Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ပါရဂူ - စိတ္တရလေခါ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

                                              အခန်း တစ်

သေရည် လျှံနေသည့် သေရည်ခွက်ကို စိတ္တရလေခါ၏ ပါးစပ်တွင် တွေ လျက် ဗီဇဂုတ္တက မေးလိုက်သည်။ “စိတ္တရလေခါ ... ဘဝရဲ့ သုခ ဆိုတာ ဘာလဲ သိလား”

စိတ္တရလေခါ၏ မပွင့်တပွင့်မျက်လုံး၌ မူးယစ်ခြင်း ပေါ်နေသည်။ သူ၏ အရုဏ်သွေး ပါးပြင်၌ ရွှင်လန်းတက်ကြွခြင်း စိုးမိုးနေသည်။ ပျိုရွယ်မှု၏ ဖွံ့ထွားစည်ပင်ခြင်း၌ အလှသည် မြူးထူးနေသည်။ ပွေ့ဖက် ခြင်း ကျော့ကွင်းထဲ၌ အာသာရမ္မက်သည် ရယ်သွမ်း သွေးနေသည်။ စိတ္တရလေခါသည် သေရည်ကို တစ်ကျိုက် သောက်ချလိုက်၏။ ထို့နောက် ပြုံးလိုက်သည်။ ခဏကြာမျှ သူ၏နှုတ်ခမ်းသည် ဗီဇဂုတ္တ၏ နှုတ်ခမ်း နှင့် အသံ မထွက်သော ဘာသာစကားဖြင့် တစ်စုံတစ်ခု ပြောကြားနေ သည်။ ပြီးမှ ဖြည်းညင်းစွာ အဖြေပေးလိုက်သည်။ “မူးယစ်ခြင်း”။

ထိုအချိန်၌ ညဉ့်မှာ တစ်ဝက် ကျိုးလုမတတ် ရှိနေပြီ။ ဗီဇဂုတ္တ ၏ စံအိမ်သည် အတောင် မကသော ဆီမီးတို့၏ အရောင်ဖြင့် ဝင်းလက် တောက်ပနေသည်း၊ တံခါးဝ၌ ညဉ့်တေးသံအလိုက် စောင်း က လိုက်ည္ နေ၏။ အဆောင်တော် တစ်ခုထဲ၌မူ မြို့တော်၏ အလှဆုံး ကချေသည်//

နှင့် အတူတကွ မြို့စားကလေး ဗီဇဂုတ္တသည် ပျိုရွယ်မှု၏ ပီတိ ရေလျဉ်

ကြော၌ နစ်မြုပ်နေသည်။ အပြင်ဘက်၌မူ တစ်ခဲနက် အမိုက်တိုက် ထဲ၌ ကမ္ဘာလောကကြီး တစ်ခုလုံးက နစ်မြုပ်နေသည်။

ဗီဇဂုတ္တက ရယ်လိုက်သည်။ “ပျိုရွယ်မှုရဲ့ နိဂုံးဟာ ဘာများ ဖြစ်လိမ့်မလဲဆိုတာ စဉ်းစားနေတယ် စိတ္တရလေခါ”

စိတ္တရလေခါကလည်း ပြုံးလိုက်သည်။ သို့ရာတွင် သူ၏ အပြုံး သည် တဒင်္ဂ တစ်ခဏမျှသာ ခံ၏။ ချိုသာခြင်း၊ တက်ကြွရွှင်လန်းခြင်း အပြည့်ရှိသော ထိုအပြုံးသည် ဝေဒနာ ရောနှောသော တည်ကြည်ခြင်း အဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေ၏။ သူလည်း ထိုပြဿနာ အဖြေကို ရဖို့ရန် ကြိုးစားခဲ့ဖူးဟန်တူသည်။ သို့ရာတွင် ပြဿနာသည် မည်မျှလောက် ထိတ်လန့်ဖွယ် ကောင်းသနည်းဟူမူ သူသည် ထိုပြဿနာ ကို ကြာရှည်စွာ မတွေးတော မစဉ်းစားဝံ့ခဲ့ပေ။ သူ၏ ဦးခေါင်းသည် တွေဝေမူးမိုက်သွားခဲ့၏။ ထို့နောက်တွင်မူ သူသည် ထို ခဏတာအတွက် ထို စိတ်ဆင်းရဲစရာ အတွေးကို သေရည်ခွက်ထဲ၌သာလျှင် နစ်မြုပ်ပစ် လိုက်ရလေသည်။ ယနေ့ မမျှော်လင့်ဘဲနှင့် ထိုပြဿနာကို တစ်ဖန် ပြန်လည် ကြားရပြန်သဖြင့် သူသည် ထိတ်လန့်သွား၏။

“အသက်ရှင်နေတဲ့ သေခြင်းလား”

“အသက်ရှင်နေတဲ့ သေခြင်း ဟုတ်လား။ ဟင့်အင်း .. အဲဒါ မဖြစ် နိုင်ဘူး။ ပျိုရွယ်မှုရဲ့ နိဂုံးဟာ မသိအပ်တဲ့ အမိုက်တိုက်တစ်ခု ဖြစ်တယ်။ အဲဒီ မသိအပ်တဲ့ အမိုက်တိုက်ရဲ့ လိုဏ်ခေါင်း ထဲမှာ ဘယ်အရာ ပုန်း

အောင်းနေတယ် ဆိုတာကိုတော့ ကျုပ် မသိဘူး။ သိလိုတဲ့ စိတ်ဆန္ဒလည်း မရှိဘူး။ အတိတ်နဲ့ အနာဂတ် နှစ်မျိုးလုံးဟာ စိတ်ကူးထဲက အရာများ သာ ဖြစ်ကြတယ်။ အဲဒါတွေနဲ့ ကျုပ် ဘာမှ မဆိုင်ဘူး။ ပစ္စုပ္ပန်သာ ကျုပ် တို့ရဲ့ ရှေ့မှောက်မှာ ရှိနေတယ်။ အဲဒီ ပစ္စုပ္ပန်ဟာ ...”

ဗီဇဂုတ္တ တန့်ရပ်သွား၏။ သူသည် ရှေ့စကား ဆက်ကို တွေး တော ရှာဖွေနေဟန် တူသည်။

“..... အဲဒီပစ္စုပ္ပန်ဟာ ခံစား စံစားစရာ၊ ပျော်ရွှင်မြူးထူးစရာ ဖြစ် တယ်။ ကမ္ဘာလောကရဲ့ သုခဖြစ်တယ်။ ပျိုရွယ်မှုရဲ့ အနှစ်သာရ ဖြစ် တယ်”။ စိတ္တရလေခါက ပြုံးရယ်လျက် စကားဝါကျကို ဖြည့်ပေးလိုက် လေသည်။

ဗီဇဂုတ္တသည် စိတ္တရလေခါကို ပွေ့ဖက်လျက် ပြောလိုက်ပြန်သည်။ “မင်းဟာ ကျုပ်ရဲ့ မူးယစ်ခြင်း ဖြစ်တယ်” စိတ္တရလေခါက ပြန်ဖြေ၏။ “ရှင်ကတော့ ကျွန်မရဲ့ ရူးမူးခြင်း ဖြစ်တယ်”

စိတ္တရလေခါသည် ပြည့်တန်ဆာ မဟုတ်ပေ။ ကချေသည် သက် သက်သာလျှင် ဖြစ်သည်။ ပါဋလိပုတ် မြို့တော်မှ ထူးထူးခြားခြား လှပ သူ ကချေသည်တစ်ဦးက ပြည့်တန်ဆာ ဘဝကို လက်မခံခြင်းကိုက တစ်မူ ထူးခြား၍နေသည်။ သို့ရာတွင် ယင်းသို့ ဖြစ်ရခြင်း၌ အကြောင်း ရှိ၏ ။ ထိုအကြောင်းမှာ သူ၏အတိတ်ဘဝနှင့် နက်နဲစွာ ဆက်စပ်၍ နေသည်။

စိတ္တရလေခါသည် ဗြာဟ္မဏမျိုးနွယ် မုဆိုးမ ဖြစ်သည်။ သူသည် အသက်ဆယ့်ရှစ်နှစ် အရွယ်ကပင် မုဆိုးမဘဝသို့ ရောက်ရရှာသည်။ မုဆိုးမဘဝသို့ ရောက်ပြီးသည့် နောက်တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် ခြင်းသည် သူ၏ စည်းကမ်းကျင့်ဝတ် ဖြစ်ခဲ့လေသည်။ သို့ရာတွင် ထို အခြေအနေသည် တာရှည် မခံပေ။ တစ်နေ့သောအခါတွင်မူ သူ၏ ဘဝ အတွင်းသို့ ကရှနဒိတျ ဝင်ရောက်လာလေ၏။ ကရိရှနဒိကျသည် ခတ္တိယနှင့် သုဒ္ဒ ကပြားတစ်ဦး ဖြစ်သည်။ သူသည် ရုပ်ရည်ပြေပြစ် ချောမောသူ လုလင်တစ်ဦး ဖြစ်၏။ သူ၏ အလှ၌ ထူးခြားသော စွဲလမ်း

( ပါရဂူ တပ်မက်စရာ တစ်ခုရှိသည်။ ကရိရှနဒိကျသည် မုဆိုးမ စိတ္တရလေခါ ၏အကျင့်ကို ချိုးဖောက် ဖျက်ဆီး ပစ်လိုက်လေသည်။

အလှမယ် စိတ္တရလေခါ၏ ချိုးနှိမ်ဖိနှိပ်ထားသော ပျိုရွယ်မှုသည် ဖွံ့ ထွားကြွရွလာသည်။ သူ၏ တရားဖက်လိုသည့် စိတ်သည် လောကီ အာရုံတို့၏ အကြား၌ အားပျော့ ညှိုးမှိန်လာသည်။ ကရိရှနဒိကျသည် စိတ္တရလေခါအား သစ္စာထားလေ၏။

“ငါတို့ နှစ်ယောက် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်းနေထိုင် သွားကြမယ်။ ဘယ်လိုအရာမျိုးကမှ ငါတို့ နှစ်ယောက်ကို ခွဲလို့ ကွဲမှာ မဟုတ်ဘူး”

စိတ္တရလေခါသည် ကရိရှနဒိကျ၏ သစ္စာထားကို ယုံကြည်ကိုး စားခဲ့၏။ ထိုနောက်တွင်မူ ဖြစ်သင့် ဖြစ်ရမည့် အရာသည် ဖြစ်ပေါ်လာ ခဲ့လေသည်။

စိတ္တရလေခါသည် ကိုယ်လေးလက်ဝန် ဖြစ်ခဲ့လေ၏။ လျှို့ဝှက် ထားသော အချစ်သည် လူပုံအလယ်တွင် ဘွားဘွားပေါ်ခဲ့လေပြီ။ ကရိ ရှနဒိ၏ ဖခင်သည် ကရိရှနဒိတျအားလည်းကောင်း၊ စိတ္တရလေခါ၏ ဖခင်သည် စိတ္တရလေခါအားလည်းကောင်း အသီးသီး အိမ်က နှင်ထုတ် ပစ်လိုက်ကြလေသည်။ ကြေးရတတ် ဖခင်၏သားဖြစ်သူ ကရိရှနဒိတျ သည် ကိုယ်ဝန်အရင့်အမာနှင့် စိတ္တရလေခါ အလှကညာကို ခေါ်ခဲ့လျက် ဖုန်းတောင်းယာစကာကဲ့သို့ လူ့လောကထဲ ထွက်လာခဲ့လေ၏။ လူ့

လောက၏ဝိုင်းပယ်ခြင်း၊ မေးငေါ့ခြင်းကို ခံရသဖြင့် ကရိရှနဒိတာသည် စိတ်ထိခိုက်လာလေသည်။ ဤတံတွေးခွက်ထဲတွင် ပက်လက် မျောနေရ သည့်ဘဝထက် အသက်ခန္ဓာ ဆုံးရှုံးသွားရခြင်းက ပိုမို၍ ကောင်းဦးမည် ဟု သူတွက်လိုက်သည်။ စိတ္တရလေခါ တစ်ကိုယ်တည်း ကျန်ခဲ့လေ၏။ သူ့ကို ကချေသည်တစ်ဦးက ခေါ်လျက် ကြည့်ရှုစောင့်ရှောက်ထားသည်။

စိတ္တရလေခါသည် သားယောက်ျားကလေးတစ်ယောက် ဖွားမြင် လာ၏။ သို့ရာတွင် ထိုကလေးငယ်သည် မွေးပြီး မကြာခင်မှာပင် လူ့ လောကကို စွန့်ခွာသွားလေသည်။ စိတ္တရလေခါ၏ အသံသည် နူးညံ့ ပျော့ပျောင်းသည်။ ရုပ်ရည် ရူပကာယသည် လှပချောမွတ်သည်။ မွေးမြူ ကြည့်ရှုထားသည့် ကချေသည်က စိတ္တရလေခါ အား အကနှင့် ဂီတ ပညာကို သင်ကြားပေး၏။ ထို့နောက်တွင်မူ စိတ္တရလေခါလည်း ကချေ သည်တစ်ဦး ဖြစ်လာခဲ့လေသည်။ သူသည် တစ်ဖန်ပြန်ပြီး မုဆိုးမဘဝ ၏ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းရပြန်လေသည်။ ကရိရှနဒိတျ နှင့် ကရိရှနဒိကျ၏သား နှစ်ဦးလုံးပင် စိတ္တရလေခါ၏ ဘဝအတွင်းသို့ ဝင်ရောက်လာကြပြီးနောက် ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် နှစ်ဦးလုံးပင် ကိုယ်စီကိုယ်င အမှတ်သင်္ကေတများကို စိတ္တရလေခါ၏ နှလုံးသား ပေါ်၌ ချန်ထားပစ်ခဲ့ကြလေ၏။

ပါဋလိပုတ် မြို့သူမြို့သားတို့သည် စိတ္တရလေခါ၏ ခြေရင်းတွင် ဝပ်စင်း ခယကြလေ၏။ သို့ရာတွင် စိတ္တရလေခါသည် သူ၏ ကျင့်ဝတ် သိက္ခာကြောင့် ဖြစ်ပေါ်လာသည့် ဂုဏ်အသရေကို ထိန်းသိမ်းထားလေ သည်။ သြဇာတိက္ကမ ကြီးမားသူ မြို့စား၊ ရွာစား ကြေးရတတ်များနှင့် ရုပ်ရည် သနားကမား လူငယ်လူရွယ်များသည် သူ၏ အချစ်ကို ရယူလို ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မရရှိကြပေ။ လူထု ပရိသတ် ၏ ရှေ့မှောက်၌ ထို အလှကညာသည် ပေါ်ပေါက်လာပြီးလျှင် လျှပ်စစ် ပြက်လိုက်သကဲ့သို့ တစ်ချက်လက်ပျက် ထို လူထုပရိသတ်၏ မျက် မှောက်မှ ပျောက်ကွယ်သွားတတ်လေသည်။ သူ့ကို တစ်ကြိမ်တစ်ခါ မြင်တွေ့လိုက်ရလျှင် တွေ့သူ၏ နှလုံး၌ နောက်တစ်ကြိမ် ထပ်တွေ့လို သည့် ဆန္ဒသည် ဖျောက်ဖျက် မရနိုင်လောက်အောင်ပင် ပေါ်ပေါက်လာ တတ်ပေသည်။