Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - ၀ေလည်း၀ေကြွေလည်းကြွေ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

          ဘမောင် “အူဝဲ” ဆိုပြီး လူ့လောကထဲရောက်လာကတည်းက ကျုပ်က အတူပါလာတာ၊ သည်အသက်အရွယ် သည်အလုပ်အကိုင်တွေအထိ ဆိုပါတော့။ စားစားသွားသွား ထက်ကြပ်မကွာသူဆိုတော့ သူ့အကြောင်း ကျုပ်အကုန်သိတာ။ သူတောင် သူ့အကြောင်း ကျုပ်လောက်သိချင်မှသိမှာပါ။ သိဟန်ပုံလည်း မပေါ် ပါဘူး။ တစ်ခါတလေအလုပ်လုပ်နေရင် လောကကြီးကို သူအကုန်မေ့တယ်။ တစ်ခါတလေ သူ့စိတ်ထဲဝင်ပြီး သတိပေးရသေးတယ်။ ကျုပ်ထင်တယ်၊ သူ့အမေ၊ သူ့ဇနီးတောင် ဘမောင်အကြောင်း ကျပ်လောက်သိတာမဟုတ်ဘူး။

          ကျုပ်ဘယ်လောက်အထိ ဘမောင်အကြောင်းသိလည်းသိလား။ သူ့ စိတ်ကူးထဲအထိ သိတဲ့သူ။ ကုန်ရောပေါ့၊ ကျုပ်လောက် ဘမောင်အကြောင်း ဘယ်သူမှမသိနိုင်ဘူး။

          ဘမောင်ကို လူလတ်တန်းစား မိဘနှစ်ပါးကမွေးတာ။ ရွှေဇွန်းကိုက်၊ ရွှေ လင်ပန်းနဲ့ အချင်းဆေးခဲ့သူတစ်ယောက် မဟုတ်ဘူး။ မထူးခြားတဲ့သူတစ်ယောက် အကြောင်း ဘာဖြစ်လို့ပြောနေလဲလို့ မေးကြလိမ့်မယ်။

          “ဘဝဆိုတာမပြည့်စုံခြင်း”ကိုပြောချင်လို့။ မပြည့်စုံကြတဲ့ ဘဝအကြောင်း ဇာတ်ကောင်ရှာကြည့်တော့ ဝေးဝေးရှာမနေရဘူး။ ကိုယ်က အူမချေးခါးမကျန် သိတဲ့ ဘမောင်ကို သွားတွေ့တယ်။ သူ့အကြောင်း ပြောချင်လာတယ်။ ရွှေလင်ပန်း နဲ့ အချင်းဆေးသူတွေအကြောင်းပြောရင် ဘဝရဲ့ မပြည့်စုံခြင်းဆိုတာ သိပ်ပြီး သရုပ်ပေါ်မှာ မဟုတ်လို့။

          သူဖြတ်သန်းခဲ့ရတဲ့ဘဝက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘဝအစတွေမှာ ထက် ဘဝအလယ်ပိုင်းက တစ်ခါတလေ ကျုပ်တောင် ရင်ခုန်မိတယ်။ တည် တည်ငြိမ်ငြိမ်ရင်ဆိုင်ရဲတဲ့ သတ္တိကိုတော့ ကျုပ်က ကြိုက်တယ်။ မကြိုက်တာ တွေကလည်း အများကြီးပဲ။

 

          ဘမောင်ကို (၁၉၅၀) နှစ်ဦးပိုင်းမှာမွေးတယ်။ ဒုတိယကမ္ဘာစစ်မှာ ပြေးရင်းလွှားရင်းကြီးပြင်းကြတဲ့ ဘမောင်မိဘနှစ်ပါးက အလယ်တန်းပညာလောက်အထိပဲ သင်ဖြစ်ခဲ့ကြသူတွေ၊ ဘမောင်အဖေက တစ်ကောင်ကြွက်။ ဘမောင်အမေက မောင်နှမတွေအများကြီး၊ အုပ်စုက ခပ်တောင့်တောင့်။ ဘမောင် အဖေရဲ့ ဦးလေးက ဘမောင်အမေကို သူ့တူနဲ့ ပေးစားဖို့ သိပ်ပြီးသဘောကျနေတာ။

          တစ်ရက် အဲဒီအဘိုးကြီးက ဘမောင်အမေရဲ့ မိဘများဆီလာပြီး နားဖောက် တယ်။ စစ်ပြီးကာစအခြေအနေတွေကလည်း လှုပ်လှုပ်ရွရွဆိုတော့ သမီးများတဲ့ ဘမောင်အဘွားက ခေါင်းညိတ်လိုက်တယ်။ ဒါနဲ့ပဲ ဘမောင်ရဲ့ အဖေနဲ့အမေက အကြောင်းပါတော့တာ။

ဘမောင်အမေက မိသားစုတာဝန်ယူရင်း အိမ်ရှင်မ ဖြစ်လာတယ်။ ဘမောင် " အဖေက မော်တော်ကားတွေ ထောင်တယ်။ အဲဒီတုန်းက ပါလီမန်ခေတ်၊ သစ် ထုတ်ခွင့်ပါမစ်တွေ ဘာတွေရပြီး စီးပွားဖြစ်လာကြတယ်။ သစ်ကားအုပ်စုလိုက် ကြီးပိုင်ပြီး မိုးမိတ်သစ်ကွင်းက သစ်တွေကို ထုတ်တယ်။

          ဘမောင်ကိုမွေးတော့ ညနေကျရင် ဗိုက်နာတတ်တဲ့ရောဂါလေး ပါလာ တယ်။ ဒီမောင် လေးနှစ်သားလောက်အထိပေါ့။ ညနေရောက်ရင် လူကြီးတွေ မနေရဘူး အသံကုန်ဟစ်တာ။ ညနေရောက်မှာ လူကြီးတွေ ကြောက်နေရတယ်။ ဆရာဝန်ပြတော့လည်း ဘာမှမထူးခြားဘူး။ နောက် အဲဒီတုန်းက နာမည်ကြီး တရုတ်ဆေးဆရာကြီး “ဟန့်မော်” ဆီ သွားကြတယ်။ ဖယောင်းအုံထားတဲ့ ဆေးလုံးလေးတွေ ပေးလိုက်တယ်။ တစ်ပတ်လောက်ကြတော့ အရှင်းပျောက် သွားတယ်။ တိုင်းရင်းဆေးတွေ တကယ်မှန်ရင် အထင်သေးလို့မရဘူး။ နှစ်ချီ နာနေတဲ့ ဗိုက်နာရောဂါကို တစ်ပတ်နဲ့ ဆေးသောက်ပြီး ပျောက်သွားတော့ အဲဒီ စိမ်းရွှေရွှေအနံ့လေးကို အခုထက်ထိ ဘမောင် မှတ်မိနေသေးတယ်။

          မွေးတုန်းက ထူးခြားပေမဲ့ ကြီးတော့ ဘာမှမထူးခြားတဲ့ ဘမောင်အကြောင်းပြောစရာ ကျန်သေးတယ်။ ဘမောင်ကို “စံပြ” ဆေးခန်းမှာ မွေးတာ။ ဒေါက်တာ မြမြအေးရဲ့ ဆေးခန်းပေါ့။ ထူးထူးခြားခြားအဲဒီနေ့မှာ မိန်းကလေး ဆယ့်ရှစ်ယောက် နဲ့ ယောက်ျားလေးတစ်ယောက် မွေးတယ်။ အဲဒီနေ့က (၁၉) ရက်။ ဒေါက်တာ မြမြအေးက ဘမောင် ပိစိကွေးကို ချစ်လွန်းလို့ 'စိန်အောင်မင်း”လို့ နာမည်ပေး လိုက်တယ်။ အဲဒီတုန်းက ဇာတ်မင်းသားကြီး စိန်အောင်မင်းက တော်တော်နာမည် ကြီးဆိုပဲ။ မင်းသမီးအများကြီးနဲ့တွဲပြီး “က” တတ်လို့ အဲဒီနာမည်ကို ပေးလိုက်တာ။ ဒေါက်တာမြမြအေးက ပိစိကွေးဘမောင်ကို ဘယ်လောက်ချစ်သလဲဆိုရင် အမေ ဆေးရုံကဆင်းတော့ အဖေလာကြိုတာတောင် မထည့်လိုက်ဘဲ သူကိုယ်တိုင် အိမ်လိုက်ပို့တယ်လို့ အမေပြောတာ ကြားဖူးတယ်။

         ‘သည်ကလေးကြီးရင် စွဲမယ်ထင်တယ်”

          ဒေါက်တာမြမြအေးပေးတဲ့မှတ်ချက်။ အဲဒီမှတ်ချက်လေးကို အမေက ပြန်ပြောပြတော့ ဘမောင်လည်း မျှော်လင့်တာပေါ့ နော်။ ဆရာမကြီးက ဆေးပညာ မှာတော့ သူ့နေရာနဲ့သူပဲ။ လေးစားရတဲ့ဆရာမကြီး။ ဒါပေမဲ့ အတိတ်ကောက် လိုက်တာ တက်တက်စင်လွဲသွားရှာတယ်။ အရွယ်လေးလည်းရရော စွ” ဖို့ နေနေသာသာ ရည်းစားလေးတောင် “ခလုတ်” အတိုက်ကောင်းလို့ ရလိုက်ရတာ။ မပြည့်စုံ” “

မချောမွေ့မှု”ရဲ့ အရသာကို “ရည်းစား”မှာတောင် တွေ့ရတယ်ဆိုတာ နောက်တော့မှ ဘမောင်သိလာရတယ်။

          ဘမောင်အမေက အဘွားနဲ့အတူ ရန်ကုန် (၂၄) လမ်းမှာ နေတယ်။ မြို့လယ်ကောင်ပေါ့။ တောက်တောက်၊ တောက်တောက်၊ လမ်းလျှောက်တတ်တဲ့ အရွယ်ရောက်လာတော့ (၂၄) လမ်းက အောက်ကိုဆင်းရင် ကုန်သည်လမ်းမပေါ် ရောက်တာကိုး။ အဲဒီမှာ နိုင်ငံခြားဘဏ်တွေရှိတယ်။ ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေရှိတယ်။ လမ်းလျှောက်တတ်တဲ့အရွယ်မှာ ကုန်သည်လမ်းပေါ် ဘမောင်က အမေနဲ့အတူ လမ်းလျှောက်ဖြစ်လေ့ရှိတယ်တဲ့။

          အဲဒီတုန်းက ပန်းသီးတစ်လုံး ပြားနှစ်ဆယ်။ တော်တော်ကြီးရင် တစ်မတ်။ တစ်ဖက်တစ်လုံးကိုင်ပြီး ဘမောင်လမ်းသလားတယ်တဲ့။ အဲဒီပလက်ဖောင်းက ဈေးသည်တွေအားလုံး ဘမောင်ပိစိကွေးကို အကုန်သိတယ်။ မုန့်တွေ ပေးကြ တယ်။ ညနေ (၄) နာရီဆို ဗိုက်နာ၊ တစ်နာရီလောက်အော်ငိုပြီးရင် လမ်းလျှောက်၊ ပန်းသီးလေးကိုက်၊ ဟိုလူနမ်းလိုက်၊ သည်လူနမ်းလိုက်ခံပြီး အိမ်ပြန်။ အဲဒါ ဘမောင်ရဲ့ နေ့စဉ်အလုပ်ပဲ။

          သည်လိုနဲ့ ဘမောင်အသက် (၄) နှစ်သားကျော်အထိ ရောက်လာတယ်။

အဖေ့ကို အမြဲမတွေ့ရတတ်ဘူး။ ခရီးခဏခဏ ထွက်တတ်လို့ ဘမောင်အဖေကို နည်းနည်းစိမ်းတတ်တယ်။ တကယ်ပြောရင် ဘမောင်က အဘွားလက်ပေါ် ကြီး လာတာ။ အဘွား နာမည်က “ဒေါ်ကြွေ၊ အမေ့နာမည်က “ဒေါ်နု ။ အမေကလည်း အလုပ်လုပ်တယ်။ အထည်အလိပ် လက်ကားတစ်ယောက်။ သိမ်ကြီးဈေးမှာ သူ့ဆိုင်တွေရှိတယ်။ သူဌေးကြီးမဟုတ်ပေမဲ့ အတော်ချောင်ချောင်လည်လည် ဘဝမျိုး။

           မိဘကတတ်နိုင်တော့ အဲဒီခေတ်တုန်းက အင်္ဂလိပ်ကျောင်းတစ်ကျောင်းဖြစ်တဲ့ St. John Dioceason Boy's School မှာ ဘော်ဒါနေခဲ့ရတယ်။ လမ်းမတော် အ.ထ.က (၁) ဆိုတဲ့ကျောင်းပေါ့။ အဲဒီတုန်းက ကျောင်းနေခွင့်ရဖို့ ကန့်သတ်ချက်တွေ အတော်လေးရှိခဲ့တယ်။ မူလတန်းမှာတင် (၃) နှစ်နေရတဲ့ ပညာရေးစနစ်။ LKG ဆိုတဲ့ Lower Kindergarten , MKG ဆိုတဲ့ Middle Kindergarten နဲ့ HKG ဆိုတဲ့ Higher Kindergarten ။

           ဘမောင်ရယ် အမေ့မောင်ကမွေးတဲ့ အစ်ကိုတစ်ဝမ်းကွဲနဲ့အတူ အဲဒီ ကျောင်းကို ဘုမသိ ဘမသိ ရောက်သွားတာ။ ကျောင်းအပ်ပြီး အိမ်က ပြန်သွား တော့ ရင်ထဲမှာဟာတာတာနဲ့ ချာတိတ်နှစ်ကောင် ကျန်ခဲ့ရော။ တစ်ခါမှ မိဘ ရင်ခွင်က မခွာဘူးသေးတဲ့ ဘမောင်တို့ ချာတိတ်ညီအစ်ကိုနှစ်ယောက် ရှုံ့မဲ့၊ ရှုံ့မဲ့ နဲ့ပေါ့။ ငယ်စဉ်က အတွေ့အကြုံတွေဟာ ပိုပြီးအမှတ်တရရှိတယ်ဆိုတဲ့စကား တကယ် မှန်တယ်။ အဲဒီတုန်းက ခံစားချက်ကို အသက် (၅၀) ကျော်ထိ နွေးနွေး ထွေးထွေးကို မှတ်မိနေသေးတယ်။

          အမှတ်တရပိုပြီးဖြစ်စေတဲ့ ဖြစ်ရပ်လေး ရက်ပိုင်းမှာပဲ ဖြစ်ခဲ့ပြန်သေးတယ်။ 

          “အိမ်ကငါတို့ကို မချစ်လို့ပစ်သွားတာ” 

          “အေး ... ဟုတ်တယ်”

           ဘမောင် အစ်ကိုတစ်ဝမ်းကွဲက ဦးဆောင်တာ၊ ဘမောင်ကလည်း ထောက်ခံတယ်။

ဘာလုပ်ရင်ကောင်းမလဲ” 

          “မသိဘူး”

           အသက်တစ်နှစ်သာကွာပေမဲ့ ဘမောင်အစ်ကိုက Intelligent ပိုမြင့်တယ်။ သူ့နာမည်က ဝင်းမောင်ဦး၊ အဲဒီတုန်းက အင်္ဂလိပ်ကျောင်းသားတွေကို အင်္ဂလိပ် အမည်ပေးကြရတာ ကျန်သွားတယ်။ ဝင်းမောင်ဦး”က William ၊ ဘမောင်က Wiston။ လူကြီးတွေပေးလို့သာ လက်ခံလိုက်ရတာ အင်္ဂလိပ်နာမည်တွေက

ဘမောင်တို့အတွက် ခပ်စိမ်းစိမ်းပဲ။

           “ငါကတော့ ကိုယ့်ကိုယ်ကို သတ်သေချင်တယ်” 

           “လုပ်လေ” 

           သံယောင်လိုက်တဲ့ ဘမောင်ရဲ့ ‘လုပ်လေ ́က ခပ်တုန်တုန်တော့ရှိတယ်။ 

          “ဘယ်လိုသေရင်ကောင်းမလဲ”

           “အဲဒါတော့ငါမသိဘူး”

           ဝင်းမောင်ဦး ခဏစဉ်းစားတယ်၊ ပြီးတော့ …

           “ဒါဖြင့် ငါနဲ့လိုက်ခဲ့ ...၊ မင်းတကယ်လုပ်မှာနော်”

           “အေးပါ”

           နှစ်ယောက်သား ကျောင်းအနောက်က ရေတွင်းဘက်ဆီ သွားကြတယ်။ ဝင်းမောင်ဦးက ဦးဆောင်တာ၊ ဘမောင်က နောက်လိုက်။ ရေတွင်းနားကို ရောက်တော့ ...

           “wiston ... မင်းအရင်ခုန်ချကွာ” 

           “မင်းကရော” 

           “မင်းပြီးရင် ငါပေါ့”

           ဘမောင် ရေတွင်းနှုတ်ခမ်းကအောက်ကို ငုံ့ကြည့်လိုက်တော့ ရင်ထဲ စိမ့်” ခနဲ အေးသွားတယ်၊ လက်တုန်ခြေတုန်လည်း ဖြစ်သွားတယ်။ ခြေဖျား လက်ဖျား တွေလည်း တစ်ခဏချင်း အေးစက်သွားတယ်။ ရေတွင်းရေမျက်နှာပြင်က သူ့မျက်နှာ ပြန်မြင်လိုက်တော့ ဆတ်ခန် ကိုယ်ကိုပြန်မတ်ပစ်လိုက်တာ ကျုပ် သတိထားမိတာပေါ့။

            ကျုပ်ကအသံထွက်အောင် စကားပြောနိုင်တာ မဟုတ်ဘူး။ ဘမောင် ချာတိတ်ဆိုတဲ့ Wiston ကို ကြည့်ပြီး ဒီလောက်ဖြစ်လှတာ လုပ်ကြည့်ပါစေ” ဆိုပြီး ဘေးကပဲ ကြည့်နေလိုက်တယ်။

           “william... မင်းကအစ်ကိုပဲ ... အရင်ဆင်း” 

           “ဟင့်အင်း ... မင်းက ငါ့ညီဆိုတော့ .. အရင်ခုန်”

           ဘမောင် ခဏစဉ်းစားတယ်။ William က လူပါး၊ ကိုယ်ဆင်းပြီး သူလိုက်မလာရင်ရော၊ ဘမောင် စဉ်းစားမိတာ။

           “နှစ်ယောက်အတူခုန်ချမယ်ကွာ”

           ဘမောင်က သံစဉ်ညှိတယ်။ 

          “မင်းအရင်ခုန်ချစမ်းပါ၊ ငါနောက်က လိုက်ပါမယ်ဆို”