ပီမိုးနင်း - ကြီးပွါးအောင်မြင်ရေးကျမ်း
ထွက်သက်ဝင်သက်
ရှေးဟိန္ဒူပညာရှိ သူတော်ကောင်းများသည် ထွက်သက်ဝင်သက် အကြောင်းကို များစွာ လေ့ကျင့်ကြံစီခဲ့ကြလေသည်။ ၎င်းတို့ရှာကြံရသော အရာသည် ထွက်သက်ဝင်သက်ပညာဟု တစ်သီးပုဂ္ဂလ ပညာဖြစ်လေ သည်။ ၎င်းပညာကို စမ်းသပ်ကြည့်က အကျိုးစီးပွားများစွာ ဖြစ်ထွန်းနိုင်ကြောင်း သိနိုင်လေသည်။ ထိုပညာသည် ယောဂီပညာအစိတ်အပိုင်း ဖြစ်လေသည်။ ဤဘဝ၌ အထူးအမြတ်ဆုံးသော စည်းစိတ်ချမ်းသာကို ရရှိခံစားလိုသူတို့သည် ထိုပညာကို လပေါင်းအနည်းငယ်မျှ သင်သင့် ကြလေသည်။
ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာ အစိုးရသောသူ သည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာချမ်းမြေ့စွာသော ဘဝကို ရရှိနိုင်လေသည်။
အသက်ရှူခြင်း၏အကြိမ်ကို နည်းပါးစေခြင်း၊ အသက်ရှူခြင်း၏ ရှည်လျားခြင်းကို တိုတောင်းစေခြင်း၊ အသက်ရှူခြင်းကို အဖက်ဖက်သို့ ပြောင်းလဲနိုင်ခြင်းတို့သည် အသက်ကြီးရင့်သည့်တိုင်အောင် နုနယ်ပျိုမျစ် လျက် ကျန်းမာစေနိုင်လေသည်။ အကြောင်းမူကား အသက်ရှူခြင်းသည်အသက်ရှင်ခြင်းပင် ဖြစ်လေ၏။ အသက်ရှူခြင်းကို မှန်ကန်စေက အသက်ရှည်၏။ အသက်ရှူခြင်းကို စည်းကမ်းမဲ့ ဖြုန်းတီးချေက လျင် မြန်စွာ အိုလွယ်၏။ လေ့ကျင့်လှုပ်ရှားခြင်း အားလုံးတို့သည် အသက်ရှူ ခြင်းကို မြန်စေ၍ ရှည်စေ၏။ မကျန်းမာသောအခါ၌ အသက်မှန်စွာ မရှူနိုင်ပေ။ လူများ၏ အသက်ရှူထုတ်ခြင်းသည် အတိုင်းအရှည်ရှိ၏။ တစ်မိနစ် တစ်မိနစ်တွင် ၁၆ ကြိမ်မှ ၁၇ ကြိမ်ရှူခြင်း ထုတ်ခြင်းကို ပြု နိုင်သူသည် သို့မဟုတ် တစ်နာရီအတွင်း အကြိမ်ပေါင်းတစ်ထောင် ရှူ ထုတ်နိုင်သူသည် အသက်တစ်ရာ့နှစ်ဆယ်ရှည်နိုင်၍ နုနယ်ပျိုမျစ်သော အဆင်းကို ဆောင်နိုင်၏။
အကျင့်စာရိတ္တ အနေအထိုင် အစားအသောက် လွန်ကျူးခြင်းနှင့် အခြားအကြောင်းတို့ကြောင့် အသက်ရှူမမှန်ခြင်းသည် အသက်ကို တို စေ၏ ။ အသက်သည် နှာခေါင်းပေါက်နှစ်ခုမှ တစ်ပြိုင်တည်းထွက်သည် ဝင်သည် မဟုတ်။ အနည်းမျှစုံစမ်းလျှင် ဤစကားမှန်ကြောင်းကို တွေ့ရှိရ ပေလိမ့်မည်။ လူ၏အသက်သည် ပင်လယ်ဒီရေကဲ့သို့ နေလ နက္ခတ် တာရာတို့၏ အသွားအလာဖြင့် ကြိုးကိုင်၍ ထားသကဲ့သို့ ၎င်းတို့အလိုက် ရှူရလေသည်။ အထူးသဖြင့် နေနှင့်လသည် ပိုမို၍ ကြိုးကိုင်၏။ ဒီရေ အတက်အကျသည်လည်း နေနှင့်လအလိုက် ဖြစ်လေသည်။
လဆန်းလဆုတ်တိုင်း အသက်သည် နေ့အချိန်မှာဖြစ်စေ၊ ညအချိန် မှာဖြစ်စေ သတ်မှတ်သောအချိန်အတိုင်း ဘယ်ဘက်နှာခေါင်းပေါက်မှ ဖြစ်စေ ညာဘက်နှာခေါင်းပေါက်မှဖြစ်စေ ရှူရလေသည်။ နှာခေါင်း ပေါက်နှစ်ခုစလုံးမှ တစ်ပြိုင်တည်းသည်မှာ နည်းပါးလေ၏။
လူ၏ကိုယ်၌ အရေးကြီးသော သံလိုက်ဓာတ်ခေါ် နဒီသုံးပါးရှိသည် ဟု ရှေးဟိန္ဒူရသေ့ပညာရှိများ အယူရှိကြ၏။
မေရူဒန်ဒါခေါ်ကျောရိုးပြင် လက်ဝဲဘက်၌ အိုင်ဒါနဒီလက်ယာဘက်၌ ပင်္ဂလား၊ ၎င်းအပြင် ကျောရိုးအတွင်း၌ ဆူးစန်းမဏာခေါ်သော နဒီများ ရှိကြလေသည်။ အိုင်ဒါကားလဟု ခေါ်၏။ ပင်ဂလာကားနေဟု ခေါ်၏။ ဆူဇန်မနာကားလေဟုခေါ်၏။
အိုင်ဒါနဒီသည် ဘယ်ဘက်နှာခေါင်းပေါက်မှ ထွက်ဝင်၏။ ပင်က လာကား ညာဘက်နှာခေါင်းပေါက်မှ ထွက်ဝင်၏။ နှာခေါင်းပေါက် နှစ်ခုစလုံးမှ ထွက်ဝင်သည့်အခါ ဆူဆန်မနာဟု ခေါ်၏။ ဤကဲ့သို့ လွန်စွာခဲ၏။ အသက်ရှူခြင်းသည် နေ့စဉ်လည်းကောင်း၊ တနင်္ဂနွေ ၂ ပတ်လျှင် တစ်ကြိမ်လည်းကောင်း ပြောင်းလဲလေသည်။ နှာခေါင်း ပေါက်နှစ်ခုအနက် တစ်ခုလျှင် အများအားဖြင့် တစ်နာရီစီ အသက်ရှူ လေသည်။ နေအသွားအလာ တစ်ပတ်မှာ နှာခေါင်းပေါက်နှစ်ခုစလုံး၌ နှစ်ဆယ့်လေးချိန် ပြောင်းလဲလေသည်။ ရှေးရသေ့ပညာရှိများသည် ထွက်သက်ဝင်သက်ကို သေချာစွာ စေ့ငုစစ်ဆေး သင်ကြားကြလေသည်။ လူ၏ ကျန်းမာခြင်း မကျန်းမာခြင်းကို မဖြစ်မီက အသက်ရှူခြင်းကို ထောက်သဖြင့် သိနိုင်၏။ အကြောင်းမူကား အချိန်မကျဘဲ မတော် သောအချိန်၌ အသက်ရှူပြောင်းလွဲခြင်းများသည် ရောဂါ ဖြစ်တော့မည့် နိမိတ် ဖြစ်လေသည်။ အသက်ရှူခြင်းကို ထောက်သဖြင့်လည်း အချိန် နာရီကို မှန်ကန်စွာ ပြောနိုင်လေသည်။ ဘယ်နှနာရီရှိပြီလဲဟု မေးသည့် အခါ ဘယ်ဘက်ကရှူသည် ညာဘက်ကရှူသည်။ အဘယ်မျှလောက် ရှည်စွာ ရှူသည်ဟူသောအကြောင်းကို ထောက်သဖြင့် အချိန်နာရီကို မှန်ကန်စွာ ပြောနိုင်သောသူများစွာတို့သည် အိန္ဒိယတိုင်းမှာ ရှိကြလေသည်။
လဆန်းပြီးသည်နောက် မနက်အချိန်မှာ အိုင်ဒါနဒီစ၍ရှူ၏။ လက်ဝဲနှာခေါင်းပေါက်မှစ၍ရှူ၏။ တစ်နာရီကြာသောအခါ ထုံးစံ အတိုင်း ပြောင်းလဲလေသည်၊ လပြည့်ပြီးသည့်နောက် ပထမ မနက်မှာပင် ဂလာနဒီစ၍ ရှူရှိုက်လေသည်။ ဤကဲ့သို့ မှန်မှန်ရှူလျှင် တနင်္ဂနွေ ၂ပတ်အတွင်း ထိုသူသည် ကံကောင်း၏။ ကျန်းမာ၏။ ထိုကဲ့သို့ မရှူမူ၍ ဖောက်ပြန်၍နေလျှင် တနင်္ဂနွေနှစ်ပတ်လုံး ကံမကောင်း မကျန်းမာဟု သိရလေသည်။ ကံမကောင်းသော အသက်ရှူနည်းကို ကံကောင်းသော အသက်ရှူနည်းဖြစ်အောင် မည်သူမဆို ပြောင်းလွှဲနိုင်၏။ မာသော အရာ ဝတ္ထုတစ်ခုခုကို ဘယ်ဘက်ချိုင်းခြားမှာညှပ်၍ ထားလျှင် ညာဘက်နှာ ခေါင်းပေါက်က အသက်ရှူ၏။ ညာဘက်ချိုင်းကြားမှာ မာသော အရာ ဝတ္ထုတစ်ခုကို ညှပ်၍ထားလျှင် ဘယ်ဘက်နှာခေါင်းက အသက်ရှူ၏။ | အိုင်ဒါနဒီမှာ အသက်ရှူသည့်အခါ ကောင်းသောအလုပ်များကို လုပ်ကိုင်ဆောင်ရွက်ရာ၏။ ပင်္ဂလာနဒီမှာ အသက်ရှူသောအခါ မကောင်းသော အလုပ်အကိုင်များကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အောင် မြင်သည်သာတည်း။ ပင်ဂလာနဒီမှာ နေဖြစ်သောကြောင့် ၎င်းဘက်မှာ အသက်ရှူခိုက် အစာများကို ကြေချက်စေနိုင်လေသည်။ ချောင်းဆိုး ရောဂါကို ပျောက်စေနိုင်သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ပြီးသည့် နောက် အားမယုတ်နိုင်၊ အိုင်ဒါနဒီသည် လေဖြစ်၍ ချောင်းဆိုးခြင်းကို တိုးစေ၏။ သို့သော်လည်း ဘယ်အလုပ်မျိုးကိုမဆို လုပ်ရန်ကောင်းလေ သည်ဟု ပညာရှိများအပြောရှိလေသည်။
အိုင်ဒါနဒီမှ အသက်ရှူသည့်အခါ ဝမ်းဗိုက်များသည် အလို အလျောက် စင်ကြယ်၏။ နှာခေါင်းနှစ်ပေါက်စလုံးမှ ဆူဇန်နာခေါ်သော နည်းအတိုင်း အသက်ရှူသည့်အခါ စိတ်ဝိဉာဏ်နှင့်ဆိုင်သော အလုပ်ဟူ သမျှကို လုပ်ရာ၏။
အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းဖြစ်စေ၊ ဖွားခြင်း၊ သေခြင်းဖြစ်စေ၊ အကောင်းအဆိုးဖြစ်စေ၊ ထွက်သက်ဝင်သက် ပညာအစွမ်းဖြင့် ဖြစ်နိုင်၏။
ယောဂါကျမ်းများနှင့် တန်းထရစ်ဆစ်ထရာတစ်ကျမ်းများက ဆို၏။ အချုပ်အားဖြင့် လူတို့နှင့်ဆိုင်သမျှ သုခဒုက္ခအပေါင်းတို့ကို ဖြစ်စေနိုင်၏။ ပရာနာယမဆိုသည်မှာ ထွက်သက်ဝင်သက်ရပ်ခြင်းကို ဆိုလိုသည်။ ကမ္မဋ္ဌာန်းစီးဖြန်းရန်အတွက် ထွက်သက်ဝင်သက်ရပ်ခြင်းသည် အလွန် အသုံးဝင်လေသည်။ ထိုကဲ့သို့ ရပ်ခြင်းကို ကုန်ဗကာ ငြိမ်သက်ခြင်းဟု ခေါ်၏။ ထိုငြိမ်သက်ခြင်းသည် တာရှည်နေလေလေ ယောဂါအလုပ်၌ ပေါက်ရောက်လေလေ ဖြစ်လေသည်။ ထိုအလုပ်၌ သေချာစွာ နိုင်နင်း သောအခါ ယောဂီသည် လပေါင်းများစွာ နှစ်ပေါင်းများစွာ မြေကြီး အောက်မှာ မြှုပ်၍ နေနိုင်လေသည်။
ဤအတတ်ကို တတ်လိုသူများသည် ပေါက်ရောက်ပြီးသူ ဆရာ သမားနှင့် လက်ထပ်သင်က မြန်မြန်တတ်နိုင်လေသည်။ ယောဂ၏ အထောက်အပံ့ဖြစ်သော ပထမ စ၍လေ့ကျင့်ရန် အရာများသည် နှစ်ပါး ရှိ၏။ အာရှန်ခေါ် ထိုင်နည်းဖြစ်လေသည်။ ယောဂ၏ အခြားအကူအညီ တစ်ခုမှာ ပရာဏာယမ ဖြစ်လေသည်။ ယောဂီပုဂ္ဂိုလ်၌ ထိုအကျင့်ကို ကျင့်ခြင်းသည် တစ်ခုခုသောအရာကို စူးစိုက်တွေးတောရန် ဖြစ်လေသည်။
ပရာဏာယမာဟူသောအကျင့်သည် ထိုင်နည်းကို တကယ်ကျွမ်း ကျင်ပြီးသောဆရာနှင့် တစ်နေ့လျှင် ၂ ကြိမ် ၃ ကြိမ် ကျင့်ရ၏။ ယောဂနှင့် တန်တရာစ်များ၌ အလုပ်ငယ်များသည် ကျန်းမာခြင်းနှင့် ဆေးကုခြင်း အတွက် အကျိုးရှိလေသည်။ အသက်ရှူခြင်း၌ မှန်အောင် ကြိုးစားသော သူများမှာ ရောဂါဘယမရှိနိုင်ပေ။ တစ်ကိုယ်လုံး အားနည်းသွေးမှာ အအေးဓာတ်မိ၍နေချေက ပက်လက်စန့်စန့်အိပ်၍ အသက်ကို လေးလေးနက်နက် နှေးနှေးညီညီရှူရှိုက်၍ အသင်၏ခြေများ၊ လက်များ၊ ဒူးများ၊ တံတောင်ဆစ်များ၊ တင်ပါးများ၊ ပခုံးများ၊ ဝမ်းဗိုက်များ၊ အသည်း များ၊ အဆုတ်များ၊ ဦးနှောက်များမှာ ကျန်းမာလာပြီဟု ထိုကဲ့သို့ ရှူရှိုက် ရင်း အောက်မေ့ရမည်။ နှလုံးမှာ သူ့အလိုလို ကျန်းမာ၍လာလိမ့်မည်။
စူးစိုက်စွာ စိတ်ကူးရာ၌ ခြေဖျားလက်ဖျားများကို ရှေးဦးစွာ စူးစိုက်