေးတာပဲ။ ငါရှေ့ကို လူလုပ်ဖို့ ရှိသေးသည်။ ဘာကြောက်ရမလဲ။ သာမန်ကုသိုလ်နဲ့ ငါသည် လူမဖြစ်၊ လူ့ပြည်ဆိုတာ ဘုရားတောင်ဖြစ်နိုင်တဲ့နေရာ မြေပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့ လောကဓာတ်ကြီးကို အစိုးရပြီး ဓာတ်တွေကို ခိုင်းစေနေတဲ့ လူသက္ကဝါဘဝကို ငါရ၍လာ၏။ သမုဒ္ဒရာလောက်ကြီးကျယ်သော အဟိတ်တိရစ္ဆာန်တို့၏နယ်ထဲသို့ငါမရောက်ဘဲရေတစ်စက်ရေတစ်ပေါက် ခန့်ရှိသော လူ့နယ်သို့ရောက်ခဲ့သည်မှာ သာမန်မျှသော ပါရမီမဟုတ် ချေ။ များရာ၌မပါး နည်းရာ၌ပါသည်မှာ ကြီးသော ဘုန်းတန်ခိုးဖြစ်၏။ ကုဋေများခွာသော လူသတ္တဝါတို့၏အပေါ်၌ ရှင်ဘုရင်ဖြစ်ခြင်းသည် လွယ်၏။ မရေမတွက်နိုင်သော တိရစ္ဆာန်များထက် လူဖြစ်ရခြင်းသည် အဆပေါင်းမရေမတွက်နိုင်အောင် ပို၍ခက်၏။ ဤမျှလောက် အဖိုးတန်သောငါသည် အဘယ်ကြောင့် ကြံရင်မဖြစ်ရသနည်း မကြံစည် မကြိုးစား သည့်အတွက် ပျက်စီးခြင်းသည် ခန္ဓာသာတရားဖြစ်လျှင် ကြံစည် ကြိုးစားခြင်းဖြင့် ဖြစ်ထွန်းအောင်မြင်ခြင်းသည်လည်း ဓမ္မတာသဘော တရားဖြစ်ရာ၏။ စသည်ဖြင့် တစ်ကိုယ်တည်း စဉ်းစား၍နေပြီးနောက် နိုးကြားတက်ကြွသောစိတ်နှင့် ထိုင်ရာမှထပြီး အခုလိုအနေ၌ ငါဘာကိုမှ ရှက်ဖို့မရှိ၊ တွေ့ရာအလုပ်ကိုစ၍လုပ်တော့မည်ဟု စိတ်ကိုတင်းကာ မိမိ မှီတင်းနေထိုင်သော ခြံကြီးတစ်ခု၌ရှိသော အိမ်သို့ ပြန်၍သွားလေ၏။

          ငါ ဘာကိုလုပ်ရပါ့ မလဲဟု ခြံထဲရှိ အိမ်လှေကား၌ထိုင်ကာ စဉ်းစား၍နေလေ၏။ ထိုခြံသည်ကား ကျောက်ကုန်းမြေ ဖြစ်သဖြင့် သရက်ပင်၊ ပိန္နဲပင်၊ ဒညင်းပင် အနည်းငယ်မျှသာရှိလေ၏။ ထိုအနည်းငယ်မျှသော အပင်တို့မှာလည်း များစွာအသီးမသီးချေ ထိုအခါသည် ဝါဆိုလရာသီ ဖြစ်လေ၏။

          ၎င်း၏ ခြံပတ်လည်မှာ အခြားခြံများနှင့် လယ်ကွင်းများရှိလေ၏။ မိမိကို ထမင်းကျွေး၍ထားသော ခြံစောင့်လင်မယားနှစ်ယောက်မှာ မိုးတစိမ့် စိမ့်ရွာသည့်အခါ တစ်ယောက်လည်ကို တစ်ယောက်ဖက်ကာ တစ်ခုသော အခန်းကလေးတွေ" ငြိမ်သက်စွာအိပ်ကြလေ၏။ ၎င်းတို့မှာ ခြံရှင်က တစ်ခါ တစ်ခါ ငါးကျပ် တစ်ဆယ် စသည်ဖြင့် ပေးသောငွေကို အရင်းအနှီးပြုကာ စနေနေ့များ၌ မြင်းပွဲသို့သွားပြီး နှစ်ကျပ်ခွဲငါးကျပ်၊ အမှားခတ်၍ ရတတ် သလောက်နှင့် တင်းတိမ်လျက်၊ ချဉ်ပေါင်ခင်းကလေးတစ်ခင်း၊ ပဲခင်း ကလေးတစ်ခင်း၊ ကြက်ဟင်းခါးခင်းလေးတစ်ခင်းကိုလုပ်ပြီး လယ်ထဲက ငါးကိုဖမ်း၍ ငုတ်တုတ်ထိုင်ကာ ရတတ်သလောက်နှင့်စားပြီး လက်ဖက် ရည်ကြမ်းကို သောက်နေကြလေသတည်း။

          ၎င်းတို့သည် မောင်တင်ကို မိမိတို့စားရသလို ကျွေးမွေး၍နေကြ လေ၏။ မောင်တင်သည်ကား ၎င်းတို့၏အလုပ်များကို ကူညီ၍လုပ်လေ့ ရှိသဖြင့် ၎င်းကို ကြည်ဖြူစွာ ကျွေးမွေးကြလေ၏။

          တစ်ကိုယ်တည်း လှေကားပေါ်၌ အဆိုပါနည်းအတိုင်းထိုင်၍ နေ ခိုက်မှာ လယ်ပြင်ထဲမှာအော်သော အသံနှင့် ရေပိုးမွှား၊ မြက်ဦးမြက် ဖွား၊ ဖားခုံညင်း၊ ကျော်စံတေးသံများကို ကြားရလေ၏။

          လေတိုက်သဖြင့် တညီးညီး တဟီးဟီး မြည်အော် ယိမ်းယိုင်လှုပ်ရှားသောအသံများသည် ငယ်ငယ်က ငှက်ပျောခြံကြီးထဲ၌ လည်ပတ်ကာ သိန်းမောင်နှင့် ကစားရသောအချိန်များကို ပြန်လှန်သတိရစေ၏။ ထိုကဲ့သို့ သတိရသည့်အခါ အဘယ်မျှလောက် ပျော်ရွှင်ဖွယ်ရာ ဖြစ်သည်ကို ပြန်၍ စဉ်းစားမိလေ၏။ မောင်တင်သည် ပျော်ပါးသော်လည်း မိန်းမအပျော် တို့ကို လိုက်စားလေ့မရှိ။ အရက်ကိုသောက်ပြီး ဟိုတယ်မှာ အဖော်များနှင့် စားသောက်ပျော်ပါးခြင်းများကိုသာ လိုက်စားခဲ့လေ၏။ ၎င်း၏ စိတ်သည် မိန်းမကိုလွန်စွာကြောက်သော စိတ်ဖြစ်လေရာ မကောင်းသော မိန်းမများကိုမူ သရဲတစ္ဆေပမာ မှတ်ထင်သူ ဖြစ်လေ၏။

          အဝတ်အစားကို အမျိုးမျိုးဝတ်ကာ မော်တော်ကားကို များများ ကြီးစီးပြီးအပေါင်းအသင်းတို့နှင့် ပျော်ပျော်ပါးပါးသောက်စား ပေးကမ်း၍ နေတတ်သူဖြစ်လေ၏။ အပေါင်းအသင်း သူငယ်ချင်းကို လွန်စွာချစ်တတ်၏ ။

          ထိုကဲ့သို့ ချစ်တတ်သူမှာ ယခုအခါ တစ်ကိုယ်တည်း ခိုကိုးရာမဲ့ဖြစ် ၍ နေလေရာ အတိုင်းမသိသော စိတ်အားငယ်ခြင်း၊ ညှိုးနွမ်းခြင်းဖြင့် ဖိစီး လွှမ်းမိုးခြင်းကိုခံ၍ နေရလေ၏။

          သို့ခံ၍နေရသော ဤတစ်ကိုယ်ရေဘဝ၌ ငယ်ငယ်က ချစ်ကျွမ်း ဝင်ခဲ့သော သူငယ်ချင်းကလေးကို ပူပြင်းစွာယတိရ၏။ ငါ့သူငယ်ချင်းလို သစ္စာရှိတဲ့လူ လောကမှာ ရှိမှာမဟုတ်ပါဘူးဟု အောက်မေ့လေ၏။သို့သော်လည်း ငါ့သူငယ်ချင်းမရှိတော့ပါကလား၊ ငါ့မိဘလည်း မရှိတော့ပါ ကလား၊ ငါဘယ်သူ့ကိုအားကိုးရမလဲ၊ ငါ့ကိုယ်ကိုအားကိုးဖို့သာ ရှိပေတော့ သည်ဟူသော အသိဉာဏ်သည် ထက်သန်စွာ ပေါ်လာလေ၏။ သို့ဖြစ် သောကြောင့် ငါ ဘာကို လုပ်ရပါ့မလဲဟူ၍သာ အကြံထုတ်၍ နေလေ၏။

'          ထိုကဲ့သို့ ကြံစည်၍နေခိုက်တွင် လက်မောင်းလုံးသာသာခန့်ရှိ လင်းမြွေကြီးတခ်ကောင် ရှေ့၌ဖြတ်၍ပြေးပြီးနောက် မြက်တောထဲကို ဝင်၍ သွားလေ၏။ မောင်တင်သည် တောသားကလေးဖြစ်လေရာ လင်းမြွေကို မြင်လျှင် ငတ်မွတ်သူတို့၏အလေ့အတိုင်း သရေကျ၍လာအောင် စားချင် ၏။ လင်းမြွေကြီးကို အခွေလိုက်အိုးထဲမှာ ရေခန်းအောင်ပြုတ်ပြီး အကြေး ၊ ကိုခွာ၊ အသားကိုခါ၍ချပြီး ဆီနိုင်နိုင်နှင့် ကြက်သွန်သတ်၍မွှေကာ၊ ရုတ်ကောင်းကလေးနှင့် စာရလျှင် ဂမ်းဘဲသားထက်ကောင်းမှာပဲဟု အကြံပြု ကာ ထိုင်ရာမှ ထ၍လိုက်ပြီး ဝါးလုံးနှင့်ရိုက်လေ၏။ လင်းမြွေကြီး မာလက ဆိုက်ရှာလေသတည်း။ ထိုအခိုက်တွင် ကရင်လိုလို၊ ဂျပန်လိုလို တရုတ်လလို ဗိုလ်တစ်ယောက်သည် ကာကီဘောင်းဘီအတိုနှင့် သေနတ်ကိုထမ်း လျက် ရောက်လာလေသတည်း။

          “ဟေ့ကောင် မင်းလင်းမြွေ ရောင်းမလား” ဟု မေးလေ၏။

          " ကြက်ဖကြီးနှစ်ကောင်နဲ့ မလဲဘူးခင်ဗျာ” ဟု မောင်တင်က ပြန် ၍ပြောလေ၏။

          " ငါတို့မှာကြက်တော့မပါဘူး။ ရှဉ့်တစ်ကောင်ပါတယ်။ ငွေသုံးကျပ် နဲ့ ရှဉ့်တစ်ကောင်ကိုလိုချင်ရင် သည်လင်းမြွေကိုပေးလိုက်”

          ဟုပြောလေ၏။

          မောင်တင်သည် မော်၍ကြည့်နေပြီးမှ ပြုံးပြီး လာခဲ့ဆရာဟု လက် ကို ဖြန့်လေရာ ကရင် ဗိုလ်က အိတ်ထဲမှငွေသုံးကျပ်ကို ထုတ်ပေးပြီး သွားတော့မည်ပြုလေရာ၊

          “ရှဉ့်ကော သခင်၊ ကျွန်တော် ညစာအတွက် ဘာမှမရှိဘူး”

          "  လိုချင်သေးသလားကွယ့်၊ မင်းက ငွေသုံးကျပ်တောင်”

          မောင်တင်သည် မြွေကိုလိုက်၍ လုလေ၏။ ထိုအခါ ဗိုလ်က နောက်လိုက်သို့လှည့်ပြီး

          " ပေးလိုက်ပါကွယ်ဟေ့၊ ငါချေးခါးဟင်းချက်စားမလို့ကြံတာ နေပါစေတော့”

          ဟု ပြောလေရာ နောက်လိုက်သည် လွယ်အိတ်ထဲမှ ရှင့်ကို လျင်မြန်စွာထုတ်၍ပေးလေ၏။ -

          မောင်တင်သည် “သိုင်းကျူဆာ" ဟု ပြောကာ အားရဝမ်းသာနှင့် ရှဉ့် ကိုယူ၍ အိမ်သို့ လေချွန်လျက်သွားလေ၏။ ဗိုလ်ဆရာတပည့်လည်း မှိုရသောမျက်နှာနှင့် သွားကြလေ၏။

          ခြံစောင့်လင်မယားသည် အိပ်ပျော်၍ နေကြလေ၏။

          ရှဉ့်ကို မောင်တင်သည် မီးမြိုက်ပြီး ချဉ်ပေါင်ရွက်များ၊ ပင်စိမ်းရွက် များ၊ ငရုတါသီးစိမ်းများနှင့် ချက်ပြီး နောက်တစ်ဖန် လှေကားထိုင်ကာငွေသုံးကျပ်ကို ခါးပိုက်၌ထည့်ပြီး သည်ငွေသုံးကျပ်ဟာ ထူးထူးဆန်းဆန်း . အကုသိုလ်မကောင်းမှုနဲ့ရတဲ့ ငွေသုံးကျပ်ပဲ။ ငါဘာများ လုပ်ရပါမတုန်းဟု စဉ်းစားနေလေ၏ သို့ စဉ်စား၍နေခိုက်တွင် ကြွက်သေတစ်ခု အရင်း - ဟူသောစကားကို သတိရလေ၏။ အကြောင်းမူကား မြွေတစ်ကောင်မှ