Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - ထဘီလေးတစ်ထည်

Regular price 8,500 MMK
Regular price Sale price 8,500 MMK
Sale Sold out

          နံနက်ခင်း လေပြည်သည် အေးမြညင်သာစွာ တိုက်ခတ်နေသည်။

          မီးဖိုမှ မီးညွန့်များသည် ရဲရဲနီကာ ဟုန်းဟုန်းတောက်လျက်ရှိ၏။ 

          မိဒိုးသည် ထမင်းအိုးကို မနိုင့်တနိုင် မ ကာ မီးဖိုပေါ်တင်လိုက်၏။

          ကျပ်ခိုးမှိုင်းများဖြင့် ညစ်ပေနေသော အိုးဖုံးကို ဆန်ဆေးရည်ဖြင့် ဆေးပြီး ဖုံးလိုက်သည်။ 

          ညနေအတွက် ချန်ထားသောဆန်ကို ပုဆိုးနှင့် ပြန်ထုပ်၏။

          ရေအိုးနားမှ မန်ကျည်းရွက်ထုပ်ကို သွားယူကာ ကြမ်းပေါ် ဖင်ချအထိုင် လိုက် ဗြိခနဲမြည်ကာ ထဘီပြဲသွားပြီကို မိဒိုးသိလိုက်၏။ ကဗျာကယာ ထကာ ထဘီကိုလှည့်ကြည့်လိုက်တော့ တစ်ထွာခန့်ရှိ အစုတ်ကြီး။

         သွားပါပြီ၊ ကုန်ပါပြီ။

         သည်ထဘီက အမေထားခဲ့သော ထဘီသုံးထည်အနက်က နောက်ဆုံး ထဘီ။

         မိဒိုး ထဘီကို အသာလှည့်ဝတ်ကာ ဖြည်းညင်းစွာထိုင်ချပြီးမှ မန်ကျည်း ရွက်သင်၏။

         နောက်နေ့မှ အရီးလေးတို့အိမ်က အပ်နှင့်အပ်ချည်ပြီး သီရမည်။

         မန်ကျည်းရွက်တွေက တမြန်နေ့ကတည်းက ခူးထားသည်မို့ နည်း နည်းနွမ်းနေကြပြီ။ မနက်ဖြန်အတွက် မန်ကျည်းရွက်ကိုချန်ပြီး ပြန်ထုပ် ထားလိုက်၏။ အိမ်ရှေ့တွင် ကစားနေကြသော မိဒိုး၏အောက် အငယ် မသုံးယောက်က မီးဖိုချောင်ဆီသို့ တကြည့်တည်း ကြည့်နေကြသည်။ မန်ကျည်းရွက်အိုးထဲသို့ ငါးပိထုပ်ထဲမှ လက်ကျန်ငါးပိနည်းနည်းကို ပစ် ထည့်လိုက်၏။ ဆီပုလင်းကို လောင်းချသော်လည်း ကျလာသည်မှာ တစ် စက်နှစ်စက်။ မိဒိုးက ပုလင်းဖင်ကို လက်နှင့်ရိုက်ချ၏။ ဒီနေ့ညနေ အဖေ့ ဆီက ပိုက်ဆံရမှ မနက်ဖြန်အတွက် အားလုံးဝယ်ရမည်။

           မန်ကျည်းရွက်ဟင်းအိုး တပွက်ပွက်ဆူချိန်တွင် အိမ်ရှေ့မှ ဆွမ်းတော် ပျို့” ဟူသောအသံကို ကြားရ၏။ ထုံးစံအတိုင်း မိဒိုးက “ကန်တော့ဆွမ်း” ဟု သွက်လက်စွာ အော်လိုက်သည်။ ဘုန်းကြီးကျောင်းသား အေးမောင်က ဆွမ်းဗျပ်ကိုရွက်ထားရင်းက မိဒိုးကို မျက်စောင်းထိုးလေသည်။

           “ထမင်းစားမယ် လာကြဟေ့”

            မိဒိုး ခေါ်သံအဆုံးတွင် အငယ်သုံးယောက် အပြေးအလွှားလာကြသည်။

            ထမင်းရည် နီရဲရဲတစ်ဇလုံနှင့် မန်ကျည်းရွက်ဟင်းကို အလယ်ထား လျက် ခေါင်းမဖော်အောင် စားကြ၏။ ဆံပင်နီနီနှင့် ခေါင်းလေးလုံးသည် ထမင်းဝိုင်းကို မိုးနေ၏။ မိဒိုးတို့အားလုံး မြစ်ဆိပ်တွင် ရေငုပ်ကြလွန်းသဖြင့် ဆီနှင့်မတွေ့ရသော ဆံပင်များမှာ နီရဲနေကြလေသည်။

          “သမီး ရော့ဟေ့ ပိုက်ဆံ”

          အဖေက ပခုံးပေါ်မှ တက်နှစ်ချောင်းကို တံခါးပန်းတွင် ထောင်ပြီးသည် နှင့် မိဒိုးကို ပိုက်ဆံပေး၏။ ကျပ်တန်ငါးရွက်။ အဖေ့မျက်နှာမှ ချွေးသီး ချွေးပေါက်များကို မိဒိုး ငေးကြည့်နေရင်း အဖေ၊ ငှက်ငှားခ သုံးကျပ်ပေး ပြီးပြီနော်”ဟု အလောသုံးဆယ် မေးလိုက်၏။ အဖေက မိဒိုးကိုကြည့်၍ ပြုံး၏။

          “ပေးပြီးပါပြီ သမီးရဲ့ ၊ ဟူး ဒီနေ့မစားသာဘူးဟေ့။ ရေနီကျပြီး ရေသိပ် စီးနေတယ်”

           မိဒိုးက အဖေပြောသမျှကိုသာ ခေါင်းညိတ်နေရင်း ငွေငါးကျပ်နှင့် ဈေး ဝယ်ရန်တွက်စပြု၏။ နက်ဖြန်အတွက် ဆန်တစ်ပြည်က လေးကျပ်။ ဒါနဲ့ထဘီလေးတစ်ထည်နှင့် အခြားဝတ္ထုတိုများ ကိုပဲ လေးကျပ်ရှိနေပြီ။ အသင်းဘုတ်အုပ်နဲ့ထုတ်ရင် နှစ်ကျပ်ဆယ်ပြားပဲ ကျတာ။ အမေဆုံးတုန်းက ငါးဆယ်နှင့်ပေါင်ထားသော အသင်းဘုတ်အုပ် ကို ခုထိမရွေးနိုင်သေးတာ နာတာပဲ။ ထားပါလေ။ ဆီနှစ်ကျပ်ခွဲသားက ပြားရှစ်ဆယ်။ ပြားနှစ်ဆယ်ပဲ ကျန်တော့သည်။ မန်ကျည်းရွက်ချက်ဖို့ ငါးပိ က မဝယ်လို့မဖြစ်။ တစ်မတ်ဖိုးကိုတောင်မှ ရွာလယ်ဈေးသည် ဒေါ်ကြီးမှင် က သိပ်ရောင်းချင်တာမဟုတ်။ ပြားနှစ်ဆယ်ဖိုး ရောင်းပါ့မလားဟု မိဒိုး ပူပန်မိ၏။

          “ဟဲ့ မိဒိုး မီးဖိုပေါ်ကအိုး ဝေကျနေပြီ၊ ဘာအိုးလဲ” 

          “ရပါတယ်အဖေရဲ့ ၊ အဝေရာရွက်ပြုတ်ထားတာပါ၊ ဒီနေ့ည အဝေရာ သုပ်နဲ့ မန်ကျည်းရွက်ဟင်း”

           မီးဖိုပေါ်ကအိုးကို မိဒိုးသွားဖွင့်လိုက်သည်။ စိမ်းဝါဝါအရည်များက ပွက်ပွက်ဆူနေကြသည်။ အဝေရာရွက်တစ်ခက်ကို ဆတ်ခနဲ ဆိတ်ကြည့် လိုက်၏။ မနူးသေးပေ။ မီးဆွပေးလိုက်ပြီး မီးဖိုဘေးက ဝါးကျည်တောက် ဘူးလေးထဲသို့ ပိုက်ဆံကို ထည့်သိမ်းလိုက်၏။

          “ဟေ့ ... ငါက ခြောက်ဆင့်ရောက်ပြီနော်၊ ခြောက်ဆင့်ခုန်ရမှာ”

           ဖန်ခုန်တမ်း ကစားနေသောနေရာမှ အလတ်မ၏အသံစူးစူးက ဝမ်းသာ အားရ ထွက်ပေါ်လာသည်။ သူ့ညီမသုံးယောက် ဖန်ခုန်တမ်း ကစားနေ သည်ကိုကြည့်ရင်း မိဒိုး ရုတ်တရက် ကစားချင်စိတ်ပေါ်လာသည်။ မိဒိုး မကစားရတာ ကြာလှပြီ။ အမေရှိတုန်းကဆို ရွာလယ်ပိုင်းထိတောင် သွား ကစားရ၏။ မြစ်ဆိပ် သောင်ပြင်ပေါ်တွင်လည်း သူငယ်ချင်းများနှင့် ဘိုအိမ် မဆောက်ရသည်မှာလည်း ကြာပြီ။

          မိဒိုးသည် ထဘီကို ခပ်တင်းတင်းပြင်ဝတ်ပြီး တဲရှေ့သို့ ပြေးသွား လျက် အလတ်မ ခုန်မည်ပြုနေသော ခြောက်ဆင့်ကို လွှားခနဲ ခုန်ကျော် လိုက်၏။ ပါးစပ်ကလည်း “ငါခုန်တာ တွေ့လားဟေ့”ဟု ဝမ်းသာအားရ အော်၏။ အလတ်မ နှုတ်ခမ်းစူ၏။ 

         “ငါခုန်နေတာ ဘာလုပ် နင် ဝင်ခုန်တာလဲ၊ သွားမပါရဘူး” 

          “အိုး ... ပါမှာပေါ့၊ နင် မခုန်နိုင်တိုင်း ... နင်က အီးဘောသော”

           မိဒိုးက သူ့ညီမကို စ၏။ အလတ်မ ပိုပြီးစိတ်ဆိုးလာ၏။

           “နင်နော် နင်၊ အပျိုက အပျိုလိုနေပါလား၊ အပျိုဆိုတာက ကလေးတွေ ထဲ မပါရဘူး သွား”

           “ဘာ ... ကြည့်စမ်း၊ ဘာ အပျိုလဲ ... ငါလည်း ကလေးပဲ”

           ကလေးစိတ်တစ်ဝက်နှင့် မိဒိုး ပြန်အော်၏။   

           “အမယ် ... နင် ကလေးဆိုရင် နင်ဘာပြုလို့ ရေချိုးတုန်းက အဖေ့ ရေလဲနဲ့ ချိုးလဲ၊ ငါတို့လို ချိုးပါလား ကဲ”    

           မိဒိုး ရှက်သွား၏။ အဖေ့ဆီကို မလုံမလဲလှမ်းကြည့်ရင်း ရှက်ရှက်နှင့် အလတ်မခေါင်းကို “ဒေါက်  ́ခနဲ နေအောင် ခေါက်ပစ်လိုက်လေသည်။

          မန်ကျည်းရွက်ခူးတိုင်း မိဒိုး ကောက်လာသော မန်ကျည်းကိုင်းများနှင့် ဆူးစည်းလုပ်နေသော အဖေ့ဘေးတွင် မိဒိုးတို့ညီအစ်မတစ်တွေ ဝိုင်းနေကြ လေသည်။ အဖေက အကိုင်းအခက်ရှုပ်သော မန်ကျည်းကိုင်းများကို စု၍ အရင်းမှ ကြိုးဖြင့် တင်းနေအောင် ချည်သည်။

          “ပြီးပြီလား အဖေ၊ မြစ်ထဲကို အခု သွားချရအောင်နော် အဖေ”

           အငယ်ဆုံးမက စိတ်အားထက်သန်စွာ ပြောသည်။ မိဒိုးတို့တစ်ရွာလုံး လိုလို ဆူးစည်းချလေ့ရှိ၏။ မန်ကျည်းကိုင်းနှင့်လုပ်သော ဆူးစည်းမှာ ငါး သိပ်မပါသော်လည်း နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ဖော်လျှင် တစ်ချက် စာလောက်တော့ ရတတ်လေသည်။ ဆူးစည်းကို ရေတိမ်တိမ်တွင် ချရ၏။ ရေတိမ်တွင် သွားနေတတ်သော ငါးသေးသေးလေးများမှာ မန်ကျည်းကိုင်း ရှုပ်ရှုပ်တွင် ဝင်တိုးမိပြီး မထွက်နိုင်ကြတော့ပေ။ တချို့ နည်းနည်းတတ်နိုင် သူ များက ငါးကြီးများရရန်အတွက် ရေနက်ပိုင်းကျသော မြစ်ရိုး တစ်လျှောက်လုံးလို ကြိုးတန်းအရှည်ကြီးဖြင့် မျှားတန်းတန်း ကြလေသည်။

          ဆူးစည်းကို ထမ်းလျက်သွားသော အဖေ့နောက်မှ မိဒိုးတို့ ခုန်ပေါက် လိုက်လာကြ၏။ အဖေက ရေတိမ်တိမ်တွင် ဆူးစည်းကို မြုပ်အောင်ချပြီး စိုက်ထားသော ဝါးလုံးတိုင် ချည်နေ၏။ အငယ် သုံးယောက်လုံး ရေထဲတွင် တဝုန်းဝုန်း ကူးနေကြပြီ။ အလတ်မက သဲကြမ်းများနှင့် ချေးတွန်းရင်း မိဒိုးကို လှမ်းပြောင်ပြနေ၏။ ညီမအငယ်နှစ်ယောက်က ရေထဲတွင် ငုပ်လိုက်ဖော်လိုက်နှင့် ကူးခတ်နေကြ၏။ မိဒိုးသည် လက်မောင်းပိန်ပိန် လေးပေါ်သို့ မကြာခဏ လျှောကျနေသော ရှင်မီးအကျီကြိုးကို ပခုံးပေါ် ဆွဲဆွဲတင်ရင်း ဟိုတုန်းကလို အဝတ်အစားများကို အမြန်ချွတ်ကာ ရေထဲ ပြေးဆင်းချင်စိတ် ပေါ်လာသည်။ အဖေက ဝါးလုံးတိုင်မြဲအောင် အုတ်ခဲ ကျိုးနှင့်ထုနေရင်း မိဒိုးကို လှမ်းပြောသည်။

        “ တဲ့ ... မိဒိုး၊ ရေချိုးမှာ ချိုးလေ၊ ဘာလုပ်နေတာလဲ”

          မိဒိုးသည် အဖေဝတ်ထားသော ရေလဲပုဆိုးကို မသိမသာကြည့်ရင်း ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

         “တော်ပြီ အဖေ ဒီနေ့ ရေမချိုးတော့ဘူး”

          အေးစိမ့်စွာတိုက်ခတ်လာသော လေ၏ အထိအတွေ့ကြောင့် မိဒိုး ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။ မိဒိုးကိုယ်ပေါ်တွင် စောင်မရှိတော့ပေ။ အငယ် သုံးယောက်သည် စောင်ကို သူတို့ဘက်ဆွဲယူသွားပြီး ပူးကပ်ခြုံကာ အိပ်ပျော်နေကြသည်။ မိုးလင်းတော့မည်။ အလင်းရောင်မှုန်ပျပျကို မြင်နေရပြီ။ မိဒိုးက ထဘီကိုအသာဆွဲခြုံကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ ဗိုက်ထဲတွင် ဟာနေသည်။ ဗိုက်ဆာသည် ဆိုခါမှ သည်နေ့မနက် ဟင်း ချက်စရာ မရှိ။ မန်ကျည်းရွက်ဖြစ်ဖြစ်၊ အဝေရာရွက်ဖြစ်ဖြစ် သွားခူးရလိမ့် မည်။ ငါးပိနည်းနည်း ရှိသေးသည်။ ငါးပိနည်းနည်းကို သည်နေ့အတွက် ခွဲချန်လိုက်သဖြင့် မနေ့ညက မန်ကျည်းရွက်ဟင်းမှာ ချဉ်လိုက်သည်မှ စုတ် စုတ်လန်နေသည်။ အငယ်ဆုံးမက မျက်နှာရှုံ့မဲ့မဲ့နှင့် “အဖေ ဆူးစည်း သွား မဖော်သေးဘူးလား ဟု ထမင်းစားမပြီးမချင်း တတွတ်တွတ် မေးလေ သည်။ မိဒိုးသည် အိပ်ရာမှ ကပျာကယာ ခုန်ထလိုက်သည်။ ဟုတ်သားပဲ။ ဆူးစည်းချထားတာ ဒီနေ့ဆို နှစ်ရက်တောင် ရှိသွားပြီ။ မိဒိုးသည် တဲ အောက်ကို ခုန်ဆင်းလိုက်၏။ အဖေ့ကိုကြည့်တော့ အိပ်မောကျနေတုန်းပင်။

          မိဒိုးသည် မြစ်ဆိပ်သို့ ခပ်သွက်သွက်လျှောက်ခဲ့၏။ မြစ်ပြင်ကိုဖြတ် တိုက်လာသော အရုဏ်ဦးလေက အေးမြလှသည်။ မိဒိုး ထဘီကို ဆွဲခြုံ လိုက်သည်။ မြစ်ဆိပ်တွင် မည်သူမျှ မရှိသေးပေ။ မိဒိုးတို့ ဆူးစည်းမှာတခြား ဆူးစည်းများနှင့် အတော်လေး လှမ်းလေသည်။ သို့သော် မိဒိုးသည် ဆူး စည်းဖော်ဖို့ကိုသာ စိတ်စောနေသဖြင့် ကြောက်ရကောင်းမှန်း မသိပေ။ ထဘီကို ခပ်တိုတိုပြင်ဝတ်ပြီး မိဒိုး ရေထဲသို့ ဆင်းလိုက်သည်။ ဆူးစည်းကို အသာမပြီး ကုန်းပေါ်သို့ချသည်။ ကျလာပါစေ၊ ငါးတွေ အများကြီး အများကြီး။ မိဒိုးသည် စိတ်အားထက်သန်စွာ ဆူးစည်းကို လှုပ်ခါလိုက် ၏။ မိဒိုးမျက်နှာ ရှုံ့မဲ့သွား၏။ ငါးက တစ်ကောင်တစ်မြီးမှ ကျမလာပေ။ ဘာလို့ပါလိမ့်။ ရေနီကျနေလို့လား။ မိဒိုး စိတ်ပျက်လက်ပျက်ဖြင့် ဆူးစည်း ကို ရေထဲပြန်ချပြီး နီရဲသောမြစ်ပြင်ကို လှမ်းကြည့်လိုက်၏။ အလို။ မိဒိုး မျက်လုံးများ ဝင်းလက်သွား၏။ ရေနက်ပိုင်းတွင် တန်းထားသော မျှားတန်း တစ်နေရာသည် လှုပ်ရှားယိမ်းထိုးနေပေသည်။

          ထောင်ထားသော ငါးအရှင်က သေလောက်ပြီ၊ ရှင်နေလျှင်လည်း ဒါလောက် မလှုပ်ယမ်းနိုင်။ ဟုတ်ပြီ။ ငါးကြီးတစ်ကောင်မိနေတာပဲ ဖြစ်ရ မည်။ မိဒိုး ဘာကိုမျှ စဉ်းစားမနေတော့။ ရေထဲသို့ အမြန်ဆင်းရင်း များ တန်းဆီသို့ ကူးသွားလိုက်သည်။ မိဒိုးသည် လှုပ်နေသောနေရာတွင် ကိုယ် ကို အသာဖော့ထားရင်း ကြိုးကို မကြည့်လိုက်သည်။ မိဒိုးထင်သည့် အတိုင်းပင်၊ ငါးပတ်ကြီး။ နည်းတဲ့အကောင်ကြီး မဟုတ်။ ဝမ်းသာလိုက် သည်မှာ ပြောစရာမရှိ။ မည်သူ့မျှားတန်းပဲဖြစ်ဖြစ် ဖြုတ်မည်။ မိဒိုးသည် ခြေထောက်နှစ်ချောင်းကို အားပြုကာ ရေကို ယက်၍ ယက်၍ ကိုယ်ဖော့ ရင်း လက်နှစ်ဖက်စလုံးဖြင့် ငါးကို ဖြုတ်လေသည်။ ငါးပတ်ကြီးကား တဖြန်းဖြန်း ရုန်းကန်နေပေသည်။ ဖြုတ်ရသည်မှာ မိဒိုးထင်သလောက် မလွယ်။ အမှန်မှာ မျှားတန်းဖော်လျှင် လှေပေါ်မှနေ၍ အေးအေးဆေးဆေး ဖော်လေ့ရှိကြသည်။ 

           ရေစီးသည် မိဒိုးအောက်ပိုင်းကို အရှိန်ဖြင့် တွန်းထိုးနေပေသည်။ ရေစီး ထဲတွင် ပါသွားမလိုဖြစ်နေသည်။ ခြေထောက်နှစ်ဖက်ကိုသာ အဆက် မပြတ်ကူးယက်ရင်း ငါးကိုသာ မဲဖြုတ်သည်။ ခုနေများ များတန်းဖော်တဲ့ လူရောက်လာမှဖြင့် ဟူသော အတွေးဖြင့် ဇောချွေးများပင် ပြန်လာသည်။ အားစိုက်ကာ မိဒိုး ဆက်ဖြုတ်ပြန်သည်။ ငါးပတ်ကြီး မော၍ နည်းနည်း အငြိမ်တွင် တအားဆောင့်ဆွဲပစ်လိုက်သည်။ ရပြီ။ ငါးပတ်ကြီးကို မလွတ်