Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - နှင်းဆီစီးချင်း

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out
အခန်း(၁)
ငါး

          ကန်စွန်းပင်၊ ကနဖော့ပင်နှင့် ရေမှော်ပင်တွေကြားက စိမ်းလဲ့နေသော ရေကွက်ကလေးထဲတွင် တုတ်တုတ်မျှပင် မလှုပ်အောင် ငြိမ်သက်နေသော ဖော့တုံးကလေးကို ကာ ကြည့်ရင်း လင်းခက် ပြုံးလိုက်သည်။

          ထိုအပြုံးကသူ့ငါးစာကို လာမဟပ်တဲ့ ရေထဲက လင်း ခက် မမြင်ဖူးသော ငါးတစ်ကောင်ကို ပြုံးတာလား။ ဒါမှ - မဟုတ် သုံးရက်စလုံး တစ်ကြိမ်မှ မမြုပ်ခဲ့ဖူးသော ဖော့တုံး ကလေးကို မျက်တောင်မခတ်ငေးနေမိတဲ့ သူ့ကိုယ်သူပဲ ပြုံး တာလား။ အဲဒါမှမဟုတ်ဘူးဆိုရင်တော့ ..ငါးမျှားတံတစ် ချောင်း၊ စီးကရက်တစ်ဘူး၊ ပေါင်မုန့်ထောပတ်သုတ် ငါးချပ်၊ ဇစ်ပိုမီးခြစ်တစ်လုံးနှင့် ရထားသံလမ်းနံဘေးက ကန်စွန်းခင်း ကလေးသို့လာကာ ရေသန့်ဘူး ဝယ်သောက်တတ်သော ငါးတစ်ကောင်မှ မရဖူးသော...သူ့ကိုကြည့်ကာ ပြုံးတတ်ကြ သည် ကျန်သောငါးမျှားဖော်တွေကိုပဲ ပြုံးပြတာလားဆိုတာ ဘယ်သူမှ မကွဲပြားချေ။

          လင်းခက်ငါးများဖြစ်သည့်ကိစ္စက..ဒုတိယနှစ်စာမေး ပွဲဖြေထားပြီး အောင်စာရင်းမထွက်သေးခင်.. ရှိနေသော အချိန်တို့၏ ပျင်းရိငြီးငွေ့စွာ တိုက်ခိုက်လာခြင်းကို ပြန်လည် `ခုခံခြင်းသာဖြစ်သည်။ ငါး ရ.. မရက အရေးမကြီးလှသော် လည်း ငါးမျှားသူတို့၏ အဓိက အရသာဖြစ်သော ..ကိုင်းတံ ထိပ်တွင် ဖျပ်ဖျပ်လူးနေသည့်ငါးတစ်ကောင်ကို ဆွဲတင်လိုက် သည့် အရသာမျိုးကိုတော့ လင်းခက် ရချင်ပါသည်။

          သို့သော် ဖော့တုံးကလေးတုတ်တုတ်မျှ မလှုပ်။ လင်း ခက်၏(၃) ရက်မြောက် ညနေရီက အတော်စောင်းသွားပြီဖြစ် ပါသည်။ လင်းခက်နှင့် ခပ်လှမ်းလှမ်းတွင် ငါးမျှားနေသောအသက်ခြောက်ဆယ်ခန့်ရှိသည့် ဘကြီးက နှစ်ဆယ့်ရှစ်

ကောင်မြောက် ငါးကို ဖျတ်ခန်သုတ်တင်ကာ ကျွမ်းကျင်စွာ ဖြုတ်ပြီး ပလိုင်းထဲထည့်နေသည်ကို လင်းခက် အားကျစွာ နေမိသည်။

         “ဘယ်လိုလဲဟေ့ . မနေ့က အတိုင်းပဲလား”

          ငါးအကောင်နှစ်ဆယ်ခန့်ကို ကြိုးနှင့်သီကာ ပြန်တော့မည်ဖြစ်သော ငါးမျှားဖော်တစ်ယောက်ကလင်းခက်ကို ပြုံး ကာ လှမ်းနှုတ်ဆက်ခြင်းဖြစ်သည်။ လင်းခက် ပြန်ပြုံးကာပြ လိုက်သည်။

         “ဟုတ်တယ်အစ်ကို...ကျွန်တော် မျှားတဲ့ငါးက ဥပုသ် စောင့်နေတယ်နဲ့တူတယ်” 

          ငါးစာဟပ်ပြီး ကိုင်းတံပြန်ချသော ဘကြီးကလှည့် “ကာကြည့်သည်။ လင်းခက်က သူ့ငါးမျှားတံကို ပြန်ဆွဲတင်ကာ နေရာပြောင်းချဖို့ စဉ်းစားနေသည်။ ငါးတစ်ကောင်လောက် တော့ ရချင်ပါသည်။

          “ဟေ့သား ..ပြစမ်း မင်း . .ကိုင်းတံ။ အင်း...မင်း ကြည့်ရတာ ငါးလည်းများတတ်ဟန် မတူပါဘူး။ အပျော်လာ များတာလား။ အား...ချိတ်ကို ချည်ထားတဲ့ ကြိုးကြီးကလည်း အစတွေထွက်လို့ ..တီကောင်ကလည်းပျော့စပြီး ဗိုက်တောင် ပေါက်နေပြီ။ အင်း...ငါးမျှားချိတ်ကလည်း ပေါ်လို့”

          “ဟား...ဟား...ဟုတ်လား အဘ....ကျွန်တော့်ဘာ သာ လုပ်ထားတာ...ကျွန်တော်က ဘာမှမသိဘူး” နေလောင် ထားသော အသက်ခြောက်ဆယ်ခန့်မျက်နှာမှ ဖြူစင်သော အပြုံးတစ်ပွင့် ပွင့်ကာလာ၏။ 

          “အင်း...ဘာလို့ ငါးမရသလဲမှတ်တယ်...ငါးမျှားတံ က ဟုတ်မှမဟုတ်တာ ..အဘတို့ကတော့ ငါးမျှားစားနေရ တာကွ၊ ကဲ...ကဲ..အဘပြင်ပေးမယ်...တီကောင်နဲ့ မများနဲ့ကွ၊ ခါချဉ်ဥနဲ့မျှား...။ မွေးမြူရေးက တီကောင် သိပ်မကြိုက် ဘူး ..ခါချဉ်ဥမှ...”

          “ဟုတ်ကဲ့အဘ...ကျွန်တော်က အပျော်ပါ...ပျင်းလို့”

          ထိုဘကြီးက လင်းခက် ငါးမျှားချိတ်ကို ဖြုတ်ကာ ပြန် ချည်ပေးသည်။ ကျွမ်းကျင်လိုက်သည့် ဖြစ်ခြင်း...။ ထို့နောက် ခါးပိုက်ထဲတွင်ထည့်ထားသော ဝိုင်အိုလက်ပေါင်ဒါဘူးကလေး ထဲမှ ဖြူဖြူအခဲကလေးများကို ချိတ်တွင် အသေအချာတပ် ပေးသည်။ ခါချဉ်ဥဆိုတာ ဖြစ်လိမ့်မည်ထင်သည်။

          “ဒါဆိုရပြီလား အဘ...ငါးရတော့မှာပေါ့”

          “အင်း...မင်း အဲဒီမှာပဲ မျှားနေလို့ကတော့ တစ်သက် လုံးရမှာ မဟုတ်ဘူး၊ အဲဒီမှာ မနေ့ကဘဲ ကေဖြိုးတို့၊ ကိုအောင် သိန်းတို့၊ ကြွက်နီတို့ ခါနျဉ်ဥပက်ပြီး များသွားတာ တစ်ကန်လုံး ကုန်ပြီ၊ ကျန်လည်း တစ်ကောင် နှစ်ကောင်ပဲ ..လာ. အဘူ ဘက်မှာ လာများ....”

          လင်းခက် သံလမ်းနံဘေးက ကန်စွန်းကန်ကလေးဆီ ရောက်သွားသည်။ ညနေရီဝင်ပြီမို့ ကားလမ်းနှင့် သံလမ်းဆုံ သောနေရာကလေးမှာ လူတွေ စည်ကားစပြုနေပြီဖြစ်သည်။ ၃၈ကားလေးဂိတ်ကိုသွားတဲ့လူတွေ...စံပြဈေးနှင့် ၃၉ ဒေဗူး - ဂိတ်ကို သွားတဲ့လူတွေ၊ အလုပ်သွား...အလုပ်ပြန်...ကျောင်း ပြန် ရုံးပြန်...ဈေးဝယ်ထွက်သူတွေနှင့် သံလမ်းနံဘေး လမ်းဆုံ ကလေးက စည်ကားစပြုကာ ဆူညံနေခဲ့သည်။

          ခါချဉ်ဥတွေ ဘာတွေနှင့် ဘကြီး ပြင်ပေးထားသော လင်းခက် ငါးမျှားတံကို ကလေးတွေက စိတ်ဝင်စားကာ ရပ် ကြည့်နေကြသည်။ ထိုကလေးတွေကို လင်းခက် တစ်ခါတစ်ရံ ရေသန့်ဘူးတို့၊ ပီကေတို့ ဝယ်ခိုင်းတတ်ကာ ပိုသောပိုက်ဆံကို ပြန်မယူဘဲ မုန့်ဖိုးပေးလေ့ရှိသည်။ ငါးရရင်၊ ငါမယူဘူး မင်းတို့ ကို ပေးမှာဟု လင်းခက်က ပြောထားသဖြင့် လင်းခက်အနား မှာကပ်နေသော ကလေးတွေလည်းဖြစ်သည်။

          စနစ်တကျပြင်ဆင်ထားကာ နေရာပြောင်းထားသဖြင့် ငါးတစ်ကောင်တော့ ရနိုင်သည်ဟုမျှော်လင့်ထားရသော သူ့ ငါးမျှားတံမှ ဖော့ကလေးကို ရင်ခုန်စွာ နေခဲ့သည်။

          နှစ်မိနစ်လောက်အကြာမှာ...လင်းခက်င​ေးကြည့်န​ေ သော ဖော့ကလေးက စွပ်ခနဲမြုပ်ကာဝင်သွား၏။ 

         “မိပြီ...မိပြီ...ငါး မိပြီ”

          ဝိုင်းအော်ကြသော ကလေးများအသံကြောင့် လင်းခက် ရင်တဒုန်းဒုန်းခုန်ကာ ငါးမျှားတံကို အားနှင့်ဆွဲမြှောက်လိုက် သည့်အခါ ညနေရီ နေရောင်ထဲတွင် ဗိုက်သားဖွေးနေသော ငါး တစ်ကောင် တွေ့ရပြီး ငါးမျှားတံကို ကိုင်ထားသော လက်မှာ စီးခန်ခံစားလိုက်ရသည်။

         “ဟာ...” 

          ဝမ်းသာအားရ တအားဆွဲတင်လိုက်သောကိုင်းတံအရှိန် ကြောင့် တဖျပ်ဖျပ်လူးနေသောငါးက မြောက်တက်လာပြီးလွင့်ထွက်သွား၏။ ဘယ်ကို ရောက်သွားမှန်း လင်းခက်၏။

          “ဟ...ဘယ်ရောက်သွားပြီလဲ...ငါ့ငါး ဘယ်ကျသွား တာလဲ”

          “ဟိုဘက်ကိုလွင့်သွားတာ ..ဟိုဘက် အစ်ကို” “ဘယ်နားလဲကွေ့..ဘယ်မှာလဲ ..”

          “မဟုတ်ဘူးအစ်ကို ...ဟိုအစ်မကြီးခြင်းထဲ ဝင်သွား တာ...ဟိုအစ်မကြီး ခြင်းထဲ”

          နံဘေးများက ကလေးများ ဝိုင်းအော်ကြသည့်အတွက် လင်းခက် ဘယ်ကိုကြည့်ရမှန်း မသိ။ ကလေးတစ်ယောက် လင်းခက်လက်ကို အတင်းဆွဲကာ လက်ညှိုးထိုးပြကာ အော် သည်။

          “ဟိုအစ်မကြီး အစ်ကို...ဆွဲခြင်းအပြာနဲ့ အင်္ကျီပန်းနု ရောင်ဝတ်ထားတဲ့အစ်မကြီး ခြင်းတောင်းထဲကိုအစ်ကို့ငါးဝင် သွားတာ ..မြန်မြန်လိုက်တောင်း”

           လင်းခက် ကြောင်းကာ ကြည့်နေမိသည်။ ကလေးတွေထိုးပြသည့်ကောင်မလေးကိုလင်းခက်တွေ့ပါသည်။ ခြေ လှမ်း ဆယ်လှမ်းလောက်ရောက်နေပြီဖြစ်သည်။

          “ဟကောင် ..သေချာရဲ့လားကွ”

          “ဟုတ်တယ့်. .အစ်ကိုရ . .သူ့ခြင်းထဲဝင်သွားတာ ကျွန်တော် သေသေချာချာတွေ့တာ”

           အင်္ကျီပန်းနုရောင်နှင့်ကောင်မလေးနံဘေးမှအဖော်

နှင့် စကားပြောရင်း၊ ခပ်သွက်သွက်လျှောက်သွားသည် ဘာကို မှ သိပုံမပေါ်။လင်းခက် ခဏစဉ်းစားသည်။ ပထမဦးဆုံးမိသည့် ငါးကိုတော့ အလွတ်မခံနိုင်ပါ။ ကိုင်းတံကို ပစ်ချကာ ခပ်သွက် သွက်လိုက်သည်။ ကလေးတွေက “လိုက်အစ်ကို လိုက်” ဟု ဝိုင်းအော်ရင်း ကျန်ခဲ့ကြ၏။

          ခြေလှမ်းငါးလှမ်းလောက်အလိုကျမှ.လင်းခက် ဘာ လုပ်ရမှန်းမသိဖြစ်နေသည်။ သွားခေါ်ပြီး ခြင်းထဲမှာ မရှိရင် ပြဿနာ...။လင်းခက်တွေဝေကာ ခဏစောင့်နေတုန်း အင်္ကျီ ပန်းရောင်နှင့် ကောင်မလေးက သူ့အဖော်နှင့် လမ်းခွဲကာ ၃၈ကားလေးဂိတ်မှ ကားတစ်စီးပေါ်တက်သည်။လင်းခက်လည်း  စဉ်းစားမနေတော့ဘဲ ကားပေါ်လှမ်းတက်လိုက်သည်။

         လင်းခက် တွယ်လိုက်သည်နှင့် ကားလေးက စတွက် သည်။ လင်းခက်က အလယ်တန်း ရှေ့ဆုံးအပေါက်ဝတွင် နေရာရကာ ထိုင်နေသော ကောင်မလေး၏ ဆွဲခြင်းအပြာ လေးကို ငုံ့ကာကြည့်ရသည်။ ကျွတ်ကျွတ်အိတ်တစ်အိတ်၊ ကော်ထမင်းဘူးတစ်ဘူး၊ ခေါက်ထီး။ ထိုစဉ်အထဲမှ တဖျပ်ဖျပ် အသံကြားရ၏။ လင်းခက် ဝမ်းသာသွားသည်။ ဟုတ်ပါသည်။ သူ့ငါးက ဆွဲခြင်းထဲမှာ ခုန်နေသည်။ ကောင်မလေးက သိဟန် မတူ ..။ ဆွဲခြင်းကလေးကို ပေါင်ပေါ်တင်ကာထား၏။ 

           လင်းခက် ကောင်မလေးကိုကြည့်လိုက်တော့ မျက်ခုံး မွှေးက စိမ်းစိမ်းထူထူ ..မျက်လုံးတွေက ဝင်းလဲ့ကာ ဖြူဖွေးနေသဖြင့် မျက်ဆံနက်က ထင်းထင်းကြီး ပေါ်နေသည်။ နှာတံသွယ်သွယ်...နှုတ်ခမ်းပါးပါး...။ ညာဘက်နှုတ်ခမ်းထောင့်မှာ - မဲ့စိမ်းကလေးတစ်လုံးပါသည်။ မနက်က လိမ်းလာခဲ့ဟန်တူ သော သနပ်ခါးက ပါးပြင်ပေါ်မှာ တချို့တစ်ဝက်သာကျန် တော့၏။ ဆံပင်ရှည်တွေကိုတော့ ကျစ်ဆံမြီးစည်းထားသည်။ တော်တော်ချောတဲ့ ကောင်မလေးတစ်ယောက်ပါလား...။

          သို့သော်...ငါးက ဒုတိယအကြိမ် ခုန်ပြန်သည်။

          “ဒီမှာ ..ဟိုလေ အစ်မဆွဲခြင်း ..အစ်မဆွဲခြင်း ခဏ လောက်”

          “ရှင်...ဘာလဲ” 

          . ကောင်မလေးက နားမလည်သလို မော့ကာကြည့်ရင်း စူးလဲ့သော မျက်ဝန်းများနှင့် မေးကိုဆတ်ကာ ခပ်မာမာပြန်မေး သည်။ "

          “ဆွဲခြင်းပါ...ဆွဲခြင်းထဲမှာ ...ကျွန်တော့်ငါး ပါသွားလို့”

          “ဘာ...”

          ကောင်မလေးကနားမလည်သလိုတအံ့တဩရေရွတ်သည်။ပြီးတော့.ခေတ္တစဉ်းစားကာမဲ့ပြုံးပြုံးပြီး...နှာခေါင်း ကို ရှုံ့ကာ မျက်နှာကိုဖျတ်ခနဲ လွှဲသွားသည်။ လင်းခက်စိတ်ထဲမှာမခံချင်ဖြစ်ကာသွားသဖြင့် အသံကို မြှင့်ကာ ဆက်ပြော သည်။