Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - နေညိုညို

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

 အခန်း(၁)

“မြိုင်ခြေရိပ်ခွင်၊ ရွက်ဟောင်းစင်၍၊
ညှာပင်ကြွေလု၊ ရတုရွှင်ရွှင်၊
သန့်ရှင်းစင်လျက်၊ ဝါလွင်နီမြန်း၊
ပေါက်ဆူးပန်းတို့၊ ထူးဆန်းလှတင့်၊
ရိုးတံမြင့်နှင့်၊ ပွင့်ပြစီစီ၊
ကုမ်ရာသီ...”

              ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုလေ့ရှိသော မာသဆင်းသန့်၊ သင်းရနံ့နှင့်၊ နှင်းပျံ့ ရိပ်ငြိမ်၊ ဖလ်ရဝိန်လည်း၊ မြူလိမ်နည်းပါး၊ ထောင် ရောင်ဖြင့် ကစားလျက်၊ မိုယ်ဖျားထက်ပြင်၊ စက်မောင်းကိုနှင်သည့် အခါ တပို့တွဲလရာသီသည် ညဉ့်အခါနှင့်တူသော ဆောင်းဥတု၏ အရုဏ်တက် စဖြစ်သော နံနက်ယံအချိန်နှင့် တူလေ၏။

           အရုဏ်တက်စ လင်းရောင်ပေါ်စ ဖြစ်သော နံနက်စောစောအချိန် ၌ ကြည်လင်ထွန်းသစ်သော နေ့ အချိန်ကို မျှော်လင့်ကာ ကျေးသာရကာ တမာကြက်တော အုတ်ရွှေဩတို့သည် လူးလာပျံသန်းလောကနယ် တဝှမ်းဝယ် ဆန်းကြယ်သော တူရိယာသံတို့ကို ပျံ့နှံ့စေလျက် မောင် မယ်ယှက်တွဲ အစွမ်းကုန်အောင် အလွမ်းဆုံစေဖို့ စခန်းစုံနွှဲကြသလိုဝဠာပွဲ ကျင်းပကြသည့်ပမာ လေတွင်ကျက်စား လေတွင်ကြွားလျက်တောင် ပံရွက်ဖြင့် ထက်အောက်လူးလာ နွေဥတုအရုဏ်အလာတွင် နေ့ အချိန်နှင့် တူသော ဥတုမ္မန္တ နွေအစကို သာယာသောအသံတို့ဖြင့် ခရီးဦးကြိုပြုကြသောကြောင့် ထိုတပို့တွဲလသည် အထူးစည်ပင်သဖြင့်လေပြင်မြေပြင် ရပ်နှစ်ခွင်တွင် လွန်ပင်တင့်ဆန်း ရှုမခန်းအောင် အခေါင်အဖျား လှပသည့် လရာသီ ဖြစ်လေသတည်း။

            ထိုတပို့တွဲလရာသီ မြူခိုးရီသည့်အခါ ညနေချမ်းချိန်အလာတွင် ရွှေတောင်မြို့မှ ပြည်မြို့ဘက်သို့လာသော လမ်းပေါ်တွင် ယောက်ျားပျို တစ်ယောက်သည် မြင်းညိုကလေးကို စီးကာ အေးအေးဆေးဆေး တွေးတွေးဆဆ ကြည်လင်အေးမြသော လေချိုကို ရှူရှိုက်ကာ တစ် ကိုယ်တည်း လာခဲ့လေ၏။

ထိုလမ်း၌ လူသူလေးပါး အသွားအလာ အတော်ပင် ပြတ်လပ် သော အချိန်အခါ ဖြစ်လေရကား တစ်ခါတစ်ခါ ပျင်းပျင်းရိရိ မောင်း၍ သွားကြသော လှည်းအနည်းငယ်မျှကိုသာ တွေ့မြင်ရလေ၏။

            ၎င်းမြင်းနှင့် မြင်းစီးသမား လူယောက်ျားသည် မြန်မာလူနှင့် မြန်မာမြင်းပင် မှန်ကြသော်လည်း ကုန်းနှီးဇက်ကြိုးတို့မှာ အင်္ဂလိပ် သားရေကုန်းနှီး သားရေဇက်ကြိုးများဖြစ်သည့်ပြင် မြင်းမှာလည်း မြီးဆံဖားရား ခရီးများသည့် အသားညင်သာဗျာကရာ ပြေးတတ်သော မြန်မာမင်းမျိုးနှင့်မတူ၊ ခေတ်ကာလအလျောက် မြန်မာမြင်းပင်ဖြစ်ပါ လျက် အမြီးနှင့် လည်ဆံမှာ ဗိုလ်ဆံတောက်ဟန် ညှပ်၍ထားသော သပ်ရပ်သော မြင်းညိုမြင်းလှ မြင်းဝကလေး ဖြစ်လေ၏။

           မြင်းစီးသမားသည် ထိုကဲ့သို့ တဖြည်းဖြည်းလာခဲ့ရာ မိမိ၏ ဝဲယာ တစ်ဖက်တစ်ချက် တစ်ခါတစ်ခါမူ တောတန်းကုန်းမြင့် မြေ စခန်း တောလမ်းအကွေ့အကောက်ကလေးများကို မြင်ရင်း တစ်ရံ

တစ်ခါ လှပသော အိမ်နှင့် ခြံများကို တွေ့ရ၏။ တစ်ခါတစ်ခါတွင် ဆင်းသက်စ နေရောင်တွင် နီလွင်တောက်ပ ဝင်းထိန်လျက်နေကြသော ပေါက်ပင် ပေါက်ပန်းများကို မြင်ရ၏။

           ထိုမှတစ်ပါးကျယ်ပြောသော လယ်ကွင်းကြီးများနှင့် မညီမညာ ဝေးလံစွာ တစ်ကိုယ်ရေတည်း ရှိကြကုန်သော တဲကွက်သာသာ အိမ် ငယ်များနှင့် ကွင်းပြင်ကြီးကို ထီးသို့ပမာ မိုးကာရန်ကြိုးစားသကဲ့သို့ မှတ်ထင်ရသော အထီးကျန်သစ်ပင်ကြီးများကို တွေ့မြင်ရလေ၏။

          ၎င်းခရီးသည် ယောက်ျားသည် အားလပ်ခွင့်ရသော တနင်္ဂနွေ နေ့မို့ ပြည်မြို့မှ ရွှေတောင်မြို့သို့ လာရောက်လည်ပတ်ပြီးလျှင် ညနေ စောင်း၍ အိမ်သို့ ပြန်လာသော စာရေးကြီးတစ်ယောက် ဖြစ်လေ၏။

             ၎င်းစာရေးကြီးသည် တဖြည်းဖြည်းလာခဲ့လေရာ ပြည်မြို့ဘက် သို့ အတော်နီးကပ်၍ လာသောအခါ မိမိ လက်ဝဲဘက်၌ အေးမြရိပ်ငြိမ် ကျယ်ဝန်းသော ခြံကြီးကိုလည်းကောင်း၊ စွင့်စွင့်ကားကား ထွားထွား ကြိုင်းကြိုင်း နုနုပျိုပျို စိုစိုပြည်ပြည် ပေါက်၍နေကြသော ဆလတ် ဂေါ်ဖီပင်တို့၏ ကျယ်ပြန့်သာယာသော ခြံကြီးကိုလည်းကောင်း တစ် ဖက်တည်း တွေ့မြင်ရသဖြင့် ခြံအစပ်နှင့် ဆလတ်ဂေါ်ဖီခြံအစပ် နှစ်ရပ် သောအပိုင်းတို့၏အကြားဝယ် စက်ကြိုးမောင်းတို့ဖြင့် တပ်ဆင်၍ထား သော ရေတွင်းကလေးကိုလည်းကောင်း၊ ထိုရေတွင်း၏ တစ်ဖက်၌ အဆိုင်ဆိုင်ပွင့်၍နေသော နှင်းဆီရုံများကိုလည်းကောင်း တွေ့မြင်ရ သဖြင့် ထိုရေတွင်း၌ရှိသော မြေဝမ်းတိုက်မှ တိုက်ရိုက်ထွက်ပေါ်၍ လာသည့် ရေကြည်ရေအေးကို သောက်ချင်သော အာသာသည် များစွာ ရှိ၍ လာသည်နှင့်တစ်ကြောင်း၊ မိမိစီး၍လာသော မြင်းအား ရေကို ဝလင်စွာ တိုက်လိုသောကြောင့် တစ်ကြောင်း၊ ထိုခြံနှင့်တကွ အတွင်း ဘက်၌ ဖြူညိုညိုရှိသော သွပ်မိုးကိုသာမြင်ရသည့် အိမ်ကလေးကိုလှည့်လည် ကြည့်ရှုလိုသော ဆန္ဒကြောင့်တစ်ကြောင်း မြင်းဇက်ကို ဆွဲရပ်လိုက် လေ၏။

           ၎င်းယောက်ျားပျိုသည် မြင်းပေါ်မှ ဆင်းလိုက်သောအခါ လူလုံး လူထည် အတော်ပင် ခံ့ညား ရှည်မားသူတစ်ယောက်ဖြစ်ကြောင်းကို သာ၍ ထင်ရှားစွာ သိရှိရ၏။

         ကိုယ်ဟန်အမူအရာနှင့် မျက်နှာမှာလည်း များစွာထင်ပေါ် ကြော့ရှင်းသဖြင့် ဝင်းဝင်းတောက်ပသော နေရောင်စွယ်တို့ဖြင့် မျက်နှာ မှာ မှုန်ခြယ်၍ မှုန်သလိုက်သည့်အခါ များစွာဖြူစင်လှပသူ တစ် ယောက်ဖြစ်ကြောင်းကို သိရှိနိုင်လေသတည်း။

          ထိုလူသည် မြင်းပေါ်မှ ဆင်းပြီးနောက် မြင်း၏လည်ပင်းကို လက်ဝါးနှင့်ပုတ်ကာ မြင်းကို ဆွဲကိုင်လျက် လမ်းနံဘေးသို့ ဆင်းသွား လေရာ ခြံဝင်းတံခါးအနီးသို့ အရောက်တွင် အသက်လေးဆယ်ခန့်ရှိ

သော ယောက်ျားကြီး တစ်ယောက်သည် ခြံထဲမှ ထွက်လာသဖြင့် အဆို ပါ သားနားသော ခရီးသည် ယောက်ျားကို မြင်သောအခါ အံ့အားသင့် ၍ နေလေ၏။

          ထိုအခါ ခရီးသည်က မြင်းကို ကိုင်ဆွဲရင်းပင် ခြံအတွင်းသို့ ဝင်သွားလေရာ.. ခြံရှင်ယောက်ျားကြီးက

               “မောင်ရင် မြင်းကို ရေတိုက်ချင်လို့ ထင်ပါရဲ့.. ဝင်ပါ ဝင်ပါ။ ရေအလှူဆိုတာ ဆယ်ပါးသောဆုကို မတောင်းဘဲနဲ့ ပြည့်နိုင်ပါတယ်။ မောင်ရင်လည်း ခရီးပန်းလာတယ်လို့ ဦး ထင်ပါတယ်၊ ဦးရေတွင်းကို မြင်ရင် ခရီးသွားလာသူ ဟူသမျှမှာ မသောက်ချင်သူ မရှိပါဘူး”

ဟု ပြောကာ... ရေတွင်းအနီးသို့ ခပ်သုတ်သုတ်လာပြီးလျှင် ရေ များကို စက်ကြိုးနှင့် ဆွဲငင်လေ၏။

ခရီးသည်လည်း...

            “ကျေးဇူးကြီးလှပါပြီ ခင်ဗျာ၊ ဦးခြံနဲ့ ရေတွင်းကို မြင်ရင်ပဲ ရေသောက်ချင်တဲ့ စိတ်ဟာ အင်မတန်မှပဲ ဖြစ်ပေါ်လာပါတယ်၊ ဦးမှာ သည်ရေတစ်တွင်းကြောင့် နေ့စဉ် ကုသိုလ်ပွားနေမှာပဲ”

            ဟု ပြောရင်း စက်ကြိုးမှ ကျလာသော သွပ်ပုံကြီးထဲ၌ မြ အဆင်းပမာ ကြည်လင်စိမ်းပြာသော ရေကြည် ရေအေးကို ငဲ့စောင်းကာ တဝကြီး ငုံ့၍သောက်ပြီး ခါးကို ဆန့်ကာ မတ်တတ်ရပ်လျက် အားရ ပါးရ အသက်ရှူပြီး...

“အေးလိုက်လေ ဦးရယ်... ယနေ့ညမှာဖြင့် ပထဝီမြေကြီးအတွင်း က သန့်သန့်ရှင်းရှင်း ဦးတိုက်ပေါ်ထွက်တဲ့ ရေချိုရေအေး ကမ္ဘာ့ အသက်ဆေးရည်ကြီးကို.. သောက်ရသည့်ကျေးဇူးကြောင့် ကျွန်တော် ဖြင့် အထူးအိပ်လို့ ပျော်တော့မှာပဲ”

          ဟု ပြောကာ နှုတ်သီးကိုထိုး၍လာသော မြင်းအား... သံပုံးကို စောင်း၍ပေးလေရာ မြင်းသည် နှုတ်သီးတစ်ခုလုံးကို ရေထဲတွင် ထိုး၍ စိမ်ပြီးလျှင် မြိန်မြိန်ကြီး စုပ်ခါယူလေ၏။

           ခြံရှင် ယောက်ျားကြီးသည်ကား ကြိုးကိုကိုင်ကာ လက်တစ်ဖက် နှင့် ခါးကိုထောက်ရင်း.... အလွန်တရာ အားရသောလက္ခဏာဖြင့်... ရေသောက်သော မြင်းကလေးကိုကြည့်ကာ...

                  “မောင့်ခြင်းဟာ မြင်းချောကလေးပဲ”

             ဟုပြော၍ ဆက်လက်၍မြင်းအကြောင်းကို မေးမည်အပြုတွင် အသက် လေးဆယ်ကျော်ကျော်ခန့်ရှိသော မိန်းမကြီးတစ်ယောက်သည် အိမ်ဘက်မှ အားရရွှင်ပြသောလက္ခဏာနှင့် ပြေး၍လာရာ ယောက်ျား ကြီးသည် ဝမ်းမြောက်ဝမ်းသာ လှမ်း၍ကြည့်ရင်း...

              “ဘယ့်နဲ့လဲ.. ချောမောရဲ့ လား၊ ဘာကလေးလဲ” ဟု မေးလေ၏။

           မိန်းမကြီးက... ။

             “ယောက်ျားကလေး... ယောက်ျားကလေး ဖြူဖြူဖွေးဖွေး ကြည် ကြည်လင်လင်နဲ့ ငိုလိုက်တာလဲ တဝါးဝါး၊ ဟောကြားရဲ့ မဟုတ် လား..”

            ဟု မေးလေရာ အူဝဲအူဝဲ အူဝဲဟူ၍ သဲသဲမဲမဲအော်ငိုသော အသံ ကို ကြားရလေ၏။

            ခရီးသည်သည် မိမိ၏ လက်၌ရှိသော လက်ပတ်နာရီကို ကြည့် ပြီး ဒိုင်ယာရီ စာအုပ်ကို အိတ်ထဲမှထုတ်ကာမှတ်ရင်း မိန်းမကြီးအား..

              “ယခုပဲ ဖွားသလား...” ဟု မေးလေရာ မိန်းမကြီးက..

               “ယခုပါပဲ မောင်ရင်ရဲ့ ၊ ယောက်ျားကလေးမှန်း သိရင် သိချင်း အဒေါ်ပြေးလာတာပဲ”

             ဟု ပြောနေခိုက် ခြံရှင် ယောက်ျားကြီးက ဝင်းလျှံတောက်ပသော မျက်နှာ ရွှင်လန်းသောအမူအရာနှင့်...၊

                “တူမောင် ခဏကလေး ဆိုင်းနိုင်ရင် ဆိုင်းပါဦး၊ မောင်ရင် အတွက်အချက်ကလေးများ နားလည်ပုံပေါ်တယ်၊ ကျုပ် ပြေး ကြည့် ပါရစေဦး”

ဟုပြောပြီး ပြေးသွားလေ၏။ မိန်းမကြီးက..

          “သူ့မှာ အရင်မိန်းမကြီးက သားသမီးမရဘဲ ဆုံးသွားရှာတယ်။ အခုနောက်မိန်းမကျမှ သားဦးယောက်ျားကိုရတာနဲ့ မိုးမမြင် လေမမြင် ဖြစ်သွားတာပါပဲ၊ အဒေါ်က အရင်မိန်းမကြီးရှိစဉ်ကတည်းက သည် အိမ်မှာ နေလာခဲ့ပါတယ်။ ဆွေမျိုးအရင်းအချာလိုပါပဲ၊ သူ့မိန်းမက မောင်ရင်တို့ သာသာလောက်ပဲ ရှိရှာပါလိမ့်မယ်၊ ရှမ်းမကလေး လှကလှပါဘိသနဲ့ ၊ အဒေါ်နဲ့တော့ တယ်ပြီးမျက်နှာကြောမတဲ့ဘူး၊ သို့သော် လည်း တစ်ကြောင်းမထောက် တစ်ကြောင်းထောက်ဆိုတာလို နေရ တာပါပဲ၊ ယောက်ျားကြီးနဲ့ မိန်းမပျိုကလေးညားရင် မိန်းမကလေး က တိုးပြီး မလိမ္မာရုံသာမက ယောက်ျားကြီးလည်း ပေါတောတော ဖြစ်သွားတာပဲ၊ သားယောက်ျား သားဦးကလေး ရပြန်တော့ ရူးသွားမှာ တောင် ကြောက်ရသေးတယ်....”

               “ဒါထက်မောင်ရင် ဗေဒင်တတ်သလား သည်ကလေးဟာ ဘာ ကိစ္စ လူ့ပြည်ကို ရောက်လာသလဲ၊ သည်မှာဘယ်လောက်ကြာကြာ တည်းမလို့လဲဆိုတာ တတ်ရင်ကြည့်စမ်းပါ၊ ကလေးကတော့ အဒေါ် ကြီး အပြန်အလှန် မှောက်ချီလှန်ချီ ကြည့်ခဲ့ရလို့ တွေ့ခဲ့သည့်အတိုင်း မှန်ရင်ဖြင့် ယောက်ျားကလေးပါပဲ၊ ရုပ်ရည်က တယ်ကောင်းတယ်.....မောင်ရင်ရဲ့.. တစ်ဆိတ်လောက် ကြည့်ပါ၊ ဘာကိစ္စ သူပေါ်လာရသလဲ ကစော် သောက်ဖို့လား အင်းစိန်ထောင်သွားမလို့ လမ်းမှာ ခဏ ဝင် တည်းတာလား ဘိန်းခန်းက ကိစ္စတာဝန်ရှိလို့လား....”

            ဟု ထူးထူးခြားခြား စကားများများနှင့် မရပ်စဲဘဲ ပြောဆို မေးမြန်းလေရာ ခရီးသည်က ရယ်မောချင်သော်လည်း မရယ်ဘဲ ရွှင်ပြ စွာ ပြုံးရင်း ဒိုင်ယာရီစာအုပ်ထဲတွင် ကြည့်ရှုကာ အင်းကွက်များ ဇယား ကွက်များ ရာဇမတ်ကွက်များ အဋ္ဌလဂ်များကို ၎င်းဒိုင်ယာရီစာအုပ်ထဲ မှာပင် ဆွဲခြစ်ရေးမှတ်ကာ ဂဏန်းတွေကို ခြစ်ဖြုတ်ရေးသားလေ၏။

           အတန်ကလေးခြစ်ဖြုတ်ရေးသားမိသောအခါ ခေါင်းညိတ်လျက် တစ်ချက်တစ်ချက် အံ့အားသင့်သွားလေ၏။

            ထိုအခါ မိန်းမကြီးက...

          “ဘယ့်နဲ့လဲ မောင်ရင်ရဲ့ ၊ ဇာတာများ ကောင်းရဲ့လား... အုတ် ဘယ်နှချပ်ရသလဲ၊ ကသစ် ဘယ်နှပွင့်ရသလဲ ရာဇလား အထွန်းလား