Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - ပညာသိစွမ်းရည်တိုးတက်ဖွံဖြိုးစေခြင်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type
ပါဝါ
14th July 2009

          မြို့ကြီးတစ်မြို့မှာ ဟောပြောပွဲတစ်ခုလုပ်ပေးပါဆိုလို့ ခေါင်းစဉ်ကို ဘမောင်က ပါဝါနဲ့ မဟာဗျူဟာလို့ ပေးလိုက်တယ်။ ရှောရှောရှူရှူဖြစ်အောင် စီးပွားပါဝါ၊ စီးပွားဗျူဟာ (Economic Power and Strategy) ဆိုပြီးပြောင်းဖို့ ညှိနှိုင်းလို့ ခေါင်းညိတ်လိုက်ပါတယ်။ တကယ်တော့ ပါဝါဆိုတာ ရှေးကတည်းက သုံးစွဲခဲ့တဲ့ ဝေါဟာရတစ်ခုပါ။ ဘာမှမထူးဆန်းဘူး။ လူတိုင်း၊ သတ္တဝါတိုင်းမှာ ပါဝါရှိတယ်၊ ပါဝါအဆင့်နဲ့ ကွဲပြားမှုသာ ခြားနားတာ။ ပါဝါ(Power) ကို အင်္ဂလိပ်မှာ အမျိုး (၂၀) ကျော်လောက် အဓိပ္ပာယ်ဖွင့်ထားတယ်။ ဘမောင်ပြောချင်တဲ့ ခေါင်းစဉ်နဲ့ accypacogoo soysuosdamsos (Power – The ability to control people or things) တဲ့။ မြန်မာအဘိဓာန်မှာကျတော့ (ပြုလုပ်ဆောင် ရွက်နိုင်သည့် စွမ်းရည်၊ ဩဇာ၊ အာဏာ၊ ထိန်းချုပ်မှု) လို့ တွေ့ရတယ်။ ပါဝါကို ပါဝါလို့ တွင်တွင်သုံးကြမှုများတာ တွေ့ရပါတယ်။ ဘမောင်က ပါဝါကို လူတစ်ဦး ချင်းစီပိုင်ဆိုင်ကြတဲ့ အရည်အချင်း၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့ ဦးဆောင် သူရဲ့ အရည်အချင်း၊ အဲဒီကနေ နိုင်ငံတော်အဆင့်၊ ဒေသအဆင့်၊ တိုက်ကြီးတွေ ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေအထိ ကျယ်ကျယ်ပြန့်ပြန့်ပြောချင်တာ၊ ပြီးတော့ စီပွါးရေးပါ၀ါ (Economic Power), လူမှုရေးပါ၀ါ (Social Power), နိုင်ငံရေးပါ၀ါ (Political Power) စသဖြင့်ပေါ့။ နောက် ကမ္ဘာ့ခေါင်းဆောင်ကြီး တွေမှာ ဘယ်သူတွေက ဘယ်ပါဝါမျိုး ပိုင်ဆိုင်ကြသလဲ၊ ဘယ်လို မဟာဗျူဟာတွေ သုံးသွားခဲ့ကြသလဲ၊ အဲဒီရလဒ်ကြောင့် ကမ္ဘာ့ဝန်းကျင်ကြီး ဘယ်လိုပြောင်းသွားသလဲ စသဖြင့်လည်း ထည့်ပြောချင်တယ်။

          ဟောပြောပွဲက စုစုပေါင်းမှ (၃) နာရီပဲဆိုတော့ ပြန်လှန်မေးခွန်းအတွက် နာရီဝက်နုတ်ရင် တကယ်ပြောချိန်   နှစ်နာရီခွဲမှာ ခပ်ကြမ်းကြမ်းလောက်ပဲ ပြောနိုင် မှာပါ။ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေနဲ့ရော၊ ပညာရှင်တစ်ဦးအနေနဲ့ရော ရှုထောင့်စုံကပြောရမှာဆိုတော့ တော်တော်လေးပြောနိုင်မယ့်ခေါင်းစဉ်တစ်ခု ဖြစ်ပါ တယ်။ ဘမောင်အတွက် နှစ်နာရီခွဲဆိုတဲ့အချိန်က ကန့်သတ်ထားတော့ အမြည်း သဘောပဲ ပြောနိုင်လိမ့်မယ် ထင်တယ်။

 

          နယ်ပယ်တစ်ခုစီမှာ ပါဝါကို မတူတဲ့ရှုထောင့်က ရှုမြင်ကြတာ ဘမောင် ကောင်းကောင်း သတိထားမိတယ်။ စီမံခန့်ခွဲရေးရှုထောင့်က သည်လို ရှုမြင်ပါ တယ်။ 

“Power :......... is the ability to influence the behavior

of others" 

“Power : ............... is the capacity to restructure actual

situation” 

လူမှုရေးဆိုရှယ်သမားတွေကတော့ ..

          “Power is not power over others”

           (not forcing to do) 

အတင်းအကြပ် စေခိုင်းခြင်းမဟုတ်တာကို ဆိုချင်တာပါ။

          “Power is ability to get things done” 

          (inspiring to do)

          အလုပ်ဖြစ်အောင် ဆွဲဆောင်စည်းရုံးတဲ့ အရည်အချင်းကို ပြောတာပါ။ နယ်ပယ်နှစ်ခုက ရှုမြင်ပုံအကွာအဟကို တွေ့နိုင်ပါတယ်။

          နိုင်ငံရေးနဲ့ စစ်ရေးအမြင်တွေထဲက ခပ်ပြင်းပြင်းလေး မြင်တဲ့သူတွေကျ တော့ ..

          “An action over actions” လို့ ရှုမြင်ကြပြန်ပါတယ်။ တချို့ နိုင်ငံရေး သဘောထား ပျော့ပျောင်းကြသူတွေကတော့ သည့်ထက် ပျော့ပြောင်းတဲ့အမြင်မျိုး နဲ့ မြင်ကြပြန်ပါတယ်။ ပါဝါအမျိုးအစား အများကြီးပါ။ 

  • Personal Power
  • Positional Power 
  • Constitutional Power 
  • Social Power 
  • Economic Power 
  • Military Power
  • National Power 
  • Technical Power 

          စသဖြင့် ဒါဇင်ပေါင်းများစွာသော ပါဝါတွေ ရှိကြ ပါတယ်။ မာသာထရီဇာ (Mother Teresa) ဆိုရင် Social Power ကြီးသူပါ။ Albert Einstein ဆိုတာကြတော့ Intuitive Power ပိုင်ဆိုင်ပြီး Sir Wiston Churchill ကျတော့ နိုင်ငံရေးသြဇာကြီးသူ ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယက မဟတ္တမ ဂန္ဒီကြီးကျတော့ အင်မတန် လူချစ်လူခင်များတဲ့အတွက်ကြောင့် Charismatic ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ စီမံခန့်ခွဲရေးဂုရုကြီး Peter Drucker ကို တော့ (Management and Visionary) အမျိုးအစားထဲ ထည့်ထားပါတယ်။

          စီးပွားရေးဘက်မှာကျတော့ ပါဝါအပေါ် အားလုံးသဘောတူကြတဲ့ ဖွင့်ဆို ချက် မရှိသေးပါဘူး။ ဒါပေမဲ့ မှတ်ချက်ကောင်းတစ်ခုကို ဘမောင် သတိထားမိ ပါတယ်။

          “In general, those with more power also have more freedom than others and may be able to exploit others in society”

          စီးပွားရေးအင်အား ပိုကောင်းလာတာနဲ့ လွတ်လပ်မှုပိုရှိလာပြီး တခြား သူတွေအပေါ် အကဲသာတယ်ဆိုတဲ့ သဘောပါ။ စီးပွားရေးမှာ ဘယ်သူမှမငြင်းတဲ့ ပါ၀ါတွေကတော့ Purchasing Power ဆိုတဲ့၀ယ်လိုအား Monopoly Power ဆိုတဲ့ ထိန်းချုပ်သြဇာ  Bargaining Power ဆိုတဲ့တောင်းဆိုနိုင်စွမ်း  Managerial Power ဆိုတဲ့ စီမံခန့်ခွဲမှု ပါဝါတွေကတော့ ရှိနေပါတယ်။

          စာအုပ်ကြီးတိုင်းမဟုတ်ပဲ ခပ်တိုတိုနဲ့ ပါဝါကို ခံစားမှု၊ အာရုံ၊ အတွေ့အကြုံ အရ အဓိပ္ပာယ်ဖွင့်ရရင်

  • Social Power “Inspiring to do” -
  • Managerial Power “To get things done”
  • Political Power “Power over the powers” လို့ ပြောရင်ရပါတယ်။

 

         နိုင်ငံရေးပါဝါကို နည်းနည်းပိုပီပြင်အောင် ရုပ်လုံးဖော်ကြည့်ရင် ...

          “Political Power (imperium – Latin) is a type of power held by a group in a society which allows administration of some or all of public resources, including labor and wealth.”

          နိုင်ငံရေးပါဝါကို အယူအဆတစ်ရပ်မှ နည်းနည်းပိုပြီး ဖြန့်ကြက်ထားတာ တွေ့ရပါမယ်။ လူထုရဲ့ အရင်းအမြစ်၊ လုပ်သားနဲ့ ကြွယ်ဝမှုကို စီမံခန့်ခွဲနိုင်ခွင့် အာဏာရှိတယ်ဆိုတာ နိုင်ငံရေးပါဝါပါပဲ။ ဒါက နိုင်ငံတစ်နိုင်ငံအတွင်းမှာရှိတဲ့ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေးပါဝါအဆင့်မျှသာ ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်ကကြည့်တဲ့ နိုင်ငံရေးပါဝါကျတော့ ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဖိအား ပေးမှု၊ ပိတ်ဆို့မှု၊ အတင်းအကြပ်ဆောင်ရွက်မှုတွေအထိ ပါဝင်လာပါတယ်။

          နိုင်ငံတစ်ခုမှာ ဒီမိုကရေစီနည်းကျ ပါဝါခွဲခြားမှုကို အစိုးရတွေ လုပ်ဆောင် ရလေ့ ရှိပါတယ်။ Separation of Power လို့ ဘမောင်တို့ အသုံးပြုလေ့ ရှိ ကြပါတယ်။

 

Separation of Power 

          - Legislative Power ၊ ဥပဒေပြုရေး 

          - Executive Power အုပ်ချုပ်ရေး 

          - Judicial Power တရားစီရင်ရေး၊

          အဲဒီပါဝါသုံးခု သီးခြားစီ ခွဲထုတ်ထားပြီး ပါဝါတစ်ခုနဲ့တစ်ခု မလွှမ်းမိုး ရေးကို သတိထားဆောင်ရွက်လေ့ ရှိပါတယ်။ တချို့နိုင်ငံတွေမှာ Executive Power ဆိုတဲ့ အုပ်ချုပ်ရေးပါဝါက တခြားပါဝါနှစ်ခုကို လွှမ်းမိုးတတ်လေ့ ရှိ ကြောင်း တွေ့နိုင်ပါတယ်။

          သည်နေရာမှာ ကြုံလို့ပြောရရင် နောက်ပိုင်း နိုင်ငံအများလိုက်ပါကြတာ စနစ်နှစ်မျိုး ဖြစ်ပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေက တစ်ဘာသာ ဖြစ်ပါ တယ်။ ဒီမိုကရေစီနိုင်ငံအများလိုက်ပါကြတဲ့စနစ်နှစ်မျိုးမှာ 

          - Presidential System (သမ္မတအုပ်စိုး)   

          - Parliamentary System (ပါလီမန်အုပ်စိုး)

          သမ္မတစနစ်မှာ သမ္မတဟာ အစိုးရရဲ့ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှု အာဏာ အပြည့်အဝရယူပါတယ်။ ပါလီမန်စနစ်မှာကျတော့ Head of State ဆိုတဲ့ နိုင်ငံအကြီးအကဲက ပြယုဂ်သဘောလောက်ပဲဖြစ်ပြီး ဝန်ကြီးချုပ်က အုပ်ချုပ်မှု အာဏာအရှိဆုံး ဖြစ်ပါတယ်။ ရုရှားမှာတော့ သမ္မတနဲ့ဝန်ကြီးချုပ် နှစ်မျိုး ပေါင်းထားပြီး လောလောဆယ်မှာ ဝန်ကြီးချုပ်က သမ္မတထက် ဩဇာပိုကြီးနေ တာ သတိထားမိမှာပါ။ တရုတ်မှာလည်း သမ္မတနဲ့ ဝန်ကြီးချုပ် ပေါင်းထားတဲ့ စနစ်သုံးထားပြီး သမ္မတက သြဇာပိုပါတယ်။

 

          (၁၉၈၀) ဝန်းကျင်လောက်မှာ နိုင်ငံတွေရဲ့ ပါဝါကို နှစ်မျိုး ခွဲခြားလာပါတယ်။ Hard Power ဆိုတဲ့ပါ၀ါ အမာနဲ့ Soft Power ဆိုတဲ့ပါ၀ါအပျော့ဖြစ်ပါတယ်။ နိုင်ငံအချင်းချင်း ဆက်ဆံမှု ပိုရှုပ်ထွေး၊ ပိုသိမ်မွေ့လာတာနဲ့အမျှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားလာရင်း Smart Power ခေတ်စားလာ ပါတယ်။

 

Hard Power

          Hard Power refers to coercive tactics, the threat or use of armed forces, economic pressure or sanctions, assassinationetc...

          နိုင်ငံရေးလောကမှာ ဘမောင်တို့ “Carrot & Stick” ဆိုတဲ့ အသုံးအနှုန်း ရှိပါတယ်။ မုန့်နဲ့တုတ်” လို့ မြန်မာမှု ပြုနိုင်ပါတယ်။ Hard Power ကို “တုတ်သုံးပါဝါ”လို့လည်း ပြောလို့ရပါတယ်။ စစ်အင်အားသုံးနိုင်ပါတယ်၊ စီးပွား ရေး ဖိအားပေးနိုင်ပါတယ်၊ ပိတ်ဆို့မှုတွေ လုပ်နိုင်ပါတယ်၊ နောက်ဆုံး လုပ်ကြံမှု တွေအထိ ဆောင်ရွက်မှုမျိုးကို Hard Power လို့ သတ်မှတ်ပါတယ်။

 

Soft Power

          Means of exercising soft power includes diplomacy, dissemination of information, analysis, propaganda, and cultural programming to achieve political ends.

          သံရေးတမန်ရေး၊ သတင်းအချက်အလက်ဖြင့် ထိုးနှက်မှု၊ ဝါဒဖြန့်ချိမှု၊ ယဉ်ကျေးမှုတစ်ရပ်ကို စနစ်တကျ သွတ်သွင်းမှုစတဲ့ လုပ်ဆောင်ချက်တွေကို ပါဝါအပျော့ထဲမှာ ထည့်သွင်းထားပါတယ်။ အပေးအယူ၊ စေ့စပ်ညှိနှိုင်းမှုတွေ လည်း ပါဝင်ပါတယ်။