Skip to product information
1 of 3

Other Websites

နီကိုရဲ - အူကြောင်ကျား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

အရေးတော်ပုံ” “အောင်ရမည်”
 “သခင်မျိုးဟေ့” “တို့ဗမာ”

          အဲသည်တုန်းက အားလုံးလိုလိုဟာ အိမ်စောင့်နတ်တွေကများ နှင့် ချထားသလား အောက်မေ့ရ၊ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားကြ အားလုံးလိုလိုပဲ လမ်းပေါ်ရောက်နေကြ၊ ရွာတန်းရှည်ကြီးလို စီတန်း လှည့်လည်၊ မိုက်တိုင်ဆန်ရဲ့ လက်သီးတွေလို ကျစ်ကျစ်လက်သီးဆုပ်တွေက မိုးနတ်မင်းကို မျက်နှာပြု စစ်ရေးပြ၊ ကြွေးကြော်သံတွေ မိုးလေး ဟိန်းဖွင့်ချ၊ နံဘေးပလက်ဖောင်းတွေပေါ်က လူထီး လူမတွေရဲ့ အား ပေး လက်ခုပ်သံတွေကလည်း ပြောင်းပြောင်းထလို့၊ အပေါ်ဘက်က စီးမိုးကြည့်မယ်ဆိုရင်တော့ မျက်နှာပြင်ထက်ကို ခုန်ထ ကြွတက်နေတဲ့ ညနေခင်းရဲ့ လူပင်လယ်ကြီးက လှုပ်လှုပ်ရွရွ၊ ခေတ်စနစ်တစ်ခုကိုပြောင်းလဲပစ်ဖို့ ပြည်သူတွေအားလုံး အုန်းအုန်းထ အဆိုကြတဲ့ လူ ဆန္ဒ ဖော်ထုတ်ကြတဲ့ကာလ၊ မှတ်မှတ်ရရ ၁၉၈၉ ခုနှစ်ရောက် လေးလသာသာပဲ လိုတော့တဲ့အချိန်။

          လူတွေက လမ်းပေါ်မှာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေ သည်။ စနစ်တကျ အစီအစဉ်ဆွဲလျက် တည်ဖွဲ့ လေ့ကျင့် က ထွက်လာကြခြင်းမျိုးမဟုတ်ဘဲ ဝုန်းခနဲ ပေါက်ကွဲ ဆူကြွပွင့်ထွက်လာခြင်း ဖြစ် သည်။ သည်တော့လည်း ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် ကိုယ့်အထာနှင့် ကိုယ် ဖြစ်နေသည်း ဦးဆောင်သမှုပြုသူတွေက ယုံကြည်ချက်နှင့် ရှေ့

က သွားနေသည်ဆိုသော်ငြား တော်တော်များများကတော့ နှစ်နှစ်ဆယ် | ကျော်လူပါးဝ နင်းခြေခံခဲ့ရသည်တို့ကို မကျေနပ်သော စိတ်နှင့် နောက် မှ လိုက်နေကြသည်မှလွဲ၍ ဘယ်ကို ဦးတည်နေမှန်း ခြေခြေမြစ်မြစ် မသိမြင်ကြ။ သူများယောင်၍ လိုက်ယောင်ကြသူတွေက ဒုနှင့်ဒေး ဤ ဒုနှင့်ဒေတွေထဲမှာ သည်ရပ်ကွက်လေးလည်းပါသည်။

သည်ရပ်ကွက်လေးနှင့် အသွေးတူ အချင်းတူ သူ မသာ ကိုယ် အသုဘဖြစ်လေသော ရပ်ကွက်သုံးကွက်ကလည်း ပတ်လည်မှာ ရှိနေ သည်။ အရှေ့-အနောက်လမ်းမကြီးနှင့် တောင်မြောက်လမ်းမကြီးတို့ ပိုင်းဖြတ်ရာ လမ်းဆုံ၏ ထောင့်လေးထောင့်တွင် ဤရပ်ကွက်လေးခုက

ထောင့်ချင်းဆိုင်လျက် တည်ရှိသည်။ အန္ဒီရပ်ကွက် လေးရပ်ကွက်အား လွယ်လွယ်ပဲ အမည်သတ်မှတ်လိုက်ပါမည်။

          ဆိုပါစို့။

(က) ရပ်ကွက်၊

(ခ) ရပ်ကွက်

(၈) ရပ်ကွက်

(ဃ) ရပ်ကွက်... ဟူ၍...။

          ဆိုခဲ့သည့်အတိုင်းပါပဲ။ ကာလအခြေအနေအရ သူများယောင်၍ လိုက်ယောင်ခဲ့ခြင်းဖြစ်သည်။ (က) ရပ်ကွက်၏ ထိပ်တွင် ဟောပြော ရန် စင်မြင့်တစ်ခုရှိသည်။ ဘယ်သူတွေ တက်ဟောဟော ပြောပြောဟောလို့ ပြောလို့ရသည်။ ရပ်ကွက်ကို ကြောက်၍သာ အသံချဲ့စက်ကို T အသုံးပြုခွင့်ပေးထားသော ဦးဖိုးကြာက သူ့အသံချဲ့စက်ကို စိတ်မချ၍သဘာပတိနေရာမှ ဒူးနှစ်လုံးထောင်ကာ တောင့်တောင့်ကြီးထိုင်လျက် ခေတ်ပျက်မှာ သဘာပတိဖြစ်နေရှာသည်။

          မနက်တုန်းကတော့ ဘယ်က ဘယ်လိုရောက်လာမှန်းမသိသော ရုပ်ရှင်မင်းသား ကျော်မောင်ကိုဦးက စင်ပေါ်တက်ကာ သရုပ်ပါပါ ဟောပြောသွားခဲ့သည့်အရှိန်ကြောင့် ပရိသတ်က လမ်းနှစ်လမ်းလုံး ပြည့် သိပ်သွားခဲ့သည်မှာ ယခုအချိန်ထိ အုံခဲနေဆဲဖြစ်သည်။ လူဦးရေ နှစ် သောင်းကျော်မျှရှိသော ပမာဏ။

          ဤမျှ များပြားလှသော လူပရိသတ်ကြောင့်ပင် အူကြောင်ကြား အတ္ထုပ္ပတ္တိတစ်ရပ်၏ မြစ်ဖျားခံရာ ကန့်လန့်ကာအဖွင့်မှာ ဤ (က) ရပ်ကွက်ထိပ် ဟောပြောစင်မြင့်ထက်မှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

 

          “လေးစားအပ်ပါသော သဘာပတိကြီးရှင်"

           “ဗျာ.. ဗျား”

          ဦးဖိုးကြာမှာလည်း ဤသည်က တစ်ဒုက္ခဖြစ်သည်။ သူ့အသံနဲ့ စက်လေး ကြေမွသွားသော အော်လံယူနစ်အပိုင်းအစများ ဖြစ်သွား မည်စိုး၍သာ သဘာပတိလုပ်နေရရှာသည်။ သူ့မှာ သူ့ကိုယ်သူ ဘာ သဘာပတိမှန်း မသိရှာ။ သည်တော့ ဟောပြောသူတစ်ယောက် တက် လာတိုင်း “သဘာပတိကြီးခင်ဗျာ” ဟု တိုင်တည်ပြောဆိုလိုက်တိုင်း သူ့ကို ခေါ်သည်အမှတ်နှင့် တစ်ဖွားဖွား လိုက်နေသည်။ အခမ်း အနားမှူး ကိုတက်တူက မထူးဖို့ပြောလည်းမရ အမှတ်လည်း မရှိ။

  • • ••••••••••••••••••••• တကယ်တော့... အဲဒီလူတွေဟာ လူတွေမဟုတ်ပါဘူး ခွေးတွေပဲ ဖြစ်ပါတယ်ရှင့်”

           ရွှီ....

 

          “ဖြောင်း ..”

          “ဖြောင်း ..”

          "ဖြောင်း ...

          သူ့အရပ်နှင့် သူ့ဇာတ်လိုက်လည်း လိုက်ပါ။ စင်ပေါ်မှာ ပုပ္ပါးဘက်မှ အငြိမ့်မင်းသမီးလေး ရန်ကုန်သူ မန်းပန်တာ ချယ်ရီမွှေးက (.. ပုပ္ပါးရယ်... ရန်ကုန်ရယ်... မန္တလေး ပန်တျာရယ်... ချယ်ရီ ပန်းရယ်... ဘယ်လိုများ ဆက်စပ်လေသည်မသိ) အငြိမ့်မင်းသမီးလေး ချယ်ရီမွှေးက အသားလွတ် ဘလိုင်းကြီး ဆော်နေသည်ကို အောက် က ပရိသတ်ကလည်း လက်ခေါက်မှုတ်သံ၊ လက်ခုပ်သံတွေ တစ်ခဲနက် နှင့်ပါလား၊

          “ဒီမှာ လူထုကြီးရှင့်၊ ချယ်ရီမွှေးတို့က သေမှာ အရှင်တော့ မကြောက်လို့... ပေတစ်ရာမှာ ရင်ကော့လျှောက်တဲ့သူရှင့်၊ အမေ လေဘာတီ မမြရင်က သေနိုင်ပါဦးလား * * လေဘာတီရယ် * * * ပေတစ်ရာကို လျှောက်ပါလို့ xxx မြင်သလောက်ပြလိုက်ချင်ပါ သည် x x x တဲ့ ။

          “မပြပါနဲ့ ... အဲလောက်ကြီး မပြပါနဲ့” ဟူသော ပရိသတ်အသံ၊ နောက် "" “ဖြောင်း” “ဖြောင်း” ဟူသော အားပေးသံတွေ။ သည်အခိုက်မှာပင် ။

          အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက် စင်နားကပ်လာ သည်။ ပြီးတော့ စင်အောက်သို့ ဖတ်ခနဲ ဝင်သွားသည်။ ပြီးတော့ လက် ထဲမှာ ကိုင်ထားသော နှီးပြားနှင့် ကြမ်းခင်းပျဉ်ကြားမှနေ၍ တက်တူ၏ ခြေဖဝါးကို ထိုးသည်။ တက်တူ မျက်နှာတစ်ချက် ပျက်သွားကာ ခြေ ဖဝါးကို ဣန္ဒြေမပျက် အသာရွှေ့သည်။ မရ အောက်က တစ်ခါထိုး ပြန်သည်။ တက်တူ “အား” ခနဲ အော်လိုက်မိသည်။ ပြီးမှ သတိရကာ သူ့ပါးစပ်သူ ပိတ်လျက် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သည်မှာပင်သူ့အား မော်ကြည့်နေသော သနားစရာ မျက်လုံးလေးနှစ်လုံးကို ကြမ်း ကြားကျဲကျဲမှ မြင်လိုက်သည်။ စင်အောက်မှ အပြင်ဘက်သို့ တရိပ် ရိပ် ရွေ့သွားသော အရိပ်ကလေးကို တက်တူ လိုက်ကြည့်နေမိသည်။ စင်အောက်မှ ဘွားခနဲ ထွက်လာသော ဦးခေါင်းလေးကို ပထမမြင်ရ သည်။ နောက် မျက်နှာကလေး လှည့်လာသည်။ လူရွယ်တစ်ယောက် မျက်နှာက တည်တည်မှိုင်းမှိုင်း၊ အင်္ကျီအဖြူလက်ရှည် ယောပုဆိုးနှင့် အဝတ်အစားက နည်းနည်းနွမ်းသော်လည်း ကြိုးစားပြီး သပ်ရပ်အောင် ဝတ်ထားသည်။ တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးပဲ ဖြစ် မည်ထင်၏။ တက်တူသည် ဘာကြောင့်များ ခြေထောက်တွေ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားမိသည်မသိ သူ့အား မော်ကြည့်နေသော လူရွယ်၏အနီး စင်ဖျားမှာ ဆောင့်ကြောင့် ထိုင်ကာ မေးလိုက်မိသည်။

          “ဘာကိစ္စရှိလို့လဲ ကိုယ့်ဆရာ”

          “ချယ်ရီမွှေးတဲ့ဟေ့ သေမှာမကြောက်တတ်လို့ ပေတစ်ရာလျှောက် ပတ်တဲ့ အဇာတသတ်မဒေဝဒတ်၊ ကြောက်မွေးပါရင် ဇာဂနာနဲ့နုတ် ပစ်မယ်၊ ချယ်ရီမွှေးတဲ့ တစ်မွှေးတည်းရှိတယ်ပေါ့”

          "မယုံပါဘူး”

          “မဖြစ်နိုင်ဘူး”

          ဟူသော ပရိသတ်၏ ကမောက်ကမအသံပျော့ ရော တဖြောင်းဖြောင်း လက်ခုပ်သံတွေရော ရေပြန့်လွင့်တက်လာ သည်။ မင်းသမီးလည်း အရှိန်လွန်သွားကာ ဘရိတ်မရှိ ဖြစ်သွားသည်။ ကာရံကိုက်ပြီးရော ပြောချင်ရာ စွတ်ပြောနေသည်။

          “လူထုပရိသတ်ကြီး စဉ်းစားကြည့်ပါ တကယ်တော့ သူတို့ ရီကွိုင်း လက်ဝန်းရှေ့ကြီးနဲ့ပစ်ပြီး ဖြိုချပစ်လိုက်တာဟာ ကျောင်းသားလ သမဂ္ဂ အဆောက်အအုံကြီးပါရှင့်”

 

          ကိုတက်တူ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ အထိတ်တလန့် မျက်နှာကြီး ရွှံ့တွသွားသည်။ ပြီးတော့ ညည်းတွားမေတ္တာပို့သည်။

          “အား +++ သွားပါပြီကွာ၊ ဗိုင်းနာမ... အမှားတွေချနေပြီဟ၊ | ကျောင်းသားသမဂ္ဂပါဟာ. . ဘယ်က ကျောင်းသား ကုလသမဂ္ဂရမှာ လဲ၊ ရီဘွိုင်းလက်ဂန်းကိုလည်း ဂန်းရှော့ကြီးတဲ့ကွာ ဒုက္ခပါပဲ”

          တက်တူ စိတ်ပျက်လက်ပျက် ညည်းရင်း သည်ဘက်အလှည့်မှာ သူ့ကို မှုန်တည်တည် မော့ကြည့်နေသော လူရွယ်၏မျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရသည်။

          “သူ့ကို တိုးတိုးကပ်ပြီး နိဂုံးချုပ်ခိုင်းလိုက်ပါတော့ဗျာ၊ ကျွန်တော် တို့မှာ အချိန်က အရေးကြီးနေပြီ။ ကျွန်တော့်သူငယ်ချင်းတွေလည်း စု ရတော့မယ်၊ ကျွန်တော် ဒီစင်ပေါ်က တက်ပြောမှ ဖြစ်တော့မယ်၊ ဂါးဒီး ယန်းထက် ကျွန်တော်တို့ လက်ဦးမှဖြစ်မယ်။ အချိန်မရှိတော့ဘူး၊ အရေး တော်ပုံ စတော့မယ်ဗျ”

           “ဘာရယ် အရေးတော်ပုံ စတော့မယ် ဟုတ်လား”

          အရေးတော်ပုံဆိုသည့် အသံကြောင့် ကိုတက်တူ မျက်လုံးပြုကာ ကြက်သီးဖြန်းဖြန်းထသွားသည်။ ထိုင်ရာမှ ရုတ်ချည်းထကာ စင်ရှေ့သို့ လှမ်းသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရကာ ပြန်လှည့်လာသည်။

          “ဒီမှာ ကိုယ့်ဆရာ စင်ပေါ်တက်ရင်တော့ သဘာပတိကို အရင် နှုတ်ဆက်ပါ၊ မဟုတ်ရင် သူ့စက်ကြီးဖြုတ်ပြီး အိမ်ပြန်သွားလိမ့်မယ်”

          “သိပါတယ်ဗျာ၊ နေဦး ... ခင်ဗျားရဲ့ မိခင်ကြီး နေကောင်းပါ ရဲ့လားကို အင်္ဂလိပ်လို ဘယ်လိုပြောလဲဗျ"

          လူရွယ်၏စကားကြောင့် တက်တူ၏ မျက်နှာကြီး ရဲသွားသည်။ အရေးထဲမှာ ကျောင်းသားခေါင်းဆောင်က လာနောက်နေသေးသည်။ လူရွယ်ကို ကြည့်လိုက်တော့လည်း မျက်နှာက တည်တည်နှင့်။ အင်းလေဒီလို မှင်ကောင်းလို့လည်း ပညာတတ် ရှေ့ဆောင် ကျောင်းသား ခေါင်း ဆောင် ဖြစ်နေတာပဲဖြစ်မည်။

          “ခင်ဗျားမိခင်ကြီး နေကောင်းလားဆိုတော့ အင်္ဂလိပ်လို ယူ မားသား နောက်ဖုန်းကင်ပေါ့ ကျောင်းသားခေါင်းဆောင်ရ ဟား... ဟာ, , , စား”

          တက်တူက ရယ်စရာပြောသည်ကိုပင် “ကျေးဇူးပဲဗျာ” ဟု လူရွယ် က တကယ့်ကို ကျေးဇူးတင်သည့်ဟန်နှင့် တုန့်ပြန်သည်။ မှင်ကလည်းကောင်းပေါ့။ ဒီလို လူငယ်တွေ ငါတို့ တိုင်းပြည်အတွက် အများကြီး လိုအပ်သည်ဟု တက်တူ တွေးလိုက်မိသည်။ တက်တူက ဖောင်တီး ထုတ်လိုက်သည်။ ။

          “ကဲ... ကိုယ့်ဆရာရဲ့ နာမည်လေး ပြောပါဦး”

           “ကျွန်တော့်နာမည် ရိုးရဲ ပါ "

          ပုပ္ပါးမှ အငြိမ့်မင်းသမီးလေး ရန်ကုန်သူ မန်းပတာ ချယ်ရီမွှေး မှာ 'ဇာတိမာန်' သီချင်းကို ဆိုပြီး နိဂုံးချုပ်မည် ရည်ရွယ်ထား လည်း တက်တူက”သည့်ထက် မမှားစေချင်ဘူး နောက်မှာ ကျောင်းသား ခေါင်းဆောင် ရောက်နေတယ်”ဟု တီးတိုးသတိပေးလိုက်မှပင် ပရိသတ် ကြီးအား ဦးညွှတ်လျက် စင်ပေါ်မှ ဆင်းသွားသည်။ သည်မှာပင် တက် သည် ဝင့်ကြွားစွာဖြင့် ပရိသတ်၏ နှလုံးသားအား ဆွဲကိုင်လှုပ်လိုက် ပါတော့သည်။

          “လူထု ပရိသတ်ကြီးခင်ဗျာ၊ အချိန်မရှိတော့ပါဘူး အခုပဲ ကြောင်း သား ခေါင်းဆောင်က ကျောင်းသားတွေကို စုနေပါပြီ။ ဂါးဒီးယန်းထက် လက်ဦးမှု ယူလိုက်ပါပြီး အရေးတော်ပုံ စပါတော့မယ်တဲ့။ အခု စင်ပေါ် ရောက်လာတဲ့သူက ကျိုးဖြူ မဟုတ်တဲ့ ရဲရဲတောက် ကျောင်းသား | ခေါင်းဆောင် ရဲ ဖြစ်ပါတယ်ခင်ဗျာ”

          လက်ခုပ်သံတွေက မိုးယံသို့တိုင် လွင့်ပျံတက်လာသည်။ ရဲ | ဆိုသော လူရွယ်သည် မှုန်တည်တည်မျက်နှာနှင့် စင်ပေါ်ရောက်လာ ၏။ မိုက်ကရိုဖုန်း ရှေ့မှာရပ်လိုက်ပြီး သဘာပတိကြီးကို ဦးဆုံး နှုတ် ဆက်လိုက်သည်။

          “လေးစားအပ်ပါသော သဘာပတိကြီးခင်ဗျာ" “ဗျာ. . . . . .”

          “ယူအာမားသား ... နောက်ဖုန်းကင်ပါ ခင်ဗျာ”

          “ငါ့အမေက နောက်ဖုန်းမကင်ဘူး၊ မင်းကြီးကြီးသာ မျောက် ဖုန်းကင်တာကွ"

          သဘာပတိကြီး ဦးဖိုးကြာ ဒေါသနှင့် ကုန်းထပြီးမှ ကျောင်းသား ခေါင်းဆောင်ပါလားဆိုသောအသိကြောင့် ရုတ်ချည်းပင် ပြန်ထိုင်လိုက် သည်။ ဒါကို ကိုးရက မသိ။ ဂျိုးခဲ့၏ အာရုံက စင်အောက် ပရိသတ် တွေထဲမှာ သူ့ကျောင်းတော်သားတွေနှင့် တွေ့လိုသည့် မျက်နှာလေး တစ်ခုကို ကျီးကန်းတောင်းမှောက် လိုက်ရှာရင်း လူထုကြီးကို ဦးညွှတ် လိုက်သည်။

          သည်မှာပင်...

          ပရိသတ် လူအုပ်ကြီးထဲမှ အသက်နှစ်ဆယ်ဝန်းကျင် ဖြူဖြူပါးပါး ကောင်မလေးတစ်ယောက်သည် မယုံနိုင်သော ဒွိဟစိတ်တွေနှင့် သူမ ၏ မျက်လုံးနှစ်လုံးကို ပွတ်သပ်ကာ စင်ပေါ်သို့ ကြည့်နေ၏။ အကွာ အဝေးက ကိုက်လေးရာကျော် အနည်းဆုံးရှိသည့်အကွာအဝေး သဲသဲ ကွဲကွဲ မြင်နိုင်သည့် အကွာအဝေးမဟုတ်၊ ဒါပေမယ့် ခင်းရုပ်ကို ခွေးချီ ပြေးသွားတောင်မှ ဘယ်နေရာရောက်ရောက် သူမ မှတ်မိနေသည်။ အို.. မျက်စိစုံလုံးမှိတ်ထားတောင်မှ သူမ မှတ်မိနေပါသည်။ သေ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)