Skip to product information
1 of 4

Other Websites

ပါရဂူ - ဘုရားကျောင်းတံမျက်လှည်းသမား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ပင့်ကူချည်မျှင်

          တစ်နေ့သ၌ သကျမုနိဗုဒ္ဓသည် နတ်ပြည်နတ်လောကရှိ ကြာရေကန်၏ ကန်ဘောင်ရိုးပေါ်၌ စင်္ကြံလျှောက်နေတော်မူသည်။

          ရေကန်ထဲတွင် ပွင့်နေကြသော ကြာပွင့်အားလုံးသည် ပုလဲ ပမာ ဖြူဖွေးနေကြသည်။ ကြာပွင့်ဗဟိုချက်မရှိ ရွှေရောင်ဝတ်မှုန် ဝတ်ဆံတို့မှ ပြောမပြနိုင်လောက်အောင် မွှေးကြိုင်သောရနံ့သည် ပတ်ဝန်းကျင်တစ်ခွင်ရှိ လေထဲတွင် အပြည့်ဖြစ်နေသည်။

          နတ်ပြည်နတ်လောက၏ နံနက်ခင်းအချိန်ဖြစ်သည်။

          အချိန်အတန်ငယ်ကြာသွားသောအခါ သကျမုနိဗုဒ္ဓသည် ကန်ဘောင်ရိုးပေါ်၌ ရပ်တန့်လျက် ကန်ရေပြင်ကို ဖုံးအုပ်ထားသော ကြာရွက်များ၏ အကြားမှ အောက်ဖက်၌ မြင်တွေ့နေရသော ရှုခင်း ကို ကြည့်တော်မူလိုက်သည်။ ထိုအခါမှန်ပြောင်းဖြင့် ကြည့်လိုက် သကဲ့သို့ ကျောက်သလင်းပမာ ကြည်လင်နေသော ကန်ရေပြင်ကိုထွင်းဖောက်လျက် အဝေး၌ရှိနေသော သွေးကန်နှင့် လှံတောင်ကို တွေ့မြင်တော်မူသည်။

          ထို့နောက် သကျမုနိဗုဒ္ဓသည် ငရဲအောက်ခြေ၌ တခြား ငရဲသားများနှင့် အတူ တွန့်လိမ်ကောက်ကွေးပြီး ငရဲခံနေရသောကဏ္ဍတအမည်ရှိ လူတစ်ယောက်ထံသို့ မျက်စိရောက်သွားသည်။

          ကဏ္ဍတသည် လူသတ်၊ အိမ်မီးရှို့စသော ဒုစရိုက်အလုပ်များ ကို ကျူးလွန်ပြုလုပ်လာခဲ့သော မြေကြီး တစ်ယောက်ဖြစ်သည်။ သို့ရာတွင် သုစရိုက်အလုပ်တစ်ခုကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ဖူး သည်။ တစ်နေ့သောအခါ၌ တောနက်တစ်ခုထဲ ဖြတ်သွားစဉ် လမ်းပေါ်၌ တွားသွားနေသော ပင့်ကူငယ်လေးတစ်ကောင်ကို တွေ့ မြင်သည်။

          ကဏ္ဍတသည် ပင့်ကူကို နင်းချေသတ်ပစ်ရန် ခြေထောက်ကြွ လိုက်သည်။ သို့ရာတွင် “မည်မျှပင် သေးငယ်သော သတ္တဝါ ဖြစ်သော်လည်း ဤပင့်ကူတွင်လည်း အသက်ရှိ၏။ ဤပင့်ကူကို အကြောင်းမဲ့ သတ်ဖြတ်မပစ်သင့်” ဟူသော အတွေးပေါ်လာသည်။

          ယင်းသို့ အတွေးပေါ်လာသည်ဖြစ်၍ ကဏ္ဍတသည် ပင့်ကူ ကို အသက်ချမ်းသာ ပေးလိုက်သည်။ ။

          ငရဲပြည်ကို လှမ်းကြည့်ရှုသော သကျမုနိမြတ်စွာဘုရားသည် ပင့်ကူအား ကဏ္ဍတအသက်ချမ်းသာပေးခဲ့သည်ကို သတိရသွားတော်မူသည်။ ယင်းကုသိုလ်ကောင်းမှုကြောင့် သကျမုနိမြတ်စွာ ဘုရားသည် အကယ်၍ဖြစ်နိုင်ပါလျှင် ကဏ္ဍတအား ငရဲမှထုတ်ဆယ်ကယ်တင်ရန် အကြံဖြစ်တော်မူလာသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့် တော်မူလိုက်သောအခါ ကံအားလျော်စွာ နတ်ပြည်နတ်လောက၏ ပင့်ကူတစ်ကောင် ကျောက်စိမ်းရောင် ကြာရွက်များပေါ် ၌ လှပသော ငွေရောင်ချည်မျှင် ယက်ထုတ်နေသည်ကို တွေ့မြင် တော်မူသွားသည်။

          သကျမုနိဗုဒ္ဓသည် ပင့်ကူချည်မျှင်ကို လက်တော်နှင့် အသာ အယာကိုင်ပြီးလျှင် ပွင့်အာနေကြသော ပုလဲနှင့်တူသည့် ကြာဖြူပွင့် များကြားထဲက အောက်ဖက် အလွန်တရာ ဝေးကွာသောအရပ်၌ တည်ရှိနေသည့် ငရဲ၏ အောက်ခြေသို့ ချတော်မူလိုက်သည်။

          ငရဲပြည်ရှိ သွေးကန်ထဲတွင် ကဏ္ဍတသည် တခြားငရဲခံရသူ များနှင့်အတူတကွ မြှုပ်ချီပေါ်ချီ ဖြစ်နေသည်။

          ပိန်းပိတ်မှောင်နေသည့် ပတ်ဝန်းကျင်တစ်ခွင်လုံး၌ အမိုက် မှောင်ထဲက တစ်ခါတစ်ရံ မှုန်မှုန်မွှားမွှား ပေါ်ထွက်လာသည်ဟု ယင်ရသော အရာများမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ် လှံတောင်မှ မှုန်မှုန်မွှားမွှား မပြတ်မသား မြင်ရသော လှံတံများဖြစ်သောကြောင့် ထိုမြင်ကွင်းမှာ ပြော၍မပြနိုင်လောက်အောင်ပင် စိုးရွံ့ ထိတ်လန့်ဖွယ် မြင်ကွင်းဖြစ်နေသည်။ ပို၍ဆိုးသည်မှာ ထိုနေရာပတ်ဝန်းကျင် တဝိုက်၌ ဘယ်ဆီကြည့်လိုက်ကြည့်လိုက် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေခြင်းဖြစ်သည်။ မကြာခဏထွက်ပေါ်လာသော တစ်ခုတည်းသောအသံမှာမူ ငရဲခံနေရသူများ၏ မသဲမကွဲ ငြီးတွားသံပင်ဖြစ်သည်။

          ယင်းသို့ ငြီးတွားသံ ပေါ်နေသည်မှာ ငရဲကျနေသူများ ငရဲ၏ ညှဉ်းပန်းနှိပ်စက်ခြင်း မှန်သမျှကို ခါးစီး ခံနေကြရသည်ဖြစ်၍ မောဟိုက် နွမ်းနယ်နေကြသောကြောင့်ဖြစ်သည်။ အသံထွက်ငိုကြွေး ရန်အတွက်ပင် အင်အားမရှိကြတော့ပေ။

          ထို့ကြောင့် အကြီးစားပင်ဖြစ်စေကာမူ ကဏ္ဍတသည် လည်း သွေးကန်ထဲတွင် သွေးမွန်းနေသဖြင့် အသက်ပျောက်တော့ မည့် ဖားကဲ့သို့ တွန့်လိမ်ကောက်ကွေးနေသည်။

          သို့ရာတွင် တစ်နေ့သ၌ ကဏ္ဍတသည် ဦးခေါင်းမော့လျက် သွေးကန်အထက်က ကောင်းကင်ပြင်ကို ကြည့်လိုက်သောအခါ မနုဿလူသားတို့၏ မျက်စိအကြည့်ဒဏ်ကို ထိတ်လန့်ကြောက်ရွံ့ နေသည့်ပမာ တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုအတွင်း၌ လက်တစ်ခါ မှိန်တစ်ချီနှင့် ဝေးကွာသီခေါင်သော အထက်နတ်ပြည် မှ သူ့ထံသို့ ဦးတည်ကျလာသော ပင့်ကူချည်မျှင် တစ်မျှင်ကို တွေ့မြင်သွားသည်။

          ပင့်ကူချည်မျှင်ကို တွေ့မြင်ရသည့်အခါ ကဏ္ဍတသည် သာလွန်းလှသဖြင့် အမှုမဲ့အမှတ်မဲ့ လက်ပန်းပေါင်းခပ်လိုက်သည်။ အကယ်၍ ကဏ္ဍတသည် ယင်းချည်မျှင်ကိုဆွဲပြီး တဖြည်းဖြည်း တက်သွားလျှင် အမှန်တကယ်ပင် ငရဲမှ လွတ်မြောက်သွားနိုင်ဖွယ် ရှိသည်။

          ထိုမျှသာမက အဆင်ပြေသွားပါမူကား ကဏ္ဍတသည် နတ် ပြည်နတ်လောကသို့ပင် ဝင်ရောက်သွားနိုင်ကောင်း သွားနိုင်ပေလိမ့်မည်။ ထို့နောက်တွင်ကား သူ့အနေဖြင့် နောက်ထပ်တဖန် လှံတောင် ပေါ်သို့လည်းကောင်း၊ သွေးကန်အတွင်းသို့လည်းကောင်း ပြန်ကျ စရာအကြောင်း မရှိတော့ပေ။

          ယင်းသို့ဆုံးဖြတ်ပြီးလျှင် ကဏ္ဍတသည် အချိန်ဆိုင်းမနေ တော့ဘဲ ချည်မျှင်ကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင် , လျက် တက်သွားသည်။

          ဓမြအကြီးစားဖြစ်၍ ကဏ္ဍတသည် ယင်းကဲ့သို့ ကြိုးဆွဲ၍ ပေါ်တက်သည့် အလေ့အထ ကောင်းကောင်းရနေသူဖြစ်သည်။

          သို့ရာတွင် ငရဲနှင့်နတ်ပြည်မှာ တစ်နေရာနှင့် တစ်နေရာ မိုင်ပေါင်းသိန်းသန်းမက ဝေးကွာသည်ဖြစ်၍ မည်မျှပင်အလော သုံးဆယ် ဖြစ်နေသော်လည်း ကဏ္ဍတအနေနှင့် နတ်ပြည်ရောက်အောင် လွယ်လင့်တကူ ရှောကနဲတက်သွားရန်မှာမူ မဖြစ်နိုင်ပေ။ အချိန်အတန်ကြာမျှ တက်သွားပြီးသောအခါ ကဏ္ဍတသည် မောဟိုက်လာပြီးလျှင် နောက်ထပ်တစ်ချီတစ်မောင်း ဆွဲတက်သွား နိုင်သည့် အခြေအနေပင် မရှိတော့ပေ။

          နောက်ထပ်ဆက်၍ ဘာလုပ်ရမှန်း မသိသောကြောင့် ကဏ္ဍတသည် တစ်အောင့်လောက် နားဦးမည်ဟု ဆုံးဖြတ်ပြီးလျှင် ချည်မျှင်တွင် တွဲလွဲခိုလျက် အောက်ဘက်ငုံ့ကြည့်လိုက်သည်။

          ရှိသမျှ အားကို ဖြစ်ညှစ်ထုတ်လျက် ကြိုးစားပမ်းစား တက်လာဖြစ်၍ တစ်ခဏအလွန်က သူမြုပ်ချီပေါ်ချီဖြစ်နေခဲ့ရသော သွေးကန်သည် အောက်ဖက်က အမှောင်ထုထဲတွင် ငုပ်လျှိုးကျန်ရစ်ခဲ့သည်။ ထို့ပြင် မလက်တလက်ဖြစ်နေသော ကျောချမ်းစရာ ထို လှံတောင်သည်လည်း သူ၏ အောက်ဖက်တွင် ရောက်နေသည်။ အကယ်၍ သူသည် ယခုနှုန်းအတိုင်း ဆက်တက်သွားပါက မိမိ မျှော်လင့်ထားသည်ထက်ပင် လွယ်ကူစွာ ငရဲက လွတ်မြောက် ကောင်း လွတ်မြောက်သွားနိုင်ပေလိမ့်မည်။

          လက်နှစ်ဖက်ကို ချည်မျှင်ဖြင့် ရစ်ပတ်ထားပြီးလျှင် ကဏ္ဍတ သည် “ယောက်ျားဘသား၊ ယောက်ျားဘသား” ဟု အော်လျက် ငရဲကျလာသည့် အချိန်မှစ၍ နှစ်ပေါင်းများစွာအတွင်း တစ်ခါဖူးမျှ မဟစ်အော်ဖူးသောအသံဖြင့် ဟစ်အော်ရယ်လိုက်သည်။

          သို့ရာတွင် အောက်ဖက်တွင်ရှိသော ပင့်ကူချည်မျှင် တစ်ဖက် စွန်း၌ မရေမတွက်နိုင်သော ငရဲခံနေရသူများသည် ပရွက်ဆိတ်တန်း ကြီးပမာ အုပ်မနိုင် ထိန်းမရ သူ့နောက် အတင်းတကီလိုက်လာ ကြသည်ကို မြင်သွားသည်။

          ယင်းမြင်ကွင်းကို တွေ့မြင်ရသောအခါ ကဏ္ဍတသည် အလွန်တရာ အံ့သြထိတ်လန့်သွားပြီးလျှင် ပါးစပ်အဟောင်း လား နှင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားသည်။

          ဤသေးမျှင်သော ချည်မျှင်သည် သူတစ်ယောက်တည်း သော ဝန်ဖြင့်ပင် ပြတ်ထွက်သွားနိုင်သည်။ ယခု လူအားလုံး၏ အလေးချိန်ကိုမူ အဘယ်မှာထိန်းထားနိုင်မည်နည်း။

          အကယ်၍ ဤချည်မျှင်သည် လမ်းခုလတ်တွင် ရှောင်တခင် ပြတ်သွားပါက အပင်ပန်း အဆင်းရဲခံပြီး မြင့်မားသောဤနေရာသို့အထိရောက်အောင် တက်လာသော မိမိသည်ပင် ငရဲသို့ ဒလိမ့် ခေါက်ခွေး ပြန်ကျသွားပေလိမ့်မည်။ ယင်းသို့ဖြစ်လျှင် ဒုက္ခကြီးစွာ ရောက်ရလိမ့်မည်။ ။

          ထိုအချိန်အတောအတွင်း ရာပေါင်းများစွာ၊ ထောင်ပေါင်း များစွာသော ငရဲခံနေရသူများသည် နက်ချိပ်နေသော သွေးကန်၏

          အောက်ခြေမှ တလိမ့်လိမ့် တလွန့်လွန့်ထွက်လာကြပြီးလျှင် မလက် တလက် အရောင်ထွက်နေသော ချည်မျှင်သေးသေးကလေးကို ဆုပ် ကိုင်ပြီး တသီတတန်းကြီး ကုပ်ကပ်တွယ်တက်လာကြသည်။ အကယ်၍ မိမိကသာ အချိန်မီ မဟန့်တားလျှင် ချည်မျှင်သည် အလယ်ကနှစ်ပိုင်းပြတ်ပြီး မိမိနှင့်အတူတက ငရဲကောင်တွေအားလုံး ဒလိမ့်ခေါက်ခွေး ကျသွားကြမည်မှာ အမှန်ဖြစ်သည်။

          ထို့ကြောင့် ကဏ္ဍတသည် “ဟေ့ ငရဲကောင်တွေ၊ ဒီပင့်ကူ ချည်မျှင်က ငါ့ပစ္စည်းကွ။ မင်းတို့ ဘယ်သူ့ခွင့်ပြုချက်နှင့် တက်လိုက် လာကြတာလဲ၊ ဆင်းကြ၊ အကုန်ဆင်းကြ” ဟု အော်ပြောလိုက်လေ သည်။

          ကဏ္ဍတ ဘာလုပ်နိုင်တော့မည်နည်း။ အော်ဟစ်ချိန်ပင် မရ လိုက်တော့ဘဲ လေထဲပျံဝဲကျလာပြီးလျှင် ဂျင်တစ်လုံးကဲ့သို့ လည်ပြီး အမိုက်မှောင်တွင်းသို့ ဇောက်ထိုးကျသွားသည်။

          ထို့နောက်တွင်ကား နတ်ပြည်နတ်လောက၏ သေးမျှင်ပြီး မလက်တလက် အရောင်ထွက်နေသည့် တစ်ခုတည်းသော ပင့်ကူ ချည်မျှင်သည်သာလျှင် လလည်းမရှိ၊ ကြယ်လည်းမရှိသောကောင်းကင်အလယ်၌ လွင့်နေလေသည်။

          နတ်ပြည် နတ်လောကရှိ ကြာကန်၏ကန်ဘောင်ရိုးပေါ်၌ ရပ်နေတော်မူသော ဗုဒ္ဓသည် ယင်းအဖြစ်အပျက်ကို အတုန်မလှုပ် ရှုစားနေတော်မူသည်။ ရေထဲပစ်ချလိုက်သော ကျောက်တုံးတစ်တုံး ကဲ့သို့ သွေးကန်ထဲတွင် ကဏ္ဍတစုပ်ကန် မြုပ်သွားသည်ကို မြင်တွေ့ ရသောအခါ ဗုဒ္ဓသည် ဝမ်းနည်းကြေကွဲစွာဖြင့် တဖန်စင်္ကြံကြွ နေတော်မူလေသည်။

          မိမိတစ်ကိုယ်တည်းသာလျှင် ငရဲမှလွတ်မြောက်လိုသည့် ကဏ္ဍတ၏ အကြင်နာမဖက်သော၊ တကိုယ်ကောင်းဆန်သော နှလုံးသား၊ ယင်းစိတ်ထား သဘောထားအားလျော်စွာ အပြစ်ဒဏ်ခံရပြီး ငရဲတဖန် ပြန်ကျသွားရခြင်း၊ ယင်း အဖြစ်အပျက်များမှာ ဗုဒ္ဓ၏ အမြင်၌ ကရုဏာသက်စရာ ဖြစ်နေသည်။

          သို့ရာတွင် နတ်ပြည်နတ်လောက၏ ကြာကန်အတွင်း၌ ပွင့်နေကြသော ကြာပန်းကြာပွင့်များမှာမူ ယင်းအကြောင်းအရာများ နှင့်ပတ်သက်၍ စိုးစဉ်းမျှပင် ဂရုမပြုကြပေ။ "

          ပုလဲနှင့်တူသော ကြာဖြူပွင့်တို့သည် ဗုဒ္ဓ၏ခြေတော်ရင်း၌ ဖူးတံများကို ဝှေ့ရမ်းနေကြသည်။ ယင်းကဲ့သို့ ဝှေ့ရမ်းနေစဉ် ဗဟို ချက်မ၌ရှိသော ရွှေရောင်ဝတ်မှုန်ဝတ်ဆံတို့မှ ထူးထူးခြားခြား ကြိုင် သင်းနေသည့် ပန်းရနံ့သည် ပတ်ဝန်းကျင်တခွင်၌ ပျံ့နှံ့သွားလေ သည်။

ဘုရားကျောင်း၊ တံမြက်လှည်းသမား

          အလွန်တရာမြင့်မားပြီး အလွန်တရာ တိတ်ဆိတ်ငြိမ်သက် " လျက်ရှိသော ဟိမဝန္တာတောင်ထိပ်ရှိ မတ်စောက်လှသည့် ကျောက်တောင်မျက်နှာပြင်၌ မိုးစွန်တဖျား ခိုင်ခန့်စွာတည်ရှိနေသော ဘုရား ကျောင်းတော်သည် တည်ငြိမ် ဣန္ဒြေရစွာ ဘာဝနာပွားများနေသကဲ့ သို့ ထင်နေရသည်။ ကျောင်းတော်အတွင်း၌မူ ဝေနေယျသတ္တဝါ များ၏ ခုနစ်ကပ်၊ ခုနစ်ကမ္ဘာအတွက် လမ်းညွှန်လမ်းပြအဖြစ် ဤ ကမ္ဘာလောကသို့ ကြွရောက်လာတော်မူပြီးပြီဖြစ်သော ကြွရောက် လာလတ္တံ့သော ရွှေရောင်ဝင်းပြီး ထူးထူးခြားခြား သပ္ပါယ်တော်မူလှ သည့် ခုနစ်ဆူသော ဗုဒ္ဓတို့သည် ကြည်ညိုဖွယ်ရာ စောင့်ကြည့်နေ သကဲ့သို့ ထင်နေရသည်။

          ရာစုနှစ်များစွာကစ၍ တရုတ်ပြည်မှလည်းကောင်း၊ တိဗက် ပြည်မှလည်းကောင်း၊ ခရီးအလှမ်းဝေးသော ဣန္ဒိယပြည် အစွန်အဖျားမှလည်းကောင်း၊ မရေတွက်နိုင်သော ဘုရားဖူးများသည် အတွင်းအဇ္ဈတ္တ ငြိမ်းချမ်းမှုကို ရှာမှီးရန်အတွက်လည်းကောင်း၊ တရားဘာဝနာ ပွားများခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်းအားဖြင့် မဟာပုရိသ ယောက်ျားမြတ်နှင့် ကိုယ်တိုင်ဆက်သွယ်မှု ပြုရန် အတွက်လည်းကောင်း ထိုနေရာသို့ လာရောက်ကြသည်။ "

          ဘုရားဖူးများသည် ခုနစ်ဆူသော ဗုဒ္ဓတို့အား ပုဂ္ဂိုလ်အရ ရှိခိုးပူဇော်ခြင်း မပြုကြပေ။ ခုနစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို လည်း ပုဂ္ဂိုလ်အရ ရှိခိုးပူဇော်ခြင်း မပြုကြပေ။ ဘုရားဖူးများသည် ခုနစ်ဆူသောဗုဒ္ဓတို့အား ကျေးဇူးဥပကာရ အပြည့်အဝတင်ရှိကြောင်း ပြကြသည်။ အကြောင်းမူကား ယင်းမဟာပုရိသ ယောက်ျားမြတ် တို့၏ ဘဝအလှနှင့် မဟာကရုဏာတော်ကို သိထားကြသည့် အတွက်ကြောင့်ဖြစ်သည်။ ဘုရားဖူးများသည် ခုနစ်ဆူသော ဗုဒ္ဓ ရုပ်ပွားတော်များအား ဂရုဂါရဝပြုကြသည်။ အကြောင်းမူကား ရိုးသားအပြစ်ကင်းစင်မှုဖြင့်လည်းကောင်း၊ သဒ္ဓါကြည်ညိုမှုဖြင့် လည်းကောင်း၊ ထုလုပ်ပုံသွင်းထားသော ရုပ်တုတော်မှန်သမျှသည် စိတ်နှလုံးတည်ငြိမ်မှု ရရှိရေးနည်းလမ်းအဖြစ် ဆောင်ရွက်နိုင်သည် ဟူ၍လည်းကောင်း၊ ကြီးမားသော ဆွဲငင်အားအပြည့် ရှိနေသည်ဖြစ် ၍ မျက်စိဖြင့် မမြင်မတွေ့ရသော အထက်ဘုံမှလာကြသည့် အ မနုဿ အင်အားစုအတွက် လမ်းဖွင့်ပေးနိုင်သည် ဟူ၍လည်း ကောင်း သိထားကြသည့်အတွက်ကြောင့် ဖြစ်သည်။

          သို့ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကစ၍ ဘုရားကျောင်းတော်တွင် စိတ်မချမ်းမြေ့စရာ လွှမ်းမိုးလာခဲ့သည်။ ရိုးရိုး ကလေးနှင့် လှနေလင့်ကစား၊ ကြယ်တာရာများမှ ညစဉ်ထာဝရ " အကူအညီအထောက်အပံ့ ရရှိနေလင့်ကစား၊ ခုနစ်ဆူသော ဗုဒ္ဓ ရုပ်ပွားတော်များမှ ထွက်ပေါ်နေသည့် သြဇာအရှိန်အဝါများ ရှိလင့် က်စား၊ သန်းပေါင်းများစွာသော လူတို့၏ ဆုတောင်းမေတ္တာပို့ခြင်း၊ တရားဘာဝနာ ပွားများခြင်း လှိုင်းရိုက်ခတ်လျက်ရှိသော ပတ်ဝန်း ကျင်ရှိလင့်ကစား၊ ဘုရားကျောင်းတော်သည် ဘုရားဖူးများအား ယခင်ငြိမ်းချမ်းမှုကို မပေးနိုင်တော့ပေ။

          လာမာကျောင်းတိုက်ရှိ လာမာများသည် အကြီးအကျယ် စိတ်မကောင်းခြင်း ဖြစ်နေကြသည်။ သူတို့၏ ဘုရားကျောင်းတော် အတွင်း ဝံ့ဝံ့စားစား ဝင်ရောက်ပူးကပ်လာသော သြဇာအရှိန်အဝါဆိုး ကို ဖမ်းဆုပ်ရန်အတွက် ရှိသမျှစွမ်းအားသုံးပြီး ဘာသာရေး ဓလေ့ ထုံးစံများကို ပြုကြသည်မှာ အချည်းနှီး အလဟဿသာလျှင် ဖြစ်နေ သည်။ အရုဏ်တက်ချိန်မှစ၍ နေဝင်မိုးချုပ်အထိ ဂါထာမန္တရား ရွတ်ဖတ်သရဇ္ဈာယ်သံများ ပဲ့တင်သံနေသော်လည်း မည်သို့မှ ခရီး မရောက်ဖြစ်နေသည်။ လာမာကျောင်းထိုင် ဘုန်းတော်ကြီးသည် တန်ခိုးထက်မြက်သော ရပ်ဝေးမှ လာမာဘုန်းတော်ကြီးများထံ လှမ်း၍အကူအညီတောင်းသည်။ သို့သော်လည်း တန်ခိုးရှင် ထို လာမာများလည်း ထိုဘုရားကျောင်းပေါ်တွင် ထိုးနေသည့် ညအရိပ် ကို ဖယ်ရှားဖျောက်ဖျက်ပစ်ရန် မစွမ်းဆောင်နိုင်ကြပေ။

          နောက်ဆုံးတွင် စိတ်ပျက်အားလျှော့သွားကြပြီးလျှင် လာမာတို့သည် အထွတ်အမြတ်နေရာကို ဖျက်ဆီးပစ်ခြင်း၏ တာဝန် - ကြီးလေးမှုကို သိရှိကြသောကြောင့် ဘုရားကျောင်းကို မြို့လျက်တခြားဘုရားကျောင်း တစ်ဆောင်ဆောက်လုပ်ရန် ဆုံးဖြတ်လိုက်ကြ | သည်။ ယင်းသို့ ဘုရားကျောင်း အသစ်ဆောက်လုပ်ရန်အတွက်မှာ မူ သူတို့ကိုယ်တိုင် ကျောက်တုံးကျောက်ပြား အသစ်များကို ထုခွဲပြီး ယူဆောင်လာဖို့ ရန်လိုသည်။ အသစ်ဆောက်လုပ်မည့် ဘုရားကျောင်းကို သာသနာတော်ထမ်း ရဟန်း၏အဝတ်ဖြစ်သော သင်္ကန်း ကို မဝတ်ရုံ သူတို့၏လက်နှင့် မည်သည့်အခါမှ မထိရ ဟူ၍လည်း ဆုံးဖြတ်ကြသည်။

          ယင်းတစ်ဖက်စွန်းရောက် နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်မီ ကဆုန်လပြည့်နေ့တွင် ဘုရားကျောင်း စင်ကြယ်သန့်စင်ရေးအတွက် နောက်ဆုံးပိတ် ဘာသာရေးထုံးတမ်း စဉ်လာတစ်ခုပြုလုပ်ကြရန်လည်း ဆုံးဖြတ်ကြသည်။ ယင်း နေ့ထူး နေ့မြတ်ဖြစ်သော ကဆုန်လပြည့်နေ့သ၌ ဤကမ္ဘာလောကသို့ ကြွ ရောက်လာမည့် ကြီးကျယ်မြင့်မြတ်သော စွမ်းအားသည် သူတို့ကို အကူအညီပေးကောင်း ပေးလိမ့်မည်ဟု လာမာများက မျှော်လင့်ကြ သည်။ ယင်း စွမ်းအားသည် အမှန်တကယ်ပင် ဘုရားကျောင်းတွင် အတွင်းအဇ္ဈတ္တ ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ပေးနိုင် ပေလိမ့်မည်။

          လာမာကျောင်းအတွက် တောက်တိုမယ်ရ ဝေယျာဝစ္စ လုပ် | ကိုင်ဆောင်ရွက် ပေးကြသူများထဲတွင် တောင်ပေါ်သား အဘိုးကြီးတစ်ယောက်ရှိသည်။ ထို အဘိုးကြီးသည် တစ်သက်လုံး ဘာမှ မပြောပလောက်သော်လည်း ပင်ပင်ပန်းပန်း လုပ်ရသည့် အလုပ် တစ်ခုကို လာမာများအတွက် လုပ်ပေးလာခဲ့သည်။ အဘိုးကြီး၏ အလုပ်မှာ ထင်းခုတ်ပြီး ထင်းစည်းကြီးကို ကျောပေါ်ပိုးလျက် မတ် စောက်သော ကျောက်တောင်ကမ္ဘားယံလမ်းမှ လာမာကျောင်းအထိ သယ်ယူလာသည့် အလုပ်ဖြစ်သည်။ ယင်း အလုပ်ကို အဘိုးကြီး သည် ခိုက်ခိုက်တုန်ချမ်းအေးသည့် ဟိမဝန္တာ ဆောင်းရာသီ၌ပင် ဖြစ်လင့်ကစား မပျက်မကွက် လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်မှာ ဇရာထောင်းလာသည်ဖြစ်၍ ဒူးကလည်းမခိုင်၊ အဆုပ်နှင့် နှလုံး ကလည်း ချွတ်ယွင်းလာပြီဖြစ်သည့် ယခုအချိန်အထိပင် ဖြစ်သည်။

          တစ်နေ့သ၌ အဘိုးကြီးသည် နောက်ဆုံးအင်အားကို ညှစ် ထုတ်ပြီးလျှင် မတ်စောက်သော ကျောက်တောင်ကမ္ဘာမှ ဒယိမ်း ဒယိုင်နှင့် ထင်းစည်းကြီးကို သယ်လာစဉ် လာမာကျောင်းထိုင် ဘုန်းတော်ကြီးသည် အဘိုးကြီးချိနဲ့နေပုံကို တွေ့ရ၍ အဘိုးကြီးထံ အလျင်အမြန်သွားပြီးလျှင် အဘိုးကြီး၏ ကျောပေါ်က ဆူးတွေ ထိုးထိုးထောင်ထောင် ထွက်နေသော ထင်းစည်းကို သူ၏ ကျောပေါ် ပြောင်းယူလျက် မတ်စောက်သော ကျောက်တောင်ကမ္ဘာယ်လမ်းမှ လာမာကျောင်းတော်ရှိရာသို့ သယ်ယူလာခဲ့သည်။

          တောင်ထိပ်ရောက်လာသောအခါ တောင်ပေါ်သား အဘိုး ကြီးသည် လာမာကျောင်းထိုင်ဘုန်းတော်ကြီး၏ ခြေရင်း၌ဝပ်စင်း လိုက်ပြီးလျှင် တပည့်တော်သည် ဘဝများစွာ၏ အကြား၌ရှိသော

" မဟာဘ၀ " သို့ ထင်းစည်းကို ကျောပေါ်သယ်ဆောင်သွားလိုသည် ဖြစ်၍ ရိုးမြေကျသည်အထိ မိမိအလုပ်ကို ဆက်လက်လုပ်ဆောင်ခွင့် ၊ ပြုပါရန် ပန်ကြားလျှောက်ထားလိုက်လေသည်။

          လာမာ ကျောင်းထိုင်ဘုန်းတော်ကြီးက ပြောသည်။ “သင်ဆန္ဒရှိသလို ပြုလုပ်ခွင့်မပေးနိုင်ဘူး တကာကြီး။ လူတစ်ဦး တစ်ယောက်အနေနှင့် တစ်စုံတစ်ခုသော အလုပ်ကို နောက်ထပ်ပြု လုပ်နိုင်သည့်အခြေအနေ မရှိတော့သည့်အခါ၌ ထိုသူ့အတွက် ပြု လုပ်ဖို့ရန် အခြားအလုပ်တစ်ခုခု ရှိလာတတ်သည်။ ယနေ့မှ အစပြု ပြီး သင်သည် ဘုရားကျောင်းတွင် စံပယ်နေတော်မူသည့် ဗုဒ္ဓမြတ်စွာ ဘုရားအတွက် ပြုလုပ်ဆောင်ရွက်စရာများကို ပြုလုပ်ဆောင်ရွက်ပါ တကာကြီး"

          ထိုနေမှအစပြု၍ ထင်းသယ်သော တောင်ပေါ်သားအဘိုးကြီး သည် ဘုရားကျောင်း တံမြက်လှည်းသမား ဖြစ်လာသည်။ သူ၏ စေတနာသဒ္ဓါတရားကလည်း လေးနက်သည်ထက် လေးနက်လာ သည်။

          နှစ်ပေါင်းများစွာ ကျော်လွန်လာခဲ့သည်။ ဘုရားကျောင်း တံမြက်လှည်းသမားသည်လည်း အိုမင်းသည်ထက် အိုမင်းလာပြီး လျှင် အရွယ်လည်း ကျသည်ထက် ကျလာသည်။ ယခုအခါတွင် တံမြက်စည်းသည် သူ့အတွက် ယခင်ငယ်ရွယ်စဉ်က ကျောပေါ်ပိုး ခဲ့သည့် ထင်းစည်းကြီးလောက်ပင် လေးသည်ဟုထင်လာသည်။ လာမာ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းအကြား သွားရသောခြေလှမ်း ရာဂဏန်းမျှလောက်သာရှိသည့် အကွာအဝေးသည်လည်း မိုင်ချီရှိနေသည့် ခရီးအကွာအဝေးဟု ထင်လာသည်။ ' ရွှေချထားသော ဂေါတမရုပ်ပွားတော် စံပယ်နေတော်မူရာ ဖြစ်သော အနုပညာလက်ရာများဖြင့် ပြုလုပ်ထားသည့် ကျွန်းသား ပလ္လင်၏နောက်ဖက်၌ ကျောက်ပြားနှင့် နံရံကြား ဟနေသောအက်ကြောင်းတစ်ခုကို ဘုရားကျောင်း တံမြက်လှည်းသမားကြီး တွေ့မြင် သွားသည်။ ယင်း အပေါက်တဆုံးသို့ အထိ သူ၏ တံမြက်စည်းကို ထိုး၍မရပေ။ ဘုရားကျောင်း တံမြက်လှည်းသမားသည် ခါးကို တအားကုန်ဆန့်ပြီးလျှင်၊ ချိနဲ့နေသော ကိုယ်လက်ခန္ဓာကို ခါရမ်းပြီး လျှင်၊ တုန်တုန်ချိချိဖြစ်နေသော လက်မောင်းကို ထိုးသွင်းပြီးလျှင်၊ ဟနေသော ကျောက်ပြားကြားထဲတွင် ကပ်သီးကပ်သတ်ဝင်နေသော အမှိုက်ကို ထုတ်ယူပစ်ဖို့ ကြိုးစားသည်။ သို့သော်လည်း မည်သို့ပင် ကြိုးစားကြိုးစား သူ၏လက်တံသည် အမှိုက်ရှိရာသို့ ရောက်မသွား ပေ။

          အမှိုက်ထုတ်ယူ၍ မရသဖြင့် ဘုရားကျောင်းတံမြက်လှည်း သမားသည် ဗျာများနေသည်။ အကြိမ်များစွာပင် ဘုရားကျောင်း တွင် မြူမှုန်တစ်မှုန်မျှ ကျန်မနေအောင် သန့်ရှင်းရေးလုပ်ပြီးသည့် အခါတိုင်း ပလ္လင်တက်နောက်က ကျောက်ပြားအက်ထဲတွင် ရောက် နေသည့် အမှိုက်ဆီအာရုံရောက်သည့်အခါ ဘုရားကျောင်းတံမြက် စည်းလှည်းသမားကြီးသည် စိတ်မချမ်းမသာဖြစ်ရသည်။ အိုမင်း ရွတ်ပြီး အရေတွန့်နေသည့် သူ၏လက်သည် ဘုရားကျောင်းမှမသန့်ရှင်း မစင်ကြယ်သည့် အပြင်အပ ဗဟိဒ္ဓမြူမှုန် အမှိုက်သရိုက် တစ်မှုန်တစ်စမျှ မကျန်အောင် သန့်စင်အောင်လုပ်ရသည့် ဂုဏ်ထူး ဝိသေသပေးအပ်ထားခြင်း ခံရသောလက်ဖြစ်သည်။ သို့သော်လည်း ယင်း ကျောက်ပြားအက်ထဲ၌ မြူမှုန်အမှိုက်သရိုက် ကျန်ရှိနေသည်။ ဘုရားကျောင်း တံမြက်လှည်းသမားကြီးသည် ထပ်ခါတလဲလဲ ကြိုး စားအားထုတ်ရှာသည်။ သို့ရာတွင် သူ၏ ချိနဲ့ အားပျော့နေသော ကိုယ်ခန္ဓာသည် သူ၏ စိတ်ဆန္ဒကို မလိုက်လျောတော့ပေ။

          တခြားနည်းလမ်း မရှိတော့သဖြင့် ဘုရားကျောင်းတံမြက် လှည်းသမားကြီးသည် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ရှေ့တော်မှောက်၌ ဝပ်တွားပြီးလျှင် ကြီးကျယ်ခမ်းနားသော ဆုတောင်းမေတ္တာပို့နည်း များကို မသိနားမလည်သည်ဖြစ်၍ ရိုးရိုးစင်းစင်းပင် “အကျွန်ုပ်၏ ဘုရားကျောင်း သန့်ရှင်းရေးအလုပ် အောင်မြင်ထမြောက်အောင် စောင်မကြည့် ရှုတော်မူပါ” ဟု စင်ကြယ်သော နှလုံးသားဖြင့်လျှောက်ထားတောင်းပန်လိုက်သည်။ ဆရာအရှင်မြတ်များသည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထံ ထိုပုဂ္ဂိုလ် သူလုပ်ကိုင်ဆောင်ရွက် နိုင်စွမ်းရှိနေသည့် အချိန်ကာလအထိ မည်သည့်အခါမျှ ချဉ်းကပ် ရောက်ရှိ မလာကြပေ။ သို့ရာတွင် ထိုပုဂ္ဂိုလ်၏ နောက်ဆုံးကြိုးပမ်း ချက် အောင်မြင်ထမြောက်မှု မရှိသည့်အခါ၌မူ ဆရာအရှင်မြတ်များ သည် အဝေးမှ ကြည့်မနေကြပေ။

          တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘုရားကျောင်း တံမြက်စည်းလှည်းသမားကြီးလည်း ဝပ်တွားနေတုန်းပင်ရှိသည်။

          ထို့နောက် တောင်အောက်ဖက်ရှိ တောင်ဝှမ်းတစ်လျှောက်မှ လည်းကောင်း၊ အရပ်လေးမျက်နှာရှိ တောင်ထွတ်တောင်ထိပ်များမှ လည်းကောင်း၊ တိုးညှင်းသော ညည်းသံတစ်သံ ပေါ်လာသည်။ ယင်း ညည်းသံသည် တစ်ဖြည်းဖြည်း ကျယ်လာပြီးလျှင် အနီးသို့ကပ်လာ လျက် အရှိန်အဟုန်မြင့်လာသည်။ ထို့နောက် သက်ပြင်းရှုရှိုက်လိုက် သကဲ့သို့ဖြစ်လာသည်။

          ယင်းအသံကို ကြားနေရသော တောင်ပေါ်သားအဘိုးကြီး သည် ယင်းအသံသည် ဟိမဝန္တာ တောင်ကြားပေါ်သို့ အရှိန်အဟုန် ပြင်းစွာ မြင့်တက်လာသော တောင်လေနီကြမ်း ဖြစ်သည်ဆိုသည်ကို ချက်ခြင်းသိရှိသွားသည်။

          လေမုန်တိုင်းသည် အနီးသို့ ရောက်လာပြီ။ တောင်ပေါ်ရှိ ပတ်ဝန်းကျင်တစ်ခွင်၌ နှစ်ဖက်နှစ်ထောင့်မှ နှစ်မြွှာခွဲပြီးလျှင် တရှိန် ထိုးဝှေ့ရမ်းတိုက်ခတ်လာသည်။ သို့ရာတွင် လေ၏ အရှိန်အဟုန် သည် ဖွင့်ထားသော ဘုရားကျောင်းတံခါးမှလည်းကောင်း၊ ပြတင်းပေါက်များမှလည်းကောင်း၊ ဘုရားကျောင်းအတွင်းသို့ စိုးစဉ်းမျှပင်ဝင်ရောက်မလာပေ။

          ဘုရားကျောင်း တံမြက်လှည်းသမားကြီးသည် စောင့်ဆိုင်း နေသည်။ လေနီကြမ်းကမူ ဒေါသပုန်ထနေသည်။ မခွဲမဖြတ်သောကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားသော ဘုရားကျောင်းနံရံ သည် လေအရှိန်အဟုန်ပြင်းသဖြင့် တုန်ခါသွားသလို ထင်ရသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)