Skip to product information
1 of 5

Other Websites

ပါရဂူ - သူတို့အမြင်သူတို့အတွေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မြန်မာအတွေးအခေါ် ပညာရှင်နှင့် ဂျပန်ဘုန်းတော်ကြီး

 

         ၁၉၂၅  ခုနှစ်တွင် မွေးဖွား၍ သခင်တ ရဟန်းဖြစ်ခဲ့ဖူးသော ဆရာ ဝါဂူထည် အထက် ၃၀-အရွယ်၌ လူဝတ်လဲကာ ရန်ကုန်မြို့ ကန်တော် ကြီး၏ မြောက်ဘက် ဗဟန်းမြို့နယ်၌ နေထိုင်လျက်ရှိပေသည်။

         အထင်ကရလမ်းမကြီးတစ်သွယ်ဖြစ်ထော ကမ္ဘာအေးဘုရာလမ်းမှ သည် ကန်တော်ကြီး၏ မြောက်ဘက်တွင်ရှိသည့် သေးသွယ်ကျဉ်းမြောင်း လှသည့် ကင်းဘဲလမ်း(ငါးထပ်ကြီးဘုရားလမ်း)ထဲသို့ ဝင်မိသည်ဆိုလျှင် ရန်ကုန်မြို့တောင်း၏ ရနံ့များ ထင်လာတော့သည်။ အဆိုပါလမ်း၊ သည် ရုတ်တရက်တွေ့ကောက်သွားပြန်တာ အုန်းပင်၊ သရက်ပင်၊ စိန်ပန်။ ဝင်တို့က ပိုမို တို့တိုင်းလာကြ၍ ခြံစည်းရိုးသဖွယ် စိုက်ထားသော သစ်ပင် ၏ နောက်ကွယ်တွင် လူနေအိမ်များက တန်းစီနေကြပေသည်။

         အမျိုးသမီးငယ်တစ်ယောက်သည် လက်တစ်ဖက်မှ သားငယ်ကို ဆွဲ လျက် ကျန်လက်တစ်ဖတ်ဖြင့် ခေါင်းပေါ်မှ ထင်းရွတ်ထောင်းကို ထိန်းထား ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ လုံချည်ဝတ်ဆင်ထားသော လူရွယ် တစ်ယောက်ကမူ စတ်ဘီးအိုကြီးတစ်စီးကို တကျွီကျွီနင်းကာ လမ်းထဲမှ ဖြတ်သန်းပြေးလွှားသွားပြန်သည်။  မြင်ကွင်းက  ခြောက်ကပ်နေသည့်တိုင် ကားပေါ် မှတံခါးကိုဖွင့် အဆင်း၌မူ စကားပြောသံများအပြင် ရေဒီယိုမှခေတ်ပေါ်သီချင်းများကို ကြားလာရသည့်အတွက် စောစောကထင်ထားသည်ထက် စည်လာသည်ကို တွေ့လိုက်ရလေသည်။

         ဆရာပါရဂူ နေထိုင်သည့်အိမ်မှာ ကင်းဘဲလမ်း၊ (ငါးထပ်ကြီးဘုရား လမ်း)၏ လက်ဝဲဘက်ခြံထဲရှိ သိပ်မကြီးလှသော ဖွဲပြာရောင် တစ်ထပ် တိုက် အိမ်အိုကလေးသာဖြစ်ပါသည်။ ထိုအိမ်ကလေး၏ ဘေးပတ်ဝန်းကျင် ၌မူ မိသားစုမှာ စုပေါင်းနေထိုင်ကြဟန်ရှိသော နှစ်ထပ်အိမ်တစ်လုံးကို တွေ့ရပါသည်။ ဆရာပါရဂူ၏ အိမ်ကလေးသည် ထိုခြံကျယ်ကြီး၏  ဘယ်ဘက်ထောင့်တွေး၌ တည်ရှိလေသည်။ အခြားမြန်မာအိမ်များကဲ့သို့ ပင် ဆေးသားများကွာကျနေသော ပြတင်းဓါတ်၊ တံခါးပေါက်တို့၏ ရှေ့တွင် ရှည်မြောမြော နေရာလပ်တစ်ခုရှိပေသည်။ ထိုနေရာလပ်၏ ရှေ့ထက်မူ  သံဆန်ကာကျဲတစ်ခုအဖြစ် အဟန့်အတားပြုထားသော်လည်း  ပြင်ပမှ လေစိမ်းတို့သည် အတွင်းသို့  တဟူးဟူး ဒိုးယိုပေါက်ဝင်နေသကဲ့သို့ပင် ခြင်ကောင်၊ ယင်ကောင် များသည်လည်း လွတ်လပ်စွာပင် ဝင်နိုင်ထွတ်နိုင်ကြလေသည်။ မြန်မာတို့သည် ထိုနေရာ၌ပင် ဧည့်သည်ကို လတ်ခံလေ့ ရှိကြသည်။ ကျွန်မသည် ဆရာပါရဂူ၏ အိမ်သို့ လေးနှစ်အတွင်း လေးကြိမ် အလည်ရောက် ခဲ့ရာ လေးကြိမ်စလုံးပင် ထိုကွတ်လပ်၏ ဘယ်ဘက်တွင် ရှိသော သစ်သား ကုလားထိုင်အိုတစ်လုံးတွင် ထိုင်ရန် ညွှန်ပြလေ့ရှိပါသည်။

         သံဆန်ကာကြဲ တို့ကိုဖြတ်၍အပြင်ဘက်သို့ကြည်လိုက်သောအခါ အိမ်ရှေ့ ရှိ အုန်းပင်နှစ်ပင်တွင် ထွယ်တန်းထားသည့် ကြိုးတန်းပေါ်၌ ထစ်ဘတ်အိမ်မှ လျော်ပြီးအဝတ် တွဲလောင်းလှမ်းထားသည်ကို တွေ့ပေသည်။ ကလေး အကြီးများက ကျောင်းသွားနေ၍ ထင်ပါသည်။ ၄-၅ နှစ်အရွယ် ကလေးငယ် နှစ်လောက် ထိုလောက်သာ အဝတ်တန်း၏အောက်တွင် လိုတ်ထမ်းပြေး တမ်း ကစားနေကြလေသည်။ ကျွန်မသည် သူတို့ကို တစေ့တစောင်းငေး ကြည့်ရင်းမှ ဆရာပါရဂူနှင့် အင်တာဗျူးခန်းကို စရပါတော့သည်။

စောစောပိုင်းတထည်က ဆရာပါရဂူ  ကြိုမှာထား၍လား မပြောတတ် ပါ။ ကျွန်မ ထိုင်၍ မကြာမီမှာပင် ဘေးအိမ်မှ အသတ်၃၀-အရွယ်ခန့်ရှိအိမ်ရှင်မတစ်ဦးက ကော်ဖီတစ်ခွက်ကို ကိုင်ပြီး ဝင်လာပါသည်။ ဆရာ ပါရဂူသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ဖတ်နိုင်၊ ပြောနိုင်သူ ဖြစ်ပြီး ကျွန်မ မေးသော မေးခွန်းမှန်သမျှကိုလည်း ကောင်းကောင်းနားလည်သူ ဖြစ်ပါသည်။ သို့သော်လည်း မည်သည့် အကြောင်းကြောင့်  မသိပါ။ ကျွန်မမေး သမျှကို မြန်မာလိုသာ ပြန်ပါသည်။ ထို့ကြောင့်လည်း စကား ပြန်အဖြစ် ဂျပန်ပြည်တွင် ၅  နှစ်ကြာပညာသင်ယူခဲ့ဖူးသော ကျွန်မ၏ မြန်မာမိတ်ဆွေကို ခေါ်သွားရပါသည်။

         အရပ်ပုပု ဝဝဖိုင့်ဖိုင့်၊ အသားမညို၊ မျက်မှန်ထူထူကြီးကို တပ်ထားသာ ဆရာပါရဂူသည် အသက် ၇၀-ပတ်ဝန်ကျင်မျှသာ ရှိသေးသော်လည်။ စာအုပ်ပေါင်း ၈၀-ကျော်ကို ရေးထားပြုစုပြီးသည့် နာမည်ကျော်စာရေး ဆရာကြီးတစ်ဦးဖြစ်သလို ဗုဒ္ဓဒသနိက ပညာရှင်တစ်ဦး ဖြစ်လည်း ကျော်ကြားပါသည်။ ရဟန်းဘဝမှ လူဝတ်လဲသော်လည်း ကိစ္စမြားမြောင် လှသည့် အိမ်ထောင်သားမွေးမှုကို ဝေးဝေးရှောင်ပြီး စာအုပ်များနှင့်သာ ပျော်မွေ့နေခဲ့သူ ဖြစ်ပေသည်။ ဘဝထွင် ရိုးရိုးသာ နေထိုင်ခဲ့သော်လည်း မကျေနပ်သည့်အမူအရာများ လုံးဝမတွေ့ရဘဲ ကျွန်မကို ပြုံးစစနှင့် အေးအေးလူလူ ပြောသွားခဲ့ပေသည်။ ထိုပြုံးစစနှုတ်ခမ်းနှစ်လွှာကြားမှ ထွက်လာထော ဆရာပါရဂူ၏ စကားများမှာ လွန်စွာလေးနတ်လှကြောင်းကျွန်မသည် မေးရင်း မေးရင်း သဘောပေါက်လာခဲ့ရပါတော့သည်။

         ဆရာပါရဂူကို ရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် ဟင်္သာတခရိုင် တွင် မွေးဖွားခဲ့သည်။ မိဘများမှာ စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်ကြ၍ ပါဂူမှာ သားအကြံ ဆုံးဖြစ်ပြီး အောက်တွင် ညီနှစ်ယောက်နှင့် ညီမတစ်ယောက်တို့ ရှိကြသည်။

         ရွာရှိမူလတန်းကျောင်း၌ စတုတ္ထတန်းအောင်မြင်ပြီးနောက် အသက် ၁၀-နှစ်သားတွင် စာသင်သားကိုရင်အဖြစ် ၂ နှစ်ထာမျှ ပါဠိဘာသာကို လေ့လာဆည်းပူးပြီးနောက် ထင်္သာတမြို့ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်း ရွေ့ကာ တစ်နှစ် တာဆည်းပူးရပြန်သည်။ ထို့နောက် ရန်ကုန်မြို့ အရှေ့ပိုင်းကို ဖြတ်သန်းစီးဆင်းနေသည့် ပုဇွန်တောင်ချောင်း၏ ထစ်တတ်တမ်း သန်လျင်မြို့အနီးရှိ လဟာရတ်ရွာဘုန်းတော်ကြီးကျောင်းသို့ပြောင်းရွှေ့ ပြန်လေသည်။ ဆရာပါရဂူသည် ဤကျောင်း၌ပင် ရဟန်းဘောင်သို့ ဝင်၍ လိုအပ်သော ပါဠိဘာသာရပ်ကို အပူတပြင်းကြိုးစားရပြန်သည်။ ဆရာ၏ လုံ့လ ဝီရိယ ကြောင့် ၁၅-နှစ်သားတွင် ပထမငယ်၊ ၁၆-နှစ်သားတွင် ပထမလတ်နှင့် ၁၇-နှစ်သားတွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့လေ သည်။ ပါဠိဘာသာသည် မြန်မာဗုဒ္ဓ ဘာသာ တွင် ရှေးဟောင်းသုတ္တာန် ကျမ်းများကို ဖတ်ရှုနိုင်ရန်နှင့် သင်ကြားပို့နိုင်ရန်အတွတ် မရှိမဖြစ် တတ်ကျွမ်းရမည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။

         ၁၉၄၀-ခုနှစ် ဒီဇင်ဘာလတွင် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲကြီးစတင်ဖြစ်ပွား လာတော့သည်။ ဒီဇင်ဘာလ ၂၃-ရက်မှ ၂၅ရက်နေ့အထိ ဂျပန်အမှတ် ၃-လေတပ်မတော်က ရန်ကုန်မြို့တော်အား ၃-ကြိမ်တိုင်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့ပေသည်။ ရန်ကုန်နှင့် ခပ်လှမ်းလှမ်း  သန်လျင်တွင် ရှိနေခဲ့သော ပါရဂူသည် ဂျပန်လေယာဉ်များ ကြဲနေသည့်  ရှုခင်းကို ထင်ထင်ရှားရှား မြင်တွေ့ရသောအခါ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မိလေသည်။ သို့သော် လည်း ၁၇-နှစ်သားအရွယ် ကိုရင်ဝါရဂူသည် မိမိ၏ ဗုဒ္ဓစာပေလေ့လာမှု၌ သာ အာရုံများနေလေရာ

         "အင်း - စစ်အကြောင်းကို မတွေးတောတာဘဲ ကောင်းပါတယ်လေ။ တို့မှာ လေ့လာစရာ မှတ်စရာထွေထ ထပြီထခေါင်းရှိနေဓထမတာ" ဟု မိမိကိုယ်တိုဆုံးမကာ စာပေကျမ်းဂန်ဘတ်၌သာ နှစ်မြုပ်နေခဲ့လေသည်။ ပါရဂူအဖို့ ၁၉၄၀-ပြည့်နှစ်၊ ဇွန်လ၌ သန်လျင်မြို့တွင် ဂျပန်ဘာသာသင်ကျောင်းဖွင့်သည့်အချိန်အထိ မည်သည့်ဂျပန်စစ်သား ၊ ဂျပန်လူမျိုးနှင့် ထိတွေ့ခဲ့ဖူးခြင်း ရှိပေ။

         သို့သော်လည်း ဂျပန်စာသင်ကျောင်းဖွင့်သည့် အချိန်မှစ၍ စာပေ ဝါသနာထုံသော ပါရဂူသည် အခြားရပ်သူရွာသားများနှင့် အတူ တစ်နေ့လျှင် နှစ်နာရီခန့် ဂျပန်စာကို အပတ်တကုတ်ကြိုးစားလေ့လာနေခဲ့လေသည်။

          ပါရဂူတို ဂရုတစိုတ်သင်ကြားပြသပေးသော ဂျပန်ဆရာနှစ်ဦးမှာ မစ္စတာ တာတို့နှင့် မစ္စတာ တာနဲမိနေ တို့ဖြစ်လေသည်။ ထိုဆရာနှစ်ဦးသည် ၁၉၄၅ခုနှစ် မေလတွင် သန်လျင်မြို့မှထွက်ခွာသွားသည့်အချိန်အထိ ပါရဂူ နှင့် ရင်းနှီးစွာ နေခဲ့ကြလေသည်။

          “စစ်မတ်ရေးရာ အခြေအနေတွေက သိပ်ပြီး အပြောင်းအလဲမြန်ကြပေမဲ့  ဒီဆရာနှစ်ဦးရဲကြင်နာတတ်တဲ့ သဘောထားကတော့ နည်းနည်း ကလေးမှ မပြောင်းလဲခဲ့ဘူး။ ဒီဆရာတွေကိုအကြောင်းပြုပြီး ကျွန်တော့်ရင်ထဲမှာ ဂျပန်ကို ချစ်တဲ့စိတ်တွေ ကိန်းအောင်းပေါက်ဖွားလာရတော့တာပါပဲ။

          ပါရဂူက နောက်မှ ဤသို့ ပြန်ပြောပြပါသည်။

          ဂျပန်စာသင်ကျောင်းဖွင့်ပြီး မကြာမီ သန်လျင်မြို့ထွင် တပ်စွဲလာကြ သော ဂျပန်စစ်သားများထဲတွင် ဂျပန်ဗုဒ္ဓဘာသာ နိချိရင်းဂိုဏ်းကစစ်သား တစ်ဦးလည်း လိုက်ပါလာခဲ့လေသည်။ ထိုစစ်သားသည် အချိန်အားရတိုင်း ပါရဂူရှိသော ဘုန်ကြီးကျောင်းသို့ ရောက်လာ၍ ဗုံတီးပြီး ဘုရားရှိခိုးလေ့ရှိသည်။  သို့နှင့် ပါရဂူ နှင့် ထိုဂျပန်န်စစ်သားသည် အချိန်ရတိုင်း ဗုဒ္ဓ ဘာသာအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြရာ ဝါရဂူသည် ဂျပန်ဗုဒ္ဓဘာသာ နိချိရင်းဂိုဏ်းအကြောင်းကို ထိုပန်စစ်သားထံမှ စတင်သိရှိပြီး စိတ်ဝင်စား လာခဲ့လေတော့သည်။

          ထိုအချိန်တွင်(တောင်ဘက်စစ်ဆင်ရေးအဖွဲ့ ) မီနာမိတိကန်၏ ဥက္ကဌ ဖြစ်သူဗိုလ်မှူးကြီးဆူဇူကီးသည် သန်လျင်ဘက် ရောက်လာလေသည်။ ဆူဇူကီးနှင့်အတူ ဂျပန်ဘုန်းတော်ကြီး နာဝါအိစံနှင့် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာမျိုးချစ်ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့လည်း ပါလာလေ သည်။ နာဝါအိစံသည် စစ်ကြီးမစတင်မီကပင် ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ယပ်ထောင်တစ်ချောင်။ ဗုံတစ်လုံးနှင့်အတူ ဓမ္မတေးများကို ရွတ်ဆိုပြီးရွှေတိဂုံဘုရားအစရှိသည့် စေတီပုထိုးများသို့ လှည့်လည်တာ မြန်မာလူမျိုး နှင့် အတူနေလေ့ရှိသောကြောင့် သူ့အား မြန်မာများသည် ဂျပန်ဘုန်းကြီး ဟု အသိများလေသည်။ သန်လျင်မြို့ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ကာ ဟောပြောပွဲ၌ ဆူဇူစံ  ( ဗိုလ်မိုးကြိုး )နှင့် နာဝါစံတို့ ဟောပြောကြသည်။ ဆူဇူကီးက အင်္ဂလိပ်လို ၊ သခင်သိန်းမောင်က မြန်မာလို ပြန်လာ မြန်မာဘုန်းတော်ကြီးများနှင့် မြန်မာလူမျိုးတို့အား ဟောပြောပါသည်။ သခင်ကိုယ်တော်မှိုင်းကလည်း ဟောသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရား ပေါ်တွင် နတ်ရှိုင်းစွာ သက်ဝင်နေသော လူသည် နာဝါအိစံ ပြောသော ဂျပန် နိချိရင်ဂိုဏ်း ဗုဒ္ဓသာသာကို လွန်စွာစိတ်ဝင်စားကာ ဂရုတစိုက် နားထောင်လေသည်။

          သို့ပါသော်လည်း ဆူဇူကီးတို့အဖွဲ့၏ ရည်ရွယ်ချက်မှာ ပါရဂူ မျှော်မှန်းထားသည်နှင့် တခြားစီဖြစ်နေပေသည်။ ဂျပန်စစ်တပ်သည် မြောက်မှတောင်သို့ တစ်စထက်တစ်စ ချီတတ် သိမ်းပိုက်လာနိုင်ခဲ့ကြသော်လည်း  ဒေသခံလူများ၏ ယုံကြည်ချတ်နှလုံးသားကို သိမ်းရုံးနိုင်ရန်မှာ လွန်စွာခက်ခဲလှပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံသူ  နိုင်ငံသားများက ဂျပန်တို့အပေါ် စိတ်တိမ်းညွှတ်လာရန်မှာ လွန်စွာ အရေးကြီးလှသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ ယုံကြည်သော မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ဂျပန်စစ်တပ်ကို ထောက်ခံအားပေးကူညီလာရန် အတွက် ဗုဒ္ဓထားတာကို အသုံးချရန် ရည်ရွယ်ကြခြင်းဖြစ်ပေသည်။

          ဆူဇူကီးသည်ရှေးဦးစွာ ရန်ကုန်မြို့ ၌သာသနာ့အစည်းအရုံးအသင်းကို ထူထောင်ဖွဲ့စည်းပြီး နောက်ပိုင်းတွင် မြန်မာပြည်အနှံ့အပြား၌ အသင်း ခွဲများကို ထူထောင်ရန် စိတ်ကူးခဲ့လေသည်။ ဆူဇူစံသည် အောက်ပါ အတိုင်းပြောခဲ့လေသည်။

          မိတ်ဆွေမြန်မာပြည်သူအပေါင်းတို့သည် ဗုဒ္ဓဘာသာ၌ အထူးပင် နက်ရှိုင်းစွာသက်ဝင်ယုံကြည်သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ ပန် လူမျိုး များသည်လည်း ဗုဒ္ဓသာသာအား ပြင်းပြစွာ ယုံကြည်ကြပါသည်။ ဗုဒ္ဓ ရှင်တော်ဘုရားက သက်ဝင်ယုံကြည်သူများကို စောင့်ရှောတ်တော်မူပါ လိမ့်မည်။ မည်သို့ပင် ဂိုဏ်းဂဏများ တွဲပြားစေကာမူ မြန်မာလူမျိုးနှင့်ဂျပန်လူမျိုးတို့သည် ဗုဒ္ဓဘုရားရှင်အား သတ်ဝင်ယုံကြည်မူ ကွဲပြားခြား နားခြင်း မရှိပေ။

          “ဗုဒ္ဓဘာသာဝင်အချင်းချင်းလက်တွဲကြပါစို့။ ထို့နောက် နှစ်ပေါင်း များစွာမြန်မာတို့အား ဖိနှိပ်ချုပ်ချယ်သော အင်္ဂလိပ်တို့ကို ထိုက်ထုတ်ကြဝါစို့။ အင်္ဂလိပ်လူမျိုးများကို ဤတိုင်းပြည်မှ မောင်းထုတ်ပစ်နိုင်ပါက မိတ်ဆွေတို့  မျော်လင့်လင့်တောင့်တနေသော လွတ်လပ်ရေးသည် မုချမတွေ အကောင် အထည် ပေါ်လာရပေတော့မည်။ ဂျပန်တပ်မတော်သည် မိတ်ဆွေတို့၏ လွတ်လပ်ရေးအတွက် ဂျပန်ပြည်မှ မြန်မာပြည်သို့လာရာတ်ကာ တိုက်ခိုက် နေခြင်း ဖြစ်သည်။ မကြာမီကာလတွင် ဤမြန်မာပြည်၌ စစ်မှန်သော ငြိမ်းချမ်းရေးသည် ရောက်ရှိလာပါတော့မည်"

          နာဂါစံ၏ အင်အားအပြည့်ပါဝင်သော မဟာပြောကြားချက်များကလည်း  မြန်မာရဟန်အမျိုးတို့၏ နှလုံးသားကို လှုပ်ရှားစေခဲ့သည်။ ပါရဂူလည်း ထိုရဟန်းပျိုများနှင့် ကင်းကွာမနေခဲ့။ အများနည်းတူပင် စိတ်လှုပ်ရှားခဲ့ရ လေသည်။

          ဆူဇူကီး၏အကြံမှာပထမဆုံး ဂျပန်န်စစ်ထပ်လက်အောက်သို့ကျရောက်သော နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေကြသည့် ရဟန်းသံဃာများအား ဤသဘောတရားကို ဟောပြောထားပါက ထိုရဟန်း သံယာများမှတစ်ဆင့် ပြည်သူလူထုကို တရားဟောရင်း ဝါဒပြန့်သွား နိုင်တာကြောင့် အချိန်တိုအတွင်း ထပြည်လုံးပျံ့နှံ့ကာ ဂျပန်တပ်မတော် အထွက် ကြီးမားသော အထောက်အပံရရှိရန်ပင် ဖြစ်ပေသည်။

          လက်တွေ့ တွင်မူ ဆူဇူကီး၏ အကြံမှာ မှန်းချက်နှင့်နှမ်းထွတ်မကိုက်ခဲ့ပေ။ မီနာမီတိကန်နှင့်အတူ ပေါက်ဖွားလာသည့် ဗမာလွတ်လပ်ရေး တပ်မတော် (BIA)သည်( ဂျပန်နှင့် ပေါင်းတိုက်ပါ။ ဗမာ့လွတ်လပ်ရေးကြာမီ ရစေရမယ်) ဆိုသောဆူဇူကီး၏  ကတိစကား ကြောင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော်လည်း ဂျပန်တို့၏ ပထမစစ်ကြောင်း ထပ်မတော်အနေ ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်BIA အပေါ် အမြင်မကြည်လင်.....

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)