Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - နတ်ငယ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း (၁)

           ညနေလေးနာရီခွဲသည် ရောက်နိုင်ခဲလှသည်ဟု ကောင်းဇော်ထင်သည်။ အမွှေးတိုင်ရုံ၏အတွင်းနံရံတွင်ကပ်ထားသော တရုတ်နိုင်ငံထုတ် တိုင်ကပ် နာရီကြီးထဲမှ တဒတ်ဒတ်နှင့်ရွေ့နေသော စက္ကန့်တံကို နှေးလွန်းသည်ဟု ကောင်းဇော် ထင်သည်။ နာရီထဲက စက္ကန့်တံတွေက တစ်ချက်ရွေ့ဖို့ဘာကြောင့်ဒီလောက်ကြာနေရတာလဲဟုလည်း ကောင်းဇော် မေးခွန်းထုတ်နေမိသည်။

          နေ့လည်ခင်းနေဖြင့် ခြောက်သွေ့သွားပြီဖြစ်သော အမွှေးတိုင်ဗန်းများကို တစ်ဗန်းချင်းစီထပ်၍ စုစုဟန်တို့ အမွှေးတိုင်ထုပ်သည့် နေရာသို့သွားပို့ ရသည်။

          ဗန်းတွေ တပွေ့ကြီးနှင့် သူဝင်လာတော့ အေးမာက စုစုဟန်ကို နားနား သို့ကပ်ပြီး တစ်ခုခုပြောလိုက်၏။ ထိုတစ်ခုခုကြောင့် အမွှေးတိုင်ထုပ် နေသော ကောင်မလေးရှစ်ယောက်သည် ဝါးခနဲ ပွဲကျသွား၏

 ကောင်းဇော် စိတ်မဆိုးပါ... ရင်ထဲမှာ ပျော်ပင်သွားသေးသည်။ အေးမာသည် စုစုဟန်ကို သူနှင့်ပတ်သက်၍ တစ်ခုခုစလိုက်ခြင်းသာ ဖြစ်ရမည်။ သူ စုစုဟန်ကို ကြိုက်နေ၊ ချစ်နေသည်ဆိုတာကို စိန်သုံးလုံး အမွှေးတိုင်ရုံတစ်ရုံလုံးသိသည်။ စုစုဟန်ကလည်း သူ့ကို လက်ခံမည်ဆိုတာ က သိသာနေသည်။ မိန်းကလေးမို့ ညှင်းလို့ရတုန်းညှင်းပြီး အချိန်ဆွဲနေတာ သာရှိသည်။

          “ကောင်း... နင်သိပ်မချနဲ့ဟ၊ လေးနာရီကခွဲတော့မှာ တော်ကြာ ဗန်းတွေ ကျန်နေရင် ငါတို့အလုပ်မပြီးဘူး ဖြစ်နေလိမ့်မယ်”

           စုဟန်က သူ့ကို မျက်စောင်းတစ်ချက်ထိုးရင်း ပြောသည်။ ကောင်းဇော် ရင်တွေဘာတွေ ခုန်သွား၏။ ဟုတ်သည် ... တော်တော်ကြာ တရုတ်သူဌေးမ က အလုပ်ကလေးမပြီးဘူးဟု ဆိုကာ ပြီးသည်အထိ ဆက်ထုပ်ခိုင်းနေလျှင် ဒုက္ခများမည်။

           ဒီလောက်ကလေးမှ နားမလည်ရကောင်းလားဆိုပြီး သူ့ကိုယ်သူ ကောင်းဇော် ဒေါကန်သွား၏။ လေးနာရီခွဲချင်တာတော့ပြာလို့ အလုပ်ကြ တော့ ထပ်ချပေးနေတာ ငါ့လောက်မိုက်တဲ့သူ မရှိပါကလား ! ။                                                                      “          “နှစ်ဗန်းတော့ယူထားလိုက်ဟာ နင်တို့ရှစ်ယောက်က နှစ်ဗန်းဆို ငါးမိနစ်ပါပဲ”

           'ဘယ်ရမလဲ! စုဟန် နှစ်ဗန်းဆို နာရီဝက်ပဲနော်” 

            ထွေးထွေးစကားကြောင့် စုဟန်က မျက်နှာကို မဲ့လိုက်သည်။

           “သူက သူ့တရုတ်သူဌေးမကို ငါတို့ထက်ပိုချစ်တယ်လေဟာ”

           “ချစ်မှာပေါ့တဲ့၊ ဟိုက သူ့ကို သား.. သားလို့ခေါ်တာကိုး၊ နင်လည်း အဲဒီလိုခေါ်ကြည့်ပါလား စုဟန် ! ”

            မိသိန်း စကားကြောင့် သူ့ကို ဝိုင်းရယ်ကြပြန်သည်။ စုဟန်ကတော့ ရယ်လည်းလိုက်မရယ်၊ သူ့ကိုလည်းမကြည့် အမွှေးတိုင်တွေကိုသာ အိတ်ထဲ သို့ ကျွမ်းကျင်စွာထည့်နေပြီး မျက်နှာထားကို တည်၍ထားသည်။ ဒီအချိန်

မှာ သူသည် အရေးအပါဆုံးနှင့် အရေးကြီးဆုံးဆိုတာကို စုဟန်ကသိပြီး ဣန္ဒြေကို မရရအောင် လုပ်ယူထားသည်။

          “စိတ်မဆိုးပါနဲ့ဟာ၊ ငါက အလုပ်ပြီးစေချင်တဲ့သဘောနဲ့ပါ” 

          “အမလေး နင်ဗန်းထပ်ချလည်း ထောင့်နှစ်ရာပဲ၊ မချလည်း အဲဒီ လောက်ပဲ အပိုတွေပြောမနေနဲ့”       

 “         တစ်ဗန်းတော့ ယူထားလိုက်ဟာ၊ နော်”

           ‘ထားခဲ့ ထားခဲ့” 

            စုဟန်က စိတ်တိုသလို လေသံကလေးဖြင့်ဆိုသည်။ စုဟန်၏ လက် ချောင်းကလေးများသည် အမွှေးတိုင်များကို ကျင်လည်စွာစီပြီး အိတ်ထဲသို့ “ဆတ် ́ခနဲ `ဆတ် ́ခနဲ ထည့်လိုက်သည်မှာ တစ်ရုံလုံးမှာရှိသည့် အမွှေးတိုင် ထည့်သူများထဲတွင် ကြည့်အကောင်းဆုံးဟု ကောင်းဇော်ထင်သည်။

          စုဟန်သည် အလုပ်ကို ဇောနှင့် စိတ်ပါလက်ပါလုပ်ပြီဟေ့ဆိုလျှင် တစ်နေ့ကို ဗန်းတစ်ရာလောက်တော့ အသာကလေးပြီးသည်။ တစ်ဗန်းကို ဆယ့်ငါးကျပ်ရသဖြင့် တစ်ထောင့်ငါးရာကတော့ ပြေးမလွတ်တတ်ပါ။

          “စုဟန် ငါ အုတ်ခုံကပဲစောင့်မယ်နော်”

          စုဟန်က ဘာမှမပြောဘဲ ကောင်းဇော်ကို မျက်စောင်းထိုးပြီး မျက်လွှာ ချရင်း အမွှေးတိုင်တွေကို လှမ်းယူလိုက်သည်။

          ကောင်းဇော်နှင့် စုဟန်သည် တစ်ရပ်ကွက်ထဲတွင် နေသူများဖြစ်သော် လည်း စုဟန်တို့အိမ်က ရပ်ကွက်အစွန်ဖြစ်သော ညောင်ပင်လမ်းတွင်နေသည်။ ထိုလမ်းကို ညောင်ပင်လမ်းဟု ခေါ်ခြင်းမှာ ထိုလမ်းထဲတွင် အလွန်ကြီး မားသော ညောင်ပင်ကြီးရှိသောကြောင့်ဖြစ်သည်။ 

           ကောင်းဇော်ကတော့ ရပ်ကွက်အလယ်က နီလာလမ်းမှာနေသည်။ ကောင်းဇော်ရော စုစုဟန်ရော မိသားစုမှာ ဆင်းရဲသည်ဟု ပြတ်ပြတ်သားသား ပြောလို့ရသည်။ တစ်နေ့လုပ်တစ်နေ့စား၊ အိမ်ရှိလူကုန် အလုပ်လုပ်ရသည်။

          ကောင်းဇော်က ၁၀ တန်းအထိ ပညာသင်ရပြီး ဆယ်တန်းကျတော့

ကျောင်းထွက်လိုက်ရ၏။ စုစုဟန်ကတော့ ရှစ်တန်းနှင့်ပင် ထွက်လိုက်ရသည်။

          ဘဝဆင်းရဲသော်လည်း သူတို့တွင် လှပသောနှလုံးသားများတော့ ရှိကြပါသည်။ မနက် အမွှေးတိုင်ရုံသို့အလာတွင် ကောင်းဇော်က နီလာလမ်း ထိပ်တွင် စုစုဟန်တို့ကို စောင့်လေ့ရှိပြီး၊ အပြန်တွင်တော့ စုစုဟန်အိမ်ရှိရာ ညောင်ပင်လမ်းထိပ်အထိ လိုက်ပို့တတ်သည်။ 

          အခု အပြန်အတူပြန်ကြရန် ကောင်းဇော်က ချိန်းခြင်းဖြစ်သည်။ ကောင်း ဇော်က အမွှေးတိုင်ဆေးစပ်ဆရာကို ကူညီသူ၊ အလုပ်မှာလိုအပ်တာကို ဝင်လုပ်သူ၊ အမွှေးတိုင်အတွက် လိုအပ်သော ဝါးဒုတ်၊ ဆေး၊ အရောင်မှုန့် စသည်တို့ကို ဝယ်ရသူ၊ ခြောက်သွားသော အမွှေးတိုင်ဗန်းများကို အိတ်ထည့် သူတွေထံ ပို့ပေးရသူ... စသည်ဖြင့် သူဌေး၏လူယုံလည်းဖြစ်၊ အလုပ်သမား များ၏ အုပ်ချုပ်သူလည်းဖြစ်သည်။

          စိန်သုံးလုံးအမွှေးတိုင်ရုံတွင် ကောင်းဇော်ပြီးလျှင် ... ပြီးသော ကိစ္စတွေ အများကြီးရှိသည်။ ထို့ကြောင့် တက်လမ်းအများကြီးရှိသော ကောင်းဇော်၏ အချစ်ကို စုစုဟန် မငြင်းနိုင်ခြင်းဖြစ်သည်။ သို့သော်... အဖြေတော့ မပေး ရသေး။

           လမ်းထိပ်အုတ်ခုံတွင် ကောင်းဇော် ဆယ်မိနစ်လောက်တော့ စောင့်လိုက် ရသည်။ ထို ဆယ်မိနစ်ကို ကောင်းဇော်က ဆယ်ဘဝဟု ထင်ချင်သည်။

          ကောင်းဇော်ကိုတွေ့သည်နှင့် စုစုဟန်က တည်သွားပြီး ထွေးထွေးတို့ အေးမာတို့က အချင်းချင်းပူးကပ်သွားကာ တစ်ခုခုပြောပြီး ရယ်လိုက်ကြ သည်။ ပြီးတော့ သူတို့လေးယောက်က တစ်အုပ်စုနှင့် စုစုဟန်က အနည်းငယ် ခွာပေးထားသည်။ 

          ကောင်းဇော်က စုဟန်နံဘေးသို့ကပ်ပြီး အတူလျှောက်လာခဲ့ကြသည်။

          “ပြောစရာရှိတယ်ဆို...”

           စုဟန်က ကောင်းဇော်ကို မကြည့်ဘဲ မေးသည်။

           ကောင်းဇော်ကတော့ သနပ်ခါးကလေးတွေပြေကာစ ပြည့်အိနေသော

နေရတာကို ငါမကြည့်ရက်လို့ အန်တီကျူးကို မနည်းပြောထားပေးရတာ၊ ငါလိုက်မယ်ဆိုတာက နင် မကျွမ်းကျင်ခင် လေးငါးခေါက်ပဲလိုက်ပေးနိုင်မှာ”

          ကောင်းဇော်၏ ခပ်ဆတ်ဆတ်စကားသံကြောင့် စုစုဟန် သူပြောတာ မှားမှန်းသိသွားသည်။ ကောင်းဇော်သည် ဒေါသမျက်နှာဖြင့် ခေါင်းကိုငုံ့ပြီး လမ်းကိုသာ ဖိလျှောက်နေသည်။

          “နင်ကလည်းဟယ် စိတ်ချည်းပဲ၊ ငါက မသိလို့ပြောမိတာပါ၊ သူက လခနဲ့လားဟင်!"

          “ဟုတ်တယ်..." 

          “ဘယ်လောက်ရမှာလဲဟင်” 

          “ခုနှစ်သောင်းခွဲ” 

           “ဟယ်... တကယ်..၊ ကောင်းဇော် နင်တကယ်ပြောတာနော်... ကောင်းဇော်!”

           စုစုဟန်၏ ဝမ်းသာအားရလေသံနှင့် အမူအရာမှာ ထိန်းမရအောင် ပေါ်လွင်နေသည်။ အတူလမ်းတွဲလျှောက်ကြရင်း စုဟန်က ကောင်းဇော်၏ ပခုံးကိုဆွဲလှုပ်ရင်း မေးသည်။ ကောင်းဇော်မှာ ဒေါသတွေမရှိတော့၊ အပျော် ပဲရှိတော့သည်။

           “တကယ်ပေါ့ဟ၊ ဒါတောင်မှ အကြံအဖန်ဂွင်က ရှိသေးတယ်၊ အဲဒါ ကိုတော့ ငါ နောက်မှသင်ပေးမယ်”

           “ငါ ဝမ်းသာလိုက်တာ ကောင်းဇော်ရယ်၊ ခုနှစ်သောင်းခွဲဆိုရင်...ငါတို့အိမ်လည်းတော်တော်ချောင်လည်သွားမှာ...ငါလည်း ဝယ်ချင်တာလေး တွေ ဝယ်လို့ရမှာ... ၊ ဒါပေမယ့်...” 

          “ဒါပေမယ့် ဘာဖြစ်လဲ!"

          “ငါတစ်ယောက်တည်းတော့ မလုပ်ချင်ဘူးဟာ၊ ငါတို့အဖွဲ့ထဲက တစ် ယောက်ယောက်ကိုပါ နင်ပြောပေး

စုစုဟန်စကားဆုံးတော့ ကောင်းဇော်က နောက်ကို တစ်ချက်လှမ်းကြည့် သည်။ သူငယ်ချင်းအဖွဲ့က တော်တော်ဝေးဝေးမှာ ရှိနေပါသည်။

          “နင် နောက်ထပ်တစ်ယောက်ယောက်ကို ထည့်ဆိုရင် ငါ လုပ်ပေးမယ့် အကြံအဖန်ဂွင်က ပျက်ပြီ”

          “နင်ပြောတဲ့ အကြံအဖန်ဂွင်က ဘယ်လိုလဲ”

          “နင်လိုက်ပို့ရမယ့် အမွှေးတိုင်ထုပ်တွေကို ငါကထည့်ပေးရမှာ၊ နင့်ကို ပါကင်ထောင့်နှစ်ရာ တင်ပေးလိုက်ပြီး၊ ငါက စာရင်းမှာ တစ်ထောင်ပဲပြမှာ ပေါ့”

           “ဟင်..!! ဒါဆို ကားဆရာက ဘယ်လိုလုပ်မလဲ”

           “ကားဆရာက ကားပေါ်မှာပဲနေခဲ့တာ၊ ပစ္စည်းချတာ ငွေရှင်းတာ အားလုံးက နင်ပဲလုပ်ရမှာ၊ တစ်ပတ်ကို ၂-ကြိမ် ပစ္စည်းချ၊ ငွေသိမ်းလုပ်ရ တယ်၊ တစ်ပတ်ကို ပါကင်နှစ်ရာဆို တစ်လကို နင် တစ်သိန်းခွဲလောက် ဝင်ရှိတယ်.. ကဲ!”

          “ကောင်းဇော်ရယ်...”

           စုစုဟန်က ကောင်းဇော်၏လက်ကို “ဖျပ် ́ခနဲ လှမ်းဆုပ်ကိုင်လိုက် သည်။ သူ့ကိုကြည့်ရသည်မှာ ဝမ်းလည်းသာနေသည်၊ စိတ်လည်းလှုပ်ရှားနေ သည်။ သူ ဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့သလို ဖြစ်သွားပုံရ၏။

          ကောင်းဇော်က သူ့လက်ကလေးကို ပြန်လည်ဖိညှစ်ဆုပ်ကိုင်တော့မှ... စုစုဟန်သည် သတိပြန်ဝင်လာပြီး သူ့လက်ကလေးကို အတင်းရုန်းသည်။ ပြီးတော့ နှစ်ယောက်စလုံး ရင်တွေခုန်ပြီး လမ်းလျှောက်နေမိကြသည်။ နောက်မှ လေးယောက်အုပ်စုထံမှ အသံသေးအသံညှောင်ဖြင့် ဝိုင်းစကြသံ တွေကို ကြားရသည်။

          စုစုဟန်က ရှက်၍ရယ်ပြီး နောက်မှအုပ်စုကို စောင့်သည်။ 

          “မြင်တယ်နော် xxx မြင်တယ်နော် xxx တို့မြင်တယ်နော်”

           လေးယောက်စလုံးက သီချင်းဆိုပြီး စကြသည်။ ကောင်းဇော် ခေါင်းကို