Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

နေမျိုး - ကလယ်ရီနက်သမားအက်ဆေးများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

သူငယ်တိတ်ဆိတ်ချိန်

 

          သူငယ်တိတ်ဆိတ်ချိန်ရောက်ပြီ။ အမိသည် သူငယ်ကိုပြောပြခဲ့ရာ ပုံပြင်မှာလည်း ပြီးဆုံးခဲ့ပြီ။ ငှက်ကြီးလည်း ပျံသန်းသွားခဲ့ပြီ။ မထွေးလည်း ဇနပုဒ်တစ်ခုမှ အိမ်ကလေးထဲကို ရောက်ပြီ။ မင်းသားလေးက နန်းတော် ထဲသို့ပြန်သွားပြီ။ အထက်ဝဠာမိုးကောင်းကင်ထဲမှ ကြယ်မှုန်မှုန်ကလေးများ က သူငယ်၏တိတ်ဆိတ်မှုကို နားစွင့်နေကြဟန်တကား။ သူငယ်သည် အမိရင်ခွင်ထဲမှ အိပ်ရာထက်သို့ ရောက်ခဲ့ပြီ။ နတ်သူငယ်သည် သူငယ်ကို ချော့မြူနေဟန်တကား။ သူငယ်သည် အိပ်စက်လျက်ပြုံးရယ်နေချေ၏။ နတ် သူငယ်သည် သူငယ်ကိုချော့သိပ်နေဟန်တကား။ သူငယ်သည် တိတ်ဆိတ် လျက် အိပ်စက်ချေပြီ။ အမိသည် ဖျင်ချည်မျှင်ဖြင့် ရက်လုပ်ထားအပ်သော စောင်ပါးလွှာအား သူငယ်ကိုခြုံပေးလေ၏။ သူငယ်တိတ်ဆိတ်ချိန်ပါ တကား။ ညဉ့်ယံထဲ၌ နွားအိုကြီးနှစ်ကောင်သည် တင်းကုပ်ထဲ၌ စားမြုံ့ပြန် နေကြ၏။ လေအဝှေ့၌ ကောက်ရိုးနံ့ကိုရ၏။ နွားအိုကြီးနှစ်ကောင်၏အမြီး သည် လှုပ်ယမ်း၏။ မှက်ခြင်တို့ကို မကပ်နိုင်ရန် နှင်သည်သို့တည်း။ မြင်း ဇောင်းထဲမှ မြင်းဟီသံထွက်ပေါ်လာသည်။ ည၏တိတ်ဆိတ်မှုထဲ၌ မြင်း ဟီသံသည် လောကကိုလှုပ်နှိုး၏။ အသို့နည်း။ သူငယ်က တိတ်ဆိတ် အိပ်ပျော်နေလျက် ပင်တကား။ ချောင်းရေသည် ညင်သာစွာ လူးလွန့်စီးဆင်း ၏။ ကမ်းစပ်၌ ငုတ်ကိုကြိုးဆွဲထားသောလှေသည် တငြိမ့်ငြိမ့်လှုပ်၏။ စားမြုံ ပြန်နေသော နွားအိုကြီးနှစ်ကောင်သည် သွားရည်များယိုစီးကျလျက်။ ဆိတ် ဖလူးပန်းရနံ့သည် လေအဝှေ့တွင်ပျံ့နှံ့လေ၏။ ညဉ့်ယံသည် မွှေးမြနေဘိ၏။

           ကောက်ရိုးနံ့ကလည်း နွားတင်းကုပ်ဆီမှ ကြိုင်လှောက်လာတတ်၏။ နတ် သူငယ်သည် သူငယ်၏ကိုယ်အထက်ဝန်းဖွဲ့၍တည်၏။ သူငယ်ကို စောင့် ကြပ်နေဟန်တကား။ သူငယ်ကား တိတ်ဆိတ်ပြီ။ အိပ်စက်ပြီ။ အမိသည် ပဲကိုရေစိမ်၏။ အမိသည် သစ်သီးကိုဆေးကြော၏။ အမိသည် ဆန်ကိုချင့်၍ အိုးငယ်အတွင်းသို့ထည့်၏။ အမိသည် မေတ္တသုတ်ကိုရွတ်၏။ အိမ်ရှေ့

ထောင့်မှ သစ်ပင်သည် သစ်ရွက်တို့လှုပ်၏။ နွားတင်းကုပ်မှ ကောက်ရိုးနံ့ သည် လွင့်ပျံ၍အထက်သို့ တက်၏။ အထက်ဝဠာမိုးကောင်းကင်ထဲမှ ကြယ်မှုန်ကြယ်မွှားကလေးများသည် သူငယ်၏တိတ်ဆိတ်ခြင်းကို ကြားသိ ရဘိအလား တဖျပ်ဖျပ်ပြုံးရယ်ကြ၏။ မြေသားအပြင်သည် ငြိမ်သက်၏။ အမိသည် မေတ္တသုတ်ကို ရွတ်ဖတ်၍ပြီးလေပြီ။ ညဉ့်လေပြည်သည် ချောင်း အတိုင်းစုန်လျက် တသုန်သုန်ဆင်းသက်၏။ ငုတ်၌ကြိုးဆိုင်းထားသော လှေမှာ ချောင်းရေထဲ၌ တငြိမ့်ငြိမ့်လှုပ်လျက်ပင်။ မိုးသားတိမ်တိုက်တို့သည် ဖဲကြဉ်ကြကုန်၏။ လစန္ဒာကို ပကတိမြင်တွေ့ခွင့် ပြုချိန်ပါတကား။ အမိ သည် အိပ်ရာသို့ဝင်၏။ နဖူးထက်သို့ ယာဘက်လက်ကိုတင်ကာ ငြိမ်သက် လေ၏။ သူငယ်တိတ်ဆိတ်ချိန်ပါတကား။

၄.၁၀.၂၀၁၈