ထုတ်ကုန်အချက်အလက်သို့ ကျော်သွားပါ။
1 7

စိတ်ကူးချိုချိုစာပေ

နေထက်နိုင် - ဆူးလေဘားခန်းထဲကမှော်ဆရာ

နေထက်နိုင် - ဆူးလေဘားခန်းထဲကမှော်ဆရာ

ပုံမှန်ဈေး 1,500 Ks
ပုံမှန်ဈေး ရောင်းဈေး 1,500 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

ခရမ်းရောင်ပန်းပွင့်များ 

 

သံသယတွေကြားက 

ထီးတည်းညမှာ 

သူတို့ 

ဂျီဩမေတြီတွေနဲ့ 

ကခုန်လို့။

 

ဟောဒီ နွေဦးထဲမှာ

 

အခု အဲ့ဒီခရမ်းရောင် 

ပျဉ်းမပန်းပွင့်တာ လှပါတယ်။      ။

 

 

 

ကိုဆန်းမြင့်

 

အဲဒါ လူတစ်ယောက်ပဲ 

ခွေးတစ်ကောင်ကို ပိုက်ပေါ့လို့။

 

သူက လူတွေကို 

ဒုက္ခ မပေးဘူး။

 

သူ စိတ်လိုလက်ရ ရှိရင် 

သစ်ကိုင်းခြောက်တွေကို 

ဂစ်တာလုပ် တီးတာပဲ။

 

သူက စပိန်ဂစ်တာ မလိုဘူး။

 

ဒီလောက် အေးတဲ့ အရပ်မှာ 

အနွေးထည် မဝတ်ဘူး။

 

တကယ်လို့ 

ခင်ဗျားသူ့ကို အနွေးထည်ပေးလည်း 

တစ်ရက် အများဆုံးဝတ်မယ်။ 

နောက် မဝတ်တော့ဘူး။

 

နွေလာလာ

 မိုးလာလာ

ဆောင်းလာလာ 

သူက ဘာမှမဝတ်ဘူး။

 

သူ့ရေချိုးကန်က

လမ်းဘေးက 

မြို့ပြမြောင်းရေပဲ။

 

သူက သုံးရာသီ 

ကျန်းမာနေသူ။

 

လမ်းဘေးက 

ခွေးလေးကို 

သူက သားသမီးအရင်းအချာပမာ 

ပိုက်ပွေ့လို့။    ။

 

ရေနံချောင်း၊ 

၂၅၊ ဒီဇင်ဘာ၊ ၂၀၁၇။

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။