Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဂဏန်းဗေဒင်နှင့်အနိုင်အရှုံးဟောနည်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဂဏန်းဗေဒင်ကျမ်း

                         လောကဓာတ်ကို ဂဏန်းပြုပြင်၏။ ဂဏန်းသည် ပညာ အပေါင်းတွင် အသေချာဆုံးသောပညာ ဖြစ်လေရာ မမှားနိုင်။ မှန်ကန်သော ပရမတ္ထသဘောမျိုး ဖြစ်၏။ ကမ္ဘာဦးမှစ၍ မည်သည့်လူမျိုး မဆို ၁ မှ ၉ အထိ ဂဏန်းကိုးလုံးကို အသုံးပြုရာ ထို ၉ လုံးမှာ ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၃ + ၈ + ၉ ပေါင်းလျှင် ၄၅ ရ၏။ ၎င်းကို ပေါင်းပြန်လျှင် ၄ + ၅ = ၉ ပင် ဖြစ်လေသည်။ ၎င်း ၉ ကို မည်သည့်ဂဏန်းနှင့် မဆို မြှောက် ၉ ဖြစ်၏။ ၉ x ၁၂လီ ၁၀၈၊ ခြေတော်ရာ ၁၀၈ ကွက်မှာ သုညချေ ၉ ပင်ဖြစ်လေ သည်။

                    ရတနာ ၃ ပါး၊ လက္ခဏာအရေး ၃ ပါး၊ ကာလ ၃ ပါး၊ ဘုံ ၃ ပါး၊ အစ အလယ် အဆုံး ၃ ပါး၊ ထက်အောက် နံဘေး ၃ နေရာ၊ လင်၊ မယား၊ သားသမီး၊ အနီးဆုံးသော ဆွေမျိုး ၃ ဦး စ သည်တို့ဖြင့် အရေးကြီးသော ဌာနတို့မှ ၃ သာလျှင်ဖြစ်လေရာ ၃ + ၃ + ၃ = ၉ ပင် ဖြစ်ပြန်လေသည်။

ဤဂဏန်းဗေဒင်မှာ ထိုဂဏန်း ၉ လုံးကို အမှီပြု၍ ဟောပြော အသုံးချသော ပညာဖြစ်လေသည်။

                   ဂဏန်းမှာ အက္ခရာ ဂြိုဟ်နက္ခတ်တို့နှင့်လည်းကောင်း၊ ၁၂ လ ရာသီနှင့်လည်းကောင်း၊ ပဝေဏီကပင် တွဲလျက်ရှိ၏။ သို့ဖြစ်လေ ရာ ဂဏန်းဖြင့် အကျိုးအပြစ်ကို သိနိုင်၍ ဂဏန်းဖြင့် အကျိုးအပြစ် ကို ပေးနိုင်လေသည်။

                 ၁,ဝဝဝ,ဝဝဝ ကို ၇ နှင့် စား ၁၄၂၈၅၇ ရ၏။ ၎င်းကို ကောင်းမြတ်သော ဂဏန်းဟု ခေါ်၏။ အစဉ်အတိုင်းပေါင်းလျင် နက္ခတ်၂၇ လုံး ရ၏။ ၂ + ၇ = ဂြိုဟ် ၉ လုံးဖြစ်လေသည်။

                   ထို ၁,ဝဝဝ,ဝဝဝ ၌ သုညကို တိုးနိုင်သလောက် တိုး၍ တိုး တိုင်း ၇ နှင့် စား၊ မသေမချင်းစား၊ မသေဘဲ ထာဝရ အသက် ရှင်၍ စား၊ ၁၄၂၈၅၇ ကိုသာ အထပ်ထပ် အဖန်ဖန် ပြန်၍ ရမည် သာတည်း။

                   သုညသည် အစအဆုံးမရှိ အမြဲတည်မြဲခြင်း၏အထိမ်းအမှတ် ဖြစ်၏။ ဤကား ဂဏန်း၏ နိယာမသဘော ဖြစ်လေသည်။

                                                                         ရာသီခန်း

           ၁၂ ရာသီ၌ တစ်ရာသီလျှင် အင်္သာ(အံသာ) ၃ဝ စီရှိရာ အင်္သာတိုင်းမှာ ဂြိုဟ်အုပ်စိုးသဖြင့် ထိုရက်များ၌ လူဖြစ်ရသော သတ္တဝါတို့မှာ ဂြိုဟ်၏အရှိန်အဝါအစွမ်းကို ခံကြရလေသည်။ ထို အရှိန်ကို ဂြိုဟ်အသီးသီး၌ ရှိသော အီသာ ခေါ် အာကာသဓာတ် ၏ လှုပ်ရှားခြင်းသည် ပထဝီမြေသားသို့ ထိရောက်အောင် ပို့ဆောင် လေသည်။ (တစ်အင်္သာကို တစ်ရက်မှတ်)             

               ထိုအာကာသဓာတ်ကို လှုပ်ရှား၍ အရှိန်အဝါကို ထွက်ပေါ်စေ သော အရာသည်ကား တစ်ရာသီမှ တစ်ရာသီသို့ ကူးရွေ့၍နေသော တနင်္ဂနွေဂြိုဟ်ပင် ဖြစ်လေသည်။ ထိုအခါ ဆိုင်ရာဂြိုဟ်နှင့် သက် ဆိုင်သော ဂဏန်းများမှာ လှုပ်ရှားခြင်းဖြစ်လေသည်။ ထိုဂဏန်းများ လှုပ်ရှားရာ၌ ထိုဂဏန်းနှင့်ဆိုင်သော သတ္တဝါနေရာဌာန၊ အရာရာ တို့မှာ လှုပ်ရှားခြင်းအမျိုးမျိုးဖြင့် အကောင်းအဆိုး ဖြစ်ရလေသည်။ ဂဏန်းမှာ အထည် ဒြပ်မရှိပေ။ သို့ဖြစ်၍ အဘယ်ပုံလှုပ်ရှားမည်နည်း ဟု မေးဖွယ်ရှိပါ၏။ ပညတ်မှာ ဓာတ်ပါသည် ဟူသော စကားအရ လူတို့ခေါ်ဆိုသော ဝေါဟာရအသံစကား၌ ဂဏန်းပါလေရာ ထို ဂဏန်းနှင့်ဆိုင်သော ဂြိုဟ်၏အရှိန်သည် ထိုဂဏန်းနှင့်ဆိုင်သော သတ္တဝါများနှင့် ဆက်လျက်ရှိလေသည်။ သို့ဆက်လျက်ရှိသော ကျွန်ုပ် တို့ပင်လျှင် ဂဏန်းကောင်တွေ ဖြစ်ကြလေရာ ဂြိုဟ်ကောင်များ ဟူ၍လည်း ဆိုနိုင်လေသည်။

                   ပထဝီမြေသည် ပထဝီဂြိုဟ်ဖြစ်ကာ ပထဝီမြေသားများမှာ ဂြိုဟ် သားတွေ ဖြစ်ရလေသည်။ ထိုပထဝီဂြိုဟ်မှာ အခြားဂြိုဟ်တို့၏ အရှိန်အငွေ့နှင့် ကင်း၍ မနေနိုင်၊ ဆက်သွယ်လျက် ရှိလေသည်။

အထင်ရှားဆုံး သက်သေကား တနင်္ဂနွေဂြိုဟ်မရှိက ကျွန်ုပ်တို့ နှင့်တကွသော ပထဝီဂြိုဟ်သည် စတုရန်းတစ်လက်မမှ မကျန်အောင် အအေးမိ၍ ကွေးကျုံကွယ်ပျောက်ရာ အကြောင်းရှိ၏။ တနင်္ဂနွေဂြိုဟ် က မေတ္တာရှိအားကြီးသဖြင့် အနီးကပ်ကာ ပလူးပလဲလုပ်ချေက ကမ္ဘာမီးလောင်ချိမ့်မည်။ တနင်္လာဂြိုဟ်ကြောင့် ဒီရေအတက်အကျ ရှိရလေသည်။ ထို့အတူ နီးသောဂြိုဟ်၊ ဝေးသောဂြိုဟ်၊ ကျွန်ုပ်တို့စကြာဝဠာအဖွဲ့တွင်ပါသော ဂြိုဟ်စုဟူသမျှမှာ မကင်းရာမကင်း ကြောင်းတွေ ဖြစ်ကြလေသည်။

                   တနင်္ဂနွေမှာ-အဖို၊ ပြုပြင်ပျိုးထောင်သူဖြစ်၏။ ၎င်း၏ဂဏန်း မှာ ၁ ဖြစ်၏။

                  Uranus ယူရေးနာ့စ်မှာ- စိတ်နှင့်ဆိုင်၏။ အမ။

                  ၎င်း၏ဂဏန်းမှာ ၄ ဖြစ်၏။ (တနင်္ဂနွေ အပျော့စား၊ လက်ဝဲဟု မှတ်)

                တနင်္လာမှာလည်း အမ။ ပထဝီဓာတ်၊ မြန်မာမှာ ဓာတ်ဖိုဟု အယူရှိသည်။ မှန်မည်မမှန်မည်ကို မငြင်းလို၊ သူ့ပညာကို သင်လျှင် သူ့အယူကို ယူရမည်။ ဂဏန်းမှာ ၂ ။

                 Neptune နက်ပ်ကျွန်းမှာ အဖို။ စိတ်ဝိဉာဉ်နှင့် ဆိုင်၏။ ဂဏန်းမှာ ၇ ။

                တနင်္လာ ၂ နှင့် နက်ပ်ကျွန်း ၇ မှာ သဘောချင်းတူ၏။ နှစ်ခုစလုံးပင် တနင်္လာသာ ဖြစ်ကြ၏။ သို့သော်လည်း ၂ မှာ ၇ လောက် အားသတ္တိ မရှိပေ။

               အသက်သည် တနင်္ဂနွေမှ ထွက်၍ တနင်္လာသို့ ကူး၏။ အင်္ဂါသို့ ရောက်၏။ ဗုဒ္ဓဟူးသို့ ဆက်၏။ ကြာသပတေးဂုရုသို့ ဆက်၏။ သောကြာသို့ ပြောင်း၏။ သောရီ စနေမှာ သေ၏။ ထို့နောက် တနင်္ဂနွေသို့ ဝိညာဉ်သည် ပြန်၍ရောက်၏။

          တနင်္ဂနွေသည် သူရိယနှစ် ဟူသမျှမှာ မတ်လ၂၁ ရက်နေ့တွင် Vermal Equinox ခေါ် အီကွေတာကိုဖြတ်သော ရာသီပိုင်းကို ဝင်ရောက် ပြီးနောက်၊ တစ်ရာသီမှာ ရက် ၃ဝ စီနေ၍ အစဉ်အတိုင်း တစ်ရာသီ မှ တစ်ရာသီသို့ ကူး၏။ ၃၆၅ ၁/၄ မှာ တစ်နှစ်ပြည့်၏။ ပထဝီမြေ၏ အစိတ်အပိုင်း ဟူသမျှသည် ၁၂ ရာသီ၏ စက်အိမ် ၁၂ အိမ်အောက်သို့ ၂၄ နာရီအတွင်း ကျရောက်ရ၏။ အင်္ဂလိပ်က မြေလည်သည် ဟု ဆို၏။ မြန်မာက နေလည်သည် ဟု ဆို၏။ ကြိုက်ရာကို ယူနိုင်၏။ ရောက်ခြင်းသာ ပဓာနဖြစ်သည်။ ထို ၂၄ နာရီ မှာ နေ့ညဉ့်တစ်ပတ်ပြည့်၏။ မည်သူက ပတ်သည်ဟူ၍ မေးရန်မလို ပေ။ ရာသီစက်မှာ ပထဝီမြေကြီး မြောက်ဘက် ကရကဋ်၊ တောင်ဘက် မကာရဖြင့် သတ်မှတ်ချိန်ဆအပ်သော ကောင်းကင်၏ ခါးပတ် ဖြစ်၏။ မကာရ၌ ရှိခိုက်မှာ ကမ္ဘာမြောက်စွန်းမှာ နေ့မရှိ၊ အမြဲ မိုးချုပ်၏။ တောင်စွန်းမှာ ညဉ့်မရှိ အမြဲ နေ့ဖြစ်၏။ ထို့အတူနေသည် ကရကဋ် သို့ရောက်လျှင် တောင်စွန်းမှာ အမြဲမိုးချုပ်၏။ မြောက်စွန်း မှာ အမြဲ နေ့ဖြစ်၏။ သို့ဖြစ်လေရာ ထိုတောင်စွန်း မြောက်စွန်း စက်ကွင်းအရပ် နှစ်ရပ်မှာ တစ်နှစ်လျှင် တစ်နေ့နှင့် တစ်ညဉ့်သာ ရှိလေသည်။ နေ့ခြောက်လ၊ ညဉ့်ခြောက်လ အကြမ်းအားဖြင့် ဆိုနိုင် ၏။ ထိုသို့ နေမင်းပြောင်းရွေ့သောလမ်းမှာ ၁၂ ရာသီ အကန့်များကို စိတ်၌ ကန့်ကြည့်လေ။ ထိုအခါ ရာသီစက် ဘယ်မှာနေသည်ကို မြင်လိမ့်မည်။

         လမှာ ၂၈ ရက်တစ်ကြိမ် ပထဝီကို ပတ်၏။ ရာသီအိမ်ရှင် ဂြိုဟ်များမှာ စ-သာ-ရွှေ-ကူ-အင်း-ဝ-သူ-ဆန်-ဖြူ-တ-တင်းပေး ဟူသော မြန်မာဗေဒင်အတိုင်း ဖြစ်သည်။

           ဂဏန်းများမှာ တနင်္ဂနွေ ၁၊ အမာ ၄ အပျော့၊ ၎င်း ၄ မှာ ယူရေးနပ်ဖြစ်လေရာ တနင်္ဂနွေအပျော့ဖြစ်သည်။ တနင်္လာမှာ ၂ အပျော့ဖြစ်သည်။ ၇ အမာ (နက်ပကျွန်း)၊ ၎င်း နက်ပကျွန်းမှာ တနင်္လာနှင့် တူ၏။ အင်္ဂါ ၉၊ ဗုဒ္ဓ ၅၊ ကြာသပတေး ၃၊ သောကြာ ၆၊ စနေ ၈ ဖြစ်လေရာ ဗေဒင်ရိုးရိုးနှင့် မတူပေ။