Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - တက်လူကွ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type
အခန်း (၁)
                 တို ...ဟူး   ဟူသော အသံသည် သန်မာကြီးမားသော ရင်အုပ်ထဲမှ စိန် အမြောက် ပစ်ဖောက်သည့်အလား ထွက်ပေါ်၍လာရာ တိတ်ဆိတ်သော မွန်းလွဲအချိန်၏ မှေးစက်ခြင်းကို ငေါက်ခနဲထောင်၍ ထစေ၏။

            ရှေဟူး ...လုံးအ ဟု သာယာစွာ ငွေမောင်းသံကလေးပမာ မြည်သော အသံကလေးကို၊ တိုဟူးသည်ကြားသဖြင့် အံ့အားသင့်စွာ မော်၍ကြည့်လိုက် ရာ မျက်လုံး၊ မျက်ဖန်၊ နှာတံ၊ မျက်ခုံးတို့၏ တင့်တယ်သော အအစား ဖြင့်ပြီးသောလှပသော မျက်နှာဝင်းဝင်းကလေးကို ထင်းခနဲ မြင်ရသော နေရာကား ကန်တိုမင်ရပ်ကွက် သားနားသော တိုက်ခံအိမ်တစ်အိမ်၏ အောက်ထပ် အိမ်ရှေ့ခန်း ဖြစ်လေ၏။

          ထိုမိန်းမပျိုမှာ အလွန်ဆုံး အသက် နှစ်ဆယ်ထက်မကြီး သွက်လက် ထက်မြက် ရွှင်ပျသဖြင့် ကြည်လင်အေးမြသော စမ်းရေ ယဉ်တွင် နေရောင် ခြည်ကို မြင်ရသလို ဖြစ်၍သွားသူကား တိုဟူးသည် ကိုယ်တိုင်ပင်တည်း။ | ရွှန်းရွှန်းပြက်ပြက် ခေါ်သော်လည်း ကလက်ပုံမရ။ ချစ်ဖွယ်ကောင်းလှ

သော ဝါဝင်းသည့် ထိုမျက်နှာကလေးကို တိုဟူးသည်သည် တစ်အောင့်မျှ ငေးစိုက်ကြည့်ရင်း အထမ်းကိုမချဘဲ ရပ်၍နေလေ၏။

           ထိုခဏအတွင်းမှာပင် အိပ်မက်ထဲမှာ မြင်ဖူးသလို၊ ရှေးဘဝက ကြင် ဖူးသလို။ ဆွေမျိုးဉာတိ တော်စပ်သလို။ ရင်းနှီးခင်မင်ခြင်း၏ အငွေ့ အသက် တစ်မျိုးသည် တိုဟူးသည်၏ ရင်ထဲ၌ အလိုလို နိုး၍လာလေ၏။ ရွှန်းပြက် ပြက် အမူအရာကလေးကြောင့်ပေလား မသိရပေ။

           ၎င်းမိန်းမပျိုနှင့်အတူ ဂျိုကာဆွဲ၍နေဟန်တူသော မိန်းမသုံးယောက် လည်းရှိရာ ထိုသုံးယောက်အနက် လုံးကြီးပေါက်လှ ဖြူဖြူဝဝ မိန်းမတစ်ယောက်သည် လက်ထဲ၌ ဖဲချပ်များကို ကိုင်ဆောင်ရင်း တိုဟူးသည်ကို စိုက်ကာကြည့်၍ နေလေ၏။ တိုဟူးသည်သည်ကား ၎င်းကို တစ်ချက်သာ ကြည့်ပြီး ပြုံးရွှင်သော ပထမမျက်နှာကလေးကိုသာ အာရုံစိုက်လျက် ခေါ်သလားခင်ဗျာဟု မေးလေ၏။

                    “ခေါ်ပါတယ်ရှင် လာပါဦး”

တိုဟူးသည်သည် အထမ်းကိုချပြီး ပန်းကန်ပြားများကို ဖြူစင်သန့် ရှင်းသော အဝတ်နှင့်သုတ်ပြီး တိုဟူးကို လှိမည်အပြုမှာ မိန်းမပျိုက

 “နှစ်ပြားဖိုးစီ လေးခွက်။ အမယ် ...တိုဟူးသည်က နှုတ်ခမ်းမွေးကြင်စွယ်နဲ့ ပါနဲ့”

ဟု ပြောလေ၏။

                   “စိုက်ထားတာတော့ မဟုတ်ပါဘူး ခင်ဗျာ၊ သူ့ဘာသာသူ ပေါက်တာ ပါ။ နို့ တိုဟူးသည်လည်း နှုတ်ခမ်းနဲ့ကိုးဗျာ”

ဟု ပြောရင်း ပြင်လေ၏။

              လုံးကြီးပေါက်လှသည်ကား တိုဟူးသည်၏ ခါး၊ ရင်၊ တင်ပါး အချိုး အစား ခန့်ညားပုံကို ကြည့်လေသလားမသိရ။ စဉ်းစားသလို ကြည့်၍နေ လေ၏။ မိန်းမပျိုသည်ကား တိုဟူးသည်၏ လက်ချောင်းရှည်များ၏ ကိုင်တွယ်လှုပ်ရှားပုံကို ကြည့်၍နေလေ၏။ ။

            ထိုကဲ့သို့သော လက်ချောင်းရှည်များနှင့် ထိုကဲ့သို့သော တိုဟူးသည်မျိုး ကို အဘယ်သူလျှင်ကြည့်ကာ မစဉ်းစားဘဲ နေနိုင်ပါမည်နည်း။

          တိုဟူးသည်သည် တိုဟူးပန်းကန်များကို သွား၍ပေးရာ လုံးကြီး ပေါက်လှက အပါးရှိ မိန်းမအား ဘာကိုပြောမှန်းမသိ တိုးတိုးပြောပြီး ရယ်လေ၏။ တိုဟူးပန်းကန်နှစ်ချပ်ကို ခေါ်သော မိန်းမပျိုကပင် ယူလေရာ တိုဟူးသည်နှင့် လက်ချောင်းချင်း ထိမိလေ၏။ တိုဟူးသည်၏ စိတ်၌ကား၊ မိန်းမပျို၏လက်ချောင်းများမှာ တန်ခိုးသတ္တိဓာတ် အရှိန်တစ်မျိုး ရှိသည်ဟု မှတ်ထင်လိုက်လေ၏။ မိန်းမပျိုကား တိုဟူးသည်ကို များစွာဂရုစိုက်ဟန် မရှိတော့ပေ။

              တိုဟူးကိုစားကြရာ၌

         “ဒီတိုဟူးက တစ်မျိုးပါလား။ ကောင်းကကောင်း နဲ့”

ဟု တစ်ယောက်ကပြောလေရာ နှစ်ခြိုက်စွာ စားနေသော မိန်းမတစ်ယောက်က

 “ဟုတ်တယ်နော် တစ်မျိုးပဲ”

ဟု ထောက်ခံလေ၏။

“တိုဟူးသည် ကလည်း တစ်မျိုးကိုး”

ဟု လုံးကြီးပေါက်လှက ပြောလေ၏။

         ထိုနောက် လေးပန်းကန်ထပ်၍ မှာကြပြန်လေ၏။

     တိုဟူးသည်မှာ တစ်နေရာတည်း တစ်မတ်ဖိုး ရောင်းရသဖြင့် အတော်ကျေနပ်ပုံရလေ၏။

         တိုဟူးသည်သည် နောက်တစ်နေ့လာပြန်လေရာ မိန်းမများကိုလည်း ကောင်း၊ မိန်းမပျိုကလေးကိုလည်းကောင်း မတွေ့ရ။ လုံးကြီးပေါက်လှ မိန်းမကိုသာ တွေ့ရသဖြင့် နှစ်ပြားဖိုး ရောင်းခဲ့ရလေ၏။

          တိုဟူးသည်သည် မနေ့ကခေါ်သော မိန်းမပျို၏အကြောင်းကို မေး ချင်သော်လည်း စကားစ မရသည့်အတွက် မမေးဘဲနေရလေ၏။တိုဟူးသည် ၏ မျက်လုံးထဲမှ မိန်းမပျိုသည် မထွက်တော့ပေ။ ရူပါရုံသည် ၎င်း၏မျက်လုံး ၌ အတည်တကျ အခြေစိုက်မိလေတော့သတည်း။ သို့ဖြစ်လေရာ တိုဟူးသည် ဘဝမှ အထည်သည်ဘဝသို့ ရောက်အောင် ကြိုးစားရလေတော့ သတည်း။

           တိုဟူးဝယ်၍ စားဖူးသူ လုံးကြီးပေါက်လှကို ထိုအိမ်၌ အမြဲမြင်ရ သော မိန်းမသည် ဘလေဇာကွတ်နှင့် ဦးထုပ်ကိုဆောင်းကာ မန္တလေးလုံချည်ကိုဝတ်သည့် အထည်သည်ကလေး၏ သဏ္ဌာန်၌ တိုဟူးရုပ်ကို သတိမထားမိဘဲ နေလေ၏။ ၎င်း၏နောက်၌ အထည်သေတ္တာကိုရွက်သော ကူလီကုလား ပါရှိလေ၏။

           တစ်နေ့တစ်၌ကား။ မိမိ၏မျက်လုံးထဲမှ မထွက်သော မိန်းမပျို၏ အကြောင်း အစအန ကြားသိရလေမလားဟု အောက်မေ့ကာ ထိုအိမ်ထဲသို့ အရဲစွန့်ပြီး ဝင်၍သွားလေရာ အိမ်ရှင်မိန်းမနှင့်ရင်ဆိုင်တွေ့လေ၏။ မိန်းမက ၎င်းကိုကြည့်ကာ ရီးတီးရားတားဖြစ်၍နေလေရာ ဘိုးကွန်းက “မမကျွန်တော့် ကို မမှတ်မိဘူးထင်ပါရဲ့”ဟု ပြုံးလျက်ပြောလေ၏။ ထိုမိန်းမမှာ ၎င်း၏အစ်မ အရွယ်ပင်ဖြစ်လေ၏။

                “ရီးတီးရားတားပဲ။ ဪ...ဟိုအရင်တစ်ခါ တိုဟူး”

ဟု စကားတစ် ပိုင်းပစ်ပြောပြီး ပြုံးလေ၏။

            “ဟုတ်ပါတယ်။ အခုတော့ အထည်ရောင်းပါတယ်။ ဒီလိုပဲမမရယ် လူဆိုတာ တစ်ဆင့်ကတစ်ဆင့် ကြံရတာဘဲ။ မမတို့နဲ့ တော်တဲ့အထည်တွေ အမျိုးမျိုးပါလို့ ပြရအောင် တမင်လာပါတယ်”

ဟု ပြောကာ ကုလား၏ ခေါင်းပေါ်မှ သေတ္တာကိုချပြီး ဖွင့်စပြုလေ၏။

             အထည်များကို မြင်ရသောအခါ

             “တယ်ပြီး အတိုးမြန်ပါကလား မောင်ရယ်။ တိုဟူးက ဘယ်လောက်တောင်ရလို့ သည်လိုအထည်တွေကို ဝယ်နိုင် ရောင်းနိုင်တာလဲ”

               “မြေစမ်း ခရမ်းပျိုးတာပါပဲမမရဲ့။ ပထမတော့ ရန်ကုန်မြို့ အကြောင်း နားမလည် လမ်းပန်းမသိသေး။ ရင်းဖို့နှီးဖို့ ပါလာတဲ့ငွေကြေး ကလေးများ လည်း မကုန်အောင် ရန်ကုန်မြို့မှာလည်း လမ်းပန်းစုံစမ်းရင်း နေနိုင်အောင် ဆိုတာလို၊ အနိမ့်ဆုံးအလုပ်ကို လုပ်ရပါတယ်။ အနိမ့်ဆုံးအလုပ် လုပ်တော့ အနေလည်း နိမ့်တာပေါ့မမရဲ့၊ အနေနိမ့်တော့ အကုန်လည်း နည်းတာပေါ့”

        “သည်လိုဖြင့် မောင်က တခြားမြို့ကပေါ့”

             “မှန်ပါတယ်။ တောကပါပဲ "

ဘယ်မြို့ကလဲဟုပြောရင်း ထိုင်ကာ အထည်များကို ကိုင်ကြည့်စ ပြုလေ၏။

                   “ကျွန်တော် သရက်မြို့ကပါ။ မိဘမရှိ၊ ဆွေမျိုးကလည်း ပါးရှား၊ မြို့သိမ်၊ မြို့ငယ်မှာ ကြီးပွားလမ်း မမြင်သည့်အတွက် ကူလီဆင်းရဲသား ဘဝ လုပ်ကိုင်စုဆောင်းပြီးရတဲ့ ငွေကြေးကလေးနဲ့ မြို့ကြီးကိုစွန့်လာပြီး တိုးရတာပါ မမရဲ့”

                ဘိုးကွန်းသည် ရုပ်ရည်ခံ့ညား စကားချင်လျက် အထူးသဖြင့် မိန်းမကြီးများ သနားအောင် ပြောတတ်သူဖြစ်ရာ အိမ်ရှင်မိန်းမသည် အထည်ထက် ၎င်း၏မျက်နှာကို ကြင်နာသော မျက်လုံးများနှင့် မကြာမကြာ ကြည့်လေ၏။

                ဘိုးကွန်းသည် အိမ်၏ဆိတ်ငြိမ်ပုံကို ကြည့်ကာ ဤမိန်းမသည် အိမ်ရှင်ပင်ဖြစ်လေသလား သို့တည်းမဟုတ် အိမ်ရှင်၏ ဆွေမျိုးလား၊ သမီး အပျိုကြီးများလားဟု တွေးပြီး

           “အရင် တိုဟူး ရောင်းလာတုန်းကတော့ သည်အိမ်မှာ လူစည်ပါတယ်။ ဝယ်ခြမ်းနိုင်သူတွေတော့ များတာပဲလို့ အောက်မေ့ပြီး ကျွန်တော် ဝင်လာတာပဲ။ အခုတော့ အစ်မတစ်ယောက်တည်း လိုပါလား”

           “ဟုတ်ကဲ့ သားအဖနှစ်ယောက်နဲ့ အခိုင်းအစေကလေးတစ်ယောက် နှစ်ယောက်ပါပဲ။”

          “နို့ ဟိုအရင်မိန်းမတွေက ဘယ်မှာနေပါသလဲခင်ဗျား၊ ကျွန်တော် အထည်ပြချင်လို့ပါ။ လုံးအာလို့ ကျွန်တော့်ကိုခေါ်တဲ့ မဟိုဒင်းကလေးတို့နဲ့ တော်မယ့်အထည်တွေ ပါတယ် အစ်မရဲ့။ ဟောဒါတွေ အခု နောက်ဆုံး