ပီမိုးနင်း - ဘယ်ဝယ်တောင်မြောက်နှင့်တို့တောင်ပေါ်
အခန်း (၁)
ပဲခူးရိုးမတောင်ကြီး၏အနီး လျှိုမြောင်များသောနေရာ၏ အောက်၌ ရွာငယ်လေးတစ်ခု ရှိလေ၏။ ထိုရွာငယ်လေးမှာ ကစွန်းစိမ်း၊ ဝါး၊ မြေပဲ ဝစသည်တို့ကို စိုက်ပျိုးလုပ်ကိုင် အသက်မွေးကြသောရှမ်းလူမျိုးများ ရွာ ကလေး ဖြစ်လေ၏။
တစ်နေ့သ၌ နွေရာသီညနေအချိန် ရှမ်းမကလေး မနန်းဖောသည် တောင်ပေါ်၌ ထင်းခွေရင်း စမ်းချောင်းထဲ၌ ရေချိုး၍နေလေ၏။
မနန်းဖောသည် ထိုရွာ၌ အလှဆုံးသော ရှမ်းမကလေး ဖြစ်၏။ အသားမှာ ရွှေဝါ၊ မျက်နှာမှာ လခြမ်းနှင့်တူသော နဖူးအောက်၌ ဝိုင်းဝိုင်း ကွက်ကွက်၊ မျက်လုံး၊ မျက်ခုံး၊ နှာတံမှစ၍ လွန်စွာအချိုးအစားကျလေ၏။ ပါးပေါ်၌ အကြောစိမ်းကလေးများသည် ယိုးဒယားပန်း အညွန့်အခက်၊ သပျက်နွယ်ဆင်ဆင်၊ ရွှေပေါ်မှာ မြရေးတင်သလို ပြုံးလိုက်လျှင် ပါးကလေး ချိုင့်လျက် လွန်စွာပင် ချစ်ဖွယ်ကောင်းလေ၏။
သို့ ရေချိုးနေရာတွင် ရေမှာလည်း လွန်စွာကြည်သဖြင့် အရှေ့ဘက် သစ်ကိုင်း၊ သစ်ရွက်တို့၏အကြားမှ သက်ဆင်းသောနေရာတွင် ရွှေအဆင်း ကဲ့သို့ မှတ်ထင်ရလေ၏။
ပြည့်ဝသောရင်၊ ကြော့ရှင်းသေးသွယ်သောခါး၊ ဖြူထွားဝိုက်ကား သော တင်၊ ပြေလျှော့ပြည့်ဝ ဖြောင့်စင်းသော ပေါင်တံနှင့် ခြေလက်တို့မှာ မြင်ရသူ တစ်စုံတစ်ယောက်၏ မျက်လုံးကိုမှိတ်၍မရနိုင်အောင် အစွဲသန်လေ၏။
ထိုမျက်လုံး နှစ်လုံးသည်ကား တစ်ခုသော ချုံအကြားမှ အပြူးသား ကြည့်၍နေသော မျက်လုံးတစ်လုံး ဖြစ်လေ၏။
လူတို့မှာ တစ်ယောက်ယောက်က ဂရုမစိုက်၍ မိမိအား တစ်စုံတစ် ယောက်က တစ်ခုခုကို ကြံစည်၍နေသည့်အခါ အလိုအလျောက် အာရုံကြော များမှာ လှုပ်ရှားခြင်း ဖြစ်တတ်သည့် ဓမ္မတာအတိုင်း နန်းဖော၏စိတ်မှာ မငြိမ်မသက်ဖြစ်ပြီး ချုံထူထဲသော နေရာဘက်ကို မော်၍ကြည့်လိုက်လေ၏။
သို့ကြည့်လိုက်ရာ ချုံထဲမှ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်း မွေးနှင့် ရသေ့လား၊ ဇော်ဂျီလား၊ ကုလားကြီးလားမသိရ၊ ကြောက်မက်ဖွယ် သဏ္ဌာန်တစ်ခုကို မြင်ရသဖြင့် သရဲမှတ်ထင်ကာ ဦးခေါင်းမြုပ်အောင် ငုပ် လိုက်လေ၏။
လူသားစစ်စစ် ဟုတ်မည်မထင်၊ သည်တော့ သည်တောင်ထဲမှာ အဝတ်အစား လှလှပပ၊ သစ်သစ်လွင်လွင်နဲ့ အဘယ်လိုလူမှ လာမှာမဟုတ်၊ ခုတင်က ဇော်ဂျီကြီးက ငါ့အား တမင်ရူးသွပ်အောင် နာနာရုပ်ဆောင်၍ ပြသလေသလား စသည်ဖြင့် အတွေးများသည် လျင်မြန်စွာ ဆက်ခါဆက်ခါ စိတ်ထဲ၌ ပေါ်ပေါက်၍လာလေ၏။ ။
ပြို၍ဆင်းပြီး နတ်သားကလေး၏ ရင်ခွင်ပေါ်ကိုသာ တအားမီလိုက် ချင်သောစိတ် ဖြစ်ပေါ်၍လာသလို မနည်းကြီး ချုပ်တည်း၍ ထားရလေ၏။
မင်းသားကလေးသည်လည်း မချင့်မရဲ အမူအရာနှင့် နန်းဖော၏ မျက်နှာကို စိုက်၍ကြည့်ကာ နှုတ်ခမ်းကို ကိုက်၍ နေလေ၏။
သို့ကြည့်၍နေခိုက်တွင် နတ်သားကလေးနှင့်တူသော သဏ္ဌာန်က တစ်စုံတစ်ရာကို လှမ်း၍မေးသလို နှုတ်ခမ်းကိုလှုပ်ပြီး ညီညာဖြူစင်သော သွားကလေးများပေါ်အောင် ပြုံးရယ်လိုက်လေ၏။
ရှမ်းမကလေးကလည်း ပြုံးစန်နဲ့နှင့် အမူအရာနှင့် ဘာပြောတယ်ဟု မေးကာ ကျောက်တုံးပေါ်မှ ကုန်းပေါ်သို့ ထဘီကို ဒူးအထိဆွဲမြှောက်ကာ လှမ်း၍ တက်လိုက်လေ၏။
ရူပါရုံကို မြင်လျှင်မြင်ချင်း ပြေး၍ဖက်ချင်သလို ဖြစ်၍နေသော စိတ်နှလုံးက စေ့ဆော်သဖြင့် ထိုကဲ့သို့လှမ်း၍ တက်လိုက်ရာ လှမ်း၍တက် လိုက်မိသည်ကိုမှ အမှတ်မထားမိပေ။
ယောက်ျားပျိုကလေးကလည်း ရှေ့သို့တိုး၍လာလေရာ တစ်ယောက် ထံ တစ်ယောက်အလာ လမ်းခုလပ်တွင် တွေ့ဆုံကြလေ၏။
နတ်သားကလေးသည် နန်းဖော၏ လက်နှစ်ဖက်စလုံးကို ကိုင်ယူ 'ကာ မျက်နှာကို စိမ်းစိမ်းကြည့်၍ ရူပါရုံအရသာကို ခံစားသလိုလုပ်၍ နေလေ၏။ ရှမ်းမကလေးမှာလည်း ၎င်း၏လက်ဖြင့် အကိုင်ခံရသည် တွင် ကျဉ်တက်သလို သိမ့်သိမ့်ခါလျက် ရင်ထဲ၌ လေမုန်တိုင်းဆင်၍ နေ လေ၏။ အားအင်ရှိသမျှ ဆွဲ၍ချလိုက်သဖြင့် ရှမ်းမကလေး၏စိတ်၌ ရူပါရုံ အဆင်း၏ ထူးခြားခြင်းတွေ့ရပုံ ကြယ်ဆန်းခြင်းသည် အကြောက်နှင့်အရှက် ကို အကုန်အစင် ပျောက်ပျက်အောင် နှင်သည့်အလား လောကကြီး တစ်ခုလုံး ကို လည်းကောင်း၊ မိန်းမတို့ ဣန္ဒြေကို လည်းကောင်း၊ မေ့လျော့၍သွားပြီး သူ၏ရင်ခွင်သို့ ရောက်ဖို့ရန်သာ အရှိန်ယူ၍နေလေ၏။ မတော်တဆ နတ်သားကလေး ပျောက်၍သွားမလား၊ ရင်ခွင်ကိုရောက်ကာမှ အစွယ်ပေါက် . ကာ ဘီလူးသဘက်ကြီးများ ဖြစ်၍သွားလေမလားဟူ၍သာ ကြောက်နေလေ ၏။
“ရှင်ဘာလဲ သည်တောင်ပေါ်မှာ ဘာလုပ်နေသလဲ၊ လူလား၊ နတ်လား၊ ခဲ့တင်က ကျွန်မမြင်ရတဲ့ အကောင်ကြီးဟာ ရှင်ပဲလား”
စသည်ဖြင့် အသက်မရှူဘဲ စိတ်အားထက်သန်စွာနှင့် မေးလေ၏။
တစ်ဖန် ဦးခေါင်းကို ဖော်လိုက်ပြန်သောအခါ ရေစပ်ကျောက်ဆောင် တစ်ခုပေါ်၌ မားမားမတ်မတ်ရပ်လျက် ခဏမျှနန်းဖောကို ကမ္မဋ္ဌာန်းရှုသလို (ပုတီးကိုကိုင်လျက် ကြည့်ပြီးမှ နောက်သို့လှည့်ကာ ထွက်၍သွားလေ၏။
နန်းဖောမှာ အတန်ကြာစွာ စမ်းချောင်းမှ မတက်ဘဲနေလေ၏။ အတော်ကြာမှ ကျောက်ဆောင်တစ်ခုအနီးသို့ သွားပြီး ကျောက် ဆောင်ထိပ်ပေါ်၌ ပုံ၍ထားသော လုံချည်၊ အင်္ကျီများကိုယူ၍ ကြီးသော ကျောက်ဆောင်အကွယ်ရှိ နိမ့်သော ကျောက်ဆောင်ထိပ်မှာ ဖြူဖြူဝင်းဝင်း ကြီးထိုင်လျက် အင်္ကျီကိုအရင်စ၍ ဝတ်လေ၏။
ထို့နောက် ရေစွတ်သော ဆံပင်များကို ကျောထက်၌ဖြန့်ကာ လှမ်း နေပြီး ထဘီကို ဦးခေါင်းမှစွပ်ချရင်း ကျောက်ဆောင်ပေါ်၌ ကိုယ်ကိုဆန့်ကာ မတ်တတ်ရပ်လိုက်သောအခါ လုံချည်ဝတ်ပြီး ဖြစ်၏နေလေ၏။
တောင်မြောက်လေးပါးကို ကြည့်လိုက်သောအခါ ဝါးတစ်ရိုက်ခန့် အကွာ စိမ့်စမ်းရေပေါက် အသေးအငယ်တို့ဖြင့် စွတ်စို၍နေသော ကုန်း ဇောင်းဝါးပင်များအောက်၌ရပ်ကာ ကြည့်၍နေသော အရပ် မနိမ့်မမြင့် သေးသေးသွယ်သွယ် သစ်လွင်လှပစွာ ဝတ်ဆင်လျက် အပြာပွင့်ကလေးတွေ ပေါက်၍ထားသော ခေါင်းပေါင်းကိုပေါင်းသည့် မင်းသားရုပ်ကလေးပမာ လှပသော ယောက်ျားပျိုကလေးတစ်ယောက်ကို မြင်ရလေ၏။
နန်းဖော၏ မျက်လုံးများနှင့် ယောက်ျားပျိုကလေး၏ မျက်လုံး များသည် ငြိတွယ်ကာ မမြင်နိုင်သော လျှပ်စစ်ဓာတ်ကြိုးဖြင့် ဆိုင်းဆွဲ၍ ထားသည့်အလား မတိမ်းသာမရှောင်သာ မျက်တောင်မျှမခတ်ဘဲ နေကြလေ ၏။
နန်းဖော၏ နှလုံးသွေးသည် တဒိန်းဒိန်းမြည်၍နေလေ၏။
ယောက်ျားပျို၏ မျက်နှာမှာ ပြုံးတော့မလိုလို၊ နှုတ်ခမ်းများမှာ တစ်စုံ တစ်ရာကို ပြောတော့မလိုလို၊ လည်တိုင်ကို ရှေ့သို့ဆန့်လျက်နေသည်မှာ တစ်ခါတည်း ပြေး၍လာဖို့ရန် အားယူသလို မှတ်ထင်ရလေ၏။
နန်းဖာသည်လည်း နှလုံးသွေး ကြည်လင်ရွှင်ပျ ဆူဝေခါ တက်ကြွ သဖြင့် မျက်နှာမှာနီမြန်းလျက် လှမ်း၍ မြွက်ဟခွန်းဆိုချင် မလိုလို ပြုံးချို ချိုမျက်နှာ ဖြစ်၍ လာလေ၏။
လူသူပြတ်လပ် ဆိတ်ငြိမ်ဆိတ်ကွယ်ရာ၌ ထိုမျှလောက် ချောမောလှ သော ယောက်ျားပျိုကလေးကို တစ်ကိုယ်တည်း တွေ့မြင်ရသည်မှာ အဘယ် နုနယ် ပျိုရွယ်သော စိတ်နှလုံးသည် မရွှင်မပြုံးဘဲ နေနိုင်ပါမည်နည်း။
လူလား၊ နတ်လား၊ နာနာဘာဝ ဖုတ်ပြိတ္တာ၊ တစ္ဆေလား။ ခုတင်က မြင်ရသော သရဲကြီးပင် ရုပ်အသွင် တစ်မျိုးဆောင်၍ ပြလေသလား၊ လှပါ ပေသည်။ အထက်ထက်က အခုလို အကြိမ်ကြိမ် ထင်းခွေလာခဲ့ရာမှာ အခုလို တစ်ကြိမ်တစ်ခါမျှ မတွေ့ရ၊ ချစ်စရာကောင်းလှတဲ့ ဒီအသွင်ကို ငါဘယ် အတွက် အခု မြင်ရပါလိမ့်မလဲ။
“ဘာမှ မဟုတ်ပါဘူး လူပါပဲ” “ရှင် လူဖြစ်ရင် လူထဲမှာနေပါလား၊ ကျွန်မ လူလို့မထင်ဘူး”
“လူပါ ကိုင်စမ်းကြည့်ပါ။ အရိုးနဲ့ အသားနဲ့ အမွေးကလေးတွေနဲ့ သေသေချာချာကြည့် ဟောဒီမှာ ဆေးနီတွေတောင် ရှိပါသေးတယ်”
ဟု ပြောကာ အင်္ကျီကိုလှန်၍ ရင်ဘတ်ကိုပြလေ၏။ နန်းဖောသည် လည်းကောင်း၏ ကိုယ်လက်အင်္ဂါတို့ကို ကိုင်စမ်း၍
“မင်းကော ဘာလဲ၊ လူဘဲလား”
“ကျွန်မလည်း လူပေါ့ ရှင့်”
“ဒီလိုဖြင့် စမ်းကြည့်မယ်နော်၊ မှန်းစမ်း အေးလို့၊ နေပါဦး အသာ ကလေးပါ မနာရပါဘူး ဖြည်းဖြည်းကိုင်ပါ့မယ်”
“အမယ် အကြောကြီးနဲ့ တစ္ဆေများလည်း ကြောချင်တဲ့စိတ်ရှိ ပါသလား”
“ဘယ်က တစ္ဆေလဲ၊ တစ္ဆေ ဒီလိုပြောသလား၊ တစ္ဆေမဟုတ်ဘူး လူအစစ်ပါဗျာ၊ မယုံသေးဘူးလား”
“ကျွန်မ ဘယ်လိုပြောပြော မယုံဘူး၊ ရှင် လူနဲ့မတူဘူး” “ဘာဖြစ်လို့ လူနဲ့မတူတာလဲ” “လူ့ထက်လှလို့”
“လူပါဗျ။ မယုံရင် နမ်းကြည့်ပါ လူစော်နံပါတယ်၊ ရော့”ဟုပြော ကာ ပါးကိုပေးလေ၏။
“တော်ပါ၊ အင်မတန်ပါးတဲ့ နာနာဘာဝ၊ မှန်မှန်ပြောစမ်းပါ၊ ဘာဖြစ် လို့ အခုလို တောင်ပေါ်မှာ ဝတ်ဆင်နေသလဲ၊ လူဖြစ်ရင် ဒီလိုမနေဘူး”
“အို မမေးပါနဲ့၊ မင်းလည်း လူမဟုတ်ဘူးလို့ ငါထင်တာပဲ လူဟာ မင်းလိုမလှဘူး၊ မှန်းစမ်း လူစော်နံသလားလို့ နမ်းကြည့်ရအောင်”ဟု ပြောကာ ပွေ့ယူ၍ ပါးရော၊ မျက်နှာရော၊ လည်ပင်းရော၊ ပခုံးရော၊ ရင်ဘတ် ရော၊ ဦးခေါင်းရော အကုန်နမ်းရှုပ်ပြီး “မွှေးတယ်၊ လူနံ့မဟုတ်ဘူး”
“ဘာနံ့ထင်သလဲ”
“ခရေပန်းနံ့လည်းပါတယ်၊ စံကားဝါနံ့လည်း ပါတယ်၊ သနပ် ခါးနံ့လည်းပါတယ်၊ လူနံ့တော့ မဟုတ်ဘူး၊ သူရဿတီဒေဝီနံ့ ထင်တာပဲ”
“အဟုတ်ပဲ ထင်သလား”.
“အမှန်ပဲ ထင်တယ်၊ မင်းကော ဒီလိုပဲထင်သလား”
“ကျွန်မကတော့ အမှန်ထင်တာပဲ၊ ရှင် လူမဟုတ်ဘူး၊ ဥစ္စာစောင့်
" ဘယ်ဝယ်မြောက်တောင်နှင့် တို့တောင်ပေါ်
လား၊ ဘာလားပဲ၊ ကျွန်မနေ့တိုင်း ထင်းခွေလာတယ်၊ အခုမှ တွေ့ရတယ်”
“
ငါတော့ မင်းကို အရင်လွန်ခဲ့တဲ့ ဆယ့်လေးငါးရက်လောက်က စပြီး မြင်နေတာပဲ၊ မြင်ကတည်းက တိုက်ထဲမှာမနေနိုင်ဘူး၊ မင်းဆီကိုချည့် စိတ်ရောက်နေတယ်၊ နေ့တိုင်းလာနော်”
“ကျွန်မ နေ့တိုင်းလာတာပဲ၊ ရှင်ဘယ်ကနေပြီး မြင်ရသလဲ”
“ဒီလိုပေါ့ တောထဲမှာ ချောင်းကြည့်စရာ နေရာတွေ အများကြီးရှိ တာပဲ”
“ဒီလိုဖြင့် ရှင့်ဥစ္စာစောင့် နာနာဘာဝပေါ့”
“မင်းဘယ်သူ့ကိုမှ မပြောနဲ့နော်၊ ပြောရင် တွေ့ရတော့မှာ မဟုတ် ဘူး၊ မင်းမှာ မိဘရှိသလား”
“ရှင်... နာနာဘာဝပဲ မသိဘူးလား” “နာနာဘာဝပေမယ့် သွားကြည့်မှသိတာ သွားမှမကြည့် ရသေးပဲ”
“ကျွန်မ ပထွေးနဲ့ နေရတယ်။ ကျွန်မ အမေက သူ့ကို သိပ်ကြောက် ရတယ်၊ တစ်ရွာလုံး ကြောက်ရတာပဲ၊ ကျွန်မကို တစ်မျိုးတစ်မည် ကြံနေ တယ်၊ ကျွန်မက သဘောမတူလို့ နှိပ်စက်တယ်၊ အရမ်းခိုင်းတာပဲ၊ ကျွန်မ က ဒီအတွက် အိမ်မှာမနေဘူး၊ တောင်ပေါ်တက်ပြီး ထင်းခွေတယ်၊ ပန်း ခူးတယ်၊ ရှင် ကျွန်မကို နာနာဘာဝတန်ခိုးနဲ့ မကယ်နိုင်ဘူးလား ...”
“သူက ကံကောင်းနေရင် အခက်သားပဲ၊ ငါတို့ နာနာဘာဝဆိုတာ ကံနိမ့်တဲ့လူကိုမှ နိုင်တာ”
“သူ့ကို နိုင်ဖို့မဟုတ်ပါဘူး၊ ကျွန်မကို ကြည့်ရှုစောင့်မဖို့ ပြောတာ ပါ...”
“နာနာဘာဝအကြောင်းကို မင်း နားမှမလည်ဘဲကိုးဘွဲ့၊ စည်းကမ်းရှိ တယ်၊ ပိုင်ဆိုင်တဲ့ အထက်က တန်ခိုးကြီးတဲ့ နတ်များလည်း ရှိသေးတယ်၊