Skip to product information
1 of 7

Other Websites

ပီမိုးနင်း - ကာမသိဒ္ဓိကျမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အမျိုးသားတို့ တိုးပွားရေး

           ဤကျမ်းငယ်၌ပါသော အကြောင်းအရာများကို အချို့ က ကြမ်းသည်ဟု ဆိုကြပေလိမ့်မည်၊ စင်စစ်မှာကား မသိလျှင် မပြီး၊ အရေးကြီးသော အချက်ကြီးများ ဖြစ်သဖြင့် ကြမ်းသည်ဟု မှတ်ထင်သော်လည်း သေချာစွာ ဖတ်ရမည့် ' စာပိုဒ်များကို မကျော်လေနှင့်။

           အိမ်ထောင်မှုအရာ၌ လိုလားတောင့်တချက် မပြည့်ဝ က ဆင်းရဲခြင်း ဖြစ်တတ်လေ၏။ ရောဂါများ၍ အသက်ကို , တို စေတတ်လေသည်။ နှစ်ဦးလုံး အလိုပြည့်၀သောအခါမှာကား အသက်ရှည်ဆေးကြီးပေတည်း။ ။

           မေထုန်ကိစ္စ၌ ယောက်ျားသည် လုံ့လစိုက်သူဖြစ်၏။ မိန်းမမှာ အားမစိုက်ရချေ။ အားစိုက်သူမှာ စိတ်အားသန်သဖြင့် မိမိ၏အလိုသို့ ရောက်လွယ်၏။ လျင်မြန်စွာ ကိစ္စချောမောတတ် ၏။ ငြိမ်သက်စွာနေရသူ မိန်းမမှာ ထိုကဲ့သို့ ရောက်ခါနီး ဆဲဆဲ၌ ယောက်ျားဖြစ်သူမှာ ကိစ္စ ကုန်လွန်ပြည့်ဝပြီးလျှင် ချမ်းသာစွာ အိပ်စက်၍ ပျော်လေရာ မပြည့်ဝသူမိန်းမများမှာ ထိုစိတ်ကြောင့် အိပ်မပျော်ရုံမက လင်ဖြစ်သူကို မုန်းထားတတ်လေသည်။

           ထိုကဲ့သို့ မကျေနပ်အားကြီးသောအခါ ဖောက်ပြန်ချင် သော စိတ်သည် ပေါ်ပေါက်၍ လာတတ်လေသည်။ ဖောက် - ပြန်လျှင်လည်း မကျေနပ်သောစိတ်ကြောင့် အချိုးအစားပျက်၍ ကိုယ်ရော စိတ်ရော ဆင်းရဲပိန်ချုံးပြီး မကျန်းမမာ ဖြစ်တတ်လေသည်။ တက်တတ်ခြင်း၊ စုန်းပယောဂ ပူးသကဲ့သို့ လည်းကောင်း၊ ဝက်ရူးနာကဲ့သို့လည်းကောင်း ပြစ်တက်ခြင်း၏အစသည် ထို အရေးကြီးသော ကိစ္စ၌ အဲလိုမပြည့်ဝခြင်းပင် ဖြစ်လေသည်။

           မသိ မလိမ္မာသော လင်ယောက်ျားသည် ဤအရာ၌ ကစ်ကိုယ်ကောင်းပြုကျင့်ကာ အိမ်ထောင်မှု၌ ယောက်ျားမှာ - တစ်ဖက်သတ် ခံစားစံစားလျက် မိန်းမများမှာ ဆင်းရဲဒုက္ခကို ခံကြရလေသည်။ အများအားဖြင့် တွေ့ကြုံရသော အိမ်ထောင် သည်တို့အနက် ထိုကဲ့သို့သော တကိသတ်တစ်ကိုယ်ကောင်း လင်ယောက်ျားတွေ များသဖြင့် ဆင်းရဲ ငြင် မရွှင်မသာ မှောင်ကျ၍နေသော အိမ်ဂေဟာများစွာပင် ရှိကြလေသည်။

           အိမ်ထောင်ပြုပြီးနောက် စိတ်ကျေနပ်လောက်အော် ရည်ရွယ်ချက် မပြည့်ဝဘဲ သေဆုံးရသော မိန်းမတို့သည်လည်း များစွာ ရှိကြလေသည်။

           " မိန်းမတစ်ယောက်သည် ယောက်ျားရပြီးသောအခါ မိမိ၏ အရီးဖြစ်သူအား “ကြီးကြီးရယ်၊ ကြီးကြီးတို့ ပြောတာ တွေဟာ ဘာမှလဲ မဟုတ်ပါလား။ အလကား အလုပ်ပါကလား” စသည်ဖြင့် ပြောဖူးလေသည်။ ထိုမိန်းမမျိုး၏ လင်ယောက်ျား သည် မသိမလိမ္မာသူဖြစ်သည်ဟု ဆိုရပေမည်။

           ထိုသို့ မိန်းမများမှာ မကျေနပ် မပြည့်ဝသောကြောင့် - ပဋိသန္ဓေကိုယ်ဝန် မပြစ်နိုင်ဟု မဆိုရချေ။ မိန်းမများမှာ အလို မပြည့်ဝဘဲလျက်လည်း ပဋိသန္ဓေ ဖြစ်နိုင်၏။

           ပဋိသန္ဓေမှာ ယောက်ျား၏ သွေးနှင့်မိန်းမ၏ သားအိမ် ၌ အသင့်ရှိသော သန္ဓေဥရောစပ်မိခြင်းကြောင့် ဖြစ်လေရာ၊ မိန်းမမှာ အလိုပြည့်ဝခြင်းတည်းဟူသော ကိစ္စ၏ ဆုံးခန်းသို့ မရောက်စေကာမူ တောင့်တသော စိတ်ကြောင့် ပွင့်၍နေသော သားအမ်က ယောက်ျား၏သွေးကို ခံယူပြီးလျှင် အတွင်း၌ရှိသောသန္ဓေဥနှင့် ရောစပ်စေသဖြင့် သန္ဓေကို ဖြစ်မြောက်စေနိုင်လေ သည်။

           ထိုကဲ့သို့ မလိမ္မာသော ယောက်ျားနှင့် ပေါင်းဖက်ရ' သဖြင့် အလိုပြည့်ဝအောင် ခံစားရခြင်းမရှိဘဲလျက် ဝန်လေး သည့်အခါ ဇနီးသည်ခများ၏ စိတ်မှာ အဘယ်မျှလောက် စက် | ဆုပ် မုန်းထားမည်ကို ဆင်ခြင် သိရှိနိုင်လေသည်။

           အခါများစွာ မိန်းမသည် မသာကြည် ငြိုငြင်စိတ်ညစ် ရုံမက မပြီးနိုင်၊ မလိမ်းနိုင်ဖြစ်ကာ ကြိတ်၍ပင် မျက်ရည်ကျတတ် | လေရာ လင်ဖြစ်သူကိုလည်း ဖွင့်၍ မပြောရဲရှာသဖြင့် အထင်လွဲ | ခံရပြီး လင်မိုက်၏ နှိပ်စက်ခြင်းကို ခံကြရတတ်လေသည်။ "

           ဒင်း ဘာမကျေနပ်စရာ လိုသလဲ၊ ကျုပ်မှာ တစ်နေ့လုံး ဖင်ပင်ပန်းပန်းရှာရ ကျွန်ခံရပါတယ်။ လက်ဝတ်လက်စား အပြည့်အစုံနဲ့ပါ။ အဝတ်ချို့ငဲ့ရသလား၊ အစားမှာ ချို့ငဲ့ရ သလား။ ဒင်-ဘာမသာမကြည်စရာရှိသလဲ၊ ကျုပ်ကို တမင် သက်သက် နှောင့်ယှက်တဲ့ မိန်းမယုတ်ပါပဲ စသည်ဖြင့် မိန်းမ၊ အပေါ်မှာ အပြစ်ကို ပုံ၍ ချလိုက်ကြလေသည်။ ' သို့ဖြစ်လေရာ အထင်ကြီးနှင့် ခုတင်ကြီးပေါ်၌ အိပ် မိရှာသူ-ဇနီးသည်ခမျာမှာ အထင်ကြီးခြင်း၏ အကျိုးကို မခံစား ရ၊ အပျိုဖြစ်စဉ်က တွေးတောသမျှ မှန်းစိတ်ကူး ကြိတ်ကြိတ် ပြီး ရူးခဲ့ရသမျှတွေဟာ ထူးကဲတာ မဟုတ်ပါကလား။ ဘာမ ဟုတ် ညာမဟုတ်နဲ့ နဂိုကလိုမနေမိလို့ အပျိုရည်ပျက်ရုံ ရှိပါ ကလား၊ ဗန္ဓရသရက် လက်ဖက်နှင့်ဝက်၊ မြိန်ရှက်တဲ့ အရသာ တွေဟာ မင်္ဂလာဆောင်ရတာနဲ့စာလျှင် ပြာမှုန့်လောက် အရသာ မရှိ ဆိုတဲ့ စကားတွေဟာ အလကား စကားတွေပါ ကလား။ သွား အရသာ ခါးဟဝါ သြဇာဆီးနဲ့ လဲရိုးလား” ဆိုတဲ့ စကားတွေဟာ ဦးပုည်မသိလို့ပြောတာ ထင်ပါရဲ့၊ အစ်မ ကြီး လင်ယူမှ သိရမယ်ဆိုတဲ့ သင်္ဂဇာဆရာတော် ဘုရားကြီးရဲ့ကားဟာလဲ အတော်ပင် မှားပါကလား စသည်ဖြင့် “အပျိုလို မနေမိလို့ ကိုယ်ရိတယ်လေး” ဆိုသည့်စကားလို၊ ကိုယ်ရိရုံ မျှရှိသဖြင့် ယူကြုံမဖြေဖြစ်၍ နေရသည့်အတွင်းမှာ “မယားနေစ၊ကြောင်သေမှ" ဟူသောစကားမျိုးအရ လင်အ လင်လင်ခွဲ) သမားက မကြည်သာသည့် မယားအပေါ်မှာ ဒေါပွတာ စိတ် ဖျက်ပြီး နှိပ်စက်ခြင်း ပြတတ်လေရာ၊ စိတ်ပျက်သူ မယားချော မှာ ကဗျာကရာ အထုပ်ကို ပိုက်ပြီး အမေ့ထံ ပြန်၍ ပြေးချင် သောစိတ် ပေါ်ပေါက်လာတတ်လေသည်။

            'သို့ဖြစ်လေရာ နတ်ပြည်နှင့်တူသော လူ့ဘ၀ အခြေ `အနေကို “မ်သေမီ အစွမ်းကုန်ခံစားကာ နှစ်ဦးနှစ်ဝ ကျေနပ်ပြီးလောကနိဗ္ဗာန်သို့ ကပ်ကြရအောင် ဤကျမ်းစာအုပ်၌ ပါရှိသော အချက်ဟူသမျှကို မလစ်ဟင်းစေဘဲ သတိနှင့်ဖတ်ခြင်းဖြင့် ထူး မြတ်သော အိမ်ထောင်အဖြစ်ကို ချင်းလက်သို့ ရောက်သောကျောက်ရတနာကဲ့သို့ မဖြစ်စေဘဲ အစကနဦးကပင် အသေ အချာ တတ်သိနားလည်ခြင်းဖြင့် အဖိုးတန်သော အချိန်များကို အလဟဿ မဖြစ်စေရအောင် လမ်းဖွင့်ပြလိုက်ရပေကြောင်း။

           လောက၌ အိမ်ထောင်ပြုခြင်းသည် အရေးကြီးဆုံး ဖြစ် | ၏။ ရှက်သင့်သောအရာ၌ အရှက်လွန်လျှင် ဆင်းရဲတတ်၏။သိသင့်သော အချက်ကြီးများကို မသိက ဤဘဝသည် ငရဲနှင့် ၊ တူလှပေမည်။

           ဤအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိဘဲ ထိမ်း မြားမင်္ဂလာပြုခြင်းသည် လမ်းပန်းမသိသော တောတောင်ခရီးကို မှောင်ထဲမှာ သွားသည်နှင့်တူသဖြင့် သုခစည်းစိမ်ကို မခံစား | ရရုံမက ဘေးဒုက္ခနှင့်ပင် တွေ့တတ်ကြလေသည်။

           သို့ဖြစ်၍ အမျိုးသားတို့ တိုးပွားရေး၌ ကျန်းမာ သန်စွမ်း ရေးနှင့် ပြည့်စုံစိမ့်သောငှာ မထိမ်မဝှက် အလင်းကိုပြသည်ကို အပြစ်ဆိုချေက ဆူးငြောင့်ကိုပြသူအား ကြောင့်ထောင်မှုနှင့် စွပ်စွဲ “သကဲ့သို့သာ ဖြစ်ဖို့ရှိလေရာ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပဓာန မထား ဘဲ အမျိုးသား၏ တိုးပွားချမ်းသာ ကျန်းမာရေးကို မျှော်ကိုးခါ မှန်ရာကို အတိအလင်း ရေးသားလိုက်ရခြင်း ဖြစ်ပေကြောင်း။

 

ရောဂါများနှင့် ဆေးနည်းများ

           ကျန်းမာသော သူတို့၌* (မ) ခေါ် အိတ်သည် အလျား ၂-လက်မမှ ၃-လက်မရှိအကြီးလွန်းလျှင် ကျန်းမာဟု သိရမည်။ အမြဲတွဲလျက်နေသောအိတ်သည် အားအင်နည်းပါး ညံ့ခြင်း၏ အမှတ်ဖြစ်လေသည်။ ယောက်ျားတို့၏ အင်္ဂါမှာ နဂိုအားဖြင့် ပျော့၍ သေးငယ်၏။ ၃-လက်မသာသာမျှသာ အလျားရှိ၏။ နဂို အနေအထားဖြင့် ပျော့၍ တွဲကျလျက်ရှိ၏။ ထကြွသောအခါ မာ၍လာ၏။ အလျား ၆-လက်မ၊ ရ-လက်မ သို့တိုင်' ရောက်၏။ အရင်းဘက်၌ အဖျားဘက်ထက် အနည်း ငယ် ပို၍ကြီးတတ်၏ (ခြွင်းချက်များလည်း ရှိနိုင်လေသည်။)

           မိန်းမများမှာ အပြင်၌ရှိသော နှုတ်ခမ်း လမ်းပေါက် သားအိမ်၊ ဥအိမ်ဟု ရှိလေသည်။ နှုတ်ခမ်းမှာ အကြီးအငယ် နှစ်မျိုးရှိ၏။ ၎င်းပြင် ကလိုတိုရစ်ခေါ် အသားငုတ် (အစေ့လည်။ ရှိလေသည်။) ၊ နှုတ်ခမ်းမှာ ဝဲယာ တစ်ဖက်တစ်ချက် အလျား တစ်လျှောက်လုံးဖြစ်၏။ ပေါင်နှစ်ဘက်ကို ခွလိုက်သောအခါ အပြင် နှုတ်ခမ်းများသည် အတွင်းနှုတ်ခမ်းများပေါ်၌ ခေါက်၍ နေ၏။ - ကလီတိုရစ် အသားငုတ်ကို (အစေ့)ဟု ခေါ်သည်။

           ၎င်းအစေ့သည် နှုတ်ခမ်း၏ အပေါ်ပိုင်း၌ နှုတ်ခမ်း နှစ် ဘက် ထိစပ်သောနေရာတွင် ရှိ၏။ ထိုအစေ့သည် ယောက်ျား အင်္ဂါ၏အဖျား ဦးခေါင်း၏ သဘောမျိုးအတိုင်း အလားတူ ဖြစ်သည်။

           လမ်းကြောင်းလမ်းပေါက်မှာ သားအိမ်သို့ ရောက်၏။ ယောက်ျားအင်္ဂါ လုံးပတ်အလျားနှင့် မာဏအနက် အကျယ်မှာ - တူညီတတ်၍ ၆ လက်မ ၅ လက်မ အနက်ရှိ၏။ သားအိမ်၌ အဆုံးသတ်လေသည်။

           သားအိမ်သည် ဝိုင်းလျားသော သဏ္ဌာန်ရှိ၏ အထက် မှ ကြိုးများနှင့် ဆိုင်းဆွဲ၍ထားသလို အကြောများနှင့် ဆိုင်းဆွဲ၍ ထား၏။ လည်ပင်းမှာ အောက်ဘက်၌ ရှိ၏၊ နဂိုမှာ အထက် ပိုင်း၌ ကန့်လန့်ဖြတ် ၂-လက်မခွဲခန့် ရှိ၏။ အောက်လည်ပင်း ပိုင်းသို့ ရှူး၍ ဆင်း၏။ အခေါက်မာ၍ အတွင်း၌ သိမ်မွေ့သော အာရုံကြော များစွာရှိလေသည်။ အောက်ပိုင်းအ၀သည် အပြင်မှ မ်းကြောင်းပေါက်နှင့် ဆက်၍နေလေသည်။

           အော်ဘားရစ်ခေါ် ဥအိမ်မှာ ၂-ခု ရှိ၏။ သားအိမ် အထက် ထိုဥအိမ်များသည် တစ်ဖက်တစ်ချက်မှာ တည်နေကြ 'လေသည်။ ၎င်းတို့ သဏ္ဌာန်မှာ သေးငယ်၍ ယပ်တောင်ပုံ အကျိတ်များ ဖြစ်ကြလေသည်။ ၎င်းဥအိမ်များသည် ပြွန်ငယ် ကလေးများဖြင့် သားအိမ်နှင့် ဆက်လျက် ရှိကြ၏။ ၎င်းပြန်များ ကို “ဖက်လိုဒီယမ်း” ပြွန်များဟု ခေါ်သည်။

           ဣတ္ထိလိင်၊ ပုလ္လိင်ရှိခြင်း၏ အကြီးဆုံးသော ရည်ရွယ် 'ချက်သည် ပေါက်ပွားခြင်းအတွက် ဖြစ်လေသည်။ သစ်ပင် တိရစ္ဆာန် လူ ဤသုံးဦးမှာ ဤအရာ၌ သဘာဝချင်းတူလ သည်။ ပေါင်းဖက်ခြင်းဖြင့် ပွားများခြင်း ဖြစ်ရလေသည်။

           အသက်ဟူသမျှသည် ဥက စ၏ ထိုဥမှာ အဖိုမှ ဖြစ် သော (စပမ်း)ခေါ်သော သုက်နှင့်တွေ့မှသာ အသက်ကို ဖြစ် စေနိုင်လေသည်။ မိမိသာသာ သက်သက်က အသက် မဖြစ်